လား႐ိႈးတြင္ ျပခန္းယာဥ္ျဖင့္ မႈခင္းအသိပညာေပးေဟာေျပာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, July 16, 2019

လား႐ိႈးတြင္ ျပခန္းယာဥ္ျဖင့္ မႈခင္းအသိပညာေပးေဟာေျပာ


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕၊ အမွတ္ (၄) ရပ္ကြက္ရွိ အမွတ္ (၉) အေျခခံပညာအထက္တန္းေက်ာင္းတြင္ ဇူလိုင္လ ၁၂ ရက္၊ နံနက္ပိုင္းက လား႐ိႈးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ မႈခင္းျပခန္းယာဥ္ျဖင့္ မႈခင္းအသိပညာေပးေဟာေျပာမႈ မ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
 .
ေဟာေျပာပြဲတြင္ ရပ္တပ္ဖြဲ႕ဝင္မ်ားက မႈခင္းက်ဆင္းေရး၊ မူးယစ္ေဆးဝါးအႏၲရာယ္ တားဆီးကာကြယ္ေရး၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး၊ သက္ငယ္မုဒိမ္းမႈ မျဖစ္ပြားေစေရးတို႔အတြက္ မိဘအုပ္ထိန္းသူမ်ား သိသင့္ သိထိုက္သည့္ အခ်က္မ်ား၊ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း လိုက္နာရမည့္ အခ်က္မ်ားကို ေဟာေျပာခဲ့ၿပီး လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝေပးခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ ေဟာေျပာရာသို႔ ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/သူမ်ား စုစုေပါင္း ၆၁၇ ဦး တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
.
============================================================
လားရှိုးတွင် ပြခန်းယာဉ်ဖြင့် မှုခင်းအသိပညာပေးဟောပြော
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ ၁၂ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းပြခန်းယာဉ်ဖြင့် မှုခင်းအသိပညာပေးဟောပြောမှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဟောပြောပွဲတွင် ရပ်တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးတို့အတွက် မိဘအုပ်ထိန်းသူများ သိသင့် သိထိုက်သည့် အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရမည့် အချက်များကို ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဟောပြောရာသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း ၆၁၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats