က်ိဳင္းတံုတြင္ ျပဳလုပ္သည့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္မ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆံုပြဲသို႔ မီဒီယာသမားမ်ားအား ေပးမဝင္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, July 25, 2019

က်ိဳင္းတံုတြင္ ျပဳလုပ္သည့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္မ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆံုပြဲသို႔ မီဒီယာသမားမ်ားအား ေပးမဝင္


ထက္တိုင္းေက်ာ္
.
ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆံုပြဲကို ဇူလိုင္လ ၂၄ ရက္က ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊၊ က်ိဳင္းတံုၿမိဳ႕၊ တိုင္းလိယဥ္ေက်းမႈခန္းမတြင္ ျပဳလုပ္ရာ အဆိုပါေတြ႕ဆံုပြဲသို႔ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ ဆက္ဆံေရးဦးစီးဌာနမွ သတင္းသမ်ားမ်ားကိုသာ ဝင္ေရာက္ခြင့္ျပဳခဲ့ၿပီး ျပင္ပသတင္းမီဒီယာသမားမ်ားအား ဝင္ေရာက္ခြင့္ မျပဳခဲ့ေၾကာင္း သိရသည္။
.
 .
ယင္းကဲ့သို႔ ျပင္ပသတင္းမီဒီယာသမားမ်ားကို ေတြ႕ဆံုပြဲသို႔ ဝင္ေရာက္သတင္းယူခြင့္မျပဳခဲ့ျခင္းႏွင့္ ပတ္သက္၍ ရွမ္း ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမွဴး ဦးေဇာ္ျမင့္ဝင္းက "ကၽြန္ေတာ္တို႔ ျပန္ဆက္ကိုပဲ တရားဝင္ ဖိတ္ၾကားထားၿပီး ျပင္ပမီဒီယာ အေနနဲ႔ ေခတၱလက္ဘက္ရည္ေသာက္ အနားေပးခ်ိန္မွာ ေတြ႕ဆံုေမးျမန္းလိုတာကို ေမးျမန္းႏိုင္ပါတယ္။ ေဆြးေႏြးပြဲခန္းမထဲကို ဝင္ခြင့္မေပးပါဘူး" ဟု ေျပာဆိုခဲ့သည္။
.
"ဒီလိုမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။ မီဒီယာဆိုတာ ျပည္သူေတြ သိသင့္တာကို ခ်ျပေပးေနတာဆိုေတာ့ ခုလို ႏိုင္ငံေရး ပါတီမ်ားနဲ႔ ေတြ႕ဆံုပြဲမွာ အတူတူ ဝင္ခြင့္ရွိေစခ်င္ပါတယ္" ဟု က်ိဳင္းတံုၿမိဳ႕နယ္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ ပါတီ ဥကၠဌ ဦးစိုင္းရြက္ေဟာင္က ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
ထို႔အတူ ေဆြးေႏြးပြဲသို႔ တာခ်ီလိတ္ၿမိဳ႕မွ တက္ေရာက္လာသည့္ ကူညီေသာလက္မ်ား ေဒသဖြံ႕ၿဖိဳးေရးအဖြဲ႕ တာဝန္ခံ ဦးအားဘာကလည္း "တရားဝင္ သတင္းမီဒီယာအေနနဲ႔ ဒီလိုေတြ႕ဆံုပြဲမွာ တန္းတူသတင္းယူခြင့္မရွိဘဲ ခြဲျခားတာမ်ိဳး ကေတာ့ မျဖစ္သင့္ပါဘူး" ဟု ၎၏အျမင္ကို ေျပာဆိုခဲ့သည္။
.
အဆိုပါ ေတြ႕ဆံုပြဲသို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ အဖြဲ႕ဝင္ ဦးစိုးရယ္၊ ဦးေဆြတင့္လြင္၊ ဦးသန္းေဌးတို႔ တက္ေရာက္ခဲ့ၿပီး ရွမ္းျပည္နယ္ႏွင့္ ခ႐ိုင္၊ ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠဌႏွင့္ တာဝန္ရွိသူမ်ား၊ ႏိုင္ငံေရး ပါတီမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
.
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၃ ရက္က ေနျပည္ေတာ္ရွိ Kempinski ဟိုတယ္တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီတို႔ ေတြ႕ဆံုခဲ့ၾကၿပီး ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ ရာတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီတို႔ ပူးေပါင္းလုပ္ေဆာင္ ႏုိင္မည့္ အခ်ိန္ဇယား၊ နယ္ပယ္ႏွင့္ ကိစၥရပ္/ အေၾကာင္းအရာမ်ား၊ ေရြးေကာက္ပြဲတြင္ သတင္းသမားမ်ား လြတ္လပ္စြာ သတင္းအခ်က္အလက္မ်ား ရယူႏိုင္ေရးတို႔ကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
.
============================================================
ကျိုင်းတုံတွင် ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ မီဒီယာသမားများအား ပေးမဝင်
.
ထက်တိုင်းကျော်
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ဇူလိုင်လ ၂၄ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊၊ ကျိုင်းတုံမြို့၊ တိုင်းလိယဉ်ကျေးမှုခန်းမတွင် ပြုလုပ်ရာ အဆိုပါတွေ့ဆုံပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သတင်းသများများကိုသာ ဝင်ရောက်ခွင့်ပြုခဲ့ပြီး ပြင်ပသတင်းမီဒီယာသမားများအား ဝင်ရောက်ခွင့် မပြုခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ပြင်ပသတင်းမီဒီယာသမားများကို တွေ့ဆုံပွဲသို့ ဝင်ရောက်သတင်းယူခွင့်မပြုခဲ့ခြင်းနှင့် ပတ်သက်၍ ရှမ်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက "ကျွန်တော်တို့ ပြန်ဆက်ကိုပဲ တရားဝင် ဖိတ်ကြားထားပြီး ပြင်ပမီဒီယာ အနေနဲ့ ခေတ္တလက်ဘက်ရည်သောက် အနားပေးချိန်မှာ တွေ့ဆုံမေးမြန်းလိုတာကို မေးမြန်းနိုင်ပါတယ်။ ဆွေးနွေးပွဲခန်းမထဲကို ဝင်ခွင့်မပေးပါဘူး" ဟု ပြောဆိုခဲ့သည်။
.
"ဒီလိုမျိုးတော့ မဖြစ်သင့်ပါဘူး။ မီဒီယာဆိုတာ ပြည်သူတွေ သိသင့်တာကို ချပြပေးနေတာဆိုတော့ ခုလို နိုင်ငံရေး ပါတီများနဲ့ တွေ့ဆုံပွဲမှာ အတူတူ ဝင်ခွင့်ရှိစေချင်ပါတယ်" ဟု ကျိုင်းတုံမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးစိုင်းရွက်ဟောင်က ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ဆွေးနွေးပွဲသို့ တာချီလိတ်မြို့မှ တက်ရောက်လာသည့် ကူညီသောလက်များ ဒေသဖွံ့ဖြိုးရေးအဖွဲ့ တာဝန်ခံ ဦးအားဘာကလည်း "တရားဝင် သတင်းမီဒီယာအနေနဲ့ ဒီလိုတွေ့ဆုံပွဲမှာ တန်းတူသတင်းယူခွင့်မရှိဘဲ ခွဲခြားတာမျိုး ကတော့ မဖြစ်သင့်ပါဘူး" ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးဆွေတင့်လွင်၊ ဦးသန်းဌေးတို့ တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ တွေ့ဆုံခဲ့ကြပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းလုပ်ဆောင် နိုင်မည့် အချိန်ဇယား၊ နယ်ပယ်နှင့် ကိစ္စရပ်/ အကြောင်းအရာများ၊ ရွေးကောက်ပွဲတွင် သတင်းသမားများ လွတ်လပ်စွာ သတင်းအချက်အလက်များ ရယူနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment