၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္၊ တကၠသိုလ္ဝင္တန္းေအာင္ ပအိုဝ္းတိုင္းရင္းသား ေက်ာင္းသား/သူမ်ားအား ဂုဏ္ျပဳဆု ခ်ီးျမႇင့္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, July 22, 2019

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္၊ တကၠသိုလ္ဝင္တန္းေအာင္ ပအိုဝ္းတိုင္းရင္းသား ေက်ာင္းသား/သူမ်ားအား ဂုဏ္ျပဳဆု ခ်ီးျမႇင့္


ထက္ထက္ (ဟိုပံုး)
.
၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းေအာင္ ပအိုဝ္းတိုင္းရင္းသား ေက်ာင္းသား/သူမ်ားအား ဂုဏ္ျပဳဆု ခ်ီးျမႇင့္ပြဲကို ဇူလိုင္လ ၂၁ ရက္၊ နံနက္ပိုင္းက ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမိဳ႕ရွိ ဖာလြိဳင္ေဗြလြန္းေက်ာင္းတိုက္၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
 .
အခမ္းအနားတြင္ ဖာလြိဳင္ေဗြလြန္းေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲ ပ႑ဝ မွ ဂုဏ္ျပဳအဖြင့္အမွာစကား ခ်ီးျမွင့္ ျမြက္ၾကားၿပီး ဟုိပံုးၿမိဳ႕နယ္ ပအို၀္းစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕ ဥကၠဌ၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခြန္ေမာင္ျဖဴ က ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့သည္။
.
ထို႔ေနာက္  ဟုိပံုးၿမိဳ႕နယ္ ပအို၀္းစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕ ဥကၠဌႏွင့္ အဖြဲ႔၀င္မ်ား၊ ေက်ာင္းအုပ္ဆရာႀကီး/ ဆရာမႀကီးမ်ားတို႔က ဂုဏ္ျပဳဆုမ်ားကို ေပးအပ္ခ်ီးျမႇင့္ရာ ဟိုပံုးၿမိဳ႕နယ္အတြင္းရွိ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္၊ တကၠသိုလ္၀င္ တန္းေအာင္ ေက်ာင္းသား/သူ ၃၄၁ ဦးတို႔က ဂုဏ္ျပဳဆုမ်ား လက္ခံရယူခဲ့ၾကေၾကာင္း သိရသည္။
.
တကၠသိုလ္၀င္တန္းေအာင္ျမင္သည့္ ပအို၀္းေက်ာင္းသား/သူမ်ားအား ဂုဏ္ျပဳဆု ခ်ီးျမွင့္ေပးျခင္းျဖင့္ ပညာတတ္ လူငယ္ေမာင္မယ္မ်ား မ်ားစြာေပၚထြက္လာေစရန္ႏွင့္ လက္ရွိအတန္းပညာသင္ ယူေန ေသာ ေက်ာင္းသား/သူ မ်ားလည္း ပညာသင္ယူလိုစိတ္ျပင္းျပလာေစရန္၊ တကၠသိုလ္၀င္တန္းေအာင္ ေက်ာင္းသား/သူမ်ား ေရွ႕ဆက္ တက္ေရာက္သင္ယူမည့္ တကၠသိုလ္၊ ေကာလိပ္ႏွင့္ အသက္ေမြး၀မ္းေက်ာင္းႏွင့္ဆိုင္သည့္ သင္တန္းေက်ာင္းမ်ား တက္ေရာက္ ေလွ်ာက္ထားရာတြင္ သိသင့္သိထိုက္သည့္ ပညာေရးဆိုင္ရာသတင္းအခ်က္အလက္မ်ား မွ်ေဝေပးႏုိင္ရန္ႏွင့္ ႏွစ္စဥ္အလိုက္ တကၠသိုလ္ဝင္တန္းေအာင္ ပအို၀္းေက်ာင္းသား/သူမ်ားစာရင္းကို သိရွိျပဳစုထားႏိုင္ရန္  ရည္ရြယ္၍ ယင္းကဲ့သို႔ ဂုဏ္ျပဳဆုခ်ီးျမႇင့္ပြဲကို က်င္းပျပဳလုပ္ရျခင္းျဖစ္ေၾကာင္း သိရသည္။
.
============================================================
၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင် ပအိုဝ်းတိုင်းရင်းသား ကျောင်းသား/သူများအား ဂုဏ်ပြုဆု ချီးမြှင့်
.
ထက်ထက် (ဟိုပုံး)
.
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ပအိုဝ်းတိုင်းရင်းသား ကျောင်းသား/သူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲကို ဇူလိုင်လ ၂၁ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် ဖာလွိုင်ဗွေလွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍဝ မှ ဂုဏ်ပြုအဖွင့်အမှာစကား ချီးမြှင့် မြွက်ကြားပြီး ဟိုပုံးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
.
ထို့နောက်  ဟိုပုံးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများတို့က ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ဟိုပုံးမြို့နယ်အတွင်းရှိ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် တန်းအောင် ကျောင်းသား/သူ ၃၄၁ ဦးတို့က ဂုဏ်ပြုဆုများ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
.
တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ပအိုဝ်းကျောင်းသား/သူများအား ဂုဏ်ပြုဆု ချီးမြှင့်ပေးခြင်းဖြင့် ပညာတတ် လူငယ်မောင်မယ်များ များစွာပေါ်ထွက်လာစေရန်နှင့် လက်ရှိအတန်းပညာသင် ယူနေ သော ကျောင်းသား/သူ များလည်း ပညာသင်ယူလိုစိတ်ပြင်းပြလာစေရန်၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများ ရှေ့ဆက် တက်ရောက်သင်ယူမည့် တက္ကသိုလ်၊ ကောလိပ်နှင့် အသက်မွေးဝမ်းကျောင်းနှင့်ဆိုင်သည့် သင်တန်းကျောင်းများ တက်ရောက် လျှောက်ထားရာတွင် သိသင့်သိထိုက်သည့် ပညာရေးဆိုင်ရာသတင်းအချက်အလက်များ မျှဝေပေးနိုင်ရန်နှင့် နှစ်စဉ်အလိုက် တက္ကသိုလ်ဝင်တန်းအောင် ပအိုဝ်းကျောင်းသား/သူများစာရင်းကို သိရှိပြုစုထားနိုင်ရန်  ရည်ရွယ်၍ ယင်းကဲ့သို့ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats