KBZ Pay ကို ATM ကတ္အျဖစ္ အသံုးျပဳႏုိင္ၿပီ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 13, 2019

KBZ Pay ကို ATM ကတ္အျဖစ္ အသံုးျပဳႏုိင္ၿပီ


မင္းေဇာ္မင္း 
.
KBZ Pay အသံုးျပဳသူမ်ားအေနျဖင့္ စမတ္ဖုန္းမ်ားကို ATM ကတ္အျဖစ္ အသံုးျပဳကာ ျမန္မာႏိုင္ငံတစ္ဝွမ္းရွိ မည္သည့္ ကေမၻာဇဘဏ္၏ ATM စက္တြင္မဆို ေငြသားခ်က္ျခင္း ထုတ္ယူႏုိင္သည့္ ဝန္ေဆာင္မႈကို စတင္ေဆာင္ ရြက္ေပးလ်က္ရွိေၾကာင္း ကေမၻာဇဘဏ္ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Mike Denoma က ေျပာဆိုခဲ့သည္။
.
 .
“ပံုမွန္ဆိုရင္ ATM မွာ ေငြထုတ္ဖို႔ ဘဏ္အကာင့္ေတြနဲ႕ ကတ္ေတြရွိရမွာပါ။ အားလံုး အသံုးျပဳႏိုင္တဲ့ ဘ႑ာေရး ဆိုင္ရာ ဝန္ေဆာင္မႈေတြ ေပးအပ္သြားဖို႔နဲ႔ ဘဏ္ခြဲျပင္ပအထိ ဘဏ္ဝန္ေဆာင္မႈေပးသြားဖို႔အတြက္ ကတ္မဲ့ေငြထုတ္ႏိုင္တဲ့ နည္းပညာကို ဆန္းသစ္ဖန္တီးခဲ့တာပါ”ဟု CEO Mike Denoma ေျပာသည္။
.
ထို႔အျပင္ အနာဂတ္တြင္ ပိုက္ဆံအိတ္အစား ဖုန္းကို အသံုးျပဳသူ မ်ားစြာတိုးတက္လာမည္ျဖစ္သည့္အတြက္ KBZ Pay လုပ္ေဆာင္ခ်က္အသစ္မ်ားကိုလည္း ဆက္ၿပီး ဖန္တီးေပးသြားမည္ျဖစ္သည္ဟု ၎ကဆိုသည္။
.
အဆိုပါနည္းပညာအရ KBZ Pay ကို အသံုးျပဳသူမ်ားအေနျဖင့္ ေငြသားအေရးေပၚလိုအပ္ခ်ိန္တြင္ ဘဏ္ ကတ္မရွိ ေသာ္လည္း မို္ဘိုင္းဖုန္းျဖင့္ အလြယ္တကူထုတ္ယူႏိုင္မည္ျဖစ္ၿပီး မိုဘိုင္းပိုက္ဆံအိတ္တြင္ ေငြမ်ား ထိန္းသိမ္းထား ႏိုင္မည္ျဖစ္ကာ ေငြေပးေခ်ႏိုင္မႈမ်ားႏွင့္ လိုအပ္သည့္အခ်ိန္တြင္ ေငြသားထုတ္ယူမႈမ်ား ျပဳလုပ္ ႏိုင္မည္ျဖစ္သည္။
.
ATM Cash Out တြင္ KBZ Pay အက္ပလီေကးရွင္းမွ ATM တြင္ ေငြထုတ္ရန္ ကုဒ္နံပါတ္ ၆ လံုးႏွင့္ ၄ လံုး PIN ကုဒ္၂ ခုထုတ္ေပးမည္ျဖစ္ၿပီး ေပးပို႔လာသည့္ လွိ်ဳ႕၀ွက္နံပါတ္ ၂ ခုအား ႐ိုက္ထည့္ကာ ATM စက္မွ ေငြသား ထုတ္ယူႏုိင္မည္ျဖစ္သည္။
.
အဆိုပါ ဝန္ေဆာင္မႈ စမ္းသပ္ကာလအတြင္း အခမဲ့အသံုးျပဳႏိုင္ မည္ျဖစ္ၿပီးတစ္လအတြင္း ေငြသားပမာဏ အေျမာက္အမ်ား ထုတ္ယူလိုသူမ်ားအတြက္ ထပ္ေဆာင္းဝန္ေဆာင္ခကို စမ္းသပ္ကာလ ေနာက္ပိုင္းတြင္ သီးျခား သတ္မွတ္သြားမည္ျဖစ္သည္။
.
အခမဲ့အသံုးျပဳႏိုင္သည့္ စမ္းသပ္ကာလမွာ လက္ရွိတြင္ စတင္ေနၿပီျဖစ္ၿပီး သီးျခားေၾကညာခ်က္ မထုတ္ျပန္ မခ်င္း စမ္းသပ္ကာလျဖစ္ေၾကာင္း သတင္းထုတ္ျပန္ေရးတာ၀န္ခံ မႏွင္းႏုလြင္ (Chilli Agency) က ေျပာသည္။
.
ျမန္မာႏိုင္ငံတြင္ ေငြသားကိုင္ေဆာင္အသံုးျပဳမႈ ျမင့္တက္ေနဆဲျဖစ္ေသာေၾကာင့္ KBZ Pay ၏ အသံုးျပဳသူ ၂ သန္းမွာ ကေမၻာဇဘဏ္ခြဲမ်ားတြင္ျဖစ္ေစ၊ ကိုယ္စားလွယ္မ်ားထံတြင္ျဖစ္ေစ ေငြသားထုတ္ယူႏိုင္ၾကေသာ္လည္း ဘဏ္/ဆိုင္ဖြင့္ခ်ိန္မ်ားတြင္သာ ထုတ္ယူႏိုင္ခဲ့ၾကရာမွ ယခု KBZ Pay ATM Cash Out ဝန္ေဆာင္မႈကို ATM စက္ မ်ားျဖင့္ ေန႔စဥ္ အခ်ိန္မေရြး အဆင္ေျပလြယ္ကူစြာ ေငြထုတ္ယူႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
.
ထို႔အျပင္ KBZ Pay ျဖင့္ ဖုန္းေငြျဖည့္ျခင္း၊ အင္တာနက္ Package မ်ား၀ယ္ယူျခင္း၊ ေစ်းဆိုင္မ်ားတြင္ ေငြေပးေခ်ျခင္း၊ ဘီလ္ေပးေဆာင္ျခင္း၊ ကားလက္မွတ္ ဝယ္ယူျခင္း စသည့္ လုပ္ေဆာင္ခ်က္မ်ားကိုလည္း လုပ္ေဆာင္ႏုိင္ေၾကာင္း သိရသည္။
.
KBZ Pay ကို ATM ကတ်အဖြစ် အသုံးပြုနိုင်ပြီ
.
မင်းဇော်မင်း 
.
KBZ Pay အသုံးပြုသူများအနေဖြင့် စမတ်ဖုန်းများကို ATM ကတ်အဖြစ် အသုံးပြုကာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ မည်သည့် ကမ္ဘောဇဘဏ်၏ ATM စက်တွင်မဆို ငွေသားချက်ခြင်း ထုတ်ယူနိုင်သည့် ဝန်ဆောင်မှုကို စတင်ဆောင် ရွက်ပေးလျက်ရှိကြောင်း ကမ္ဘောဇဘဏ် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mike Denoma က ပြောဆိုခဲ့သည်။
.
“ပုံမှန်ဆိုရင် ATM မှာ ငွေထုတ်ဖို့ ဘဏ်အကာင့်တွေနဲ့ ကတ်တွေရှိရမှာပါ။ အားလုံး အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးအပ်သွားဖို့နဲ့ ဘဏ်ခွဲပြင်ပအထိ ဘဏ်ဝန်ဆောင်မှုပေးသွားဖို့အတွက် ကတ်မဲ့ငွေထုတ်နိုင်တဲ့ နည်းပညာကို ဆန်းသစ်ဖန်တီးခဲ့တာပါ”ဟု CEO Mike Denoma ပြောသည်။
.
ထို့အပြင် အနာဂတ်တွင် ပိုက်ဆံအိတ်အစား ဖုန်းကို အသုံးပြုသူ များစွာတိုးတက်လာမည်ဖြစ်သည့်အတွက် KBZ Pay လုပ်ဆောင်ချက်အသစ်များကိုလည်း ဆက်ပြီး ဖန်တီးပေးသွားမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။
.
အဆိုပါနည်းပညာအရ KBZ Pay ကို အသုံးပြုသူများအနေဖြင့် ငွေသားအရေးပေါ်လိုအပ်ချိန်တွင် ဘဏ် ကတ်မရှိ သော်လည်း မို်ဘိုင်းဖုန်းဖြင့် အလွယ်တကူထုတ်ယူနိုင်မည်ဖြစ်ပြီး မိုဘိုင်းပိုက်ဆံအိတ်တွင် ငွေများ ထိန်းသိမ်းထား နိုင်မည်ဖြစ်ကာ ငွေပေးချေနိုင်မှုများနှင့် လိုအပ်သည့်အချိန်တွင် ငွေသားထုတ်ယူမှုများ ပြုလုပ် နိုင်မည်ဖြစ်သည်။
.
ATM Cash Out တွင် KBZ Pay အက်ပလီကေးရှင်းမှ ATM တွင် ငွေထုတ်ရန် ကုဒ်နံပါတ် ၆ လုံးနှင့် ၄ လုံး PIN ကုဒ်၂ ခုထုတ်ပေးမည်ဖြစ်ပြီး ပေးပို့လာသည့် လှိျု့ဝှက်နံပါတ် ၂ ခုအား ရိုက်ထည့်ကာ ATM စက်မှ ငွေသား ထုတ်ယူနိုင်မည်ဖြစ်သည်။
.
အဆိုပါ ဝန်ဆောင်မှု စမ်းသပ်ကာလအတွင်း အခမဲ့အသုံးပြုနိုင် မည်ဖြစ်ပြီးတစ်လအတွင်း ငွေသားပမာဏ အမြောက်အများ ထုတ်ယူလိုသူများအတွက် ထပ်ဆောင်းဝန်ဆောင်ခကို စမ်းသပ်ကာလ နောက်ပိုင်းတွင် သီးခြား သတ်မှတ်သွားမည်ဖြစ်သည်။
.
အခမဲ့အသုံးပြုနိုင်သည့် စမ်းသပ်ကာလမှာ လက်ရှိတွင် စတင်နေပြီဖြစ်ပြီး သီးခြားကြေညာချက် မထုတ်ပြန် မချင်း စမ်းသပ်ကာလဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးတာဝန်ခံ မနှင်းနုလွင် (Chilli Agency) က ပြောသည်။
.
မြန်မာနိုင်ငံတွင် ငွေသားကိုင်ဆောင်အသုံးပြုမှု မြင့်တက်နေဆဲဖြစ်သောကြောင့် KBZ Pay ၏ အသုံးပြုသူ ၂ သန်းမှာ ကမ္ဘောဇဘဏ်ခွဲများတွင်ဖြစ်စေ၊ ကိုယ်စားလှယ်များထံတွင်ဖြစ်စေ ငွေသားထုတ်ယူနိုင်ကြသော်လည်း ဘဏ်/ဆိုင်ဖွင့်ချိန်များတွင်သာ ထုတ်ယူနိုင်ခဲ့ကြရာမှ ယခု KBZ Pay ATM Cash Out ဝန်ဆောင်မှုကို ATM စက် များဖြင့် နေ့စဉ် အချိန်မရွေး အဆင်ပြေလွယ်ကူစွာ ငွေထုတ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် KBZ Pay ဖြင့် ဖုန်းငွေဖြည့်ခြင်း၊ အင်တာနက် Package များဝယ်ယူခြင်း၊ စျေးဆိုင်များတွင် ငွေပေးချေခြင်း၊ ဘီလ်ပေးဆောင်ခြင်း၊ ကားလက်မှတ် ဝယ်ယူခြင်း စသည့် လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment