က်ိဳင္းတံုႏွင့္ မိုင္းလားၿမိဳ႕နယ္အတြင္းရွိ ေျပာင္းစိုက္ခင္းမ်ားတြင္ ေဖာငေျမႇာင္ေတာင္ပိုး က်ေရာက္ေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 13, 2019

က်ိဳင္းတံုႏွင့္ မိုင္းလားၿမိဳ႕နယ္အတြင္းရွိ ေျပာင္းစိုက္ခင္းမ်ားတြင္ ေဖာငေျမႇာင္ေတာင္ပိုး က်ေရာက္ေန


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္ႏွင့္ မိုင္းလားၿမိဳ႕နယ္အတြင္း စိုက္ပ်ိဳးထားသည့္ ေျပာင္းစိုက္ခင္းမ်ားတြင္ ေဖာ ငေျမႇာင္ေတာင္ပိုး က်ေရာက္ေနသျဖင့္ ေတာင္သူပညာေပးေရးႏွင့္ ပိုးသတ္ျခင္း လုပ္ငန္းတို႔ကို ေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရ သည္။
.
 .
ေဖာ ငေျမႇာင္ေတာင္ပိုးအား ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ စတင္ေတြ႕ ရွိခဲ့ၿပီးေနာက္ ရွမ္းျပည္နယ္ေတာင္ပိုင္းသို႔ ကူးစက္က်ေရာက္ကာ ၿပီးခဲ့သည့္ ေျပာင္းရာသီက ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသ၌ ပိုး စတင္ေတြ႕ရွိ ခဲ့ေသာ္လည္း ေျပာင္းအထြက္ႏႈန္းကို ထိခိုက္ခဲ့ျခင္း မရွိေၾကာင္း သိရသည္။
.
“က်ိဳင္းတံုၿမိဳ႕နယ္ ထဲမွာေတာ့ စိုက္ပ်ိဳးေရးဦးစီးဌာနကေန ဝန္ထမ္း အဖြဲ႕ ၃ ဖြဲ႕ခြဲၿပီး ေန႔စဥ္ကြင္းဆင္းကာ ေျပာင္းစိုက္ ေတာင္သူေတြကို သံုးစြဲသင့္တဲ့ တရားဝင္မွတ္ပံုတင္ ပိုးသတ္ေဆးနဲ႔ သံုးစြဲနည္းေတြကို ပညာေပး ေဟာေျပာတာနဲ႔ လက္ေတြ႕ေဆးဖ်န္း ေပးတာေတြ ေဆာင္ရြက္ေပး ေနပါတယ္” ဟု က်ိဳင္းတံုၿမိဳ႕နယ္ စိုက္ပ်ိဳး ေရးဦးစီးဌာနမွဴး ဦးေအာင္ေက်ာ္မင္း က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထို႔အတူ ေျပာင္းစိုက္ေတာင္သူ ေဒၚနားမီးက “ဒီႏွစ္ေတာ့ ေျပာင္းစိုက္တာ ႐ံႈးမယ္ထင္တယ္။ အပင္ေတြကို အၫြန္႔ ထိပ္ကေန အရြက္မက်န္ေအာင္ ပိုးကိုက္ပါတယ္။ အရင္ႏွစ္က ေျပာင္းေဈးေကာင္းခဲ့လို႔ ဒီႏွစ္မွာ တိုးစိုက္ေပမယ့္ ပိုးက်တဲ့ဒဏ္က ဒုကၡ ေတြ႕ေနရပါတယ္”ဟု ေျပာသည္။
.
က်ိဳင္းတံုၿမိဳ႕နယ္ႏွင့္ နယ္ေျမခ်င္း ဆက္စပ္ေနသည့္ အထူးေဒသ (၄) မိုင္းလားၿမိဳ႕ရွိ ဝမ္တာပင္း ေက်းရြာအုပ္စုႏွင့္ ဝမ္ဘံုပံု ေက်းရြာအုပ္စုတို႔ တြင္ စိုက္ပ်ိဳးထားေသာ ေျပာင္းစိုက္ ခင္းမ်ား၌လည္း အလားတူ ေဖာင ေျမႇာင္ေတာင္ပိုးမ်ား က်ေရာက္လ်က္ရွိသျဖင့္ မိုင္းလားၿမိဳ႕နယ္ စိုက္ပ်ိဳးေရး ဦးစီးဌာနမွဴး ဦးညီညီထြန္းႏွင့္ ဝန္ထမ္းမ်ားက ေျမျပင္ ကြင္းဆင္း၍ ေတာင္သူ ပညာေပးေရးႏွင့္ ပိုးသတ္ ျခင္း လုပ္ငန္းမ်ားကို ေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။
.
ေဖာ ငေျမႇာင္ေတာင္ပိုး က်ေရာက္ေနသည့္ ေျပာင္းစိုက္ခင္းမ်ားအား စိုက္ပ်ိဳးေရး ဦးစီးဌာန၏ တရားဝင္ အသိအမွတ္ ျပဳထားသည့္ Ready ပိုးသတ္ေဆးကို ေဆးၫႊန္းအတိုင္း တစ္ပတ္ျခား တစ္ႀကိမ္ႏႈန္းျဖင့္ ၃ ပတ္ ပက္ဖ်န္းေပးရန္ လိုအပ္ၿပီး ေဆးဖ်န္းမည္ဆိုပါက ညေနပိုင္း ေန ဝင္စ အခ်ိန္ႏွင့္ ညဦးပိုင္းတြင္ ေဖာင ေျမႇာင္ေတာင္ပိုးမ်ား အစာရွာ ထြက္ ခ်ိန္ျဖစ္သျဖင့္ ေဆးပက္ဖ်န္းရန္ သင့္ေၾကာင္း သိရသည္။
.
ကျိုင်းတုံနှင့် မိုင်းလားမြို့နယ်အတွင်းရှိ ပြောင်းစိုက်ခင်းများတွင် ဖောငမြှောင်တောင်ပိုး ကျရောက်နေ
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်နှင့် မိုင်းလားမြို့နယ်အတွင်း စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများတွင် ဖော ငမြှောင်တောင်ပိုး ကျရောက်နေသဖြင့် တောင်သူပညာပေးရေးနှင့် ပိုးသတ်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။
.
ဖော ငမြှောင်တောင်ပိုးအား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်တွေ့ ရှိခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ကူးစက်ကျရောက်ကာ ပြီးခဲ့သည့် ပြောင်းရာသီက ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၌ ပိုး စတင်တွေ့ရှိ ခဲ့သော်လည်း ပြောင်းအထွက်နှုန်းကို ထိခိုက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
.
“ကျိုင်းတုံမြို့နယ် ထဲမှာတော့ စိုက်ပျိုးရေးဦးစီးဌာနကနေ ဝန်ထမ်း အဖွဲ့ ၃ ဖွဲ့ခွဲပြီး နေ့စဉ်ကွင်းဆင်းကာ ပြောင်းစိုက် တောင်သူတွေကို သုံးစွဲသင့်တဲ့ တရားဝင်မှတ်ပုံတင် ပိုးသတ်ဆေးနဲ့ သုံးစွဲနည်းတွေကို ပညာပေး ဟောပြောတာနဲ့ လက်တွေ့ဆေးဖျန်း ပေးတာတွေ ဆောင်ရွက်ပေး နေပါတယ်” ဟု ကျိုင်းတုံမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှူး ဦးအောင်ကျော်မင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ပြောင်းစိုက်တောင်သူ ဒေါ်နားမီးက “ဒီနှစ်တော့ ပြောင်းစိုက်တာ ရှုံးမယ်ထင်တယ်။ အပင်တွေကို အညွန့် ထိပ်ကနေ အရွက်မကျန်အောင် ပိုးကိုက်ပါတယ်။ အရင်နှစ်က ပြောင်းဈေးကောင်းခဲ့လို့ ဒီနှစ်မှာ တိုးစိုက်ပေမယ့် ပိုးကျတဲ့ဒဏ်က ဒုက္ခ တွေ့နေရပါတယ်”ဟု ပြောသည်။
.
ကျိုင်းတုံမြို့နယ်နှင့် နယ်မြေချင်း ဆက်စပ်နေသည့် အထူးဒေသ (၄) မိုင်းလားမြို့ရှိ ဝမ်တာပင်း ကျေးရွာအုပ်စုနှင့် ဝမ်ဘုံပုံ ကျေးရွာအုပ်စုတို့ တွင် စိုက်ပျိုးထားသော ပြောင်းစိုက် ခင်းများ၌လည်း အလားတူ ဖောင မြှောင်တောင်ပိုးများ ကျရောက်လျက်ရှိသဖြင့် မိုင်းလားမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးညီညီထွန်းနှင့် ဝန်ထမ်းများက မြေပြင် ကွင်းဆင်း၍ တောင်သူ ပညာပေးရေးနှင့် ပိုးသတ် ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
ဖော ငမြှောင်တောင်ပိုး ကျရောက်နေသည့် ပြောင်းစိုက်ခင်းများအား စိုက်ပျိုးရေး ဦးစီးဌာန၏ တရားဝင် အသိအမှတ် ပြုထားသည့် Ready ပိုးသတ်ဆေးကို ဆေးညွှန်းအတိုင်း တစ်ပတ်ခြား တစ်ကြိမ်နှုန်းဖြင့် ၃ ပတ် ပက်ဖျန်းပေးရန် လိုအပ်ပြီး ဆေးဖျန်းမည်ဆိုပါက ညနေပိုင်း နေ ဝင်စ အချိန်နှင့် ညဦးပိုင်းတွင် ဖောင မြှောင်တောင်ပိုးများ အစာရှာ ထွက် ချိန်ဖြစ်သဖြင့် ဆေးပက်ဖျန်းရန် သင့်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats