လား႐ိႈးတြင္ ရရန္ရွိေသာ လုပ္အားခမ်ား အျမန္ဆံုး ျပန္လည္ရရွိေရးအတြက္ လုပ္သားမ်ားမွ ဆႏၵေဖာ္ထုတ္ - Kanbawza Tai News

Breaking

Tuesday, July 30, 2019

လား႐ိႈးတြင္ ရရန္ရွိေသာ လုပ္အားခမ်ား အျမန္ဆံုး ျပန္လည္ရရွိေရးအတြက္ လုပ္သားမ်ားမွ ဆႏၵေဖာ္ထုတ္


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕တြင္ ယေန႔ ဇူလိုင္လ ၃၀ ရက္၊ နံနက္ပိုင္းက လုပ္အားခမ်ား အျမန္ဆံုးရရွိေရး အတြက္ လုပ္သားမ်ားမွ ဆႏၵေဖာ္ထုတ္ခဲ့ၾကေၾကာင္း သိရသည္။
.


.
လား႐ိႈးၿမိဳ႕ရပ္ကြက္ (၁၁) တြင္ဖြင့္လွစ္ထားသည့္ Gold Luck Water Park တည္ေဆာက္ေရးလုပ္ငန္း၌ လုပ္ကိုင္ ခဲ့သည့္ အလုပ္သမားမ်ားမွ ၎တို႔ ရရရန္က်န္ရွိသည့္ လုပ္အားခမ်ား ရရွိျခင္းမရွိသည့္အတြက္ သက္ဆိုင္ရာဌာန မ်ားသို႔ တိုင္ၾကားစာ ေပးပို႔ထားၿပီး ယခုအခါ စီတန္းလွည့္လည္ ဆႏၵေဖာ္ထုတ္ျခင္းျဖစ္ေၾကာင္း သိရသည္။
 .
“ကၽြန္ေတာ္တို႔ လုပ္အားခေတြ အမွန္တကယ္ မရတဲ့အတြက္ ဆႏၵေဖာ္ထုတ္တာပါ။ ကၽြန္ေတာ္တို႔ အားလံုးေပါင္း လုပ္သား ၁၅ ဦးရဲ႕ ရပိုင္ခြင့္ ၁၃၄ သိန္းေလာက္ ရဖို႔ရွိပါတယ္။ အလုပ္သမား ညႇိႏိႈင္းျဖန္ေျဖေရးေကာ္မတီကို အေၾကာင္းၾကားစာ ေပးပို႔ တိုင္ၾကားထာပါတယ္။ ကၽြန္ေတာ္တို႔ အမွန္တကယ္ ရဖို႔ရွိတဲ့ လုပ္အားခေတြ အျမန္ဆံုး ျပန္ရခ်င္ပါတယ္။” ဟု ဆႏၵေဖာ္ထုတ္ရာတြင္ ပါဝင္ခဲ့သူ အလုပ္သမားေခါင္းေဆာင္ ဦးေယာဟန္က ကေမ႓ာဇတိုင္း သို႔ ေျပာသည္။
.
ယင္းကဲ့သို႔ ဆႏၵေဖာ္ထုတ္ရာတြင္ လား႐ိႈးၿမိဳ႕၊ ဗ်ဴဟာလမ္းထိပ္မွ ၿမိဳ႕ေတာ္ခန္းမအထိ စီတန္း လွည့္လည္ ဆႏၵေဖာ္ထုတ္ခဲ့ၾကေၾကာင္း သိရသည္။
.
အဆိုပါ ဆႏၵေဖာ္ထုတ္မႈႏွင့္ ပတ္သက္၍ Gold Luck Water Park ပိုင္ရွင္ ဦးရဲႏိုင္အား ကေမ႓ာဇတိုင္းမွ ဆက္သြယ္ ေမးျမန္းရာတြင္ “ဩဂုတ္လ ၅ ရက္မွာ ရပ္ကြက္လူႀကီးေတြ ရပ္မိရပ္ဖေတြကို ဖိတ္ၿပီးေတာ့ သူတို႔ေရွ႕မွာ အဲဒီစာရင္းေတြကို အၿပီးရွင္းပါ ဆိုၿပီး ေခၚထားတယ္။ ဇူလိုင္ ၂၈ ရက္ထုတ္ ျမန္မာ့အလင္းသတင္းစာမွာ ထည့္ေၾကညာထားပါတယ္။ အဲဒီလို ေခၚထားရဲ႕သားနဲ႔ အခုလို ဆႏၵေဖာ္ထုတ္တာ ျဖစ္ပါတယ္” ဟု ျပန္လည္ ေျဖၾကားခဲ့သည္။
.
ယင္းကဲ့သို႔ လုပ္အားခ ေပးေခ်မႈ မရွိျခင္းႏွင့္ ပတ္သက္၍ သတင္းရယူရန္ သြားေရာက္ခဲ့သည့္ DVB သတင္းဌာနမွ သတင္းေထာက္ ခြန္ေဇာ္ဦးႏွင့္ အလြတ္တန္းသတင္းေထာက္ ျမတ္မိုးသူတို႔ ၂ ဦးအား Gold Luck Water Park ပိုင္ရွင္ ဦးရဲႏိုင္မွ ၎၏ ေနအိမ္ျခံဝင္းအတြင္း တံခါးပိတ္ ၿခိမ္းေျခာက္ ေျပာဆိုခဲ့ၿပီး သတင္းေထာက္ ခြန္ေဇာ္ဦး စီးနင္းလာသည့္ ေမာ္ေတာ္ယာဥ္အား လိုင္စင္မဲ့ယာဥ္ ျဖစ္ေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕သို႔ သတင္းေပးပို႔ တိုင္တန္း ခဲ့သျဖင့္ ခြန္ေဇာ္ဦးမွာ လက္ရွိတြင္ လား႐ိႈးၿမိဳ႕မရဲစခန္းအခ်ဳပ္၌ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အမႈရင္ဆိုင္ေနရေၾကာင္း သိရသည္။
.
============================================================
လားရှိုးတွင် ရရန်ရှိသော လုပ်အားခများ အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် လုပ်သားများမှ ဆန္ဒဖော်ထုတ်
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ ဇူလိုင်လ ၃၀ ရက်၊ နံနက်ပိုင်းက လုပ်အားခများ အမြန်ဆုံးရရှိရေး အတွက် လုပ်သားများမှ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
.
လားရှိုးမြို့ရပ်ကွက် (၁၁) တွင်ဖွင့်လှစ်ထားသည့် Gold Luck Water Park တည်ဆောက်ရေးလုပ်ငန်း၌ လုပ်ကိုင် ခဲ့သည့် အလုပ်သမားများမှ ၎င်းတို့ ရရရန်ကျန်ရှိသည့် လုပ်အားခများ ရရှိခြင်းမရှိသည့်အတွက် သက်ဆိုင်ရာဌာန များသို့ တိုင်ကြားစာ ပေးပို့ထားပြီး ယခုအခါ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။
 .
ကျွန်တော်တို့ လုပ်အားခတွေ အမှန်တကယ် မရတဲ့အတွက် ဆန္ဒဖော်ထုတ်တာပါ။ ကျွန်တော်တို့ အားလုံးပေါင်း လုပ်သား ၁၅ ဦးရဲ့ ရပိုင်ခွင့် ၁၃၄ သိန်းလောက် ရဖို့ရှိပါတယ်။ အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးကော်မတီကို အကြောင်းကြားစာ ပေးပို့ တိုင်ကြားထာပါတယ်။ ကျွန်တော်တို့ အမှန်တကယ် ရဖို့ရှိတဲ့ လုပ်အားခတွေ အမြန်ဆုံး ပြန်ရချင်ပါတယ်။ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူ အလုပ်သမားခေါင်းဆောင် ဦးယောဟန်က ကမေ႓ာဇတိုင်း သို့ ပြောသည်။
.
ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရာတွင် လားရှိုးမြို့၊ ဗျူဟာလမ်းထိပ်မှ မြို့တော်ခန်းမအထိ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်အား ကမေ႓ာဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် ဩဂုတ်လ ၅ ရက်မှာ ရပ်ကွက်လူကြီးတွေ ရပ်မိရပ်ဖတွေကို ဖိတ်ပြီးတော့ သူတို့ရှေ့မှာ အဲဒီစာရင်းတွေကို အပြီးရှင်းပါ ဆိုပြီး ခေါ်ထားတယ်။ ဇူလိုင် ၂၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ ထည့်ကြေညာထားပါတယ်။ အဲဒီလို ခေါ်ထားရဲ့သားနဲ့ အခုလို ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ယင်းကဲ့သို့ လုပ်အားခ ပေးချေမှု မရှိခြင်းနှင့် ပတ်သက်၍ သတင်းရယူရန် သွားရောက်ခဲ့သည့် DVB သတင်းဌာနမှ သတင်းထောက် ခွန်ဇော်ဦးနှင့် အလွတ်တန်းသတင်းထောက် မြတ်မိုးသူတို့ ၂ ဦးအား Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်မှ ၎င်း၏ နေအိမ်ခြံဝင်းအတွင်း တံခါးပိတ် ခြိမ်းခြောက် ပြောဆိုခဲ့ပြီး သတင်းထောက် ခွန်ဇော်ဦး စီးနင်းလာသည့် မော်တော်ယာဉ်အား လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ သတင်းပေးပို့ တိုင်တန်း ခဲ့သဖြင့် ခွန်ဇော်ဦးမှာ လက်ရှိတွင် လားရှိုးမြို့မရဲစခန်းအချုပ်၌ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats