က်ိဳင္းတံု-မိုင္းလား ခရီးသည္တင္ ေမာ္ေတာ္ယာဥ္မ်ားတြင္ တရားမဝင္ ေျပးဆြဲေနသည့္ ယာဥ္မ်ား ရွိေနသျဖင့္ စုေပါင္းလက္မွတ္ေရးထိုး တိုင္ၾကား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Friday, July 26, 2019

က်ိဳင္းတံု-မိုင္းလား ခရီးသည္တင္ ေမာ္ေတာ္ယာဥ္မ်ားတြင္ တရားမဝင္ ေျပးဆြဲေနသည့္ ယာဥ္မ်ား ရွိေနသျဖင့္ စုေပါင္းလက္မွတ္ေရးထိုး တိုင္ၾကား


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္း တံုၿမိဳ႕မွ မိုင္းလားၿမိဳ႕သို႔ ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္း လုပ္ေဆာင္ေနသည့္ ေမာ္ေတာ္ယာဥ္မ်ားတြင္ တရား မဝင္ေမာ္ေတာ္ယာဥ္မ်ား ဝင္ေရာက္ ေျပးဆြဲျခင္းမ်ား ရွိေနသျဖင့္ မိုင္းလား ေမာ္ေတာ္ယာဥ္အသင္း (က်ိဳင္းတံု)မွ ဦးေလာက္ဆန္ပါ ၄၆ ဦးက စု ေပါင္းလက္မွတ္ ေရးထိုး၍ ဇူလိုင္လ ၈ ရက္တြင္ က်ိဳင္းတံု ၿမိဳ႕နယ္ယာဥ္ အႏၲရာယ္၊ လမ္းအႏၲရာယ္စည္းကမ္း ထိန္းသိမ္းေရးေကာ္မတီ ဥကၠဌထံသို႔ တိုင္ၾကားစာ ေပးပို႕ထားေၾကာင္း သိ ရသည္။
.
 .
ယင္းတိုင္ၾကားစာတြင္ က်ိဳင္းတံုၿမိဳ႕ရွိ မိုင္းလားေမာ္ေတာ္ယာဥ္ အသင္း၏ ဂိတ္အနီးတြင္လည္းေကာင္း၊ ဂိတ္ျပင္ပ ေနရာတြင္လည္းေကာင္း တရားမဝင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ လုပ္ငန္းလိုင္စင္ မရွိသည့္ နံပါတ္ အနက္ ေမာ္ေတာ္ယာဥ္မ်ား၊ လုပ္ငန္းလိုင္စင္ရွိေသာ္လည္း ေမာ္ေတာ္ ယာဥ္လိုင္း အသင္းဝင္ မဟုတ္သည့္ ယာဥ္မ်ားမွ ခရီးသည္မ်ားကို စည္းကမ္းမဲ့ ေခၚယူၿပီး က်ိဳင္းတံုၿမိဳ႕မွ မိုင္းလားၿမိဳ႕သို႔ ေျပးဆြဲေပးေနသျဖင့္ ယင္း တရားမဝင္ ေမာ္ေတာ္ယာဥ္မ်ားကို ထိထိေရာက္ေရာက္ အေရးယူေပးရန္ တင္ျပ တိုင္ၾကားထားေၾကာင္း သိရ သည္။
.
“ကြ်န္ေတာ္တို႔ တရားဝင္ကား ေတြက အစိုးရသတ္မွတ္ေပးထားတဲ့ စည္းကမ္းအတိုင္း အခြန္အခေတြ၊ ယာဥ္လိုင္းအသင္းဝင္ေၾကးနဲ႔ ဂိတ္ေၾကးေတြကို ေပးေဆာင္ၿပီးမွ ေျပးဆြဲ ေနၾကတာ ျဖစ္ပါတယ္။ တရားမဝင္ ကားေတြက ဘာကုန္က်စရိတ္မွ သိပ္မရွိဘဲ မိုင္းလားလမ္းမွာ ခရီးသည္တင္ၿပီး ေမာင္းေနၾကတာ ဆိုေတာ့ အဲဒီကိစၥကို တာဝန္ရွိသူ ေတြအေနနဲ႔ စည္းကမ္းတက် ျဖစ္ေအာင္လို႔ လုပ္ ေပးေစခ်င္ပါတယ္”ဟု မိုင္းလားေမာ္ ေတာ္ယာဥ္အသင္းတြင္ တရားဝင္ ေျပးဆြဲခြင့္ ရရွိထားသည့္ ယာဥ္ပိုင္ ရွင္ ဦးစိုင္းတြီက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ယင္းကဲ့သို႔ ေျပာၾကားမႈႏွင့္ ပတ္သက္၍ က်ိဳင္းတံုၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္လိုင္းမ်ား ႀကီးၾကပ္ထိန္းသိမ္းေရး ေကာ္မတီ (ယကက) (ယခင္ မထသ) ဥကၠဌ ဦးဟန္သင္းက “ေကာ္မတီ အေနနဲ႔ ဇူလိုင္လ ၉ ရက္မွာ တိုင္စာပါ ေမာ္ေတာ္ယာဥ္ ပိုင္ရွင္ေတြ ကို ေတြ႕ဆံုၿပီး အသစ္ျပင္ဆင္ ဖြဲ႕ စည္းလိုက္တဲ့ ယကကရဲ႕ နည္းဥပေဒ အခန္း (၃)၊ အပိုဒ္ ခြဲ (၁၂/၁၃) ပါ ၫႊန္ၾကားခ်က္နဲ႔ သက္ဆိုင္ရာဌာန ေတြနဲ႔ ေပါင္းစပ္ညႇိႏိႈင္းၿပီး ေဆာင္ရြက္ ေပးဖို႕နဲ႔ ေကာင္းမြန္တဲ့ အေျဖရလဒ္ တစ္ခုခုအတြက္ တိုင္ၾကားထားသူေတြကို ရွင္းလင္းေဆြးေႏြးခဲ့ပါတယ္” ဟု ေျပာဆိုခဲ့သည္။
.
က်ိဳင္းတံုမွ မိုင္းလားသို႔ ခရီးသည္ တင္ေဆာင္ ေျပးဆြဲေနသည့္ ေမာ္ေတာ္ယာဥ္မ်ားသည္ က်ိဳင္းတံုၿမိဳ႕ အထြက္ ေနာင္ဖာဂိတ္ႏွင့္ ဝမ္တာပံု စုေပါင္းဂိတ္တို႔တြင္ မိမိတို႔ ေစတနာ ရွိသည့္အေလ်ာက္ ေငြေၾကး ေပးေဆာင္ရၿပီး မိုင္းလားၿမိဳ႕ အဝင္/အ ထြက္တြင္ အထူးေဒသ (၄)မွ သတ္ မွတ္ထားသည့္ ႏႈန္းထားျဖစ္ေသာ တ ႐ုတ္ယြမ္ေငြ ၈၀ ေပးေဆာင္ရေၾကာင္း သိရသည္။
.
============================================================
ကျိုင်းတုံ-မိုင်းလား ခရီးသည်တင် မော်တော်ယာဉ်များတွင် တရားမဝင် ပြေးဆွဲနေသည့် ယာဉ်များ ရှိနေသဖြင့် စုပေါင်းလက်မှတ်ရေးထိုး တိုင်ကြား
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့မှ မိုင်းလားမြို့သို့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင်နေသည့် မော်တော်ယာဉ်များတွင် တရား မဝင်မော်တော်ယာဉ်များ ဝင်ရောက် ပြေးဆွဲခြင်းများ ရှိနေသဖြင့် မိုင်းလား မော်တော်ယာဉ်အသင်း (ကျိုင်းတုံ)မှ ဦးလောက်ဆန်ပါ ၄၆ ဦးက စု ပေါင်းလက်မှတ် ရေးထိုး၍ ဇူလိုင်လ ၈ ရက်တွင် ကျိုင်းတုံ မြို့နယ်ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ဥက္ကဌထံသို့ တိုင်ကြားစာ ပေးပို့ထားကြောင်း သိ ရသည်။
.
ယင်းတိုင်ကြားစာတွင် ကျိုင်းတုံမြို့ရှိ မိုင်းလားမော်တော်ယာဉ် အသင်း၏ ဂိတ်အနီးတွင်လည်းကောင်း၊ ဂိတ်ပြင်ပ နေရာတွင်လည်းကောင်း တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် လုပ်ငန်းလိုင်စင် မရှိသည့် နံပါတ် အနက် မော်တော်ယာဉ်များ၊ လုပ်ငန်းလိုင်စင်ရှိသော်လည်း မော်တော် ယာဉ်လိုင်း အသင်းဝင် မဟုတ်သည့် ယာဉ်များမှ ခရီးသည်များကို စည်းကမ်းမဲ့ ခေါ်ယူပြီး ကျိုင်းတုံမြို့မှ မိုင်းလားမြို့သို့ ပြေးဆွဲပေးနေသဖြင့် ယင်း တရားမဝင် မော်တော်ယာဉ်များကို ထိထိရောက်ရောက် အရေးယူပေးရန် တင်ပြ တိုင်ကြားထားကြောင်း သိရ သည်။
.
“ကျွန်တော်တို့ တရားဝင်ကား တွေက အစိုးရသတ်မှတ်ပေးထားတဲ့ စည်းကမ်းအတိုင်း အခွန်အခတွေ၊ ယာဉ်လိုင်းအသင်းဝင်ကြေးနဲ့ ဂိတ်ကြေးတွေကို ပေးဆောင်ပြီးမှ ပြေးဆွဲ နေကြတာ ဖြစ်ပါတယ်။ တရားမဝင် ကားတွေက ဘာကုန်ကျစရိတ်မှ သိပ်မရှိဘဲ မိုင်းလားလမ်းမှာ ခရီးသည်တင်ပြီး မောင်းနေကြတာ ဆိုတော့ အဲဒီကိစ္စကို တာဝန်ရှိသူ တွေအနေနဲ့ စည်းကမ်းတကျ ဖြစ်အောင်လို့ လုပ် ပေးစေချင်ပါတယ်”ဟု မိုင်းလားမော် တော်ယာဉ်အသင်းတွင် တရားဝင် ပြေးဆွဲခွင့် ရရှိထားသည့် ယာဉ်ပိုင် ရှင် ဦးစိုင်းတွီက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ပြောကြားမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ် မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီ (ယကက) (ယခင် မထသ) ဥက္ကဌ ဦးဟန်သင်းက “ကော်မတီ အနေနဲ့ ဇူလိုင်လ ၉ ရက်မှာ တိုင်စာပါ မော်တော်ယာဉ် ပိုင်ရှင်တွေ ကို တွေ့ဆုံပြီး အသစ်ပြင်ဆင် ဖွဲ့ စည်းလိုက်တဲ့ ယကကရဲ့ နည်းဥပဒေ အခန်း (၃)၊ အပိုဒ် ခွဲ (၁၂/၁၃) ပါ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာဌာန တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက် ပေးဖို့နဲ့ ကောင်းမွန်တဲ့ အဖြေရလဒ် တစ်ခုခုအတွက် တိုင်ကြားထားသူတွေကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမှ မိုင်းလားသို့ ခရီးသည် တင်ဆောင် ပြေးဆွဲနေသည့် မော်တော်ယာဉ်များသည် ကျိုင်းတုံမြို့ အထွက် နောင်ဖာဂိတ်နှင့် ဝမ်တာပုံ စုပေါင်းဂိတ်တို့တွင် မိမိတို့ စေတနာ ရှိသည့်အလျောက် ငွေကြေး ပေးဆောင်ရပြီး မိုင်းလားမြို့ အဝင်/အ ထွက်တွင် အထူးဒေသ (၄)မှ သတ် မှတ်ထားသည့် နှုန်းထားဖြစ်သော တ ရုတ်ယွမ်ငွေ ၈၀ ပေးဆောင်ရကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats