လား႐ိႈးတြင္ေဆာင္ရြက္ခဲ့သည့္ မူးယစ္ေဆးဝါးႏွင့္ ေနာက္ဆက္တြဲအႏၲရာယ္ အသိပညာေပးျခင္းစီမံခ်က္ ၿပီးေျမာက္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, July 29, 2019

လား႐ိႈးတြင္ေဆာင္ရြက္ခဲ့သည့္ မူးယစ္ေဆးဝါးႏွင့္ ေနာက္ဆက္တြဲအႏၲရာယ္ အသိပညာေပးျခင္းစီမံခ်က္ ၿပီးေျမာက္


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕နယ္တြင္ ေဆာင္ရြက္ခဲ့သည့္ မူးယစ္ေဆးဝါးႏွင့္ ေနာက္ဆက္တြဲအႏၲ ရာယ္ အသိပညာေပးျခင္း စီမံခ်က္မ်ား ၿပီးေျမာက္ၿပီျဖစ္ကာ အဆိုပါ စီမံခ်က္ ၿပီးေျမာက္ေၾကာင္းႏွင့္ လုပ္ငန္းေဆာင္  မ်ား အသိေပးရွင္းလင္းပြဲကို ဇူလိုင္လ ၂၆ ရက္က လား႐ိႈးၿမိဳ႕၊ နယူပဲေလ့(စ္) ဟိုတယ္တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရ သည္။
.
 .
လား႐ိႈးၿမိဳ႕ ရဲဝန္ထမ္းေဟာင္း လူမႈအက်ိဳးျပဳအသင္းႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္နယ္ခြဲ မူးယစ္ ေဆးဝါးဆန္႔က်င္ေရးအသင္းတို႔မွ လား႐ိႈးၿမိဳ႕နယ္အတြင္းရွိ ျပည္သူမ်ား၊ ေက်ာင္းသား/သူမ်ား၊ ေက်ာင္း ျပင္ပ လူငယ္မ်ားအး မူးယစ္ေဆးဝါး၏ ဆိုးက်ိဳးမ်ား၊ အႏၲရာယ္မ်ားႏွင့္ ျပစ္မႈျပစ္ဒဏ္မ်ားအား သိရွိေစရန္အတြက္ ယင္း စီမံခ်က္ကို ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္ေျမာက္ပိုင္းဟာ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈနဲ႔ မူးယစ္ေဆးဝါး ျဖန္႔ခ်ိမႈ အမ်ားဆံုးရွိတဲ့ ေနရာေတြ ထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ မူးယစ္ေဆးက နယ္ေျမျပည္သူလူထုထဲကို နည္းလမ္းေပါင္းစံုနဲ႔ စိမ့္ၿပီးဝင္ေရာက္ ေနတဲ့ေဒသလည္းျဖစ္ပါတယ္။ မူးယစ္ေဆးဝါးနဲ႔ ေနာက္ဆက္တြဲအႏၲရာယ္ အသိပညာေပးလုပ္ငန္းေတြကို တျခား အဖြဲ႕အစည္းေတြက ေဆာင္ရြက္ေနေပမဲ့ စီမံခ်က္ေရးဆြဲ ေဆာင္ရြက္တဲ့အေနအထား အားနည္းေနတာေတြ ရွိပါ တယ္။ ဒါေၾကာင့္ အသိပညာေပးျခင္းလုပ္ငန္းကို ကၽြန္ေတာ္တို႔ အသင္းအဖြဲ႕အေနနဲ႔ ပါဝင္ေဆာင္ရြက္ေပးျခင္း ျဖစ္ပါတယ္ဟု အဆိုပါစီမံခ်က္မွ Programn Coordinatro ျဖစ္သူ ရဲဝန္ထမ္းေဟာင္း လူမႈအက်ိဳးျပဳအသင္း အတြင္းေရးမွဴး ဦးတင္ဝင္းက ေျပာသည္။
.
အဆိုပါ အသင္းသည္ ဥေရာပ သမဂၢ (EU) ရန္ပံုေငြ က်ပ္သိန္း ၂၀၀ ျဖင့္ ၂၀၁၈ ခုႏွစ္ ဇူလိုင္လမွ ၂၀၁၉ ခုႏွစ္ ဇူလိုင္လထိ လားရိႈးၿမိဳ႕ေပၚ (၁၂)ရပ္ကြက္ႏွင့္ ေက်းရြာေပါင္း ရြာတြင္ အသိပညာေပးလုပ္ငန္းမ်ား ေဆာင္ ရြက္ႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
.
အသင္းအေနနဲ႔ကေတာ့ လား႐ိႈးၿမိဳ႕မွာရွိတဲ့ တကၠသိုလ္ေတြ၊ စာသင္ေက်ာင္းေတြ၊ ေက်းရြာ ရြာမွာရွိတဲ႔ ရြာသူ ရြာသားေတြကို မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီးေတာ့ ဆိုးက်ိဳးေတြရယ္ မူးယစ္ေဆး သံုးလို႔ ေရာင္းလို႔ ဖမ္းမိရင္ခံရမယ့္ ျပစ္ဒဏ္ေတြ ျပစ္မႈေတြ အေၾကာင္းကို လိုက္ၿပီးေတာ့ အသိပညာေပးတယ္။ လက္ကမ္းစာေစာင္ ျဖန္႔ေဝတာေတြလုပ္ပါတယ္။ တစ္ႏွစ္တာအတြင္းမွာေတာ့ ျပည္သူ ေတာ္ေတာ္မ်ား အသိပညာေတြရရွိသြားတယ္လို႔ ျပန္ၿပီး သိရပါတယ္။ ေရွ႕ဆက္ၿပီးေတာ့လည္း အခု ဖဲြ႔စည္းထားတဲ႔ သူေတြနဲ႔ လုပ္ေဆာင္သြားမွာပါဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း (ျပည္နယ္ခဲြ) မူးယစ္ေဆးဝါးဆန္႔က်င္ေရးအသင္း ဥကၠဌ ဒုရဲမွဴးၿငိမ္း ဦးေအာင္ေက်ာ္မိုး က ေျပာသည္။
.
အဆိုပါ အသိေပးရွင္းလင္းပဲြသို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ MANA အသင္းမွ တာဝန္ရွိသူမ်ား၊ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖဲြ႔မ်ား၊ လားရိႈးၿမိဳ႕ရပ္ကြက္/ေက်းရြာမ်ားမွ MANA အသင္းသားမ်ား၊ ရပ္မိရပ္ဖမ်ား တက္ေရာက္ခဲ႔ေၾကာင္း သိရသည္။
.
============================================================
လားရှိုးတွင်ဆောင်ရွက်ခဲ့သည့် မူးယစ်ဆေးဝါးနှင့် နောက်ဆက်တွဲအန္တရာယ် အသိပညာပေးခြင်းစီမံချက် ပြီးမြောက်
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ဆောင်ရွက်ခဲ့သည့် မူးယစ်ဆေးဝါးနှင့် နောက်ဆက်တွဲအန္တ ရာယ် အသိပညာပေးခြင်း စီမံချက်များ ပြီးမြောက်ပြီဖြစ်ကာ အဆိုပါ စီမံချက် ပြီးမြောက်ကြောင်းနှင့် လုပ်ငန်းဆောင်  များ အသိပေးရှင်းလင်းပွဲကို ဇူလိုင်လ ၂၆ ရက်က လားရှိုးမြို့၊ နယူပဲလေ့(စ်) ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
.
လားရှိုးမြို့ ရဲဝန်ထမ်းဟောင်း လူမှုအကျိုးပြုအသင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ခွဲ မူးယစ် ဆေးဝါးဆန့်ကျင်ရေးအသင်းတို့မှ လားရှိုးမြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား/သူများ၊ ကျောင်း ပြင်ပ လူငယ်များအး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ အန္တရာယ်များနှင့် ပြစ်မှုပြစ်ဒဏ်များအား သိရှိစေရန်အတွက် ယင်း စီမံချက်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ မူးယစ်ဆေးဝါး ဖြန့်ချိမှု အများဆုံးရှိတဲ့ နေရာတွေ ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မူးယစ်ဆေးက နယ်မြေပြည်သူလူထုထဲကို နည်းလမ်းပေါင်းစုံနဲ့ စိမ့်ပြီးဝင်ရောက် နေတဲ့ဒေသလည်းဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ နောက်ဆက်တွဲအန္တရာယ် အသိပညာပေးလုပ်ငန်းတွေကို တခြား အဖွဲ့အစည်းတွေက ဆောင်ရွက်နေပေမဲ့ စီမံချက်ရေးဆွဲ ဆောင်ရွက်တဲ့အနေအထား အားနည်းနေတာတွေ ရှိပါ တယ်။ ဒါကြောင့် အသိပညာပေးခြင်းလုပ်ငန်းကို ကျွန်တော်တို့ အသင်းအဖွဲ့အနေနဲ့ ပါဝင်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်” ဟု အဆိုပါစီမံချက်မှ Programn Coordinatro ဖြစ်သူ ရဲဝန်ထမ်းဟောင်း လူမှုအကျိုးပြုအသင်း အတွင်းရေးမှူး ဦးတင်ဝင်းက ပြောသည်။
.
အဆိုပါ အသင်းသည် ဥရောပ သမဂ္ဂ (EU) ရန်ပုံငွေ ကျပ်သိန်း ၂၀၀ ဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ် ဇူလိုင်လထိ လားရှိုးမြို့ပေါ် (၁၂)ရပ်ကွက်နှင့် ကျေးရွာပေါင်း ၆ ရွာတွင် အသိပညာပေးလုပ်ငန်းများ ဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
အသင်းအနေနဲ့ကတော့ လားရှိုးမြို့မှာရှိတဲ့ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ၊ ကျေးရွာ ၆ ရွာမှာရှိတဲ့ ရွာသူ ရွာသားတွေကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ဆိုးကျိုးတွေရယ် မူးယစ်ဆေး သုံးလို့ ရောင်းလို့ ဖမ်းမိရင်ခံရမယ့် ပြစ်ဒဏ်တွေ ပြစ်မှုတွေ အကြောင်းကို လိုက်ပြီးတော့ အသိပညာပေးတယ်။ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေလုပ်ပါတယ်။ တစ်နှစ်တာအတွင်းမှာတော့ ပြည်သူ တော်တော်များ အသိပညာတွေရရှိသွားတယ်လို့ ပြန်ပြီး သိရပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အခု ဖွဲ့စည်းထားတဲ့ သူတွေနဲ့ လုပ်ဆောင်သွားမှာပါ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း (ပြည်နယ်ခွဲ) မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ ဒုရဲမှူးငြိမ်း ဦးအောင်ကျော်မိုး က ပြောသည်။
.
အဆိုပါ အသိပေးရှင်းလင်းပွဲသို့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MANA အသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လားရှိုးမြို့ရပ်ကွက်/ကျေးရွာများမှ MANA အသင်းသားများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats