လား႐ိႈးၿမိဳ႕နယ္၊ ခိုက္ခ်န္ေက်းရြာတြင္ မူးယစ္ေဆးဝါး သံုးစြဲေရာင္းခ်သူ ၂ ဦးအား ဖမ္းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, July 23, 2019

လား႐ိႈးၿမိဳ႕နယ္၊ ခိုက္ခ်န္ေက်းရြာတြင္ မူးယစ္ေဆးဝါး သံုးစြဲေရာင္းခ်သူ ၂ ဦးအား ဖမ္းဆီးရမိ

ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕နယ္၊ ခိုက္ခ်န္ေက်းရြာေန ဦးလနန္း၏ ေနအိမ္မွ မူးယစ္ေဆး၀ါးမ်ားႏွင့္ အတူ သံုးစဲြေရာင္းခ်သူ ၂ ဦးအား ဇူလိုင္ ၂၁ ရက္ မြန္းလဲြပိုင္းက ဖမ္းဆီးရမိခဲ႔ေၾကာင္း လား႐ိႈးၿမိဳ႕မရဲစခန္းမွ သိရွိရသည္။
.
 .
လား႐ိႈးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ အမ်ိဳးသမီးရဲေမမ်ား အပါအဝင္ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ဇူလိုင္လ ၂၁ ရက္၊ မြန္းလြဲပိုင္းက ခိုက္ခ်န္ေက်းရြာ ရြာလယ္လမ္းေန ဦးလနန္း၏ ေနအိမ္တြင္ မူးယစ္ေဆးဝါး သံုးစဲြေရာင္းခ် ေနေၾကာင္း သတင္းအရ ဝင္ေရာက္ ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပားႏွစ္မ်ိဳးအား ေတြ႔ရွိဖမ္းဆီးရမိခဲ႔ေၾကာင္း သိရသည္။
.
“ကြ်န္ေတာ္တို႔က သက္ေသေတြအျဖစ္နဲ႔ ပူးေပါင္းေဆာင္ရြက္တာပါ။ အိမ္ကိုဝင္ေတာ့ ေလးဂြနဲ႔ အပစ္ခံရပါတယ္။ ထိခိုက္တာေတြေတာ့မရွိပါဘူး။ မူးယစ္ေဆးသံုးစဲြေရာင္းခ်သူေတြကေတာ့ ျပန္ခုခံတာေတြ မ်ားတာ ေတြ႔ရပါတယ္။ အႏၱရာယ္ေတာ့ အရမ္းမ်ားပါတယ္။ အမ်ိဳးသားေရးအတြက္ျဖစ္လို႔ လိုက္ပါေဆာင္ရြက္ေပးေနတာပါ” ဟု ရာအိမ္မွဴး ဦးတင္သန္းက ေျပာသည္။
.
အဆိုပါ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာမွ 88 ႏွင့္ 1 စာတမ္းပါ စိတ္ၾကြေဆးျပားမ်ားႏွင့္ စာတမ္းမပါေသာ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း ၄၁၈၁ ျပား၊ အေလးခ်ိန္ ၃၇၆.၂၉ ဂရမ္အား ေရာင္းခ်သူမ်ားႏွင့္အတူ  ဖမ္းဆီးရမိခဲ႔ေၾကာင္း သိရသည္။
.
“ေက်းရြာသူႀကီးေတြရယ္ ရာအိမ္မွဴးေတြရယ္ ပူးေပါင္းေပးၾကလို႔ မူးယစ္ေဆးသံုးစဲြေရာင္းခ်သူေတြကို ဖမ္းမိတာပါ။ သတင္းေပးသူေတြရွိလို႔ပါ။ ၿပီးခဲ႔တဲ့ တစ္ပတ္ကလည္း အဲဒီေနရာကို ဝင္ရွင္းခဲ႔ပါေသးတယ္” ဟု လား႐ိႈးၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္း ရဲတပ္ၾကပ္ လင္းလင္းစိုးက ေျပာသည္။
.
အဆိုပါ မူးယစ္ေဆး၀ါးမ်ားအား သံုးစဲြေရာင္းခ်ရန္ လက္၀ယ္ေတြ႔ရွိသူ လားရိႈးၿမိဳ႕နယ္ ခိုက္ခ်န္ေက်းရြာေန ဦးလနန္း(၃၅)ႏွစ္ႏွင့္ ေဒၚေအးပီး(၃၅)ႏွစ္တို႔ ၂ ဦးအား လားရိႈးၿမိဳ႕မ ရဲစခန္းမွ မယ(ပ) ၈၅ /၂၀၁၉၊ မူးစိတ္ပုဒ္မ-၁၉(က)/၂၀(က)/၂၁ အရအမႈဖြင္႔ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။
.
============================================================
လားရှိုးမြို့နယ်၊ ခိုက်ချန်ကျေးရွာတွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူ ၂ ဦးအား ဖမ်းဆီးရမိ
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခိုက်ချန်ကျေးရွာနေ ဦးလနန်း၏ နေအိမ်မှ မူးယစ်ဆေးဝါးများနှင့် အတူ သုံးစွဲရောင်းချသူ ၂ ဦးအား ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရှိရသည်။
.
လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှ အမျိုးသမီးရဲမေများ အပါအဝင် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇူလိုင်လ ၂၁ ရက်၊ မွန်းလွဲပိုင်းက ခိုက်ချန်ကျေးရွာ ရွာလယ်လမ်းနေ ဦးလနန်း၏ နေအိမ်တွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းချ နေကြောင်း သတင်းအရ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားနှစ်မျိုးအား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
“ကျွန်တော်တို့က သက်သေတွေအဖြစ်နဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ အိမ်ကိုဝင်တော့ လေးဂွနဲ့ အပစ်ခံရပါတယ်။ ထိခိုက်တာတွေတော့မရှိပါဘူး။ မူးယစ်ဆေးသုံးစွဲရောင်းချသူတွေကတော့ ပြန်ခုခံတာတွေ များတာ တွေ့ရပါတယ်။ အန္တရာယ်တော့ အရမ်းများပါတယ်။ အမျိုးသားရေးအတွက်ဖြစ်လို့ လိုက်ပါဆောင်ရွက်ပေးနေတာပါ” ဟု ရာအိမ်မှူး ဦးတင်သန်းက ပြောသည်။
.
အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ 88 နှင့် 1 စာတမ်းပါ စိတ်ကြွဆေးပြားများနှင့် စာတမ်းမပါသော စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၄၁၈၁ ပြား၊ အလေးချိန် ၃၇၆.၂၉ ဂရမ်အား ရောင်းချသူများနှင့်အတူ  ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
“ကျေးရွာသူကြီးတွေရယ် ရာအိမ်မှူးတွေရယ် ပူးပေါင်းပေးကြလို့ မူးယစ်ဆေးသုံးစွဲရောင်းချသူတွေကို ဖမ်းမိတာပါ။ သတင်းပေးသူတွေရှိလို့ပါ။ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း အဲဒီနေရာကို ဝင်ရှင်းခဲ့ပါသေးတယ်” ဟု လားရှိုးမြို့မ ရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ် လင်းလင်းစိုးက ပြောသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား သုံးစွဲရောင်းချရန် လက်ဝယ်တွေ့ရှိသူ လားရှိုးမြို့နယ် ခိုက်ချန်ကျေးရွာနေ ဦးလနန်း(၃၅)နှစ်နှင့် ဒေါ်အေးပီး(၃၅)နှစ်တို့ ၂ ဦးအား လားရှိုးမြို့မ ရဲစခန်းမှ မယ(ပ) ၈၅ /၂၀၁၉၊ မူးစိတ်ပုဒ်မ-၁၉(က)/၂၀(က)/၂၁ အရအမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats