သက္တမ္း ႏွစ္ ၃၀၀ ေက်ာ္ရွိသည့္ စီဟိုအာဘဏ္၏ ထူးျခားခ်က္မ်ား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, July 30, 2019

သက္တမ္း ႏွစ္ ၃၀၀ ေက်ာ္ရွိသည့္ စီဟိုအာဘဏ္၏ ထူးျခားခ်က္မ်ား


စိုင္းကြမ္းမိုင္း
.
ၿဗိတိန္အေျခစိုက္ စီဟိုအာ (C.Hoare and Co) ဘဏ္လုပ္ငန္းသည္ သက္တမ္း ၃ဝဝ ေက်ာ္လာၿပီး ထိုဘဏ္အား စတင္ထူေထာင္ခဲ့သူ ရစ္ခ်က္ဟိုအာ၏ မိသားစုဝင္မ်ားမွ လုပ္ငန္းကို ဆက္လက္ဦးေဆာင္ေနျခင္းကို တြမ္မက္ကာ့ဖ္ (--၂ဝ၁၉)ရက္ေန႔ အင္တာနက္ေဆာင္းပါးတြင္ သံုးသပ္ထားသည္ကို ေတြ႕ရွိရသည္။
.
 .
လန္ဒန္ၿမိဳ႕ရွိ C.Hoare ဘဏ္လုပ္ငန္းကို ၁၉၇၂ ခုႏွစ္တြင္ ရစ္ခ်စ္ဟိုအာက စတင္ထူ ေထာင္ခဲ့သျဖင့္ ၁၇၆ဝ ျပည့္ႏွစ္၌ ထူေထာင္သည့္ Rothschild ထက္ ႏွစ္တစ္ရာနီးပါး ပို၍ သက္တမ္းရင့္သည္။ ရာစုႏွစ္သံုးစု ေက်ာ္လာ သည့္ စီဟိုအာဘဏ္လုပ္ငန္းကို ဟိုအာမိ သားစုဝင္မ်ားမွ ဆက္လက္ဦးစီးလုပ္ကိုင္ေနၿပီး ဘဏ္အပ္ေငြ ဘီလီယံ ေပါင္း ဒသမ (သို႔ မဟုတ္) ေဒၚလာ ဒသမ ဘီလီယံကို ေရွး ႐ိုးဘဏ္လုပ္ငန္း နည္းလမ္းမ်ားျဖင့္ ဆက္ လက္၍ စီမံခန္႔ခြဲလ်က္ရွိသည္။ စီဟိုအာဘဏ္သည္ ကိုယ္ပိုင္ေငြမ်ားကို ထုတ္ေခ်းၿပီး အျခားေသာ ဘဏ္မ်ားမွ ေျဖ ရွင္းႏုိင္စြမ္း မရွိေသာ ျပႆနာမ်ားအား ေျဖရွင္းေပးႏုိင္သည္ဟု စီဟိုအာဘဏ္ ေခ်ေငြျဖင့္ တန္ဖိုးႀကီး အိမ္အငွား လုပ္ငန္းပြဲစား တစ္ဦးမွ ခ်ီးက်ဴးေနေၾကာင္း ေဖာ္ျပထားသည္။
.
ရစ္ခ်က္ဟိုအာ၏ ၁ဝ ဆက္ေျမာက္ မ်ိဳးဆက္သစ္မ်ား ျဖစ္ၾကသည့္ လုပ္ငန္းစပ္တူ လုပ္သူမ်ားသည္ ၂ဝ၁၈ ခုႏွစ္တြင္ အၿငိမ္းစားယူ သြားၾကၿပီး ဆက္လက္၍ ၁၁ မ်ိဳးဆက္မွ လုပ္ငန္းစပ္တူ လုပ္ကိုင္ၾကသူ ဦးမွ ဘဏ္လုပ္ငန္းကို ဆက္လက္ ဦးစီးေနသည္။ ၂ဝ၁၉ မတ္လအတြင္းတြင္ လန္ဒန္ၿမိဳ႕ အျပင္ဘက္တြင္ ပထမ ဆံုး ဘဏ္ခြဲတစ္ခုကို စတင္ဖြင့္လွစ္ခဲ့သည္။ ထိုဘဏ္ခြဲအား ကိန္းဘရစ္ခ်္ဘဏ္ခြဲဟု ေခၚတြင္ၿပီး လက္ရွိ ေဖာက္သည္မ်ားကို ဝန္ေဆာင္မႈေပးရန္ ဒီဇိုင္းထုတ္ထားေသာ္လည္း ဇီဝသိပၸံပညာႏွင့္ နည္းပညာ လုပ္ငန္းသစ္မ်ား အေျခစိုက္သည့္ ေဒသအျဖစ္ အမည္ရေနသည့္ ထိုေဒသ၌ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မ်ားကိုပါ ဆြဲေဆာင္ သြားႏုိင္ရန္ ရည္ရြယ္ထားသည္ဟု ဆုိသည္။
.
တန္းတူၿပိဳင္ဘက္ဘဏ္မ်ား ပို၍ နိမ့္က်သည့္ အရြယ္ငယ္ေသာ္လည္း မိမိတို႔ႏွင့္ ယွဥ္ၿပိဳင္ေနေသာ ဘဏ္မ်ားက ခ်မ္းသာမႈ ရွိသည့္ ေဖာက္သည္မ်ားကို အၿပိဳင္အဆုိင္ လုယူေနရခ်ိန္တြင္ အေဟာင္းႏွင့္ အသစ္တစ္သားတည္း ျဖစ္ရန္ ေရာေမႊႏုိင္စြမ္းက စီဟိုအာဘဏ္အတြက္ အထူးအေရးပါလွသည္။ လုပ္ငန္းမ်ား ေပါင္းစည္းျခင္းႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ား တင္းၾကပ္မႈ ပိုမိုတိုးျမႇင့္ေနေသာ ယေန႔ဘဏ္လုပ္ငန္း အေျခအေနတြင္ ပုဂၢလိက ဘဏ္မ်ားသည္ ယင္းတို႕၏ ထူးျခားသည့္ သီးသန္႔ဝန္ေဆာင္မႈမ်ားကို ေခတ္ကာလ အေျခအေနႏွင့္ ကိုက္ညီရန္ ျပဳ ျပင္ေျပာင္းလဲေနသည္။ ႏွစ္ကုန္လွ်င္ ေငြစာရင္းရွင္းတမ္း ထုတ္ျပန္သည့္ အျခားဘဏ္မ်ားႏွင့္ လံုးဝ ကြဲျပား ျခားေနရန္ စီဟိုအာဘဏ္ကို ထူ ေထာင္ရျခင္းက အၿမဲတမ္းလိုလုိပင္ စိတ္ဖိစီးမႈ မ်ား၊ စိန္ေခၚမႈမ်ား ျဖစ္ေနရ သည္ဟု ဘဏ္၏ စပ္တူလုပ္ငန္းရွင္ တစ္ဦးျဖစ္သည့္ အသက္ ၅၇ ႏွစ္ အရြယ္အလက္ဇျႏၵားဟိုက ေတြ႕ဆံုေမး ျမန္းခန္း တစ္ခုတြင္ ေျပာဆုိခဲ့သည္။ အျခား ေသာ လုပ္ငန္းႀကီးမ်ားႏွင့္ ေပါင္းစည္းရန္ ဆႏၵ မရွိသကဲ့သို႔ လုပ္ငန္းခ်ဲ႕ထြင္ တိုးခ်ဲ႕ရန္လည္း ဆႏၵ မရွိေခ်။ အျခားေသာ ဘဏ္မ်ားႏွင့္ မတူဘဲ ထူးျခားသည့္ ဝန္ေဆာင္ မႈသာ ေပးလိုသည္ ဟုလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
.
တြမ္မက္ကာ့စ္၏ သံုးသပ္ခ်က္ အရစီဟုိ အာဘဏ္သည္ အျခားဘဏ္မ်ားႏွင့္ မတူသည္ ကား ေသခ်ာသည္။ စပ္တူလုပ္ငန္းအတြက္ ေငြ ေၾကး၊ ဝန္ေဆာင္မႈ စသည္ေပးရန္ တာဝန္မ်ား မွာ အကန္႔အသတ္ မထားသျဖင့္ စပ္တူလုပ္ ငန္းလုပ္သူမ်ား၏ ပုဂၢလိက ရပိုင္ခြင့္ အဖိုး တန္ ပိုင္ဆိုင္ခြင့္မ်ားသည္ ၿမီရွင္မ်ားအတြက္ မွ်တမႈကို ဖန္တီးေပးႏုိင္သည္။ ေနာက္က်ဆံုး ၁၉၉၄ ခုႏွစ္မွစ၍ ႏွစ္စဥ္ ရွယ္ယာရွင္မ်ား တြက္ အျမတ္ေဝစုသည္ ရွယ္ယာတစ္စုလွ်င္ ေပါင္ ၅ဝ ပံုေသ သတ္မွတ္ထားၿပီး စုစုေပါင္း ေပါင္ ၆ဝဝဝ သတ္မွတ္ထားသည္။ ၂ဝ၁၉ ခု ႏွစ္ မတ္လကုန္ထိ ၁၂ လအတြင္း အျမတ္ေငြ ေပါင္ ၂၆ သန္း ရရွိသည့္ လုပ္ငန္းျဖစ္သည္။ စီဟုိအာကို အကန္႔အသတ္အျဖစ္ လည္ပတ္ခဲ့ သျဖင့္ အဖိုးတန္ လုပ္ငန္းႀကီး ျဖစ္လာသည္။ စပ္တူလုပ္ငန္းရွင္မ်ား၏ ဘဏ္စာရင္းသည္ ေပါင္သန္း ၃၇ဝ ဟု ေဖာ္ျပေနသျဖင့္ စာရြက္ ပါ ကိန္းဂဏန္းအရဆုိလွ်င္ ဟိုအာ မိသားစု ၿဗိတိန္ႏုိင္ငံ၏ အခ်မ္းသာဆံုးေသာ သူေဌးမ်ား စာရင္းတြင္ ဝင္ေရာက္ေနသည္ကို ေတြ႕ရွိရ  သည္။ ဟိုအာမိသားစုသည္ ယင္းတို႔ လုပ္ငန္း ကို ထုတ္ေရာင္းရန္ စိတ္ကူးမရွိဟု ဆိုၾကသည္။ ၂ဝ၁၈ ခုႏွစ္တြင္ စပ္တူလုပ္ငန္းရွင္ျဖစ္လာသူ ရန္နီဟိုအာ၏ ဆိုစကားအရ လုပ္ငန္းအား ေရာင္းခ်ေငြ ေဖာ္ရန္ ယင္းတို႔ မိသားစုမွ စိတ္ ဝင္စားခဲ့လွ်င္ လြန္ခဲ့သည့္ ဆယ္စုႏွစ္ေပါင္းမ်ား စြာကပင္ ေရာင္းခဲ့ၿပီးျဖစ္သည္ဟု ေျပာခဲ့သည္။
.
လန္ဒန္ၿမိဳ႕တြင္ လမ္းအမည္ လမ္းအမွတ္ မ်ား မတပ္ဆင္မီ ၁၆၇၁ ခုႏွစ္တြင္ စတင္ဖြင့္ လွစ္ခဲ့သည့္ ဘဏ္ေနရာကို အမွတ္အသား ျပဳခဲ့ သည္။ ေရႊေရာင္ပုလင္းတံဆိပ္ကို ဘဏ္တြင္းရွိ ျပခန္း၌ ယေန႔ထက္တိုင္ ခ်ိတ္ဆြဲကာ ဂုဏ္ျပဳ ထားသည္။ ယေန႔ထက္တုိင္ ရွိေနသည့္ ဘဏ္ သက္တမ္းအရင့္ဆံုး ခ်က္လက္မွတ္ျဖစ္ေသာ ရစ္ခ်က္ဟုိအာသို႔ ဝီလီယံေဟးလ္က ေပးသည့္ ခ်က္လက္မွတ္တြင္ ၁၆၇၉ ခုႏွစ္ ဇူလိုင္လ ၁၅ ရက္ဟု ရက္စြဲတပ္ထားသည္ကို ေတြ႕ရွိရသည္။ ရစ္ခ်က္ဟိုအာသည္ လန္ဒန္ၿမိဳ႕တြင္ ၾသဇာရွိသူ တစ္ဦးျဖစ္လာၿပီး ႏုိင္ငံေရးတြင္လည္း ပါဝင္လႈပ္ ရွားခဲ့ေသာေၾကာင့္ ထင္ေပၚေက်ာ္ၾကားလာ ျဖင့္ ၿဗိတိန္ဘုရင္မႀကီး အန္နီ၏ သူရဲေကာင္း ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ျခင္း ခံခဲ့ရသည္။
.
မ်ိဳးဆက္တစ္ဆက္ၿပီး တစ္ဆက္ျဖင့္ လုပ္ ငန္းမ်ားကို ဆက္လက္ေဆာင္ရြက္ၾကရာမွ တိယမ်ိဳးဆက္ လက္ထက္တြင္ ဆံုး႐ႈံးမႈမ်ားကို ေက်ာ္လႊားခဲ့ရၿပီး ခုႏွစ္ဆက္ေျမာက္ မ်ိဳးဆက္ လက္ထက္တြင္လည္း ႀကိဳတင္ခန္႔မွန္းခ်က္ႏွင့္ လြဲခဲ့ရသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ ျပႆနာမ်ား ႏွင့္ ရင္ဆုိင္ခဲ့ရသည္။ ခုႏွစ္ဆက္ မ်ိဳးဆက္မွ စပ္တူ လုပ္သူတစ္ဦးျဖစ္သည့္ ဟင္နရီဂ်ဴနီယာ သည္ ယင္း၏ ေငြေၾကးဆံုး႐ႈံးမႈမ်ားေၾကာင့္ ၁၈၇၄ ခုႏွစ္တြင္ စပ္တူလုပ္ငန္းရွင္အျဖစ္မွ ႏုတ္ထြက္ေပးခဲ့ရသည္။ မိသားစု စီးပြားေရးလုပ္ငန္း ေရရွည္ တည္တံ့ရန္ အတြက္ စီးပြားေရးလုပ္ ငန္းႏွင့္ မိသားစု အေရးကိစၥဆိုသည့္ အခ်က္ ႏွစ္ခုစလံုးကို အစီအစဥ္တက် စည္းစနစ္ က်စြာ ထိန္းသိမ္းမႈ လိုအပ္ေပသည္ဟု အလက္ဇျႏၵား ဟိုအာက မွတ္ခ်က္ခ်ခဲ့သည္။ ၿပီးခဲ့သည့္ ဆယ္ စုႏွစ္ အတြင္း၌ မိသားစုလုပ္ငန္းမ်ားသည္ က်ယ္ ျပန္႕သည့္ ေစ်းကြက္ အေျချပဳလုပ္ငန္းႀကီးမ်ားထက္ ပိုမို၍ ေအာင္ျမင္သည္ဟု ၂ဝ၁၈ ခုႏွစ္ ထုတ္ Credit Suisse Group အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
.
ဟိုအာကုမၸဏီ၏ ေရွး႐ိုး အစဥ္အလာအတိုင္း လုပ္ငန္းကို အကန္႔အသတ္ျဖင့္ လုပ္ကိုင္သည့္ နည္းလမ္းသည္ ကမၻာ႕ေငြေၾကး အၾကပ္အတည္းေၾကာင့္ အေရးေပၚ အေျခအေန ႀကံဳရစဥ္တြင္ ၿပိဳလဲမႈမွ ကင္းလြတ္ခဲ့ကာ ခံႏုိင္ရည္ ရွိခဲ့သည္။ ကမၻာ႕ေငြေၾကး ျပႆနာမ်ား ရင္ဆုိင္ရခ်ိန္၌ အေသးစား ဘဏ္ငယ္မ်ား အေျခအေန ေကာင္းၾကသျဖင့္ မိသားစုဝင္မ်ားျဖင့္ စပ္တူလုပ္ငန္းရွင္မ်ားအျဖစ္ ထူေထာင္ထားသည့္ လုပ္ငန္းမ်ားသည္ ေဘးကင္းကာ လံုၿခံဳရာေနရာမ်ား ျဖစ္ခဲ့ရသည္။ လက္ရွိဘရက္ဇ္ဇစ္ ျပႆနာ၏ ႐ိုက္ခတ္မႈကိုလည္း ခံႏုိင္ရည္ ရွိမည္ဟု အသက္ ၅ဝ အရြယ္ စပ္တူလုပ္ငန္းရွင္ ဘဲလာဟိုအာက ယူဆထားသည္။
.
ဘဏ္လုပ္ငန္းတြင္ မ်ိဳးတူပံုစံတူ အခက္အ ခဲမ်ားသည္ အနာဂတ္ ကာလတစ္ခုတြင္ ျပန္ လည္ေပၚထြက္လာျခင္းျဖင့္ သံသရာလည္တတ္ သည္။ စီဟိုအာဘဏ္လုပ္ငန္းမွ အခက္အခဲမ်ား ကို ခံႏုိင္ရည္ရွိသည့္ အေၾကာင္းရင္းသည္ ေနာက္ဆံုး ႀကံဳေတြ႕ခဲ့ရသည္။ အခက္အခဲေျဖ ရွင္းနည္းမ်ားကို ေမ့ေပ်ာက္ပစ္ျခင္း မျပဳေသာ ေၾကာင့္ ျဖစ္သည္။ မိမိ၏ ဖခင္ကို မိမိ၏ အဖိုး ျဖစ္သူက ၁၉၂၉-၁၉၃ဝ ျပည့္ႏွစ္ ကမၻာ႕ေငြ ေၾကး ျပႆနာအတြင္း ရယူခဲ့သည့္ သင္ခန္း စာမ်ားကို လက္ဆင့္ကမ္း သင္ၾကားေပခဲ့သျဖင့္ ေနာက္ဆံုး ေငြေၾကး ျပႆနာကို ဖခင္ျဖစ္သူ ႏွင့္ ရင္ဆုိင္ႏုိင္ခဲ့သည္။
.
စီဟိုအာဘဏ္လုပ္ငန္း၏ ၿပိဳင္ဘက္ဘဏ္ မ်ားစြာတို႔ က်႐ႈံး ေပ်ာက္ကြယ္သြားခဲ့ျခင္းႏွင့္ စပ္တူလုပ္ကိုင္မည့္ လုပ္ငန္းရွင္မ်ားကို စိစစ္ ေရြးခ်ယ္ျခင္းကလည္း ဘဏ္လုပ္ငန္းသက္တမ္း ရွည္ရန္ အေၾကာင္းတစ္ရပ္ ျဖစ္လာခဲ့သည္ဟု ဘဲလာဟိုအာက ရွင္းျပခဲ့သည္။
.
ယေန႔ထိ ရစ္ခ်က္ဟိုအာမွ ဆင္းသက္လာသည့္ အသက္ထင္ရွားရွိသူ မ်ိဳးဆက္သစ္မ်ား ဦးေရ ၇ဝဝဝ ေက်ာ္ထဲမွ လက္ရွိ စပ္တူလုပ္ငန္းရွင္မ်ားကို စိစစ္ေရြးခ်ယ္ထားသည္။ ၂ဝ၁၉ ဇန္နဝါရီလမွစ၍ CEO အသစ္ ရာထူးအား မိသား စုဝင္မဟုတ္သည့္ စတီဗင္ကူးလ္ပါးအား ခန္႔ထားသည္။ စတီဗင္ကူးလ္ပါးသည္ Barclay Plc ကုမၸဏီမွ ေျပာင္းေရႊ႕ လာသည္ဟု ေဖာ္ျပထားသည္။ ေဆြမ်ိဳးမ်ားအား ဦးစားေပး ခန္႕ထားသည့္ မူဝါဒ (Nepotism)ႏွင့္ အတတ္ပညာ ကြၽမ္းက်င္သူ ဦးစားေပး ခန္႔ထားသည့္ မူဝါဒ (Professionalism)ႏွင့္ ေရာသမေမႊထားျခင္းက လက္ရွိ စီဟိုအာ ဘဏ္ လုပ္ငန္းရွင္စပ္တူမ်ား၏ အစဥ္အလာကို ထိန္းသိမ္းမႈႏွင့္ေခတ္မီမႈ တိုးျမႇင့္ေပါင္းစည္းျခင္း အား ေရာင္ျပန္ဟပ္ ေနေၾကာင္းကို ျပသရာ ေရာက္သည္။ လက္ရွိ စပ္တူလုပ္ငန္းရွင္မ်ား၏ ထုတ္ေဖာ္ေျပာၾကားခ်က္အရ အနာဂတ္ ကာလတြင္ မိမိတို႔ဘဏ္၏ ရပ္တည္ႏုိင္မႈ အေနအထားသည္ မည္သည့္အခါမွ် ေပ်ာက္ကြယ္သြားမည္ မဟုတ္ ေၾကာင္းႏွင့္ ဆက္လက္ကာ ရပ္တည္ႏုိင္စြမ္းျဖင့္ ေလွ်ာက္လွမ္းေနမည္သာ ျဖစ္ေၾကာင္း ခံယူထားၾကသည္။ ေျပာင္းအလဲမ်ားထဲတြင္ ဘဏ္၏ပိုင္ဆုိင္မႈ စီမံခန္႔ခြဲသည့္ ဌာနကို ေပါင္စတာလင္ ၇၂ သန္းျဖင့္ ၂ဝ၁၆ ခုႏွစ္၌ေရာင္း ခ်ခဲ့ၿပီးဘဏ္၏ ပင္မဘဏ္လုပ္ငန္းမ်ားကို ပုိမိုအာ႐ုံစိုက္ လာႏုိင္ခဲ့သည္ဟူ၍ ရွင္းျပခဲ့သည္။
.
၂ဝ၁၈ ခုႏွစ္ ဇန္နဝါရီတြင္ အလက္ဇျႏၵား ဟိုအာက ဘဏ္အသံုးျပဳေသာ ေဖာက္သည္မ်ားထံ ေပးအပ္သည့္ စာထဲတြင္ ထူးျခားသည့္ ပါရမီရွင္ ဝါသနာရွင္ လုပ္ငန္းထူးခြၽန္သူတို႔၏ ေခတ္ကာလသည္ အမွန္တကယ္ ကုန္ဆံုးသြားခဲ့ပါၿပီ။ စီဟိုအာဘဏ္သည္ အျခားဘဏ္မ်ားႏွင့္ လုပ္ငန္းအစီအစဥ္အရ လည္းေကာင္း၊ အုပ္ခ်ဳပ္ေရး ယႏၱရားအရလည္းေကာင္း၊ ျဖည္းျဖည္းခ်င္း ပံုစံတူ ျဖစ္လာရေတာ့မည္ ဟူ ပါရွိသည္။ စီဟုိအာဘဏ္အား အသံုးျပဳလို သူသည္ ၿဗိတိန္တြင္ ပိုင္ဆုိင္မႈ ေပါင္ သန္း ရွိရန္ လိုအပ္သျဖင့္ ေစ်းႀကီး ေသာ္လည္း ေဖာက္ သည္မ်ားက စီဟိုအာဘဏ္မွ အျခားဘဏ္က မေပးႏုိင္သည့္ ဝန္ေဆာင္မႈမ်ား ေပးစြမ္း ႏုိင္မည္ဟု ယံုၾကည္ၾကသည္။
.
နပိုလီယံ စစ္ပြဲအတြင္းက ဘဏ္အား ကာကြယ္မႈ ေပးႏုိင္ရန္ ဝယ္ယူထားသည့္ ေသနတ္ကို ဘဏ္၏ အဝင္ဝတြင္ ခ်ိတ္ဆြဲထားျခင္း၊ ၁၉ ရာစုေခတ္က ဝက္သစ္ခ်သားျဖင့္ ျပဳလုပ္ထားသည့္ ေငြစာရင္းေကာင္တာ၊ ဘဏ္ဝင္းအတြင္းရွိ လွပသည့္ ပန္းၿခံတို႔ကို လွမ္းျမင္ေနရေသာ ေဖာက္သည္မ်ား ေစာင့္ဆိုင္းရာ ေနရာစသည့္ အျပင္အဆင္မ်ားက ဘဏ္မန္ေနဂ်ာႏွင့္ ညစာစားရင္း ေဆြးေႏြးႏုိင္သည့္ ဝန္ေဆာင္မႈႏွင့္ ရစ္ခ်က္ဟိုအာ၏ မ်ိဳးဆက္ဆင္းသက္ပံု ဇယားႏွင့္ အျခားေသာ စိတ္ဝင္စားဖြယ္ရာမ်ား ျပသထားသည္။ ျပခန္းကလည္း စီဟိုအာဘဏ္၏ ဆြဲေဆာင္မႈတစ္ခုပင္ ျဖစ္သည္။ ''ကြၽန္ေတာ္တို႔ရဲ႕ ေန႕စဥ္ လႈပ္ရွားေဆာင္ရြက္မႈ စြမ္းအားရဲ႕ ၉၅ ရာခိုင္ႏႈန္းကို ေခတ္မီ ကမၻာ႕လုပ္ ငန္း ေဆာင္ရြက္လႈပ္ရွားမႈမ်ားမွာ အသံုးျပဳေနရ ေပမယ့္ အတိတ္က အမွတ္ရစရာမ်ားကို ထိန္းသိမ္းထားျခင္းက တစ္ေန႔တာ ကုန္ဆံုးခ်ိန္မွာ ျပဳလုပ္ရတာ ေကာင္းပါတယ္။ ကိတ္မုန္႔ ဖုတ္ၿပီးရင္ အေပၚမွ ခရင္မ္နဲ႔ ျဖဴးေပးၿပီး အလွဆင္ရ သလိုပါပဲ''ဟူ၍ အလက္ဇျႏၵား ဟိုအာက ခိုင္းႏိႈင္း ေျပာဆုိခဲ့ပါသည္။ စီဟုိအာဘဏ္ သက္တမ္းသည္ကား မည္မွ်အထိ။
.
==========================================
သက်တမ်း နှစ် ၃၀၀ ကျော်ရှိသည့် စီဟိုအာဘဏ်၏ ထူးခြားချက်များ
.
စိုင်းကွမ်းမိုင်း
.
ဗြိတိန်အခြေစိုက် စီဟိုအာ (C.Hoare and Co) ဘဏ်လုပ်ငန်းသည် သက်တမ်း ၃ဝဝ ကျော်လာပြီး ထိုဘဏ်အား စတင်ထူထောင်ခဲ့သူ ရစ်ချက်ဟိုအာ၏ မိသားစုဝင်များမှ လုပ်ငန်းကို ဆက်လက်ဦးဆောင်နေခြင်းကို တွမ်မက်ကာ့ဖ် (--၂ဝ၁၉)ရက်နေ့ အင်တာနက်ဆောင်းပါးတွင် သုံးသပ်ထားသည်ကို တွေ့ရှိရသည်။
.
လန်ဒန်မြို့ရှိ C.Hoare ဘဏ်လုပ်ငန်းကို ၁၉၇၂ ခုနှစ်တွင် ရစ်ချစ်ဟိုအာက စတင်ထူ ထောင်ခဲ့သဖြင့် ၁၇၆ဝ ပြည့်နှစ်၌ ထူထောင်သည့် Rothschild ထက် နှစ်တစ်ရာနီးပါး ပို၍ သက်တမ်းရင့်သည်။ ရာစုနှစ်သုံးစု ကျော်လာ သည့် စီဟိုအာဘဏ်လုပ်ငန်းကို ဟိုအာမိ သားစုဝင်များမှ ဆက်လက်ဦးစီးလုပ်ကိုင်နေပြီး ဘဏ်အပ်ငွေ ဘီလီယံ ပေါင်း ဒသမ (သို့ မဟုတ်) ဒေါ်လာ ဒသမ ဘီလီယံကို ရှေး ရိုးဘဏ်လုပ်ငန်း နည်းလမ်းများဖြင့် ဆက် လက်၍ စီမံခန့်ခွဲလျက်ရှိသည်။ စီဟိုအာဘဏ်သည် ကိုယ်ပိုင်ငွေများကို ထုတ်ချေးပြီး အခြားသော ဘဏ်များမှ ဖြေ ရှင်းနိုင်စွမ်း မရှိသော ပြဿနာများအား ဖြေရှင်းပေးနိုင်သည်ဟု စီဟိုအာဘဏ် ချေငွေဖြင့် တန်ဖိုးကြီး အိမ်အငှား လုပ်ငန်းပွဲစား တစ်ဦးမှ ချီးကျူးနေကြောင်း ဖော်ပြထားသည်။
.
ရစ်ချက်ဟိုအာ၏ ၁ဝ ဆက်မြောက် မျိုးဆက်သစ်များ ဖြစ်ကြသည့် လုပ်ငန်းစပ်တူ လုပ်သူများသည် ၂ဝ၁၈ ခုနှစ်တွင် အငြိမ်းစားယူ သွားကြပြီး ဆက်လက်၍ ၁၁ မျိုးဆက်မှ လုပ်ငန်းစပ်တူ လုပ်ကိုင်ကြသူ ဦးမှ ဘဏ်လုပ်ငန်းကို ဆက်လက် ဦးစီးနေသည်။ ၂ဝ၁၉ မတ်လအတွင်းတွင် လန်ဒန်မြို့ အပြင်ဘက်တွင် ပထမ ဆုံး ဘဏ်ခွဲတစ်ခုကို စတင်ဖွင့်လှစ်ခဲ့သည်။ ထိုဘဏ်ခွဲအား ကိန်းဘရစ်ချ်ဘဏ်ခွဲဟု ခေါ်တွင်ပြီး လက်ရှိ ဖောက်သည်များကို ဝန်ဆောင်မှုပေးရန် ဒီဇိုင်းထုတ်ထားသော်လည်း ဇီဝသိပ္ပံပညာနှင့် နည်းပညာ လုပ်ငန်းသစ်များ အခြေစိုက်သည့် ဒေသအဖြစ် အမည်ရနေသည့် ထိုဒေသ၌ စွန့်ဦးတီထွင် လုပ်ငန်းရှင်များကိုပါ ဆွဲဆောင် သွားနိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
.
တန်းတူပြိုင်ဘက်ဘဏ်များ ပို၍ နိမ့်ကျသည့် အရွယ်ငယ်သော်လည်း မိမိတို့နှင့် ယှဉ်ပြိုင်နေသော ဘဏ်များက ချမ်းသာမှု ရှိသည့် ဖောက်သည်များကို အပြိုင်အဆိုင် လုယူနေရချိန်တွင် အဟောင်းနှင့် အသစ်တစ်သားတည်း ဖြစ်ရန် ရောမွှေနိုင်စွမ်းက စီဟိုအာဘဏ်အတွက် အထူးအရေးပါလှသည်။ လုပ်ငန်းများ ပေါင်းစည်းခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ တင်းကြပ်မှု ပိုမိုတိုးမြှင့်နေသော ယနေ့ဘဏ်လုပ်ငန်း အခြေအနေတွင် ပုဂ္ဂလိက ဘဏ်များသည် ယင်းတို့၏ ထူးခြားသည့် သီးသန့်ဝန်ဆောင်မှုများကို ခေတ်ကာလ အခြေအနေနှင့် ကိုက်ညီရန် ပြု ပြင်ပြောင်းလဲနေသည်။ နှစ်ကုန်လျှင် ငွေစာရင်းရှင်းတမ်း ထုတ်ပြန်သည့် အခြားဘဏ်များနှင့် လုံးဝ ကွဲပြား ခြားနေရန် စီဟိုအာဘဏ်ကို ထူ ထောင်ရခြင်းက အမြဲတမ်းလိုလိုပင် စိတ်ဖိစီးမှု များ၊ စိန်ခေါ်မှုများ ဖြစ်နေရ သည်ဟု ဘဏ်၏ စပ်တူလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် အသက် ၅၇ နှစ် အရွယ်အလက်ဇန္ဒြားဟိုက တွေ့ဆုံမေး မြန်းခန်း တစ်ခုတွင် ပြောဆိုခဲ့သည်။ အခြား သော လုပ်ငန်းကြီးများနှင့် ပေါင်းစည်းရန် ဆန္ဒ မရှိသကဲ့သို့ လုပ်ငန်းချဲ့ထွင် တိုးချဲ့ရန်လည်း ဆန္ဒ မရှိချေ။ အခြားသော ဘဏ်များနှင့် မတူဘဲ ထူးခြားသည့် ဝန်ဆောင် မှုသာ ပေးလိုသည် ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
.
တွမ်မက်ကာ့စ်၏ သုံးသပ်ချက် အရစီဟို အာဘဏ်သည် အခြားဘဏ်များနှင့် မတူသည် ကား သေချာသည်။ စပ်တူလုပ်ငန်းအတွက် ငွေ ကြေး၊ ဝန်ဆောင်မှု စသည်ပေးရန် တာဝန်များ မှာ အကန့်အသတ် မထားသဖြင့် စပ်တူလုပ် ငန်းလုပ်သူများ၏ ပုဂ္ဂလိက ရပိုင်ခွင့် အဖိုး တန် ပိုင်ဆိုင်ခွင့်များသည် မြီရှင်များအတွက် မျှတမှုကို ဖန်တီးပေးနိုင်သည်။ နောက်ကျဆုံး ၁၉၉၄ ခုနှစ်မှစ၍ နှစ်စဉ် ရှယ်ယာရှင်များ တွက် အမြတ်ဝေစုသည် ရှယ်ယာတစ်စုလျှင် ပေါင် ၅ဝ ပုံသေ သတ်မှတ်ထားပြီး စုစုပေါင်း ပေါင် ၆ဝဝဝ သတ်မှတ်ထားသည်။ ၂ဝ၁၉ ခု နှစ် မတ်လကုန်ထိ ၁၂ လအတွင်း အမြတ်ငွေ ပေါင် ၂၆ သန်း ရရှိသည့် လုပ်ငန်းဖြစ်သည်။ စီဟိုအာကို အကန့်အသတ်အဖြစ် လည်ပတ်ခဲ့ သဖြင့် အဖိုးတန် လုပ်ငန်းကြီး ဖြစ်လာသည်။ စပ်တူလုပ်ငန်းရှင်များ၏ ဘဏ်စာရင်းသည် ပေါင်သန်း ၃ရဝ ဟု ဖော်ပြနေသဖြင့် စာရွက် ပါ ကိန်းဂဏန်းအရဆိုလျှင် ဟိုအာ မိသားစု ဗြိတိန်နိုင်ငံ၏ အချမ်းသာဆုံးသော သူဌေးများ စာရင်းတွင် ဝင်ရောက်နေသည်ကို တွေ့ရှိရ  သည်။ ဟိုအာမိသားစုသည် ယင်းတို့ လုပ်ငန်း ကို ထုတ်ရောင်းရန် စိတ်ကူးမရှိဟု ဆိုကြသည်။ ၂ဝ၁၈ ခုနှစ်တွင် စပ်တူလုပ်ငန်းရှင်ဖြစ်လာသူ ရန်နီဟိုအာ၏ ဆိုစကားအရ လုပ်ငန်းအား ရောင်းချငွေ ဖော်ရန် ယင်းတို့ မိသားစုမှ စိတ် ဝင်စားခဲ့လျှင် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများ စွာကပင် ရောင်းခဲ့ပြီးဖြစ်သည်ဟု ပြောခဲ့သည်။
.
လန်ဒန်မြို့တွင် လမ်းအမည် လမ်းအမှတ် များ မတပ်ဆင်မီ ၁၆၇၁ ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့သည့် ဘဏ်နေရာကို အမှတ်အသား ပြုခဲ့ သည်။ ရွှေရောင်ပုလင်းတံဆိပ်ကို ဘဏ်တွင်းရှိ ပြခန်း၌ ယနေ့ထက်တိုင် ချိတ်ဆွဲကာ ဂုဏ်ပြု ထားသည်။ ယနေ့ထက်တိုင် ရှိနေသည့် ဘဏ် သက်တမ်းအရင့်ဆုံး ချက်လက်မှတ်ဖြစ်သော ရစ်ချက်ဟိုအာသို့ ဝီလီယံဟေးလ်က ပေးသည့် ချက်လက်မှတ်တွင် ၁၆၇၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်ဟု ရက်စွဲတပ်ထားသည်ကို တွေ့ရှိရသည်။ ရစ်ချက်ဟိုအာသည် လန်ဒန်မြို့တွင် သြဇာရှိသူ တစ်ဦးဖြစ်လာပြီး နိုင်ငံရေးတွင်လည်း ပါဝင်လှုပ် ရှားခဲ့သောကြောင့် ထင်ပေါ်ကျော်ကြားလာ ဖြင့် ဗြိတိန်ဘုရင်မကြီး အန်နီ၏ သူရဲကောင်း ဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။
.
မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ဖြင့် လုပ် ငန်းများကို ဆက်လက်ဆောင်ရွက်ကြရာမှ တိယမျိုးဆက် လက်ထက်တွင် ဆုံးရှုံးမှုများကို ကျော်လွှားခဲ့ရပြီး ခုနှစ်ဆက်မြောက် မျိုးဆက် လက်ထက်တွင်လည်း ကြိုတင်ခန့်မှန်းချက်နှင့် လွဲခဲ့ရသည့် ရင်းနှီးမြှုပ်နှံမှုအတွက် ပြဿနာများ နှင့် ရင်ဆိုင်ခဲ့ရသည်။ ခုနှစ်ဆက် မျိုးဆက်မှ စပ်တူ လုပ်သူတစ်ဦးဖြစ်သည့် ဟင်နရီဂျူနီယာ သည် ယင်း၏ ငွေကြေးဆုံးရှုံးမှုများကြောင့် ၁၈၇၄ ခုနှစ်တွင် စပ်တူလုပ်ငန်းရှင်အဖြစ်မှ နုတ်ထွက်ပေးခဲ့ရသည်။ မိသားစု စီးပွားရေးလုပ်ငန်း ရေရှည် တည်တံ့ရန် အတွက် စီးပွားရေးလုပ် ငန်းနှင့် မိသားစု အရေးကိစ္စဆိုသည့် အချက် နှစ်ခုစလုံးကို အစီအစဉ်တကျ စည်းစနစ် ကျစွာ ထိန်းသိမ်းမှု လိုအပ်ပေသည်ဟု အလက်ဇန္ဒြား ဟိုအာက မှတ်ချက်ချခဲ့သည်။ ပြီးခဲ့သည့် ဆယ် စုနှစ် အတွင်း၌ မိသားစုလုပ်ငန်းများသည် ကျယ် ပြန့်သည့် စျေးကွက် အခြေပြုလုပ်ငန်းကြီးများထက် ပိုမို၍ အောင်မြင်သည်ဟု ၂ဝ၁၈ ခုနှစ် ထုတ် Credit Suisse Group အစီရင်ခံစာတွင် ဖော်ပြထားသည်။
.
ဟိုအာကုမ္ပဏီ၏ ရှေးရိုး အစဉ်အလာအတိုင်း လုပ်ငန်းကို အကန့်အသတ်ဖြင့် လုပ်ကိုင်သည့် နည်းလမ်းသည် ကမ္ဘာ့ငွေကြေး အကြပ်အတည်းကြောင့် အရေးပေါ် အခြေအနေ ကြုံရစဉ်တွင် ပြိုလဲမှုမှ ကင်းလွတ်ခဲ့ကာ ခံနိုင်ရည် ရှိခဲ့သည်။ ကမ္ဘာ့ငွေကြေး ပြဿနာများ ရင်ဆိုင်ရချိန်၌ အသေးစား ဘဏ်ငယ်များ အခြေအနေ ကောင်းကြသဖြင့် မိသားစုဝင်များဖြင့် စပ်တူလုပ်ငန်းရှင်များအဖြစ် ထူထောင်ထားသည့် လုပ်ငန်းများသည် ဘေးကင်းကာ လုံခြုံရာနေရာများ ဖြစ်ခဲ့ရသည်။ လက်ရှိဘရက်ဇ်ဇစ် ပြဿနာ၏ ရိုက်ခတ်မှုကိုလည်း ခံနိုင်ရည် ရှိမည်ဟု အသက် ၅ဝ အရွယ် စပ်တူလုပ်ငန်းရှင် ဘဲလာဟိုအာက ယူဆထားသည်။
.
ဘဏ်လုပ်ငန်းတွင် မျိုးတူပုံစံတူ အခက်အ ခဲများသည် အနာဂတ် ကာလတစ်ခုတွင် ပြန် လည်ပေါ်ထွက်လာခြင်းဖြင့် သံသရာလည်တတ် သည်။ စီဟိုအာဘဏ်လုပ်ငန်းမှ အခက်အခဲများ ကို ခံနိုင်ရည်ရှိသည့် အကြောင်းရင်းသည် နောက်ဆုံး ကြုံတွေ့ခဲ့ရသည်။ အခက်အခဲဖြေ ရှင်းနည်းများကို မေ့ပျောက်ပစ်ခြင်း မပြုသော ကြောင့် ဖြစ်သည်။ မိမိ၏ ဖခင်ကို မိမိ၏ အဖိုး ဖြစ်သူက ၁၉၂၉-၁၉၃ဝ ပြည့်နှစ် ကမ္ဘာ့ငွေ ကြေး ပြဿနာအတွင်း ရယူခဲ့သည့် သင်ခန်း စာများကို လက်ဆင့်ကမ်း သင်ကြားပေခဲ့သဖြင့် နောက်ဆုံး ငွေကြေး ပြဿနာကို ဖခင်ဖြစ်သူ နှင့် ရင်ဆိုင်နိုင်ခဲ့သည်။
.
စီဟိုအာဘဏ်လုပ်ငန်း၏ ပြိုင်ဘက်ဘဏ် များစွာတို့ ကျရှုံး ပျောက်ကွယ်သွားခဲ့ခြင်းနှင့် စပ်တူလုပ်ကိုင်မည့် လုပ်ငန်းရှင်များကို စိစစ် ရွေးချယ်ခြင်းကလည်း ဘဏ်လုပ်ငန်းသက်တမ်း ရှည်ရန် အကြောင်းတစ်ရပ် ဖြစ်လာခဲ့သည်ဟု ဘဲလာဟိုအာက ရှင်းပြခဲ့သည်။
.
ယနေ့ထိ ရစ်ချက်ဟိုအာမှ ဆင်းသက်လာသည့် အသက်ထင်ရှားရှိသူ မျိုးဆက်သစ်များ ဦးရေ ရဝဝဝ ကျော်ထဲမှ လက်ရှိ စပ်တူလုပ်ငန်းရှင်များကို စိစစ်ရွေးချယ်ထားသည်။ ၂ဝ၁၉ ဇန်နဝါရီလမှစ၍ CEO အသစ် ရာထူးအား မိသား စုဝင်မဟုတ်သည့် စတီဗင်ကူးလ်ပါးအား ခန့်ထားသည်။ စတီဗင်ကူးလ်ပါးသည် Barclay Plc ကုမ္ပဏီမှ ပြောင်းရွှေ့ လာသည်ဟု ဖော်ပြထားသည်။ ဆွေမျိုးများအား ဦးစားပေး ခန့်ထားသည့် မူဝါဒ (Nepotism)နှင့် အတတ်ပညာ ကျွမ်းကျင်သူ ဦးစားပေး ခန့်ထားသည့် မူဝါဒ (Professionalism)နှင့် ရောသမမွှေထားခြင်းက လက်ရှိ စီဟိုအာ ဘဏ် လုပ်ငန်းရှင်စပ်တူများ၏ အစဉ်အလာကို ထိန်းသိမ်းမှုနှင့်ခေတ်မီမှု တိုးမြှင့်ပေါင်းစည်းခြင်း အား ရောင်ပြန်ဟပ် နေကြောင်းကို ပြသရာ ရောက်သည်။ လက်ရှိ စပ်တူလုပ်ငန်းရှင်များ၏ ထုတ်ဖော်ပြောကြားချက်အရ အနာဂတ် ကာလတွင် မိမိတို့ဘဏ်၏ ရပ်တည်နိုင်မှု အနေအထားသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ် ကြောင်းနှင့် ဆက်လက်ကာ ရပ်တည်နိုင်စွမ်းဖြင့် လျှောက်လှမ်းနေမည်သာ ဖြစ်ကြောင်း ခံယူထားကြသည်။ ပြောင်းအလဲများထဲတွင် ဘဏ်၏ပိုင်ဆိုင်မှု စီမံခန့်ခွဲသည့် ဌာနကို ပေါင်စတာလင် ၇၂ သန်းဖြင့် ၂ဝ၁၆ ခုနှစ်၌ရောင်း ချခဲ့ပြီးဘဏ်၏ ပင်မဘဏ်လုပ်ငန်းများကို ပိုမိုအာရုံစိုက် လာနိုင်ခဲ့သည်ဟူ၍ ရှင်းပြခဲ့သည်။
.
၂ဝ၁၈ ခုနှစ် ဇန်နဝါရီတွင် အလက်ဇန္ဒြား ဟိုအာက ဘဏ်အသုံးပြုသော ဖောက်သည်များထံ ပေးအပ်သည့် စာထဲတွင် ထူးခြားသည့် ပါရမီရှင် ဝါသနာရှင် လုပ်ငန်းထူးချွန်သူတို့၏ ခေတ်ကာလသည် အမှန်တကယ် ကုန်ဆုံးသွားခဲ့ပါပြီ။ စီဟိုအာဘဏ်သည် အခြားဘဏ်များနှင့် လုပ်ငန်းအစီအစဉ်အရ လည်းကောင်း၊ အုပ်ချုပ်ရေး ယန္တရားအရလည်းကောင်း၊ ဖြည်းဖြည်းချင်း ပုံစံတူ ဖြစ်လာရတော့မည် ဟူ ပါရှိသည်။ စီဟိုအာဘဏ်အား အသုံးပြုလို သူသည် ဗြိတိန်တွင် ပိုင်ဆိုင်မှု ပေါင် သန်း ရှိရန် လိုအပ်သဖြင့် စျေးကြီး သော်လည်း ဖောက် သည်များက စီဟိုအာဘဏ်မှ အခြားဘဏ်က မပေးနိုင်သည့် ဝန်ဆောင်မှုများ ပေးစွမ်း နိုင်မည်ဟု ယုံကြည်ကြသည်။
.
နပိုလီယံ စစ်ပွဲအတွင်းက ဘဏ်အား ကာကွယ်မှု ပေးနိုင်ရန် ဝယ်ယူထားသည့် သေနတ်ကို ဘဏ်၏ အဝင်ဝတွင် ချိတ်ဆွဲထားခြင်း၊ ၁၉ ရာစုခေတ်က ဝက်သစ်ချသားဖြင့် ပြုလုပ်ထားသည့် ငွေစာရင်းကောင်တာ၊ ဘဏ်ဝင်းအတွင်းရှိ လှပသည့် ပန်းခြံတို့ကို လှမ်းမြင်နေရသော ဖောက်သည်များ စောင့်ဆိုင်းရာ နေရာစသည့် အပြင်အဆင်များက ဘဏ်မန်နေဂျာနှင့် ညစာစားရင်း ဆွေးနွေးနိုင်သည့် ဝန်ဆောင်မှုနှင့် ရစ်ချက်ဟိုအာ၏ မျိုးဆက်ဆင်းသက်ပုံ ဇယားနှင့် အခြားသော စိတ်ဝင်စားဖွယ်ရာများ ပြသထားသည်။ ပြခန်းကလည်း စီဟိုအာဘဏ်၏ ဆွဲဆောင်မှုတစ်ခုပင် ဖြစ်သည်။ ''ကျွန်တော်တို့ရဲ့ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှု စွမ်းအားရဲ့ ၉၅ ရာခိုင်နှုန်းကို ခေတ်မီ ကမ္ဘာ့လုပ် ငန်း ဆောင်ရွက်လှုပ်ရှားမှုများမှာ အသုံးပြုနေရ ပေမယ့် အတိတ်က အမှတ်ရစရာများကို ထိန်းသိမ်းထားခြင်းက တစ်နေ့တာ ကုန်ဆုံးချိန်မှာ ပြုလုပ်ရတာ ကောင်းပါတယ်။ ကိတ်မုန့် ဖုတ်ပြီးရင် အပေါ်မှ ခရင်မ်နဲ့ ဖြူးပေးပြီး အလှဆင်ရ သလိုပါပဲ''ဟူ၍ အလက်ဇန္ဒြား ဟိုအာက ခိုင်းနှိုင်း ပြောဆိုခဲ့ပါသည်။ စီဟိုအာဘဏ် သက်တမ်းသည်ကား မည်မျှအထိ။
.

No comments:

Post a Comment

Journal Download

Photo of three cats