လား႐ိႈးတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ကတိကဝတ္မ်ားအား အေကာင္အထည္ေဖာ္ လိုက္နာၾကရန္ ႏိႈးေဆာ္စာမ်ား ျဖန္႔ေဝ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, July 20, 2019

လား႐ိႈးတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ကတိကဝတ္မ်ားအား အေကာင္အထည္ေဖာ္ လိုက္နာၾကရန္ ႏိႈးေဆာ္စာမ်ား ျဖန္႔ေဝ

မင္းေဇာ္မင္း 
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕တြင္ ဇူလိုင္လ ၁၉ ရက္က က်ေရာက္သည့္ အာဇာနည္ေန႔၌ လား႐ႈိး နည္းပညာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမွ ဗိုလ္ခ်ဳပ္ေဆာင္ဆန္း၏ ကတိကဝတ္မ်ားကို မေမ့ဘဲ အေကာင္ အထည္ေဖာ္လုိက္နာၾကရန္ စာေစာင္မ်ားျဖန္႔ေဝခဲ့ေၾကာင္း သိရသည္။
.
 .
“ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို မေမ့ဖို႔လိုအပ္သလို ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ကတိစာကားေတြကို မေမ့မေလ်ာ့ဖို႔၊ သူ႔ကတိေတြကို အေကာင္အထည္ေဖာ္ဖို႔ ပိုၿပီးႀကိဳးစားသင့္ပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကတိကဝတ္ေတြကို အေကာင္အထည္ေဖာ္လိုက္နာၾကဖို႔ ရည္ရြယ္ၿပီး အာဇာနည္ေန႔မွာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ကတိကဝတ္ေတြကို ေဝငွခဲ့ပါတယ္။ တုိင္ရင္းသားေတြလိုခ်င္တာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းကတိပါ” ဟု လား႐ႈိးနည္းပညာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢမွ ျပင္ပဆက္ဆံေရးတာဝန္ခံ နန္းယိင္းေမြလ်န္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထို႔အတူ လက္ကမ္းစာေစာင္မ်ားျဖန္႔ေဝရာတြင္ ပါ၀င္ခဲ့သူ  ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ၿငိမ္းခ်မ္းေရးအဖြဲ႕ အစည္းမ်ားေကာ္မတီ၏ တာဝန္ခံျဖစ္သူ ေဒၚနန္းစံပယ္ကလည္း “အာဇာနည္ေန႕မွာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ တိုင္းရင္းသားေခါင္းေေဆာင္မ်ားၾကားက စည္းေႏွာင္မႈမ်ားနဲ႔ ကတိကဝတ္မ်ားကို ျပန္လည္ေဖာ္ထုတ္ေပးၿပီး ရင္ၾကားေစ့ဖို႔ လမ္းစတစ္ခုျဖစ္လာေစဖို႔ ရည္ရြယ္ၿပီး  ဗုိလ္ခ်ဳပ္ရဲ႕ကတိကဝတ္စာေစာင္ေတြ ေဝေပးတာပါ။ တိုင္းရင္းသားေတြရဲ႕ရင္ထဲက မေက်မခ်မ္းမႈေတြဟာ ၇၂ ႏွစ္တိုင္ခဲ့ပါၿပီ။ သမိုင္းမွန္ကို လူသိနည္းသလို ကိုယ့္ဘက္ကပဲ လြန္သလို ျဖစ္ၾကရပါတယ္။ ဘာေၾကာင့္ ေတာ္လွန္ေရးလုပ္ခဲ့ၾကရတယ္ဆိုတာ အနည္းအက်ဥ္း ေလာက္ျဖစ္ျဖစ္ သိထားသင့္ပါတယ္။ ဗိုလ္ခ်ဳပ္ရဲ႕မိန္႔ခြန္းထဲက ကတိကဝတ္ေတြကိုလည္း ျပန္လည္ အေကာင္ အထည္ေဖာ္ေပးေစလိုပါတယ္”ဟု ေျပာဆိုခဲ့သည္။
.
အဆိုပါအဖြဲ႕မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ကတိကဝတ္မ်ားႏွင့္ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးေၾကျငာစာတမ္း ေစာင္ေရ ၅၀၀ ေက်ာ္ကို လား႐ႈိးၿမိဳ႕၊ ရပ္ကြက္ (၁) အတြင္းရွိ အာဇာနည္ပန္းၿခံ၊ လြတ္လပ္ေရးပန္းၿခံ၊ NLD ပါတီ႐ံုး၊ ရပ္ကြက္ (၃) ရွိ လား႐ႈိးေဆး႐ံုႀကီး၊ အာဇာနည္ေန႔အထိမ္းအမွတ္ ေသြးလွဴဘဏ္တို႔တြင္ နံနက္ ၉ နာရီမွ ၁၂ နာရီ အထိ ေဝငွခဲ့ေၾကာင္း သိရသည္။
.
“လူေတြစိတ္ဝင္စားၾကပါတယ္။ ဒါမ်ိဳးက ေက်ာင္းမွာ မသင္ခဲ့ရတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာၾက ပါတယ္” ဟု ေဒၚနန္းစံပယ္က ဆက္လက္ေျပာၾကားခဲ့သည္။
.
အဆိုပါ စာေစာင္မ်ားကို ေဒၚနန္းစံပယ္ႏွင့္အတူ လားရႈိးနည္းပညာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ စိုင္းေက်ာ္ေစာဟန္ႏွင့္ ျပင္ပဆက္ခံေရးတာဝန္ခံ နန္းယိင္းေမြလ်န္း၊ ရွမ္းျပည္နယ္ေက်ာင္းသားမ်ားသမဂၢမွ ကိုေကာင္းထက္မိုးတို႔က ေဝငွေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
============================================================
လားရှိုးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်များအား အကောင်အထည်ဖော် လိုက်နာကြရန် နှိုးဆော်စာများ ဖြန့်ဝေ
.
မင်းဇော်မင်း 
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇူလိုင်လ ၁၉ ရက်က ကျရောက်သည့် အာဇာနည်နေ့၌ လားရှိုး နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗိုလ်ချုပ်ဆောင်ဆန်း၏ ကတိကဝတ်များကို မမေ့ဘဲ အကောင် အထည်ဖော်လိုက်နာကြရန် စာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
.
“ဗိုလ်ချုပ်အောင်ဆန်းကို မမေ့ဖို့လိုအပ်သလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိစာကားတွေကို မမေ့မလျော့ဖို့၊ သူ့ကတိတွေကို အကောင်အထည်ဖော်ဖို့ ပိုပြီးကြိုးစားသင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကတိကဝတ်တွေကို အကောင်အထည်ဖော်လိုက်နာကြဖို့ ရည်ရွယ်ပြီး အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကတိကဝတ်တွေကို ဝေငှခဲ့ပါတယ်။ တိုင်ရင်းသားတွေလိုချင်တာ ဗိုလ်ချုပ်အောင်ဆန်းကတိပါ” ဟု လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ပြင်ပဆက်ဆံရေးတာဝန်ခံ နန်းယိင်းမွေလျန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ပါဝင်ခဲ့သူ  ရှမ်းပြည်နယ်မြောက်ပိုင်း၊ ငြိမ်းချမ်းရေးအဖွဲ့ အစည်းများကော်မတီ၏ တာဝန်ခံဖြစ်သူ ဒေါ်နန်းစံပယ်ကလည်း “အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းေဆောင်များကြားက စည်းနှောင်မှုများနဲ့ ကတိကဝတ်များကို ပြန်လည်ဖော်ထုတ်ပေးပြီး ရင်ကြားစေ့ဖို့ လမ်းစတစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ပြီး  ဗိုလ်ချုပ်ရဲ့ကတိကဝတ်စာစောင်တွေ ဝေပေးတာပါ။ တိုင်းရင်းသားတွေရဲ့ရင်ထဲက မကျေမချမ်းမှုတွေဟာ ၇၂ နှစ်တိုင်ခဲ့ပါပြီ။ သမိုင်းမှန်ကို လူသိနည်းသလို ကိုယ့်ဘက်ကပဲ လွန်သလို ဖြစ်ကြရပါတယ်။ ဘာကြောင့် တော်လှန်ရေးလုပ်ခဲ့ကြရတယ်ဆိုတာ အနည်းအကျဉ်း လောက်ဖြစ်ဖြစ် သိထားသင့်ပါတယ်။ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းထဲက ကတိကဝတ်တွေကိုလည်း ပြန်လည် အကောင် အထည်ဖော်ပေးစေလိုပါတယ်”ဟု ပြောဆိုခဲ့သည်။
.
အဆိုပါအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်များနှင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြေငြာစာတမ်း စောင်ရေ ၅၀၀ ကျော်ကို လားရှိုးမြို့၊ ရပ်ကွက် (၁) အတွင်းရှိ အာဇာနည်ပန်းခြံ၊ လွတ်လပ်ရေးပန်းခြံ၊ NLD ပါတီရုံး၊ ရပ်ကွက် (၃) ရှိ လားရှိုးဆေးရုံကြီး၊ အာဇာနည်နေ့အထိမ်းအမှတ် သွေးလှူဘဏ်တို့တွင် နံနက် ၉ နာရီမှ ၁၂ နာရီ အထိ ဝေငှခဲ့ကြောင်း သိရသည်။
.
“လူတွေစိတ်ဝင်စားကြပါတယ်။ ဒါမျိုးက ကျောင်းမှာ မသင်ခဲ့ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြ ပါတယ်” ဟု ဒေါ်နန်းစံပယ်က ဆက်လက်ပြောကြားခဲ့သည်။
.
အဆိုပါ စာစောင်များကို ဒေါ်နန်းစံပယ်နှင့်အတူ လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ စိုင်းကျော်စောဟန်နှင့် ပြင်ပဆက်ခံရေးတာဝန်ခံ နန်းယိင်းမွေလျန်း၊ ရှမ်းပြည်နယ်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထက်မိုးတို့က ဝေငှပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats