ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ေဆာင္က်ဲေက်းရြာမွ လူသတ္မႈကို အျမန္ဆံုး ေဖာ္ထုတ္ေပးရန္ ရွမ္းေျမာက္အရပ္ဘက္ အဖြဲ႕အစည္းမ်ား ေတာင္းဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, July 15, 2019

ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ေဆာင္က်ဲေက်းရြာမွ လူသတ္မႈကို အျမန္ဆံုး ေဖာ္ထုတ္ေပးရန္ ရွမ္းေျမာက္အရပ္ဘက္ အဖြဲ႕အစည္းမ်ား ေတာင္းဆို


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ ခိုင္ၿမိဳ႕နယ္၊ ပိန္းပြန္ ေက်းရြာအုပု္စု၊ နမ့္ေဆာင္က်ဲ ေက်းရြာရွိ ေနအိမ္ တြင္ အသတ္ခံခဲ့ရသည့္ ေဒၚနန္းထန္ ေသဆံုးမႈကို အျမန္ဆံုး ေဖာ္ထုတ္ ေပးရန္ ရွမ္းေျမာက္ရွိ အရပ္ဘက္ အ ဖြဲ႕အစည္းမ်ားမွ စုေပါင္း ေတာင္းဆို ခ်က္ ထုတ္ျပန္ ေၾကညာခဲ့ေၾကာင္း သိရသည္။
.
 .
“ရဲစခန္းမွာလည္း လူသတ္မႈ ပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ထားၿပီး ၿမိဳ႕ နယ္မွဴး ကိုယ္တိုင္ ဒီေန႔မွာ လုပ္ ေဆာင္ေနတာ ေတြ႕ရပါတယ္။ ကြတ္ ခိုင္ဗ်ဴဟာမွဴးကလည္း အမႈမွန္ေပၚ ေပါက္ေရးကို ေဆာင္ရြက္ေနတယ္လို႔ ဇူလိုင္ ၁၂ ရက္က ေတြ႕ဆံုရာမွာ ေျပာပါတယ္”ဟု အဆိုပါ ထုတ္ျပန္ ခ်က္တြင္ ပါဝင္သည့္ အဖြဲ႕အစည္း တစ္ခုျဖစ္ေသာ အမ်ိဳးသမီး ၿငိမ္းခ်မ္းေရးႏွင့္ လံုၿခံဳေရးကြန္ရက္မွ ေဒၚေခါင္နန္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ေသဆံုးသူ ေဒၚနန္းထန္ကို ဇူလိုင္လ ၄ ရက္၊ နံနက္ပိုင္းက ေတြ႕ ရွိခဲ့ရျခင္းျဖစ္ၿပီး ေသသူ၏ ဦးေခါင္း ၌ အ႐ိုက္ခံ ထားရသည့္ ဒဏ္ရာမ်ား၊ လည္ပင္းတြင္ ညႇစ္ထားသည့္ ဒဏ္ ရာမ်ားႏွင့္ ေမး႐ိုးက်ိဳးေၾက ဒဏ္ ရာမ်ား၊ ယာနား႐ြက္ ဒဏ္ရာမ်ားျဖင့္ ေတြ႕ရွိခဲ့ရျခင္းေၾကာင့္ ရက္စက္စြာ အသတ္ခံထားရျခင္း ျဖစ္သည္ဟု ထုတ္ျပန္ခ်က္ ေဖာ္ျပထား သည္။
.
အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဒၚ နန္းထန္ အသတ္ခံရမႈကို သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ က်ဴးလြန္သူ အား အျမန္ဆံုး ေဖာ္ထုတ္ေပးရန္၊ က်ဴးလြန္သူအား ထိေရာက္စြာ အ ေရးယူေပးရန္၊ အျပစ္မဲ့သူမ်ားအား မတရား စြပ္စြဲျခင္း မျပဳရန္၊ စံုစမ္း ေနစဥ္ ေဒသခံျပည္သူမ်ား၏ လံုၿခံဳမႈ ကို ထည့္သြင္း စဥ္းစားရန္၊ ဘက္ လိုက္မႈ (အဂတိ) ကင္းရွင္းစြာျဖင့္ ေဆာင္ရြက္ရန္၊ လူ႕အခြင့္အေရးကို ေလးစားလိုက္နာရန္၊ ပဋိပကၡေဒသ မွ အမ်ိဳးသမီးမ်ား၏ လံုၿခံဳေရးကို အထူးအေလးထားေပးရန္ စသည့္ အခ်က္မ်ားကို ေတာင္းဆိုထား ေၾကာင္း ေဖာ္ျပပါရွိသည္။
.
အဆိုပါ ေဒသသည္ လြန္ခဲ့ေသာ ၂၀၁၁ ခုႏွစ္က ျမန္မာ့တပ္မေတာ္ႏွင့္ KIA တို႔ၾကား တစ္ေက်ာ့ျပန္ ျပည္ တြင္းစစ္ ျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး ေနာက္ ယေန႔ခ်ိန္ထိ တည္ၿငိမ္ေအး ခ်မ္းမႈ မရွိ္ေသးသည့္ ေဒသျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ တပ္မေတာ္မွ တပ္ စခန္းခ်ထားကာ KIA ႏွင့္ TNLA တပ္မ်ားလည္း လႈပ္ရွားေနသည့္ ေဒသျဖစ္ေၾကာင္း သိရသည္။
.
တစ္ေက်ာ့ျပန္ တိုက္ပြဲမ်ား စတင္ ျဖစ္ပြားခဲ့သည့္အခ်ိန္မွစ၍ ေက်းရြာ ၅ ရြာ၊ အိမ္ေထာင္စု ၈၀ စုႏွင့္ လူဦးေရ ၂၈၀ ဦးတို႔သည္ နမ့္ဖတ္ ကာ ေက်းရြာရွိ စစ္ေဘးေရွာင္စခန္း သို႔ ေရာက္ရွိ ခိုလံႈေနၾကရာ ယခုအ ခ်ိန္ထိ လူဦးေရ ၂၀ဝ မွာ ခိုလံႈေနဆဲ ျဖစ္ၿပီး ယခု အသတ္ခံရသူ ေဒၚနန္း ထန္ႏွင့္ မိသားစုလည္း စစ္ေဘး ေရွာင္စခန္းမ်ားတြင္ ခိုလံႈေနရာမွ သ မီး၂ ေယာက္ႏွင့္ က်န္းမာေရး မ ေကာင္းသူ ခင္ပြန္းသည္အတြက္ နမ့္ ေဆာင္က်ဲရြာရွိ အိမ္ဆိုင္သို႔ ျပန္လာ ကာ ေဈးေရာင္းရာမွ ယခုလိုအသတ္ ခံခဲ့ရျခင္းျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
.
ေဒၚနန္းထန္ အသတ္ခံရမႈ အတြက္ ထုတ္ျပန္ခ်က္ကို ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ အရပ္ဘက္လူမႈ အဖြဲ႕ အစည္း ၄၀ မွ အႀကိမ္ႀကိမ္ ေတြ႕ဆံု ၿပီးေနာက္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ ျခင္းျဖစ္ေၾကာင္း ေဒၚေခါင္နန္ထံမွ သိရသည္။
.
============================================================
ကွတ်ခိုင်မြို့နယ်၊ နမ့်ဆောင်ကျဲကျေးရွာမှ လူသတ်မှုကို အမြန်ဆုံး ဖော်ထုတ်ပေးရန် ရှမ်းမြောက်အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆို
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ် ခိုင်မြို့နယ်၊ ပိန်းပွန် ကျေးရွာအုပု်စု၊ နမ့်ဆောင်ကျဲ ကျေးရွာရှိ နေအိမ် တွင် အသတ်ခံခဲ့ရသည့် ဒေါ်နန်းထန် သေဆုံးမှုကို အမြန်ဆုံး ဖော်ထုတ် ပေးရန် ရှမ်းမြောက်ရှိ အရပ်ဘက် အ ဖွဲ့အစည်းများမှ စုပေါင်း တောင်းဆို ချက် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
.
“ရဲစခန်းမှာလည်း လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး မြို့ နယ်မှူး ကိုယ်တိုင် ဒီနေ့မှာ လုပ် ဆောင်နေတာ တွေ့ရပါတယ်။ ကွတ် ခိုင်ဗျူဟာမှူးကလည်း အမှုမှန်ပေါ် ပေါက်ရေးကို ဆောင်ရွက်နေတယ်လို့ ဇူလိုင် ၁၂ ရက်က တွေ့ဆုံရာမှာ ပြောပါတယ်”ဟု အဆိုပါ ထုတ်ပြန် ချက်တွင် ပါဝင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သော အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကွန်ရက်မှ ဒေါ်ခေါင်နန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သေဆုံးသူ ဒေါ်နန်းထန်ကို ဇူလိုင်လ ၄ ရက်၊ နံနက်ပိုင်းက တွေ့ ရှိခဲ့ရခြင်းဖြစ်ပြီး သေသူ၏ ဦးခေါင်း ၌ အရိုက်ခံ ထားရသည့် ဒဏ်ရာများ၊ လည်ပင်းတွင် ညှစ်ထားသည့် ဒဏ် ရာများနှင့် မေးရိုးကျိုးကြေ ဒဏ် ရာများ၊ ယာနားရွက် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရခြင်းကြောင့် ရက်စက်စွာ အသတ်ခံထားရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက် ဖော်ပြထား သည်။
.
အဆိုပါ ထုတ်ပြန်ချက်တွင် ဒေါ် နန်းထန် အသတ်ခံရမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျူးလွန်သူ အား အမြန်ဆုံး ဖော်ထုတ်ပေးရန်၊ ကျူးလွန်သူအား ထိရောက်စွာ အ ရေးယူပေးရန်၊ အပြစ်မဲ့သူများအား မတရား စွပ်စွဲခြင်း မပြုရန်၊ စုံစမ်း နေစဉ် ဒေသခံပြည်သူများ၏ လုံခြုံမှု ကို ထည့်သွင်း စဉ်းစားရန်၊ ဘက် လိုက်မှု (အဂတိ) ကင်းရှင်းစွာဖြင့် ဆောင်ရွက်ရန်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရန်၊ ပဋိပက္ခဒေသ မှ အမျိုးသမီးများ၏ လုံခြုံရေးကို အထူးအလေးထားပေးရန် စသည့် အချက်များကို တောင်းဆိုထား ကြောင်း ဖော်ပြပါရှိသည်။
.
အဆိုပါ ဒေသသည် လွန်ခဲ့သော ၂၀၁၁ ခုနှစ်က မြန်မာ့တပ်မတော်နှင့် KIA တို့ကြား တစ်ကျော့ပြန် ပြည် တွင်းစစ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောက် ယနေ့ချိန်ထိ တည်ငြိမ်အေး ချမ်းမှု မရှိ်သေးသည့် ဒေသဖြစ်ပြီး လက်ရှိအချိန်တွင် တပ်မတော်မှ တပ် စခန်းချထားကာ KIA နှင့် TNLA တပ်များလည်း လှုပ်ရှားနေသည့် ဒေသဖြစ်ကြောင်း သိရသည်။
.
တစ်ကျော့ပြန် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ကျေးရွာ ၅ ရွာ၊ အိမ်ထောင်စု ၈၀ စုနှင့် လူဦးရေ ၂၈၀ ဦးတို့သည် နမ့်ဖတ် ကာ ကျေးရွာရှိ စစ်ဘေးရှောင်စခန်း သို့ ရောက်ရှိ ခိုလှုံနေကြရာ ယခုအ ချိန်ထိ လူဦးရေ ၂ဝဝ မှာ ခိုလှုံနေဆဲ ဖြစ်ပြီး ယခု အသတ်ခံရသူ ဒေါ်နန်း ထန်နှင့် မိသားစုလည်း စစ်ဘေး ရှောင်စခန်းများတွင် ခိုလှုံနေရာမှ သ မီး၂ ယောက်နှင့် ကျန်းမာရေး မ ကောင်းသူ ခင်ပွန်းသည်အတွက် နမ့် ဆောင်ကျဲရွာရှိ အိမ်ဆိုင်သို့ ပြန်လာ ကာ ဈေးရောင်းရာမှ ယခုလိုအသတ် ခံခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
.
ဒေါ်နန်းထန် အသတ်ခံရမှု အတွက် ထုတ်ပြန်ချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရပ်ဘက်လူမှု အဖွဲ့ အစည်း ၄၀ မှ အကြိမ်ကြိမ် တွေ့ဆုံ ပြီးနောက် ကြေညာချက် ထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်း ဒေါ်ခေါင်နန်ထံမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats