လဲခ်ားၿမိဳ႕တြင္ ၿမိဳ႕နယ္အဆင့္ သဘာဝေဘးေလ်ာ့ပါးေရး အလုပ္႐ံု ေဆြးေႏြး ပြဲက်င္းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 27, 2019

လဲခ်ားၿမိဳ႕တြင္ ၿမိဳ႕နယ္အဆင့္ သဘာဝေဘးေလ်ာ့ပါးေရး အလုပ္႐ံု ေဆြးေႏြး ပြဲက်င္းပ


ကေမ႓ာဇတိုင္း
.
လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္  ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔ ပူးေပါင္းက်င္းပေသာ ၿမိဳ႕နယ္အဆင့္ သဘာဝေဘး ေလ်ာ့ပါးေရးအလုပ္႐ံု ေဆြးေႏြးပြဲအား လဲခ်ားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ံုး အစည္းအေဝးခန္းမတြင္ ဇူလို္င္လ ၁၇ ရက္ကက်င္းပျပဳလုပ္ခဲ့ေၾကာင္းသိရ သည္။
.
.
ေဆြးေႏြးပြဲသို႔ လဲခ်ားၿမိဳ႕နယ္ သဘာဝေဘးစီမံခန္႔ခြဲမႈအဖြဲ႕ ဥကၠဌဦး သန္းႏိုင္မွ အဖြင့္အမွာစကားေျပာ ၾကားျခင္း၊ ရွမ္းျပည္နယ္ေဘးအႏၱ ရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနမွ ရွမ္းျပည္နယ္ဦးစီးမွဴးမွ အလုပ္႐ံုေဆြး ေႏြးပြဲ က်င္းပျပဳလုပ္ရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားျခင္း၊ လိုအပ္ခ်က္မ်ား ဦးေဆာင္ေဆြးေႏြးျခင္း ႏွင့္ တက္ေရာက္လာၾကသူမ်ားမွ ဝိုင္း ဝန္းေဆြးေႏြးအႀကံျပဳျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကေၾကာင္း သိရသည္။
.
အဆိုပါေဆြးေႏြးပြဲသို႔ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ား စုစုေပါင္းအင္အား ၆၆ ဦးတက္ေရာက္ခဲ့ေၾကာင္း သိရသည္။ 
.
============================================================
လဲချားမြို့တွင် မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံ ဆွေးနွေး ပွဲကျင်းပ
.
ကမ္ဘောဇတိုင်း
.
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် သဘာဝဘေး လျော့ပါးရေးအလုပ်ရုံ ဆွေးနွေးပွဲအား လဲချားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဇူလို်င်လ ၁၇ ရက်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။
.
ဆွေးနွေးပွဲသို့ လဲချားမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌဦး သန်းနိုင်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ ရှမ်းပြည်နယ်ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရှမ်းပြည်နယ်ဦးစီးမှူးမှ အလုပ်ရုံဆွေး နွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ လိုအပ်ချက်များ ဦးဆောင်ဆွေးနွေးခြင်း နှင့် တက်ရောက်လာကြသူများမှ ဝိုင်း ဝန်းဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၆၆ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။ 
.

No comments:

Post a Comment