သိႏၷီတြင္ ၁၂ ဘီးယာဥ္မွ ကေလး ၅ ဦး စီးနင္းလိုက္ပါလာေသာ ဆိုင္ကယ္အား ဝင္ေရာက္တိုက္မိသျဖင့္ ကေလး အားလံုး ေသဆံုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, July 27, 2019

သိႏၷီတြင္ ၁၂ ဘီးယာဥ္မွ ကေလး ၅ ဦး စီးနင္းလိုက္ပါလာေသာ ဆိုင္ကယ္အား ဝင္ေရာက္တိုက္မိသျဖင့္ ကေလး အားလံုး ေသဆံုး


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိႏၷီၿမိဳ႕နယ္၊ နားတီးေက်းရြာတြင္ ဇူလိုင္လ ၂၆ ရက္၊ ညေနပိုင္းက ၁၂ ဘီးေမာ္ေတာ္ယာဥ္ တစ္စီးမွ ကေလး ၅ ဦး စီးနင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ဝင္ေရာက္ တိုက္မိကာ ကေလးငယ္အားလံုး ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။
.
.
သိႏၷီၿမိဳ႕နယ္၊ နားတီးေက်းရြာ၊ သိႏၷီ-ကြမ္းလံုသြားကားလမ္း၊ မိုင္တိုင္အမွတ္ ၃၁ အနီးတြင္ ဇူလိုင္လ ၂၆ ရက္၊ ညေန ၄ နာရီ ၁၅ မိနစ္ခန္႔က ယာဥ္ေမာင္း ေအာင္ျမင့္ (၄၅ ႏွစ္) ေမာင္းႏွင္လာသည့္ ၁၂ ဘီးယာဥ္သည္ မ်က္ႏွာခ်င္းဆိုင္မွ ေမာင္႐ႈကိုင္ (၁၇ ႏွစ္) ေမာင္းႏွင္ၿပီး ေနာက္တြင္ ေမာင္ထိုက္ု႐ႈ (၇ ႏွစ္) အပါအဝင္ ၄ ဦး၊ စုစုေပါင္း ကေလး ၅ ဦး စီးနင္းလိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား အရွိန္မထိန္းႏိုင္ဘဲ ဝင္ေရာက္တိုက္မိခဲ့ သျဖင့္ ကေလး ၅ ဦးလံုး ရရွိဒဏ္ရာမ်ားျဖင့္ ေသဆံုးသြားခဲ့ၿပီး ယာဥ္ေမာင္း ေအာင္ျမင့္အား ည ၉ နာရီခန္႔တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ လူ ၅ ဦးအား ေသေစေလာက္ေအာင္ ေပါ့ဆမႈ၊ ယာဥ္မဆင္မျခင္ ေမာင္းႏွင္မႈတို႔ျဖင့္ ယာဥ္ေမာင္း ေအာင္ျမင့္ အား သိႏၷီၿမိဳ႕နယ္၊ နမ့္စလပ္နယ္ေျမရဲစခန္းမွ ယာဥ္ (ပ) ၈/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က/၂၇၉ ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
သိန္နီတွင် ၁၂ ဘီးယာဉ်မှ ကလေး ၅ ဦး စီးနင်းလိုက်ပါလာသော ဆိုင်ကယ်အား ဝင်ရောက်တိုက်မိသဖြင့် ကလေး အားလုံး သေဆုံး
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နားတီးကျေးရွာတွင် ဇူလိုင်လ ၂၆ ရက်၊ ညနေပိုင်းက ၁၂ ဘီးမော်တော်ယာဉ် တစ်စီးမှ ကလေး ၅ ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ဝင်ရောက် တိုက်မိကာ ကလေးငယ်အားလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
သိန္နီမြို့နယ်၊ နားတီးကျေးရွာ၊ သိန္နီ-ကွမ်းလုံသွားကားလမ်း၊ မိုင်တိုင်အမှတ် ၃၁ အနီးတွင် ဇူလိုင်လ ၂၆ ရက်၊ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ယာဉ်မောင်း အောင်မြင့် (၄၅ နှစ်) မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်သည် မျက်နှာချင်းဆိုင်မှ မောင်ရှုကိုင် (၁၇ နှစ်) မောင်းနှင်ပြီး နောက်တွင် မောင်ထိုက်ုရှု (၇ နှစ်) အပါအဝင် ၄ ဦး၊ စုစုပေါင်း ကလေး ၅ ဦး စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ သဖြင့် ကလေး ၅ ဦးလုံး ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း အောင်မြင့်အား ည ၉ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ လူ ၅ ဦးအား သေစေလောက်အောင် ပေါ့ဆမှု၊ ယာဉ်မဆင်မခြင် မောင်းနှင်မှုတို့ဖြင့် ယာဉ်မောင်း အောင်မြင့် အား သိန္နီမြို့နယ်၊ နမ့်စလပ်နယ်မြေရဲစခန်းမှ ယာဉ် (ပ) ၈/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats