က်ိဳင္းတံုၿမိဳ႕ရွိ စုေပါင္း ဝန္ထမ္းအိမ္ရာတြင္ အမွန္တကယ္ ေနထိုင္ျခင္း ရွိ/မရွိ ကြင္းဆင္း စစ္ေဆး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, July 19, 2019

က်ိဳင္းတံုၿမိဳ႕ရွိ စုေပါင္း ဝန္ထမ္းအိမ္ရာတြင္ အမွန္တကယ္ ေနထိုင္ျခင္း ရွိ/မရွိ ကြင္းဆင္း စစ္ေဆး


ထက္တိုင္းေက်ာ္
.
‘ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕၊ ေတာင္ႀကီးလမ္းရွိ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန ပိုင္အိမ္ရာခန္းမ်ားတြင္ တရားဝင္ အမွန္တကယ္ ေနထိုင္ျခင္းရွိ/မရွိ သိရွိႏိုင္ရန္ ေကာ္မတီတစ္ရပ္ ဖြဲ႕စည္း၍ ဇူလိုင္လ ၁၄ ရက္တြင္ ကြင္းဆင္း စစ္ေဆးခဲ့ၿပီး သတ္မွတ္ စည္းကမ္း ခ်က္မ်ားႏွင့္ မညီၫြတ္သူမ်ားကိုအေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
.
 .
က်ိဳင္းတံုခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနတြင္ ဇူလိုင္လ ၈ ရက္က ျပဳလုပ္ခဲ့သည့္ အစည္းအေဝး အား ရည္ၫႊန္းလ်က္ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန႐ံုး မွ ဇူလိုင္လ ၉ ရက္စြဲပါစာျဖင့္ ဝန္ထမ္း အိမ္ရာမ်ားတြင္ အမွန္တကယ္ ေနထိုင္ျခင္း ရွိ/မရွိ ကြင္းဆင္းစစ္ေဆးရန္ အိမ္ခန္းစစ္ေဆးေရး ေကာ္မတီအား ဖြဲ႕စည္းခဲ့ၿပီး ယင္းေကာ္မတီ ၏ အဖြဲ႕ေခါင္းေဆာင္အျဖစ္ ၿမိဳ႕ျပႏွင့္ အိမ္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာ နမွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးတင္ထြန္းေအာင္က ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
.
ယင္းကဲ့သို႔ အိမ္ရာစစ္ေဆးမႈႏွင့္ ပတ္သက္၍ လက္ေထာက္ ၫႊန္ၾကား ေရးမွဴး ဦးတင္ထြန္းေအာင္ ထံသို႔ ကေမၻာဇတိုင္းမွ ဆက္သြယ္ေမးျမန္းရာ “ဌာနကိုေရာ၊ တျခားသူေတြကိုပါ ထိခိုက္မွာစိုးလို႔ ေတြ႕ရွိခ်က္ကို မေျပာ ႏိုင္ေသးပါဘူး”ဟု ျပန္လည္ ေျဖၾကားခဲ့သည္။
.
“အိမ္ရာမွာ စည္းကမ္းတက်ျဖစ္ ေစေရးအတြက္ ေကာ္မတီဖြဲ႕စည္းၿပီး စစ္ေဆးတာ ျဖစ္ပါတယ္။ ဒီၿမိဳ႕မွာ တာဝန္မထမ္းေဆာင္ေတာ့ဘဲ ေျပာင္း ေရႊ႕သြားသူနဲ႔ ပင္စင္ယူသြားၿပီးမွ ဆက္ လက္ ေနထိုင္သူေတြကို စာခ်ဳပ္ပါ စည္းကမ္းအတိုင္း ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္”ဟု က်ိဳင္းတံုခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းမင္းသိန္းက ကေမၻာဇတိုင္းသို႔ေျပာသည္။
.
က်ိဳင္းတံုၿမိဳ႕ရွိ ဝန္ထမ္းအိမ္ရာမ်ားႏွင့္ ပတ္သက္၍ အၿငိမ္းစားဝန္ထမ္းတစ္ဦးကလည္း “ကြ်န္ေတာ္ ဆိုရင္က်ိဳင္းတံုမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အၿငိမ္းစားဝန္ထမ္းတစ္ဦး ျဖစ္ပါတယ္။ အိမ္ရာခန္း ရဖို႔အတြက္ ေလွ်ာက္ထားခဲ့ေပမယ့္ မရခဲ့ပါဘူး။ အခန္းလြတ္သြားေပမယ့္ ဝန္ထမ္းဆီ ကေန ေငြေပးၿပီးမွ ရမယ္ဆိုလို႔ မေပးႏိုင္တာေၾကာင့္ အခန္း မရခဲ့ပါဘူး” ဟု ၎၏အေတြ႕အႀကံဳကို ေျပာ သည္။
.
က်ိဳင္းတံုၿမိဳ႕ရွိ ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႕ၿဖိဳးေရး ဦးစီးဌာနပိုင္ အိမ္ခန္းေပါင္း ၁၃၀ ေက်ာ္ရွိၿပီး ယင္းအိမ္ရာခန္းမ်ား တြင္ လက္ေျပာင္းလက္လႊဲျဖင့္ တစ္ ဆင့္ ျပန္လည္ေရာင္းခ်ျခင္း၊ အခန္း ေနထိုင္ခြင့္ ရေရးအတြက္ ေငြေၾကး ျဖင့္ျဖစ္ေစ၊ လူမႈေရးအရျဖစ္ေစ ေနထိုင္ေစျခင္းမ်ား ရွိေနသည္ဟု ဝန္ထမ္းအခ်ိဳ႕မွ ေျပာဆိုလ်က္ ရွိသည္။
.
============================================================
ကျိုင်းတုံမြို့ရှိ စုပေါင်း ဝန်ထမ်းအိမ်ရာတွင် အမှန်တကယ် နေထိုင်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
.
ထက်တိုင်းကျော်
.
‘ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ တောင်ကြီးလမ်းရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပိုင်အိမ်ရာခန်းများတွင် တရားဝင် အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိ သိရှိနိုင်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဇူလိုင်လ ၁၄ ရက်တွင် ကွင်းဆင်း စစ်ဆေးခဲ့ပြီး သတ်မှတ် စည်းကမ်း ချက်များနှင့် မညီညွတ်သူများကိုအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ဇူလိုင်လ ၈ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး အား ရည်ညွှန်းလျက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး မှ ဇူလိုင်လ ၉ ရက်စွဲပါစာဖြင့် ဝန်ထမ်း အိမ်ရာများတွင် အမှန်တကယ် နေထိုင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရန် အိမ်ခန်းစစ်ဆေးရေး ကော်မတီအား ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီ ၏ အဖွဲ့ခေါင်းဆောင်အဖြစ် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ နမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ အိမ်ရာစစ်ဆေးမှုနှင့် ပတ်သက်၍ လက်ထောက် ညွှန်ကြား ရေးမှူး ဦးတင်ထွန်းအောင် ထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ “ဌာနကိုရော၊ တခြားသူတွေကိုပါ ထိခိုက်မှာစိုးလို့ တွေ့ရှိချက်ကို မပြော နိုင်သေးပါဘူး”ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
“အိမ်ရာမှာ စည်းကမ်းတကျဖြစ် စေရေးအတွက် ကော်မတီဖွဲ့စည်းပြီး စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီမြို့မှာ တာဝန်မထမ်းဆောင်တော့ဘဲ ပြောင်း ရွှေ့သွားသူနဲ့ ပင်စင်ယူသွားပြီးမှ ဆက် လက် နေထိုင်သူတွေကို စာချုပ်ပါ စည်းကမ်းအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ကျိုင်းတုံမြို့ရှိ ဝန်ထမ်းအိမ်ရာများနှင့် ပတ်သက်၍ အငြိမ်းစားဝန်ထမ်းတစ်ဦးကလည်း “ကျွန်တော် ဆိုရင်ကျိုင်းတုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ အိမ်ရာခန်း ရဖို့အတွက် လျှောက်ထားခဲ့ပေမယ့် မရခဲ့ပါဘူး။ အခန်းလွတ်သွားပေမယ့် ဝန်ထမ်းဆီ ကနေ ငွေပေးပြီးမှ ရမယ်ဆိုလို့ မပေးနိုင်တာကြောင့် အခန်း မရခဲ့ပါဘူး” ဟု ၎င်း၏အတွေ့အကြုံကို ပြော သည်။
.
ကျိုင်းတုံမြို့ရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် အိမ်ခန်းပေါင်း ၁၃၀ ကျော်ရှိပြီး ယင်းအိမ်ရာခန်းများ တွင် လက်ပြောင်းလက်လွှဲဖြင့် တစ် ဆင့် ပြန်လည်ရောင်းချခြင်း၊ အခန်း နေထိုင်ခွင့် ရရေးအတွက် ငွေကြေး ဖြင့်ဖြစ်စေ၊ လူမှုရေးအရဖြစ်စေ နေထိုင်စေခြင်းများ ရှိနေသည်ဟု ဝန်ထမ်းအချို့မှ ပြောဆိုလျက် ရှိသည်။
.

No comments:

Post a Comment