က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရး ဝန္ထမ္းမ်ားကို စြမ္းေဆာင္ရည္ျမႇင့္တင္ေရးႏွင့္ ျပည္သူ႔ဝန္ေဆာင္မႈဆိုင္ရာ သင္တန္း ပို႔ခ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 24, 2019

က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရး ဝန္ထမ္းမ်ားကို စြမ္းေဆာင္ရည္ျမႇင့္တင္ေရးႏွင့္ ျပည္သူ႔ဝန္ေဆာင္မႈဆိုင္ရာ သင္တန္း ပို႔ခ်


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန ႏွင့္  MESI (Business Institute) တို႕ ပူးေပါင္းဖြင့္လွစ္သည့္ စည္ပင္သာယာဌာန ဝန္ထမ္းမ်ား စြမ္းေဆာင္ရည္ျမႇင့္တင္ေရးႏွင့္ ျပည္သူ႕ဝန္ေဆာင္မႈဆိုင္ရာ သင္တန္းကို ဇူလိုင္ လ ၂၀ ရက္က က်ိဳင္းတံုၿမိဳ႕နယ္စည္ ပင္သာယာေရးခန္းမတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
 .
“ဒီသင္တန္းက ဝန္ထမ္းေတြကို ျပည္သူေတြနဲ႔ ထိေတြ႕ေဆာင္ရြက္ရ တဲ့ လုပ္ငန္းေတြနဲ႔ ဝန္ထမ္းအခ်င္းခ်င္း ၾကားမွာ ျပဳက်င့္ရမယ့္ တစ္ဦးခ်င္းစြမ္း ေဆာင္ရည္ဆိုင္ရာနဲ႔ ပတ္သက္ၿပီး အရည္အခ်င္း တိုးတက္ေစဖို႔အတြက္ MESI နဲ႔ ပူးေပါင္း ဖြင့္လွစ္ေပးတာ ျဖစ္ပါတယ္”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေက်ာ္မင္းထိုက္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
သင္တန္းသို႔ တက္ေရာက္လာသည့္ က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ က်ိဳင္းတံုၿမိဳ႕မေဈးေခါင္း႐ံုး မွ ဒုတိယဦးစီးမွဴး ဦးမနား႐ႊီးက “သိပ္ေကာင္းတဲ့ သင္တန္းျဖစ္ပါတယ္။ ဝန္ထမ္းေတြ အရည္အခ်င္း ျပည့္ဝေနမွ ျပည္သူနဲ႔ ထိေတြ႕ ဆက္ဆံရာမွာ ျပဳက်င့္ရမယ့္ စိတ္ေနစိတ္သေဘာထားေတြ၊ ကိုယ္ႏႈတ္အမူအရာေတြကို ေဆြးေႏြးပို႔ခ်ေပးဖို႔ တန္ဖိုးရွိတဲ့ သင္တန္းျဖစ္ပါတယ္”ဟု ၎၏အ ျမင္ကို ေျပာဆိုခဲ့သည္။
.
သင္တန္းတြင္ ေဒါက္တာျမင့္ေဇာ္က ဝန္ထမ္းဘဝႏွင့္ ျပည္သူ႕ဆက္ဆံေရး၊ MESI က်ိဳင္းတံု ႐ံုးခြဲ ဒါ႐ိုက္တာ ဦးၾကည္လင္းက ေျပာင္းလဲျခင္းဆိုင္ရာ စီမံခန္႔ခြဲျခင္း၊ မိမိကိုယ္ကို စီမံခန္႔ခြဲျခင္းႏွင့္ အခ်ိန္စီမံခန္႔ခြဲျခင္း၊ က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာ ယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေက်ာ္မင္းထိုက္က ျပည္သူ႕ေရးရာ စီမံခန္႔ခြဲမႈႏွင့္ ဝန္ေဆာင္မႈ လုပ္ငန္းမ်ား စသည့္ ေခါင္းစဥ္မ်ားျဖင့္ ေဆြးေႏြး သင္တန္း ပို႔ခ်ေပးခဲ့သည္။
.
ယင္း သင္တန္းသို႔ ရွမ္းျပည္နယ္ စည္ပင္သာယာေရး႐ံုးခြဲ (က်ိဳင္းတံု) ႏွင့္ က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန မွ ဝန္ထမ္း ၅၅ ဦး တက္ ေရာက္ခဲ့ၿပီး MESI (KyaingTong) ႐ံုးခြဲမွ Founder & Director ဦး ၾကည္လင္း၊ Owner & Founder ေဒါက္တာျမင့္ေဇာ္ (ေစတနာျမင့္ေဆး ႐ံုႀကီး)ႏွင့္ က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္ သာယာေရးဌာနမွ ဦးေက်ာ္မင္းထိုက္ တို႔ကသင္တန္းပို႔ခ် ေဆြးေႏြးခဲ့သည္။
.
============================================================
ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ သင်တန်း ပို့ချ
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန နှင့်  MESI (Business Institute) တို့ ပူးပေါင်းဖွင့်လှစ်သည့် စည်ပင်သာယာဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ သင်တန်းကို ဇူလိုင် လ ၂၀ ရက်က ကျိုင်းတုံမြို့နယ်စည် ပင်သာယာရေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“ဒီသင်တန်းက ဝန်ထမ်းတွေကို ပြည်သူတွေနဲ့ ထိတွေ့ဆောင်ရွက်ရ တဲ့ လုပ်ငန်းတွေနဲ့ ဝန်ထမ်းအချင်းချင်း ကြားမှာ ပြုကျင့်ရမယ့် တစ်ဦးချင်းစွမ်း ဆောင်ရည်ဆိုင်ရာနဲ့ ပတ်သက်ပြီး အရည်အချင်း တိုးတက်စေဖို့အတွက် MESI နဲ့ ပူးပေါင်း ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သင်တန်းသို့ တက်ရောက်လာသည့် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန၊ ကျိုင်းတုံမြို့မဈေးခေါင်းရုံး မှ ဒုတိယဦးစီးမှူး ဦးမနားရွှီးက “သိပ်ကောင်းတဲ့ သင်တန်းဖြစ်ပါတယ်။ ဝန်ထမ်းတွေ အရည်အချင်း ပြည့်ဝနေမှ ပြည်သူနဲ့ ထိတွေ့ ဆက်ဆံရာမှာ ပြုကျင့်ရမယ့် စိတ်နေစိတ်သဘောထားတွေ၊ ကိုယ်နှုတ်အမူအရာတွေကို ဆွေးနွေးပို့ချပေးဖို့ တန်ဖိုးရှိတဲ့ သင်တန်းဖြစ်ပါတယ်”ဟု ၎င်း၏အ မြင်ကို ပြောဆိုခဲ့သည်။
.
သင်တန်းတွင် ဒေါက်တာမြင့်ဇော်က ဝန်ထမ်းဘဝနှင့် ပြည်သူ့ဆက်ဆံရေး၊ MESI ကျိုင်းတုံ ရုံးခွဲ ဒါရိုက်တာ ဦးကြည်လင်းက ပြောင်းလဲခြင်းဆိုင်ရာ စီမံခန့်ခွဲခြင်း၊ မိမိကိုယ်ကို စီမံခန့်ခွဲခြင်းနှင့် အချိန်စီမံခန့်ခွဲခြင်း၊ ကျိုင်းတုံမြို့နယ်စည်ပင်သာ ယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေး သင်တန်း ပို့ချပေးခဲ့သည်။
.
ယင်း သင်တန်းသို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးရုံးခွဲ (ကျိုင်းတုံ) နှင့် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန မှ ဝန်ထမ်း ၅၅ ဦး တက် ရောက်ခဲ့ပြီး MESI (KyaingTong) ရုံးခွဲမှ Founder & Director ဦး ကြည်လင်း၊ Owner & Founder ဒေါက်တာမြင့်ဇော် (စေတနာမြင့်ဆေး ရုံကြီး)နှင့် ကျိုင်းတုံမြို့နယ်စည်ပင် သာယာရေးဌာနမှ ဦးကျော်မင်းထိုက် တို့ကသင်တန်းပို့ချ ဆွေးနွေးခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats