ကျိုင်းလပ်တွင် စက်ယန္တရားအစိတ်အပိုင်းများအား ခိုးယူလာသည့် အမျိုးသား ၄ ဦးကို ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Tuesday, July 30, 2019



.
ရှမ်းပြည်နယ်အပေိုင်းကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ခရေဦးကျေးရွာတွင် ဇူလိုင်လ ၂၉ ရက်၊ ညပိုင်းက  ဘက်ဟိုး၊ လုပ်တာနှင့် အီတန် စက်ယန္တရားအစိတ်အပိုင်းများအား လုပ်ငန်းခွင်၊ စီမံကိန်း တစ်ခုခုမှ ခိုးယူလာဖွယ်ရှိသည့် အမျိုးသား ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် မြင့်စိုးအောင် ဦးစီးရဲတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၉ ရက်ညပိုင်းက နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် ခရေဦးကျေးရွာ၊ ရွာအဝင်လမ်းထိပ် လူတစ်စုအား မသင်္ကာ၍ စစ်ဆေးခဲ့ရာ အိုက်ကော(၂၅ နှစ်)၊ မောင်လတ် (၅၂ နှစ်)၊ ဖိုးသား(ခ) အောင်နိုင်ဦး (၂၆ နှစ်)၊ ခရေဦးကျေးရွာ၊ နမ့်ခင်းကျေးရွာအုပ်စုနေသူ သုံးဦးနှင့် ရဲဇော်အောင် (၂၉ နှစ်) တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ နေသူ တို့ ဖြစ်ကြောင်း သိရှိရပြီး၊ တို့ လေးဦးထံမှ လုပ်တာ (စတပ်မော်တာ၊ ပလန်ချာပန့်အကြီး)၊ ဘတ်ဟိုး(ဝိုက်ဘာမော်တာ၊ အဲယားကွန်း ရေတိုင်ကီ၊ ကွန်ထရိုးလက်၊ ဒီဇယ်ဖစ်တာဗူး၊ ပလန်ချာပန့်အကြီး၊ ဂါဗနာမော်တာ၊ ကော်ပလင်၊ ဟိုက်ဒရောလစ် ဖစ်တာ၊ ဟိုက်ဒရောလစ် ကွန်ထရိုးပန့်၊ ဟိုက်ဒရောလစ် ပန့်အကြီး၊ စတပ်မော်တာ၊ ရေလည်အုံပန့်၊ ဆီရိုက်ပန့်၊ ဒိုင်နမို၊ ကွန်ထရိလာဘုတ်၊ ဂါဗနာမောတာ)၊ အီတန် (စတပ်မော်တာ၊ နှစ်လုံးထိုး ပလန်ချာပန့်၊ ဒူးဆစ်ဂျိုင်း၊ ဘီးအရှေ့ထိုင် ဘယ်/ညာ၊ ရှေ့ကရောင်း)စသည့် စက်ပစ္စည်းအစိတ်အပိုင်း ၃၂ မျိုးအား တွေ့ရှိသဖြင့် မေးမြန်းရာ ၎င်းတို့ပိုင်ဆိုင်ကြောင်း ခိုင်လုံသော အထောက်အထားများ ပြောဆိုနိုင်ခြင်းမရှိ၍ လုပ်ငန်းခွင်၊ စီမံကိန်း တစ်ခုခုမှ ခိုးယူလာဖွယ်ရာ ဖြစ်နိုင်သဖြင့် သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
.
.
.
============================================================
ကျိုင်းလပ်တွင် စက်ယန္တရားအစိတ်အပိုင်းများအား ခိုးယူလာသည့် အမျိုးသား ၄ ဦးကို ဖမ်းဆီးရမိ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ခရေဦးကျေးရွာတွင် ဇူလိုင်လ ၂၉ ရက်၊ ညပိုင်းက  ဘက်ဟိုး၊ လုပ်တာနှင့် အီတန် စက်ယန္တရားအစိတ်အပိုင်းများအား လုပ်ငန်းခွင်၊ စီမံကိန်း တစ်ခုခုမှ ခိုးယူလာဖွယ်ရှိသည့် အမျိုးသား ၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် မြင့်စိုးအောင် ဦးစီးရဲတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၉ ရက်ညပိုင်းက နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် ခရေဦးကျေးရွာ၊ ရွာအဝင်လမ်းထိပ်၌ လူတစ်စုအား မသင်္ကာ၍ စစ်ဆေးခဲ့ရာ အိုက်ကော(၂၅ နှစ်)၊ မောင်လတ် (၅၂ နှစ်)၊ ဖိုးသား(ခ) အောင်နိုင်ဦး (၂၆ နှစ်)၊ ခရေဦးကျေးရွာ၊ နမ့်ခင်းကျေးရွာအုပ်စုနေသူ သုံးဦးနှင့် ရဲဇော်အောင် (၂၉ နှစ်) တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ နေသူ တို့ ဖြစ်ကြောင်း သိရှိရပြီး၊ ၎င်းတို့ လေးဦးထံမှ လုပ်တာ (စတပ်မော်တာ၊ ပလန်ချာပန့်အကြီး)၊ ဘတ်ဟိုး(ဝိုက်ဘာမော်တာ၊ အဲယားကွန်း ရေတိုင်ကီ၊ ကွန်ထရိုးလက်၊ ဒီဇယ်ဖစ်တာဗူး၊ ပလန်ချာပန့်အကြီး၊ ဂါဗနာမော်တာ၊ ကော်ပလင်၊ ဟိုက်ဒရောလစ် ဖစ်တာ၊ ဟိုက်ဒရောလစ် ကွန်ထရိုးပန့်၊ ဟိုက်ဒရောလစ် ပန့်အကြီး၊ စတပ်မော်တာ၊ ရေလည်အုံပန့်၊ ဆီရိုက်ပန့်၊ ဒိုင်နမို၊ ကွန်ထရိလာဘုတ်၊ ဂါဗနာမောတာ)၊ အီတန် (စတပ်မော်တာ၊ နှစ်လုံးထိုး ပလန်ချာပန့်၊ ဒူးဆစ်ဂျိုင်း၊ ဘီးအရှေ့ထိုင် ဘယ်/ညာ၊ ရှေ့ကရောင်း)စသည့် စက်ပစ္စည်းအစိတ်အပိုင်း ၃၂ မျိုးအား တွေ့ရှိသဖြင့် မေးမြန်းရာ ၎င်းတို့ပိုင်ဆိုင်ကြောင်း ခိုင်လုံသော အထောက်အထားများ ပြောဆိုနိုင်ခြင်းမရှိ၍ လုပ်ငန်းခွင်၊ စီမံကိန်း တစ်ခုခုမှ ခိုးယူလာဖွယ်ရာ ဖြစ်နိုင်သဖြင့် သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
.
ညပိုင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေတဲ့အချိန် ဘတ်ဟိုးစက် အစိတ်အပိုင်းတွေနဲ့ လူတစ်စုကို မသင်္ကာလို့ မေးကြည့်တော့ သူတို့က ခိုင်လုံတဲ့ အထောက်အ ထား မတင်ပြနိုင်ဘူး/ စက်ယန္တရားတွေကို ကုမ္ပဏီ တစ်ခုခု၊ ဒါမှမဟုတ် တစ်နေရာရာက ဖြုတ်ပြီး ယူဆောင်လာတယ်လို့ ယူဆရတဲ့အတွက် အရေးယူဆောင်ရွက်ထားပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်ဟု မိုင်းပါလျှူးနယ်မြေရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြော သည်။
.
သို့ဖြစ်၍ ဘက်ဟိုး၊ လုပ်တာနှင့် အီတန် စက်အစိတ်အပိုင်းများ လက်ဝယ်တွေ့ရှိသူ အိုက်ကော(၂၅ နှစ်)၊ မောင်လတ် (၅၂ နှစ်)၊ ဖိုးသား(ခ) အောင်နိုင်ဦး (၂၆ နှစ်)၊ နှင့် ရဲဇော်အောင် (၂၉ နှစ်)တို့ လေးဦးအား မိုင်းပါလျှိုးနယ်မြေရဲစခန်းက (ပ)၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats