က်ိဳင္းတံုၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္ လိုင္းေပါင္းစံု ႀကီးၾကပ္ထိန္းသိမ္းေရး အဖြဲ႕ႏွင့္ ပတ္သက္ေသာ ေငြေၾကးကိစၥ ေကာလာဟလအား ရွင္းလင္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, July 26, 2019

က်ိဳင္းတံုၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္ လိုင္းေပါင္းစံု ႀကီးၾကပ္ထိန္းသိမ္းေရး အဖြဲ႕ႏွင့္ ပတ္သက္ေသာ ေငြေၾကးကိစၥ ေကာလာဟလအား ရွင္းလင္း


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္လိုင္းေပါင္းစံု ႀကီးၾကပ္ထိန္းသိမ္းေရး ေကာ္မတီႏွင့္ ပတ္သက္၍ လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ ပ်ံ႕ႏွံ႔ခဲ့ေသာ အဖြဲ႕ပိုင္ ေငြေၾကးကိစၥႏွင့္ ပတ္သက္သည့္ ေရးသားခ်က္မ်ားအား ဇူလိုင္လ ၁၆ ရက္၊ နံနက္ပိုင္းက အဆိုပါ႐ံုးတြင္ ရွင္းလင္းပြဲ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
ရွင္းလင္းပြဲတြင္ က်ိဳင္းတံုၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္လိုင္း ေပါင္းစံု ႀကီး ၾကပ္ထိန္းသိမ္းေရး ေကာ္မတီဥကၠဌ ဦးဟန္သင္းက ၎တို႔ ေကာ္မတီ စတင္တာဝန္ထမ္းေဆာင္ခဲ့သည့္၂၀၁၃ ခုႏွစ္မွ ယေန႔အထိ ၆ ႏွစ္တာ ကာလ အတြင္း ေကာ္မတီႏွင့္ ယာဥ္ပိုင္ရွင္မ်ား၊ ဂိတ္ပိုင္ရွင္မ်ား၊ ယာဥ္လုပ္သားမ်ားႏွင့္ အခက္အခဲ ေတြ႕ႀကံဳရ ေသာ ခရီးသြားျပည္သူမ်ားကို ေတြ႕ ဆံု ေဆြးေႏြးျခင္းႏွင့္ အဆင္ေျပေစရန္ ညႇိႏိႈင္း ေျဖရွင္းေပး ျခင္းမ်ားကို ေဆာင္ရြက္ေပးခဲ့ၿပီး ေကာ္မတီ၏ ေဆာင္ရြက္မႈ အပါအဝင္ ေငြေၾကး ကိစၥမ်ားတြင္လည္း ပြင့္လင္းျမင္သာ၍ အ႐ႈပ္အရွင္း ကင္းရွင္းသည္ဟု ေျပာဆိုခဲ့သည္။
.
“အဖြဲ႕အစည္း တစ္ခုအေနနဲ႔ အဖြဲ႕ရဲ႕ ေငြေၾကးနဲ႔ တျခားလုပ္ေဆာင္မႈကို အခ်ိန္တစ္ခုေပးၿပီး ေတြ႕ဆံုရွင္းလင္း တာမ်ိဳး လုပ္ခဲ့ရင္ေတာ့ ခုလိုမ်ိဳး ယုန္ထင္ေၾကာင္ထင္နဲ႔ အထင္အျမင္ လြဲမွားတာမ်ိဳးေတြ ျဖစ္လာမွာ မဟုတ္ပါဘူး” ဟု က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂)မွ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ဝဏၰစိုးက ေျပာသည္။
.
လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ ယခင္တာဝန္ယူခဲ့ေသာ မထသ ေကာ္မတီမွ လက္ရွိ ေကာ္မတီ အသစ္သို႔ ေငြက်ပ္သိန္း ၈၀ဝ ေက်ာ္ လႊဲေျပာင္း ေပးအပ္ထားႏိုင္ခဲ့ၿပီး ယခုေကာ္မ တီသစ္၏ ၆ ႏွစ္ကာလ အတြင္း ေငြ ေၾကး တိုးပြားမႈရွိ/မရွိ ပြင့္လင္းျမင္သာစြာ ရွင္းလင္းေပးေစလိုသည္ဟု ေရးသားေဖာ္ျပထားျခင္း ျဖစ္သည္။
.
ယင္းကဲ့သို႔ ေရးသားမႈႏွင့္ ပတ္သက္၍ က်ိဳင္းတံုၿမိဳ႕နယ္ ေမာ္ေတာ္ ယာဥ္လိုင္းေပါင္းစံု ႀကီးၾကပ္ထိန္း သိမ္းေရး ေကာ္မတီမွ စာရင္းကိုင္ ဦးသိန္းတန္က စာရင္းဇယားျဖင့္ ရွင္းလင္းရာတြင္ မထသေကာ္မတီသည္ လူမႈေရး ပရဟိတအသင္းအဖြဲ႕မ်ား၊ ဌာနဆိုင္ရာ အခမ္းအနားပြဲမ်ားသို႔ ေထာက္ပံ့လွဴဒါန္းျခင္း၊ ျမန္မာႏိုင္ငံ ေနရာေဒသအႏွံ႔တြင္ ျဖစ္ပြားခဲ့သည့္ သဘာဝေဘးအႏၲရာယ္ က်ေရာက္မႈမ်ားတြင္ ကူညီေထာက္ပံ့ေရး လွဴဒါန္းျခင္းႏွင့္ အသင္းပိုင္အျဖစ္ ဝယ္ယူထားသည့္ ယာဥ္ႏွင့္ ပစၥည္းမ်ားစာရင္း၊ သက္သာရန္ပံုေငြ စာရင္းႏွင့္ လက္ရွိ ေငြလက္က်န္ စာရင္းမ်ားကို စာရြက္စာတမ္းမ်ားျဖင့္ ေဝငရွင္းလင္းခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ ေဆြးေႏြးပြဲသို႔ တက္ ေရာက္လာသူ ဦးရဲထြဋ္လိႈင္က “အခုလို ေတြ႕ဆံု ရွင္းလင္းလိုက္ေတာ့လည္း အားလံုးအတြက္ သံသယေတြကင္းၿပီး ေကာင္းသြားပါတယ္။ ေနာက္ဆိုရင္ အမ်ားသိေအာင္ ေၾကာ္ျငာ ဘုတ္မွာ အသိေပး ေဖာ္ျပတာမ်ိဳး ေဆာင္ရြက္ထားေစခ်င္ပါတယ္”ဟု ၎၏၏အျမင္ကို ေျပာဆိုခဲ့သည္။
.
က်ိဳင္းတံုၿမိဳ႕နယ္ေမာ္ေတာ္ယာဥ္ လိုင္းေပါင္းစံု ႀကီးၾကပ္ထိန္းသိမ္းေရး ေကာ္မတီ (မထသ)အား ၂၀၁၉ ခု ႏွစ္၊ ဇြန္လတြင္ က်ိဳင္းတံုၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္လိုင္းမ်ား ႀကီးၾကပ္ ထိန္းသိမ္းေရးေကာ္မတီ (ယကက) အျဖစ္ ေရြးေကာက္ပြဲျဖင့္ အသစ္ ျပန္လည္ တင္ေျမႇာက္ ဖြဲ႕စည္းခဲ့ၿပီး ဥကၠဌအျဖစ္ ဦးဟန္သင္းႏွင့္ အတြင္းေရးမွဴး အျဖစ္ ဦးခင္ေမာင္တင့္တို႔မွ ယခင္ ေကာ္မတီဝင္ေဟာင္း ေနရာ ၌ပင္ အမ်ားဆႏၵမဲျဖင့္ ျပန္လည္ေရြး ခ်ယ္ ခံခဲ့ရေၾကာင္း သိရသည္။
.
============================================================
ကျိုင်းတုံမြို့နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေး အဖွဲ့နှင့် ပတ်သက်သော ငွေကြေးကိစ္စ ကောလာဟလအား ရှင်းလင်း
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သော အဖွဲ့ပိုင် ငွေကြေးကိစ္စနှင့် ပတ်သက်သည့် ရေးသားချက်များအား ဇူလိုင်လ ၁၆ ရက်၊ နံနက်ပိုင်းက အဆိုပါရုံးတွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ရှင်းလင်းပွဲတွင် ကျိုင်းတုံမြို့နယ် မော်တော်ယာဉ်လိုင်း ပေါင်းစုံ ကြီး ကြပ်ထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဦးဟန်သင်းက ၎င်းတို့ ကော်မတီ စတင်တာဝန်ထမ်းဆောင်ခဲ့သည့်၂၀၁၃ ခုနှစ်မှ ယနေ့အထိ ၆ နှစ်တာ ကာလ အတွင်း ကော်မတီနှင့် ယာဉ်ပိုင်ရှင်များ၊ ဂိတ်ပိုင်ရှင်များ၊ ယာဉ်လုပ်သားများနှင့် အခက်အခဲ တွေ့ကြုံရ သော ခရီးသွားပြည်သူများကို တွေ့ ဆုံ ဆွေးနွေးခြင်းနှင့် အဆင်ပြေစေရန် ညှိနှိုင်း ဖြေရှင်းပေး ခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကော်မတီ၏ ဆောင်ရွက်မှု အပါအဝင် ငွေကြေး ကိစ္စများတွင်လည်း ပွင့်လင်းမြင်သာ၍ အရှုပ်အရှင်း ကင်းရှင်းသည်ဟု ပြောဆိုခဲ့သည်။
.
“အဖွဲ့အစည်း တစ်ခုအနေနဲ့ အဖွဲ့ရဲ့ ငွေကြေးနဲ့ တခြားလုပ်ဆောင်မှုကို အချိန်တစ်ခုပေးပြီး တွေ့ဆုံရှင်းလင်း တာမျိုး လုပ်ခဲ့ရင်တော့ ခုလိုမျိုး ယုန်ထင်ကြောင်ထင်နဲ့ အထင်အမြင် လွဲမှားတာမျိုးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက ပြောသည်။
.
လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ယခင်တာဝန်ယူခဲ့သော မထသ ကော်မတီမှ လက်ရှိ ကော်မတီ အသစ်သို့ ငွေကျပ်သိန်း ၈ဝဝ ကျော် လွှဲပြောင်း ပေးအပ်ထားနိုင်ခဲ့ပြီး ယခုကော်မ တီသစ်၏ ၆ နှစ်ကာလ အတွင်း ငွေ ကြေး တိုးပွားမှုရှိ/မရှိ ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးစေလိုသည်ဟု ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ရေးသားမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ် မော်တော် ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်း သိမ်းရေး ကော်မတီမှ စာရင်းကိုင် ဦးသိန်းတန်က စာရင်းဇယားဖြင့် ရှင်းလင်းရာတွင် မထသကော်မတီသည် လူမှုရေး ပရဟိတအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ အခမ်းအနားပွဲများသို့ ထောက်ပံ့လှူဒါန်းခြင်း၊ မြန်မာနိုင်ငံ နေရာဒေသအနှံ့တွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများတွင် ကူညီထောက်ပံ့ရေး လှူဒါန်းခြင်းနှင့် အသင်းပိုင်အဖြစ် ဝယ်ယူထားသည့် ယာဉ်နှင့် ပစ္စည်းများစာရင်း၊ သက်သာရန်ပုံငွေ စာရင်းနှင့် လက်ရှိ ငွေလက်ကျန် စာရင်းများကို စာရွက်စာတမ်းများဖြင့် ဝေငရှင်းလင်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆွေးနွေးပွဲသို့ တက် ရောက်လာသူ ဦးရဲထွဋ်လှိုင်က “အခုလို တွေ့ဆုံ ရှင်းလင်းလိုက်တော့လည်း အားလုံးအတွက် သံသယတွေကင်းပြီး ကောင်းသွားပါတယ်။ နောက်ဆိုရင် အများသိအောင် ကြော်ငြာ ဘုတ်မှာ အသိပေး ဖော်ပြတာမျိုး ဆောင်ရွက်ထားစေချင်ပါတယ်”ဟု ၎င်း၏၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ်မော်တော်ယာဉ် လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီ (မထသ)အား ၂၀၁၉ ခု နှစ်၊ ဇွန်လတွင် ကျိုင်းတုံမြို့နယ် မော်တော်ယာဉ်လိုင်းများ ကြီးကြပ် ထိန်းသိမ်းရေးကော်မတီ (ယကက) အဖြစ် ရွေးကောက်ပွဲဖြင့် အသစ် ပြန်လည် တင်မြှောက် ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် ဦးဟန်သင်းနှင့် အတွင်းရေးမှူး အဖြစ် ဦးခင်မောင်တင့်တို့မှ ယခင် ကော်မတီဝင်ဟောင်း နေရာ ၌ပင် အများဆန္ဒမဲဖြင့် ပြန်လည်ရွေး ချယ် ခံခဲ့ရကြောင်း သိရသည်။
.

No comments:

Post a Comment