လြိဳင္ေကာ္တြင္ ေငြက်ပ္ ၁၆ ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား စံခ်ိန္တင္ ဖမ္းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 14, 2019

လြိဳင္ေကာ္တြင္ ေငြက်ပ္ ၁၆ ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား စံခ်ိန္တင္ ဖမ္းဆီးရမိ


ကေမ႓ာဇတိုင္း
.
ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တြင္ ဇူလိုင္ ၁၂ ရက္၊ နံနက္က ထရပ္ကား ၃ စီးေပၚမွ ေငြက်ပ္ ၁၆ ဘီလ်ံ ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို စံခ်ိန္တင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
 .
မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ စရဖ (လြိဳင္ေကာ္) မွ ဗိုလ္ႀကီး သက္စိုးႏွင့္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ နယ္ေျမခံရဲတပ္ဖြဲ႕တို႔ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဇူလိုင္လ ၁၂ ရက္၊ နံနက္ ၄ နာရီခြဲက မူးယစ္ေဆးဝါး သတင္းအရ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ကုန္းသာေက်းရြာအုပ္စု၊ ေဆာင္ကန္း (ကယား) ရြာအနီး၊ တုန္ဟုန္း-စံကား-ေဆာင္ကန္း-လြိဳင္ေကာ္ ကားလမ္းေပၚတြင္ ျဖတ္သန္းသြားလာေနေသာ ေမာ္ေတာ္ယာဥ္မ်ားအား ရွာေဖြ စစ္ေဆးေနစဥ္ တုန္ဟုန္းဘက္မွ လြိဳင္ေကာ္ဘက္သို႔  ေမာင္းႏွင္လာေသာ ေဒါင္ဖန္း အမ်ိဳးအစား ထရပ္ယာဥ္ ၃ စီးအား တားဆီး စစ္ေဆးရာမွ အဆိုပါ မူးယစ္ေဆးဝါးမ်ားကို သယ္ေဆာင္လာသူ အမ်ိဳးသား ၆ ဦးႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ မူးယစ္ေဆးဝါးမ်ားကို လက္ဖက္ေျခာက္ အိတ္မ်ားျဖင့္ ထည့္လ်က္ သယ္ေဆာင္လာျခင္း ျဖစ္ၿပီး ဖမ္းဆီး ရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားမွာ ICE ၅၀၀၀၀၀ ဂရမ္၊ ကတ္တမင္း ၆၄၉၀၀၀ ဂရမ္ႏွင့္ ကဖင္း ၁၁၅၀၀၀၀ ဂရမ္တို႔ ျဖစ္ၿပီး ေဒသတြင္းကာလေပါက္ေစ်း တန္ဖိုးေငြ က်ပ္သိန္းေပါင္း ၁၆၀၀၀ ေက်ာ္ ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
.
မူးယစ္ေဆးဝါး သယ္ေဆာင္လာသူမ်ားကို လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားရွိၿပီး ကြင္းဆက္ တရားခံမ်ား ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
ကယားျပည္နယ္တြင္ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးမ်ားမွာ အမ်ားအားျဖင့္ စိတ္ႂကြေဆးမ်ားကိုသာ ဖမ္းဆီးႏိုင္ခဲ့ေသာ္လည္း ယခုကဲ့သို႔ ICE ႏွင့္ အျခား မူးယစ္ေဆးဝါးကို ပမာဏ အမ်ားအျပား ဖမ္းဆီးရမိျခင္းမွာ ပထမဆံုးအႀကိမ္ ျဖစ္သည့္အျပင္ စံခ်ိန္တင္ ဖမ္းဆီးရမိျခင္းလည္း ျဖစ္ေၾကာင္း မူးယစ္ေဆးဝါး ဖမ္းဆီးရာတြင္ ပါ၀င္သည့္ အရာရွိတစ္ဦးထံမွ သိရသည္။
.
လွိုင်ကော်တွင် ငွေကျပ် ၁၆ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ စံချိန်တင် ဖမ်းဆီးရမိ
.
ကမ္ဘောဇတိုင်း
.
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဇူလိုင် ၁၂ ရက်၊ နံနက်က ထရပ်ကား ၃ စီးပေါ်မှ ငွေကျပ် ၁၆ ဘီလျံ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ စရဖ (လွိုင်ကော်) မှ ဗိုလ်ကြီး သက်စိုးနှင့် တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၂ ရက်၊ နံနက် ၄ နာရီခွဲက မူးယစ်ဆေးဝါး သတင်းအရ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဆောင်ကန်း (ကယား) ရွာအနီး၊ တုန်ဟုန်း-စံကား-ဆောင်ကန်း-လွိုင်ကော် ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များအား ရှာဖွေ စစ်ဆေးနေစဉ် တုန်ဟုန်းဘက်မှ လွိုင်ကော်ဘက်သို့  မောင်းနှင်လာသော ဒေါင်ဖန်း အမျိုးအစား ထရပ်ယာဉ် ၃ စီးအား တားဆီး စစ်ဆေးရာမှ အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ အမျိုးသား ၆ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများကို လက်ဖက်ခြောက် အိတ်များဖြင့် ထည့်လျက် သယ်ဆောင်လာခြင်း ဖြစ်ပြီး ဖမ်းဆီး ရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ ICE ၅၀၀၀၀၀ ဂရမ်၊ ကတ်တမင်း ၆၄၉၀၀၀ ဂရမ်နှင့် ကဖင်း ၁၁၅၀၀၀၀ ဂရမ်တို့ ဖြစ်ပြီး ဒေသတွင်းကာလပေါက်စျေး တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
.
မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး ကွင်းဆက် တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ကယားပြည်နယ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ အများအားဖြင့် စိတ်ကြွဆေးများကိုသာ ဖမ်းဆီးနိုင်ခဲ့သော်လည်း ယခုကဲ့သို့ ICE နှင့် အခြား မူးယစ်ဆေးဝါးကို ပမာဏ အများအပြား ဖမ်းဆီးရမိခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည့်အပြင် စံချိန်တင် ဖမ်းဆီးရမိခြင်းလည်း ဖြစ်ကြောင်း မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ပါဝင်သည့် အရာရှိတစ်ဦးထံမှ သိရသည်။
.

No comments:

Post a Comment