Gold Luck Water Park ပိုင္ရွင္၏ သတင္းေပး တိုင္ၾကားမႈေၾကာင့္ သတင္းေထာက္တစ္ဦးအား လိုင္စင္မဲ့ ကား စီးနင္းမႈျဖင့္ ဖမ္းဆီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 28, 2019

Gold Luck Water Park ပိုင္ရွင္၏ သတင္းေပး တိုင္ၾကားမႈေၾကာင့္ သတင္းေထာက္တစ္ဦးအား လိုင္စင္မဲ့ ကား စီးနင္းမႈျဖင့္ ဖမ္းဆီး

ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕ရွိ Gold Luck Water Park ပိုင္ရွင္ ဦးရဲႏိုင္၏ သတင္းေပးတိုင္တန္း မႈေၾကာင့္ DVB သတင္းဌာနမွ သတင္းေထာက္ ခြန္ေဇာ္ဦးအား လိုင္စင္မဲ့ကား စီးနင္းမႈျဖင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕က တရားလိုျပဳလုပ္ တိုင္တန္းခဲ့ၿပီး ယေန႔ ဇူလိုင္လ ၂၈ ရက္၊ နံနက္ပိုင္းတြင္ လား႐ိႈးၿမိဳ႕မရဲစခန္း၌ ဖမ္းဆီးထိန္းသိမ္း ခံထားရေၾကာင္း သိရသည္။
.
Photo - Khun Zaw Oo
.
လား႐ိႈးၿမိဳ႕တြင္ ေနထိုင္သည့္ ေန႔စားအလုပ္သမားမ်ားကို Gold Luck Water Park ပိုင္ရွင္ ဦးရဲႏိုင္မွ လုပ္အားခ ေပးေခ်ျခင္း မရွိေၾကာင္း အလုပ္သမားမ်ားထံမွ သိရသည့္အတြက္ DVB သတင္းေထာက္ ခြန္ေဇာ္ဦးႏွင့္ အလြတ္တန္းသတင္းေထာက္ ျမတ္မိုးသူတို႔ ၂ ဦးမွ ႏွစ္ဘက္အသံ ရရွိႏိုင္ေရးအတြက္ ဦးရဲႏိုင္အား ဆက္သြယ္ရာ ၎၏ ႐ံုးခန္းသို႔ လာေရာက္ရန္ ေျပာဆိုသည့္အတြက္ ဇူလိုင္လ ၂၂ ရက္၊ မြန္းလြဲ ၁ နာရီတြင္ သတင္းေမးျမန္း ႏိုင္ရန္အတြက္ သြားေရာက္ခဲ့ရာတြင္ Gold Luck Water Park ပိုင္ရွင္ ဦးရဲႏိုင္မွ ျခံတံခါးပိတ္ ၿခိမ္းေျခာက္ေျပာဆို ခဲ့သည့္အျပင္ သတင္းသမားမ်ား ေမာင္းႏွင္ စီးနင္းလာသည့္ ေမာ္ေတာ္ယာဥ္အား လိုင္စင္မဲ့ယာဥ္ျဖစ္သည္ ဟု  ဆိုကာ ယာဥ္ထိန္းရဲတပ္ဖြဲ႕ထံ သတင္းေပးပို႔ တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
“ကိုခြန္ေဇာ္ဦးကေတာ့ ပို႔ကုန္/သြင္းကုန္ ဥပေဒနဲ႔ တရားစြဲခံရတယ္။ ဒီေန႔ (ဇူလိုင္ ၂၈ ရက္) မွာ ယာဥ္ထိန္းက တရားလိုလုပ္ၿပီး အမႈဖြင့္တယ္။ အခုေတာ့ အခ်ဳပ္ထဲေရာက္ေနပါၿပီ။ သူ အခ်ဳပ္ထဲမဝင္ခင္ Gold Luck Water Park ပိုင္ရွင္ ဦးရဲႏိုင္ကို အဓၶမ ဖမ္းဆီးခ်ဳပ္ေႏွာင္မႈ ပုဒ္မ ၃၄၂၊ ၿခိမ္းေျခာက္မႈ ပုဒ္မ ၅၀၆ နဲ႔ အမႈျပန္ဖြင့္ထားပါတယ္” ဟု အလြတ္တန္းသတင္းေထာက္ ျမတ္မိုးသူက ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
ယင္းကဲ့သို႔ သတင္းသမားမ်ားအား ပိတ္ေလွာင္ၿခိမ္းေျခာက္ျခင္းႏွင့္ ေခ်ာက္ခ် တိုင္ၾကားမႈမ်ားႏွင့္ ပတ္သက္၍ လား႐ိႈး သတင္းေထာက္မ်ားအဖြဲ႕၊ ေတာင္ႀကီးသတင္းေထာက္မ်ားအသင္း၊  အထက္ျမန္မာႏိုင္ငံ သတင္းသမားမ်ား အဖြဲ႕၊ ျမန္မာႏိုင္ငံ ဂ်ာနယ္လစ္ကြန္ရက္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း အမ်ိဳးသမီးကြန္ယက္တို႔က ကန္႔ကြက္ ႐ႈတ္ခ်ၾကာင္း ေၾကညာခ်က္မ်ား ထုတ္ျပန္ထားသည့္အျပင္ အဆိုပါ လုပ္ငန္းရွင္၏ ေခ်ာက္ခ်တိုင္ၾကားမႈအေပၚ ကန္႔ကြက္႐ႈတ္ခ်မႈမ်ားကိုလည္း သတင္းမီဒီယာအဖြဲ႕အစည္း အသီးသီးမွ ဆက္လက္ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္းႏွင့္ ၿခိမ္းေျခာက္ခံခဲ့ရသည့္ သတင္းသမား ၂ ဦးမွလည္း ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီသို႔ တင္ျပတိုင္ၾကားထားေၾကာင္း သိရသည္။
.
“တရားလိုကေတာ့ ကိုေအာင္ႏိုင္ဦးနဲ႔ နဂို မူလတိုင္တန္းတဲ့သူ ဦးရဲႏိုင္ပါ။ အမႈစစ္ကေတာ့ ဒုရဲအုပ္ ခ်ိဳထြန္းႏိုင္ ျဖစ္ပါတယ္” ဟု အမွတ္ (၂၀) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴး႐ံုး (ရွမ္းေျမာက္)မွ ရဲမွဴးမ်ိဳးျမင့္ေအာင္က ကေမ႓ာဇတိုင္း သို႔ ေျပာသည္။
.
လိုင္စင္မဲ့ယာဥ္ ဖမ္းဆီးေရး လုပ္ငန္းမွာ ယာဥ္ထိန္းရဲတပ္ဖြဲ႕၏ ရည္မွန္းခ်က္ ၅ ရပ္တြင္ ပါဝင္ျခင္း မရွိဘဲ အစိုးရ၏ ၫႊန္ၾကားခ်က္အရသာ ေဆာင္ရြက္ျခင္းျဖစ္သည္ဟု အမွတ္ (၂၀) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴး႐ံုး (ရွမ္းေျမာက္) မွ ဒုရဲမွဴး ေက်ာ္ခိုင္က ၂၀၁၈ ခုႏွစ္၊ ဇြန္လအတြင္း၌ ကေမ႓ာဇတိုင္းသို႔ ေျပာဆိုထားသည္။
.
============================================================
Gold Luck Water Park ပိုင်ရှင်၏ သတင်းပေး တိုင်ကြားမှုကြောင့် သတင်းထောက်တစ်ဦးအား လိုင်စင်မဲ့ ကား စီးနင်းမှုဖြင့် ဖမ်းဆီး
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်၏ သတင်းပေးတိုင်တန်း မှုကြောင့် DVB သတင်းဌာနမှ သတင်းထောက် ခွန်ဇော်ဦးအား လိုင်စင်မဲ့ကား စီးနင်းမှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် လားရှိုးမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း သိရသည်။
.
လားရှိုးမြို့တွင် နေထိုင်သည့် နေ့စားအလုပ်သမားများကို Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်မှ လုပ်အားခ ပေးချေခြင်း မရှိကြောင်း အလုပ်သမားများထံမှ သိရသည့်အတွက် DVB သတင်းထောက် ခွန်ဇော်ဦးနှင့် အလွတ်တန်းသတင်းထောက် မြတ်မိုးသူတို့ ၂ ဦးမှ နှစ်ဘက်အသံ ရရှိနိုင်ရေးအတွက် ဦးရဲနိုင်အား ဆက်သွယ်ရာ ၎င်း၏ ရုံးခန်းသို့ လာရောက်ရန် ပြောဆိုသည့်အတွက် ဇူလိုင်လ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီတွင် သတင်းမေးမြန်း နိုင်ရန်အတွက် သွားရောက်ခဲ့ရာတွင် Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်မှ ခြံတံခါးပိတ် ခြိမ်းခြောက်ပြောဆို ခဲ့သည့်အပြင် သတင်းသမားများ မောင်းနှင် စီးနင်းလာသည့် မော်တော်ယာဉ်အား လိုင်စင်မဲ့ယာဉ်ဖြစ်သည် ဟု  ဆိုကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံ သတင်းပေးပို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ကိုခွန်ဇော်ဦးကတော့ ပို့ကုန်/သွင်းကုန် ဥပဒေနဲ့ တရားစွဲခံရတယ်။ ဒီနေ့ (ဇူလိုင် ၂၈ ရက်) မှာ ယာဉ်ထိန်းက တရားလိုလုပ်ပြီး အမှုဖွင့်တယ်။ အခုတော့ အချုပ်ထဲရောက်နေပါပြီ။ သူ အချုပ်ထဲမဝင်ခင် Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်ကို အဓ္ဓမ ဖမ်းဆီးချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ နဲ့ အမှုပြန်ဖွင့်ထားပါတယ်” ဟု အလွတ်တန်းသတင်းထောက် မြတ်မိုးသူက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ သတင်းသမားများအား ပိတ်လှောင်ခြိမ်းခြောက်ခြင်းနှင့် ချောက်ချ တိုင်ကြားမှုများနှင့် ပတ်သက်၍ လားရှိုး သတင်းထောက်များအဖွဲ့၊ တောင်ကြီးသတင်းထောက်များအသင်း၊  အထက်မြန်မာနိုင်ငံ သတင်းသမားများ အဖွဲ့၊ မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသမီးကွန်ယက်တို့က ကန့်ကွက် ရှုတ်ချကြာင်း ကြေညာချက်များ ထုတ်ပြန်ထားသည့်အပြင် အဆိုပါ လုပ်ငန်းရှင်၏ ချောက်ချတိုင်ကြားမှုအပေါ် ကန့်ကွက်ရှုတ်ချမှုများကိုလည်း သတင်းမီဒီယာအဖွဲ့အစည်း အသီးသီးမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ခြိမ်းခြောက်ခံခဲ့ရသည့် သတင်းသမား ၂ ဦးမှလည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တင်ပြတိုင်ကြားထားကြောင်း သိရသည်။
.
“တရားလိုကတော့ ကိုအောင်နိုင်ဦးနဲ့ နဂို မူလတိုင်တန်းတဲ့သူ ဦးရဲနိုင်ပါ။ အမှုစစ်ကတော့ ဒုရဲအုပ် ချိုထွန်းနိုင် ဖြစ်ပါတယ်” ဟု အမှတ် (၂၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းမြောက်)မှ ရဲမှူးမျိုးမြင့်အောင်က ကမေ႓ာဇတိုင်း သို့ ပြောသည်။
.
လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရေး လုပ်ငန်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက် ၅ ရပ်တွင် ပါဝင်ခြင်း မရှိဘဲ အစိုးရ၏ ညွှန်ကြားချက်အရသာ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အမှတ် (၂၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းမြောက်) မှ ဒုရဲမှူး ကျော်ခိုင်က ၂၀၁၈ ခုနှစ်၊ ဇွန်လအတွင်း၌ ကမေ႓ာဇတိုင်းသို့ ပြောဆိုထားသည်။
.

No comments:

Post a Comment