က်ိဳင္းတံုေလဆိပ္တြင္ ဂ်ပန္ႏိုင္ငံသားတစ္ဦးအား တားျမစ္ စိတ္ေျပာင္းေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, July 25, 2019

က်ိဳင္းတံုေလဆိပ္တြင္ ဂ်ပန္ႏိုင္ငံသားတစ္ဦးအား တားျမစ္ စိတ္ေျပာင္းေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိ


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုေလဆိပ္တြင္ ဇူလိုင္လ ၂၄ ရက္၊ နံနက္ပိုင္းက ဂ်ပန္ႏိုင္ငံသား ကမ႓ာလွည့္ ခရီးသြားတစ္ဦးအား က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနမွ စိတ္ေျပာင္းေဆးဝါးမ်ားဟု သတ္မွတ္ထားသည့္ ေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
 .
ေလေၾကာင္းရဲတပ္ဖြဲ႕မွ ရဲအုပ္စိုးဝဏၰ၊ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စု (၂၈) က်ိဳင္းတံုမွ တပ္ၾကပ္ႀကီးေက်ာ္လြင္၊ ေလေၾကာင္းၫႊန္ၾကားမႈဦးစီးဌာနမွ X-Ray စက္ေမာင္း တင္ေအာင္မိုး၊ စစ္ဘက္ေရးရာ လံုျခံဳေရး (ေလ)မွ ဒုတပ္ၾကပ္ မိုးေအာင္ႏွင့္ လူဝင္မႈႀကီးၾကပ္ေရးမွဴး စိုင္းခိုင္ၫြန္႔တို႔ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဇူလိုင္လ ၂၄ ရက္ နံနက္ပိုင္းက ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း၊ ေလယာဥ္အမွတ္ XY-AGP၊ ခရီးစဥ္အမွတ္ UB-214 ၊ E-190 အမ်ိဳးအစား ေလယာဥ္ျဖင့္ လိုက္ပါမည့္ ဂ်ပန္ႏိုင္ငံသား Mr.Namba Tsukasai (၄၆ ႏွစ္) ၏ ခရီးေဆာင္ အိတ္အးာ X-Ray စက္ျဖင့္ စစ္ေဆးစဥ္ မသကၤာဖြယ္ ပံုရိပ္ ေတြ႕ျမင္ရသျငဖ့္ သက္ေသမ်ားေရွ႕တြင္ ဖြင့္ေဖာက္စစ္ေဆးခဲ့ရာ Nitrazspam 5 စာတမ္းျဖင့္ ေဆးျပား ၁၀ ျပားပါ ေဆးကတ္ ၆၉ ကတ္၊ စုစုေပါင္း ေဆးျပား ၆၉၀ အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

.
တာဝန္ရွိသူမ်ား၏ စစ္ေဆးခ်က္အရ ဂ်ပန္ႏိုင္ငံသား Mr.Namba Tsukasai သည္ စိတ္ကစဥ့္ကအလ်ား ေရာဂါ ခံစားေနရသျဖင့္ ဂ်ပန္ႏိုင္ငံ ခိုအိရွိခိုဝမန္း ေဆး႐ံုမွ ယင္းေဆးျပားမ်ားကို တစ္ရက္တစ္လံုး သံုးစြဲရန္ ထုတ္ယူ ခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး ယင္းေဆးဝါးမ်ားမွာ ျမန္မာႏိုင္ငံ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ စိတ္ေျပာင္း ေဆးဝါးအျဖစ္ သတ္မွတ္တားျမစ္ထားသည့္ ေဆးဝါးမ်ားျဖစ္ကာ ၎တြင္ ေဆးသံုးစြဲရန္ အေထာက္အထား စာရြက္စာတမ္းမ်ား ပါရွိျခင္းမရွိေၾကာင္း စစ္ေဆး ေတြ႕ရွိခဲ့ရသည္ဟု သိရသည္။
.
ဂ်ပန္ႏိုင္ငံသား Mr.Namba Tsukasai သည္ လြန္ခဲ့သည့္ ၆ လ ခန္႔က ဖင္လန္-အက္စတိုနီးယား-နာတိုဗီးယား-နီတိုနီးယား-ပိုလန္-ဟန္ေဂရီ-စကၤာပူႏွင့္ ထိုင္းႏိုင္ငံမ်ားသို႔ ထြက္ခြာခဲ့ၿပီး ၂၀၁၉ ခုႏွစ္ ဇူလိုင္ ၂၀ ရက္တြင္ တာခ်ီလိတ္ၿမိဳ႕ ျမန္မာ-ထိုင္း အမွတ္ (၁)ခ်စ္ၾကည္ေရးတံတားမွ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္ကာ ဇူလိုင္ ၂၂ ရက္တြင္ တာခ်ီလိတ္မွ က်ိဳင္တံုသို႔ ေမာ္ေတာ္ယာဥ္ ျဖင့္ ထြက္ခြာခဲ့ၿပီး ဇူလိုင္ ၂၄ ရက္တြင္ က်ိဳင္းတံုေလဆိပ္မွ ဟဲဟိုးေလဆိပ္သို႔ဆက္လက္ထြက္ခြာစဥ္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ က်န္းမာေရးဝန္ႀကီးဌာန၏ စိတ္ေျပာင္းေဆးဝါးမ်ားဟု သတ္မွတ္ထားေသာေဆးျပားမ်ား လက္ဝယ္ေတြ႕ရွိသူဂ်ပန္ႏိုင္ငံသား Mr.Namba Tsukasai (၄၆ ႏွစ္)အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းက မယ(ပ)၁၇၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
ကျိုင်းတုံလေဆိပ်တွင် ဂျပန်နိုင်ငံသားတစ်ဦးအား တားမြစ် စိတ်ပြောင်းဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံလေဆိပ်တွင် ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းက ဂျပန်နိုင်ငံသား ကမ႓ာလှည့် ခရီးသွားတစ်ဦးအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စိတ်ပြောင်းဆေးဝါးများဟု သတ်မှတ်ထားသည့် ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
လေကြောင်းရဲတပ်ဖွဲ့မှ ရဲအုပ်စိုးဝဏ္ဏ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၂၈) ကျိုင်းတုံမှ တပ်ကြပ်ကြီးကျော်လွင်၊ လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ X-Ray စက်မောင်း တင်အောင်မိုး၊ စစ်ဘက်ရေးရာ လုံခြုံရေး (လေ)မှ ဒုတပ်ကြပ် မိုးအောင်နှင့် လူဝင်မှုကြီးကြပ်ရေးမှူး စိုင်းခိုင်ညွန့်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်း၊ လေယာဉ်အမှတ် XY-AGP၊ ခရီးစဉ်အမှတ် UB-214 ၊ E-190 အမျိုးအစား လေယာဉ်ဖြင့် လိုက်ပါမည့် ဂျပန်နိုင်ငံသား Mr.Namba Tsukasai (၄၆ နှစ်) ၏ ခရီးဆောင် အိတ်အးာ X-Ray စက်ဖြင့် စစ်ဆေးစဉ် မသင်္ကာဖွယ် ပုံရိပ် တွေ့မြင်ရသငြဖ့် သက်သေများရှေ့တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ Nitrazspam 5 စာတမ်းဖြင့် ဆေးပြား ၁၀ ပြားပါ ဆေးကတ် ၆၉ ကတ်၊ စုစုပေါင်း ဆေးပြား ၆၉၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ ဂျပန်နိုင်ငံသား Mr.Namba Tsukasai သည် စိတ်ကစဉ့်ကအလျား ရောဂါ ခံစားနေရသဖြင့် ဂျပန်နိုင်ငံ ခိုအိရှိခိုဝမန်း ဆေးရုံမှ ယင်းဆေးပြားများကို တစ်ရက်တစ်လုံး သုံးစွဲရန် ထုတ်ယူ ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယင်းဆေးဝါးများမှာ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စိတ်ပြောင်း ဆေးဝါးအဖြစ် သတ်မှတ်တားမြစ်ထားသည့် ဆေးဝါးများဖြစ်ကာ ၎င်းတွင် ဆေးသုံးစွဲရန် အထောက်အထား စာရွက်စာတမ်းများ ပါရှိခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည်ဟု သိရသည်။
.
ဂျပန်နိုင်ငံသား Mr.Namba Tsukasai သည် လွန်ခဲ့သည့် ၆ လ ခန့်က ဖင်လန်-အက်စတိုနီးယား-နာတိုဗီးယား-နီတိုနီးယား-ပိုလန်-ဟန်ဂေရီ-စင်္ကာပူနှင့် ထိုင်းနိုင်ငံများသို့ ထွက်ခွာခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် တာချီလိတ်မြို့ မြန်မာ-ထိုင်း အမှတ် (၁)ချစ်ကြည်ရေးတံတားမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ကာ ဇူလိုင် ၂၂ ရက်တွင် တာချီလိတ်မှ ကျိုင်တုံသို့ မော်တော်ယာဉ် ဖြင့် ထွက်ခွာခဲ့ပြီး ဇူလိုင် ၂၄ ရက်တွင် ကျိုင်းတုံလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ဆက်လက်ထွက်ခွာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ စိတ်ပြောင်းဆေးဝါးများဟု သတ်မှတ်ထားသောဆေးပြားများ လက်ဝယ်တွေ့ရှိသူဂျပန်နိုင်ငံသား Mr.Namba Tsukasai (၄၆ နှစ်)အား ကျိုင်းတုံမြို့မရဲစခန်းက မယ(ပ)၁၇၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats