ကေမ႓ာဇဘဏ္လီမိတက္မိသားစု၏ (၁၇) ႀကိမ္ေျမာက္ ဝါဆိုသကၤန္း ဆက္ကပ္လွဴဒါန္းပြဲ က်င္းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, July 16, 2019

ကေမ႓ာဇဘဏ္လီမိတက္မိသားစု၏ (၁၇) ႀကိမ္ေျမာက္ ဝါဆိုသကၤန္း ဆက္ကပ္လွဴဒါန္းပြဲ က်င္းပ


ကေမ႓ာဇတိုင္း
.
ကေမ႓ာဇဘဏ္လီမိတက္ မိသားစု၏ (၁၇) ႀကိမ္ေျမာက္ ဝါဆိုသကၤန္း ဆက္ကပ္လွဴဒါန္းပြဲကို ဇူလိုင္လ ၁၃ ရက္၊ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ ကေလးဝေတာရေက်ာင္းတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
 .
ေရွးဦးစြာ အခမ္းအနားကို နေမာတႆ (၃) ႀကိမ္ရြတ္ဆို ဘုရားကန္ေတာ့ ဖြင့္လွစ္ၿပီး နာဂလိုဏ္ဂူ ကေလးဝ ဆရာေတာ္ ကိုယ္စား (လယ္တီ) ကမၼဌာနစရိယ ဓမၼကထိကဆရာေတာ္ ဘဒၵႏၲ စႏၵာသံဝရ ထံမွ ငါးပါးသီလ ခံယူ ေဆာက္တည္ၾကၿပီး ဆရာေတာ္၊ သံဃာေတာ္မ်ားက ပရိတ္တရားေတာ္မ်ား ေဟာၾကားခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
.
ထို႔ေနာက္ ကေမ႓ာဇဘဏ္လီမိတက္ နာယကႀကီး ဦးေအာင္ကိုဝင္းႏွင့္ ဇနီး ေဒၚနန္းသန္းေထြး အမွဴးျပဳ၍ ကေမ႓ာဇဘဏ္လီမိတက္ ဥကၠဌ ဦးျမသန္း၊ ဒုတိယဥကၠဌ ဦးေမာင္ေမာင္၊ ဒုတိယအမႈေဆာင္အရာရွိခ်ဳပ္မ်ား ျဖစ္ၾကေသာ ေဒၚနန္းလိုင္းခမ္း၊ ေဒၚနန္းခမ္းေနာင့္၊ အမႈေဆာင္ဒါ႐ိုက္တာ ေဒၚနန္းမိုဟြမ္၊ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးေဇာ္လင္းေအာင္၊ ဒုတိယအုပ္ခ်ဳပ္မႈဒါ႐ိုက္တာမ်ားျဖစ္ၾကေသာ ေဒၚျမင့္ျမင့္ခ်ိဳ၊ ေဒၚသီတာေအးမြန္ႏွင့္ ကေမ႓ာဇ အုပ္စု၏ အႀကီးတန္းအုပ္ခ်ဳပ္မႈဒါ႐ိုက္တာ၊ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားအား ဝါဆိုသကၤန္းႏွင့္ လွဴဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကၿပီး ေရစက္သြန္းခ် အမွ်ေပးေဝခဲ့ေၾကာင္း သိရသည္။
.
ကေမ႓ာဇဘဏ္လီမိတက္၏ (၁၇) ႀကိမ္ေျမာက္ ဝါဆိုသကၤန္း ဆက္ကပ္လွဴဒါန္းပြဲတြင္ ကေမ႓ာဇဘဏ္လီမိတက္ နာယကႀကီး ဦးေအာင္ကိုဝင္းႏွင့္ ဇနီး ေဒၚနန္းသန္းေထြး မိသားစုတို႔က ကေလးဝေတာရေက်ာင္းတိုက္အတြက္ နဝကမၼအလွဴေတာ္ေငြ က်ပ္သိန္း ၁၀၀ ႏွင့္ တရားခ်ီးျမႇင့္ေပးပါေသာ ဆရာေတာ္အပါအဝင္ ပင့္သံဃာ ၁၁ ပါး အတြက္ အလွဴေငြက်ပ္ ၁၃ သိန္းကို လည္းေကာင္း၊ ကေလးဝေတာရေက်ာင္းတိုက္ေန စာခ်စာသင္ ရဟန္း၊ သာမေဏ၊ သီလရွင္ စုစုေပါင္း ၇၀၂ ပါးအတြက္ တစ္ပါးလွ်င္ နဝကမၼအလွဴေငြ က်ပ္ ၁၀၀၀၀ စီျဖင့္ အလွဴေငြက်ပ္ သိန္း ၇၀ ေက်ာ္ကို လည္းေကာင္း၊ သာသနာ့ႏြယ္ဝင္ သီလရွင္ ၂၁၅ ပါးအတြက္ သီလရွင္ဝတ္စံု တန္ဖိုးေငြက်ပ္ ၃၄ သိန္းႏွင့္ ေန႔ဆြမ္းခဲဖြယ္မ်ားကိုလည္းေကာင္း၊ ကေမ႓ာဇဘဏ္ ႐ံုးခ်ဳပ္ ဌာနမ်ားႏွင့္ ရန္ကုန္ဘဏ္ခြဲႀကီးမ်ားမွ ဝါဆို သကၤန္းႏွင့္ လွဴဖြယ္ပစၥည္း၊ ဝတၳဳေငြ စုစုေပါင္း ၁၁၉ သိန္းေက်ာ္ကိုလည္းေကာင္း လွဴဒါန္းခဲ့ရာ အဆိုပါ ဝါဆိုသကၤန္း ဆက္ကပ္လွဴဒါန္းပြဲ၏ အလွဴေတာ္ေငြတန္ဖိုး စုစုေပါင္းမွာ ေငြက်ပ္ သိန္း ၄၂၀ ေက်ာ္ ျဖစ္ေၾကာင္း သိရသည္။
.
============================================================
ကမ္ဘောဇဘဏ်လီမိတက်မိသားစု၏ (၁၇) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
.
ကမ္ဘောဇတိုင်း
.
ကမ္ဘောဇဘဏ်လီမိတက် မိသားစု၏ (၁၇) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်လ ၁၃ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကလေးဝတောရကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နာဂလိုဏ်ဂူ ကလေးဝ ဆရာတော် ကိုယ်စား (လယ်တီ) ကမ္မဌာနစရိယ ဓမ္မကထိကဆရာတော် ဘဒ္ဒန္တ စန္ဒာသံဝရ ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ဟောကြားချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ကမ္ဘောဇဘဏ်လီမိတက် နာယကကြီး ဦးအောင်ကိုဝင်းနှင့် ဇနီး ဒေါ်နန်းသန်းထွေး အမှူးပြု၍ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဦးမြသန်း၊ ဒုတိယဥက္ကဌ ဦးမောင်မောင်၊ ဒုတိယအမှုဆောင်အရာရှိချုပ်များ ဖြစ်ကြသော ဒေါ်နန်းလိုင်းခမ်း၊ ဒေါ်နန်းခမ်းနောင့်၊ အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းမိုဟွမ်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်၊ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာများဖြစ်ကြသော ဒေါ်မြင့်မြင့်ချို၊ ဒေါ်သီတာအေးမွန်နှင့် ကမ္ဘောဇ အုပ်စု၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ၊ အုပ်ချုပ်မှုဒါရိုက်တာများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်လီမိတက် ၏(၁၇) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ကမ္ဘောဇဘဏ်လီမိတက် နာယကကြီး ဦးအောင်ကိုဝင်းနှင့် ဇနီး ဒေါ်နန်းသန်းထွေး မိသားစုတို့က ကလေးဝတောရကျောင်းတိုက်အတွက် နဝကမ္မအလှူတော်ငွေ ကျပ်သိန်း ၁၀၀ နှင့် တရားချီးမြှင့်ပေးပါသော ဆရာတော်အပါအဝင် ပင့်သံဃာ ၁၁ ပါး အတွက် အလှူငွေကျပ် ၁၃ သိန်းကို လည်းကောင်း၊ ကလေးဝတောရကျောင်းတိုက်နေ စာချစာသင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၇၀၂ ပါးအတွက် တစ်ပါးလျှင် နဝကမ္မအလှူငွေ ကျပ် ၁၀၀၀၀ စီဖြင့် အလှူငွေကျပ် သိန်း ၇၀ ကျော်ကို လည်းကောင်း၊ သာသနာ့နွယ်ဝင် သီလရှင် ၂၁၅ ပါးအတွက် သီလရှင်ဝတ်စုံ တန်ဖိုးငွေကျပ် ၃၄ သိန်းနှင့် နေ့ဆွမ်းခဲဖွယ်များကိုလည်းကောင်း၊ ကမ္ဘောဇဘဏ် ရုံးချုပ် ဌာနများနှင့် ရန်ကုန်ဘဏ်ခွဲကြီးများမှ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေ စုစုပေါင်း ၁၁၉ သိန်းကျော်ကိုလည်းကောင်း လှူဒါန်းခဲ့ရာ အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၏ အလှူတော်ငွေတန်ဖိုး စုစုပေါင်းမှာ ငွေကျပ် သိန်း ၄၂၀ ကျော် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats