လားရိႈးၿမိဳ႕နယ္ လဝကဦးစီးမွဴး႐ံုးမွ အဂတိလိုက္စားမႈဥပေဒျဖင့္ တရားစြဲဆိုထားေသာ ဝန္ထမ္း တစ္ဦးႏွင့္ ပဲြစားတစ္ဦးအား ဇူလိုင္ ၂၄ ရက္တြင္ ပထမဆံုးအႀကိမ္ ႐ံုးထုတ္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, July 19, 2019

လားရိႈးၿမိဳ႕နယ္ လဝကဦးစီးမွဴး႐ံုးမွ အဂတိလိုက္စားမႈဥပေဒျဖင့္ တရားစြဲဆိုထားေသာ ဝန္ထမ္း တစ္ဦးႏွင့္ ပဲြစားတစ္ဦးအား ဇူလိုင္ ၂၄ ရက္တြင္ ပထမဆံုးအႀကိမ္ ႐ံုးထုတ္မည္


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ ေျမာက္ပိုင္း လားရိႈးၿမိဳ႕နယ္ လဝကဦးစီးမွဴး႐ံုးမွ အဂတိလိုက္စားမႈဥပေဒျဖင့္ ဖမ္းဆီးထားေသာ ဝန္ထမ္း တစ္ဦးႏွင့္ ပဲြစားတစ္ဦးအား ဇူလိုင္ ၂၄ ရက္တြင္ ရွမ္းျပည္နယ္ တရား႐ံုး၌ ပထမဆံုးအႀကိမ္ ရံုးထုတ္မည္ ျဖစ္ေၾကာင္း သိရွိရသည္။  
.
 .
လားရိႈးၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ႐ံုးမွ အဂတိလိုက္စားမႈျဖင့္ ၈ ဦးအား အမႈဖြင္႔ထားရာမွ ဝန္ထမ္း အမ်ိဳးသမီး တစ္ဦးႏွင့္ ပဲြစား အမ်ိဳးသမီး တစ္ဦးအား တရားစဲြထားျခင္းေၾကာင့္ ဇူလိုင္ ၂၄ ရက္တြင္ ႐ံုးတင္စစ္ေဆးမည္ ျဖစ္ေၾကာင္း သိရသည္။
.
“က်န္တဲ႔သူေတြကိုေတာ့ ဖမ္းမမိေသးပါဘူး။ စံုစမ္းေနပါတယ္။ မိထားတဲ႔ ၂ ေယာက္ကိုေတာ့ ရွမ္းျပည္နယ္ တရား႐ံုးမွာ ဇူလိုင္ ၂၄ ရက္ေန႔ ႐ံုးခ်ိန္းရွိပါတယ္” ဟု လားရိႈးၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ျမင့္ေက်ာ္က ေျပာသည္။
.
တရားစြဲခံရသူ အမ်ိဳးသမီး ႏွစ္ဦးအား လားရိႈးၿမိဳ႕မ ရဲစခန္းတြင္ ဇြန္ ၁၂ ရက္က ဖမ္းဆီးထားျခင္းျဖစ္ၿပီး ဇြန္ ၁၄ ရက္တြင္ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕သို႔ လဲႊေျပာင္းေပးအပ္ခဲ႔ေၾကာင္း သိရသည္။
.
“လားရိႈးၿမိဳ႕က နယ္ထိန္းအင္ခ်က္တစ္ေယာက္နဲ႔ သက္ဆိုင္ရာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြ ေတာင္ႀကီးကို သြားၿပီးေတာ့ သက္ေသအျဖစ္လုိက္သြားရမွာပါ” ဟု ဒုရဲမွဴး ျမင့္ေက်ာ္က ဆက္လက္ေျပာၾကားခဲ့သည္။
.
လားရိႈးၿမိဳ႕နယ္ဦးစီးမွဴးရံုးမွ ဝန္ထမ္းမ်ားႏွင့္ ပဲြစားတို႔သည္ ႏိုင္ငံသား စိစစ္ေရးကတ္ျပဳလုပ္ျခင္း၊ ေမြးတိုး စာရင္းျပဳလုပ္ျခင္း၊ အိမ္ေထာင္စုဇယားျပဳလုပ္ရာတြင္ ေငြေၾကးေတာင္းခံရယူကာ ေဆာင္ရြက္ေပးေနျခင္းအား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ စံုစမ္းစစ္ေဆးေရးအဖဲြ႔မွ စစ္ေဆးေပၚေပါက္ခ်က္အရ အဆိုပါ ႐ံုးမွ ဝန္ထမ္း ၇ ဦးႏွင့္ ပဲြစားတစ္ဦးတို႔အား အေရးယူေဆာင္ရြက္ရန္ အမႈဖြင့္ထားၿပီး က်န္ ၆ ဦးအား အျမန္ဆံုး ဖမ္းဆီးရမိေရး စံုစမ္းစစ္ေဆးေနေၾကာင္း လားရိႈးၿမိဳ႕မ ရဲစခန္းမွ သိရသည္။
.
============================================================
လားရှိုးမြို့နယ် လဝကဦးစီးမှူးရုံးမှ အဂတိလိုက်စားမှုဥပဒေဖြင့် တရားစွဲဆိုထားသော ဝန်ထမ်း တစ်ဦးနှင့် ပွဲစားတစ်ဦးအား ဇူလိုင် ၂၄ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်မည်
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် လဝကဦးစီးမှူးရုံးမှ အဂတိလိုက်စားမှုဥပဒေဖြင့် ဖမ်းဆီးထားသော ဝန်ထမ်း တစ်ဦးနှင့် ပွဲစားတစ်ဦးအား ဇူလိုင် ၂၄ ရက်တွင် ရှမ်းပြည်နယ် တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်မည် ဖြစ်ကြောင်း သိရှိရသည်။ 
.
လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ အဂတိလိုက်စားမှုဖြင့် ၈ ဦးအား အမှုဖွင့်ထားရာမှ ဝန်ထမ်း အမျိုးသမီး တစ်ဦးနှင့် ပွဲစား အမျိုးသမီး တစ်ဦးအား တရားစွဲထားခြင်းကြောင့် ဇူလိုင် ၂၄ ရက်တွင် ရုံးတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
.
“ကျန်တဲ့သူတွေကိုတော့ ဖမ်းမမိသေးပါဘူး။ စုံစမ်းနေပါတယ်။ မိထားတဲ့ ၂ ယောက်ကိုတော့ ရှမ်းပြည်နယ် တရားရုံးမှာ ဇူလိုင် ၂၄ ရက်နေ့ ရုံးချိန်းရှိပါတယ်” ဟု လားရှိုးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ကျော်က ပြောသည်။
.
တရားစွဲခံရသူ အမျိုးသမီး နှစ်ဦးအား လားရှိုးမြို့မ ရဲစခန်းတွင် ဇွန် ၁၂ ရက်က ဖမ်းဆီးထားခြင်းဖြစ်ပြီး ဇွန် ၁၄ ရက်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
“လားရှိုးမြို့က နယ်ထိန်းအင်ချက်တစ်ယောက်နဲ့ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ တောင်ကြီးကို သွားပြီးတော့ သက်သေအဖြစ်လိုက်သွားရမှာပါ” ဟု ဒုရဲမှူး မြင့်ကျော်က ဆက်လက်ပြောကြားခဲ့သည်။
.
လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ပွဲစားတို့သည် နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ခြင်း၊ မွေးတိုး စာရင်းပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယားပြုလုပ်ရာတွင် ငွေကြေးတောင်းခံရယူကာ ဆောင်ရွက်ပေးနေခြင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ ရုံးမှ ဝန်ထမ်း ၇ ဦးနှင့် ပွဲစားတစ်ဦးတို့အား အရေးယူဆောင်ရွက်ရန် အမှုဖွင့်ထားပြီး ကျန် ၆ ဦးအား အမြန်ဆုံး ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း လားရှိုးမြို့မ ရဲစခန်းမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats