က်ိဳင္းတံုတြင္ မူးယစ္ေဆးျဖတ္ ကုသေရးႏွင့္ျပန္လည္ထူေထာင္ေရး သင္တန္း ဖြင့္လွစ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 14, 2019

က်ိဳင္းတံုတြင္ မူးယစ္ေဆးျဖတ္ ကုသေရးႏွင့္ျပန္လည္ထူေထာင္ေရး သင္တန္း ဖြင့္လွစ္


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ က်ိဳင္းတံုျပန္လည္ထူေထာင္ေရး ဦးစီးဌာနတြင္ ဇူလိုင္လ ၄ ရက္ က စခန္းႏွင့္ ရပ္ရြာ အေျချပဳ မူးယစ္ ေဆးျဖတ္ ကုသေရးႏွင့္ ျပန္လည္ထူ ေထာင္ေရး သင္တန္းကို သင္တန္း သား ၃၃ ဦးျဖင့္ ဖြင့္လွစ္ခဲ့ေၾကာင္း ယင္းစခန္း တာဝန္ခံထံက သိရသည္။
.
 .
“အားလံုး ၃၃ ဦးနဲ႔ ဖြင့္ပါတယ္။ သင္တန္းကာလကေတာ့ ၃၅ ရက္ပါ။ စခန္းမွာ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္း ဆိုင္ရာ ျပန္လည္ထူေထာင္ေရး၊ အ သက္ေမြးဝမ္းေက်ာင္းပညာ သင္ ၾကားေပးေရးႏွင့္ ေနာက္ဆက္တြဲ ေစာင့္ေရွာက္ေပးမႈေတြကို သင္တန္း မွာ ရွင္းျပပါတယ္။ သင္တန္းဆင္းရင္ မူးယစ္ေဆးဝါး ကင္းစင္တဲ့သူေတြျဖစ္ သြားမွာကို ေမွ်ာ္လင့္ပါတယ္”ဟု စခန္းတာဝန္ခံ ဦးမ်ိဳးသက္ထြန္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ သင္တန္း ၃၃ ဦးတြင္ မူးယစ္ေဆးစြဲသူ အသက္ ၁၅ ႏွစ္မွ ၆၈ ႏွစ္အထိ အရြယ္ရွိသူမ်ား ပါဝင္ၿပီး ေဆးစြဲ အမ်ိဳးအစားမ်ားတြင္ ဘိန္းျဖဴ/ရာမ ၈ ဦး၊ ဘိန္းမဲ/အရက္/ရာမ ၁၈ ဦး၊ ရာမ/ဘိန္းျဖဴ ၇ ဦးတို႔ ျဖစ္ ကာ ကုသေဆးမ်ားအျဖစ္ တင္ခ်ာအို ပီယမ္ႏွင့္ စိတ္ၿငိမ္ေဆး၊ အိပ္ေဆးတို႔ ျဖင့္ ကုသေပးေနေၾကာင္း သိရသည္။
.
အဆိုပါ သင္တန္းသို႔ ေငြက်ပ္ ၅ သိန္း၊ လွဴဒါန္းခဲ့သူ နဂါးႏွစ္ေကာင္ သတၲဳတူးေဖာ္ေရး ကုမၸဏီ မန္ေနဂ်င္း ဒါ႐ိုက္တာ ဦးေအာင္ခင္က “တာခ်ီလိတ္၊ က်ိဳင္းတံုမွာ မူးယစ္ေဆး ေၾကာင္ၿပီး ဒုကၡေပးေနတဲ့ သူေတြမ်ား ေနရာကေန ခုလို ေဆးျဖတ္ျခင္းအား ျဖင့္ ေလ်ာ့နည္းလာတာကို ႀကိဳဆိုပါ တယ္။ မူးယစ္ေဆးဝါး ေလ်ာ့နည္း တိုက္ဖ်က္ေရးကို တစ္ဖက္တစ္လမ္းက ကူညီေထာက္ပံ့ေပးတာပါ” ဟု ဆိုသည္။
.
ယင္း သင္တန္းသို႔ ႀတိဂံေဒသ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးႏွင့္ ျပည္ နယ္/ခ႐ိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ ရာ အႀကီးအကဲမ်ားမွ တက္ေရာက္ ဖြင့္လွစ္ေပးခဲ့ၿပီး သင္တန္းဖြင့္ပြဲတြင္ တာဝန္ရွိသူမ်ားက ေငြႏွင့္ ဆန္၊ ၾကက္ဥ၊ ေခါက္ဆြဲေျခာက္မ်ားကို ေပးအပ္ လွဴဒါန္းခဲ့ေၾကာင္း သိရသည္။
.
ကျိုင်းတုံတွင် မူးယစ်ဆေးဖြတ် ကုသရေးနှင့်ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်လှစ်
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျိုင်းတုံပြန်လည်ထူထောင်ရေး ဦးစီးဌာနတွင် ဇူလိုင်လ ၄ ရက် က စခန်းနှင့် ရပ်ရွာ အခြေပြု မူးယစ် ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူ ထောင်ရေး သင်တန်းကို သင်တန်း သား ၃၃ ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း ယင်းစခန်း တာဝန်ခံထံက သိရသည်။
.
“အားလုံး ၃၃ ဦးနဲ့ ဖွင့်ပါတယ်။ သင်တန်းကာလကတော့ ၃၅ ရက်ပါ။ စခန်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင်ရေး၊ အ သက်မွေးဝမ်းကျောင်းပညာ သင် ကြားပေးရေးနှင့် နောက်ဆက်တွဲ စောင့်ရှောက်ပေးမှုတွေကို သင်တန်း မှာ ရှင်းပြပါတယ်။ သင်တန်းဆင်းရင် မူးယစ်ဆေးဝါး ကင်းစင်တဲ့သူတွေဖြစ် သွားမှာကို မျှော်လင့်ပါတယ်”ဟု စခန်းတာဝန်ခံ ဦးမျိုးသက်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ သင်တန်း ၃၃ ဦးတွင် မူးယစ်ဆေးစွဲသူ အသက် ၁၅ နှစ်မှ ၆၈ နှစ်အထိ အရွယ်ရှိသူများ ပါဝင်ပြီး ဆေးစွဲ အမျိုးအစားများတွင် ဘိန်းဖြူ/ရာမ ၈ ဦး၊ ဘိန်းမဲ/အရက်/ရာမ ၁၈ ဦး၊ ရာမ/ဘိန်းဖြူ ၇ ဦးတို့ ဖြစ် ကာ ကုသဆေးများအဖြစ် တင်ချာအို ပီယမ်နှင့် စိတ်ငြိမ်ဆေး၊ အိပ်ဆေးတို့ ဖြင့် ကုသပေးနေကြောင်း သိရသည်။
.
အဆိုပါ သင်တန်းသို့ ငွေကျပ် ၅ သိန်း၊ လှူဒါန်းခဲ့သူ နဂါးနှစ်ကောင် သတ္တုတူးဖော်ရေး ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ခင်က “တာချီလိတ်၊ ကျိုင်းတုံမှာ မူးယစ်ဆေး ကြောင်ပြီး ဒုက္ခပေးနေတဲ့ သူတွေများ နေရာကနေ ခုလို ဆေးဖြတ်ခြင်းအား ဖြင့် လျော့နည်းလာတာကို ကြိုဆိုပါ တယ်။ မူးယစ်ဆေးဝါး လျော့နည်း တိုက်ဖျက်ရေးကို တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ပေးတာပါ” ဟု ဆိုသည်။
.
ယင်း သင်တန်းသို့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည် နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာ အကြီးအကဲများမှ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းဖွင့်ပွဲတွင် တာဝန်ရှိသူများက ငွေနှင့် ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment