ဟိုပံုးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား အသက္ ၂၁ ႏွစ္ေအာက္ ရပ္ကြက္/ေက်းရြာေပါင္းစံု ေဘာလံုးၿပိဳင္ပြဲ က်င္းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 30, 2019

ဟိုပံုးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား အသက္ ၂၁ ႏွစ္ေအာက္ ရပ္ကြက္/ေက်းရြာေပါင္းစံု ေဘာလံုးၿပိဳင္ပြဲ က်င္းပ


ထက္ထက္ (ဟိုပံုး)
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား အသက္ ၂၁ ႏွစ္ေအာက္ ရပ္ကြက္/ေက်းရြာေပါင္းစံု ေဘာလံုးၿပိဳင္ပြဲ ဖြင့္ပြဲကို ဇူလိုင္လ ၂၉ ရက္၊ ညေနပိုင္းက ဟိုပံုးၿမိဳ႕နယ္ အားကစားကြင္းတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
 .
ၿမိဳ႕နယ္အတြင္းရွိ ရြက္ပုန္းီးလူငယ္ မ်ိဳးဆက္သစ္အားကစားသမားမ်ား ေပၚထြန္းလာေစရန္၊ ႏိုင္ငံေတာ္၏ အားကစား အဆင့္အတန္းတိုးတက္ျမင့္မားရန္ႏွင့္ မိမိၿမိဳ႕နယ္ဂုဏ္၊ မိမိေဒသဂုဏ္ ေဆာင္ႏိုင္မည့္ အားကစား သမားမ်ား ေပၚထြက္လာေစရန္ရည္ရြယ္၍ အဆိုပါ ေဘာလံုးၿပိဳင္ပြဲကို က်င္းပျပဳလုပ္ရျခင္းျဖစ္ေၾကာင္း သိရသည္။
.
ေဘာလံုးၿပိဳင္ပြဲ ဖြင့္ပြဲတြင္ ဟိုပံုးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္က "ယခုေဘာလံုးၿပိဳင္ပြဲမွာ အားကစားသမားမ်ားအေနနဲ႔ အားကစားသမား စိတ္ဓာတ္အရင္းခံၿပီး၊ ဒိုင္လူႀကီးမ်ားရဲ႕ဆံုးျဖတ္ခ်က္ကို နာခံၾကရန္၊ သတ္မွတ္ထားေသာ ဥပေဒေဘာင္စည္းမ်ဥ္းမ်ားအရ သန္႔ရွင္းစြာ ယွဥ္ၿပိဳင္ကစားသြားၾကရန္၊ ၿမိဳ႕နယ္အဆင့္မွ ခရိုင္၊ ခရိုင္ အဆင့္မွ ျပည္နယ္၊ ျပည္နယ္အဆင့္မွ ႏိုင္ငံ့လက္ေရြးစင္အထိ တက္လွမ္းႏိုင္ေရး ရည္မွန္းခ်က္ထားကာ အားသြန္ခြန္စိုက္ ယွဥ္ၿပိဳင္ကစားသြားၾကရန္" အမွာစကား ေျပာၾကားခဲ့သည္။
.
ထို႔အတူ ဟိုပံုးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးနန္းတင့္ကလည္း "ၿပိဳင္ပြဲက်င္းပေရးေကာ္မတီ၊ ကြင္းျပင္ဆင္ေရးေကာ္မတီ၊ ျပန္ၾကားေရးဆပ္ေကာ္မတီ၊ က်န္းမာေရးေကာ္မတီ၊ လံုၿခံဳေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရး ဆပ္ေကာ္မတီ တို႔ဖြဲ႔စည္းကာ လုပ္ငန္းတာ၀န္မ်ားကိုလည္း ခြဲေ၀ေပးထားၿပီးျဖစ္ေၾကာင္း၊ အားကစားထူးခၽြန္ေစရန္ ဘက္ေပါင္းစံု အရည္အေသြးျပည့္မွီရန္ လိုအပ္ေၾကာင္း၊ ျပည္သူမ်ား၏ အားေပးမႈ၊ အားကစား၀ါသနာရွင္မ်ား၏ ကူညီေထာက္ပံ႔မႈတို႔အျပင္ အဓိကက်သည့္ အားကစားသမားမ်ားႏွင့္ စီမံအုပ္ခ်ဳပ္သူမ်ား၏ ခံယူခ်က္မွန္ကန္ရန္ႏွင့္ ဇြဲ၊စိတ္ဓာတ္ကို အရင္းခံၿပီးႀကိဳးစားအားထုတ္မႈ ထက္ျမက္ရန္ အထူးလိုအပ္ေၾကာင္း" ေျပာၾကားသည္။
.
"ႏိုင္ငံေတာ္ကလည္း ျမန္မာ့ေဘာလံုးအဆင့္အတန္း တိုးတက္ျမင့္မားေရးအတြက္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႔ခ်ဳပ္မ်ားကို ဖြဲ႔စည္းေပးခဲ႔ၿပီး၊ အသက္(၁၃)ႏွစ္ေအာက္၊ အသက္(၁၅)ႏွစ္ေအာက္နဲ႔ အသက္(၁၇)ႏွစ္ေအာက္ ေဘာလံုးအသင္း ေတြမွာ လူငယ္လက္ေရြးစင္မ်ား ေရြးခ်ယ္ၿပီး တစ္ႏွစ္ပတ္လံုး စဥ္ဆက္မျပတ္ေလ့က်င့္ေပးလ်က္ရွိပါတယ္" ဟု ဟိုပံုး ၿမိဳ႕နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ေဒၚနႏၵာလိႈင္က ေျပာသည္။
.
အဆိုပါ ေဘာလံုးၿပိဳင္ပြဲတြင္ ဟိုပံုးၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္ႏွင့္ ေက်းရြာမ်ားမွ ေဘာလံုးအသင္း စုစုေပါင္း ၃၁ သင္း ပါဝင္ယွဥ္ၿပိဳင္ကစားလ်က္ရွိၿပီး ပထမဆုရရွိေသာ အသင္းကို ေငြက်ပ္ ၈ သိန္း၊ ဒုတိယဆုရ အသင္းကို က်ပ္ ၅ သိန္း ႏွင့္ ေနရာအလိုက္ အေကာင္းဆံုး အားကစားသမားဆုမ်ားကိုလည္း ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
အသက္(၂၁)ႏွစ္ေအာက္ ရပ္ကြက္/ေက်းရြာေပါင္းစံု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား ေဘာလံုးၿပိဳင္ပြဲဖြင့္ပြဲသို႔ ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႔၀င္မ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးခြန္ေမာင္ျဖဴ၊ ဟိုပံုးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးနန္းတင့္ႏွင့္ ဌာနဆိုင္ရာတာ၀န္ရွိသူမ်ား၊ က်န္းမာေရး၊ၾကက္ေျခနီ၊ ၿပိဳင္ပြဲ၀င္ အားကစားသမားမ်ား၊ အားကစား၀ါသနာရွင္မ်ားႏွင့္ ရွမ္းျပည္နယ္ေဘာလံုးအဖြဲ႔ခ်ဳပ္မွ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကကာ၊ ဖြင့္ပြဲအခမ္း အနားတြင္ ဟိုပံုးၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနႏွင့္ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္းမွ ေက်ာင္းသား/ေက်ာင္းသူ မ်ားတို္႕က အာရွျမန္မာ ေတးသီခ်င္းျဖင့္လည္းေကာင္း၊ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္းမွ ဘင္ခရာတပ္ဖြဲ႔ မွ သရုပ္ျပ ကျပေဖ်ာ္ေျဖေပးသြားၿပီး၊ ကျပေဖ်ာ္ေျဖသြားသည့္ အဖြဲ႔မ်ားအား ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးနန္းတင့္က ဂုဏ္ျပဳ လက္ေဆာင္ေပးအပ္ခဲ့သည္။
.
ထို႔ေနာက္ ရွမ္းျပည္နယ္ ေဘာလံုးအဖြဲ႔ခ်ဳပ္မွ ၿပိဳင္ပြဲတြင္ အသံုးျပဳႏိုင္ေရးအတြက္ ေဘာလံုးမ်ား ေပးအပ္ခဲ႔ၿပီး ပြဲစဥ္(၁)အျဖစ္လြယ္အြန္႔ေက်းရြာအုပ္စုေဘာလံုးအသင္းႏွင့္ ေတာင္ရပ္ကြက္ (၂) ေဘာလံုးအသင္းတို႔ ယဥ္ၿပိဳင္ကစားၾကရာ ေတာင္ရပ္ကြက္(၂)ေဘာလံုး အသင္းက လြယ္အြန္႔ေက်းရြာအုပ္စုေဘာလံုးအသင္းကို ၃ ဂိုး ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ေၾကာင္း သိရသည္။
.
ဟိုပံုးၿမိဳ႕နယ္မွ ျမန္မာ့လက္ေရြးစင္ဂိုးသမား ျမဖူးငံု၊ ျမန္မာေနရွင္နယ္လိဂ္ (U-19) ၿပိဳင္ပြဲ Shan United ေဘာလံုးအသင္းတြင္ ခြန္ေအာင္ႏိုင္၊ ျမန္မာႏိုင္ငံတကၠသိုလ္လက္ေရြးစင္ ခြန္၀င္းဗိုလ္ႏွင့္ စို္င္းဇြဲဆက္ ၊ (U-15) အမ်ိဳးသမီးျမန္မာ့လက္ေရြးစင္ နန္းခ်ိဳေမြး (U-13) ရွမ္း/ေတာင္ အမ်ိဳးသမီးအသင္းတြင္ နန္းေအာင္ဖူးတို႔ကို ေမြးထုတ္ေပးႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
.
============================================================
ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက် ၂၁ နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ
.
ထက်ထက် (ဟိုပုံး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက် ၂၁ နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင်လ ၂၉ ရက်၊ ညနေပိုင်းက ဟိုပုံးမြို့နယ် အားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
မြို့နယ်အတွင်းရှိ ရွက်ပုန်းသီးလူငယ် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်၏ အားကစား အဆင့်အတန်းတိုးတက်မြင့်မားရန်နှင့် မိမိမြို့နယ်ဂုဏ်၊ မိမိဒေသဂုဏ် ဆောင်နိုင်မည့် အားကစား သမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အဆိုပါ ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
.
ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က "ယခုဘောလုံးပြိုင်ပွဲမှာ အားကစားသမားများအနေနဲ့ အားကစားသမား စိတ်ဓာတ်အရင်းခံပြီး၊ ဒိုင်လူကြီးများရဲ့ဆုံးဖြတ်ချက်ကို နာခံကြရန်၊ သတ်မှတ်ထားသော ဥပဒေဘောင်စည်းမျဉ်းများအရ သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားသွားကြရန်၊ မြို့နယ်အဆင့်မှ ခရိုင်၊ ခရိုင် အဆင့်မှ ပြည်နယ်၊ ပြည်နယ်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အထိ တက်လှမ်းနိုင်ရေး ရည်မှန်းချက်ထားကာ အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားသွားကြရန်" အမှာစကား ပြောကြားခဲ့သည်။
.
ထို့အတူ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်ကလည်း "ပြိုင်ပွဲကျင်းပရေးကော်မတီ၊ ကွင်းပြင်ဆင်ရေးကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ တို့ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကိုလည်း ခွဲဝေပေးထားပြီးဖြစ်ကြောင်း၊ အားကစားထူးချွန်စေရန် ဘက်ပေါင်းစုံ အရည်အသွေးပြည့်မှီရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ အားပေးမှု၊ အားကစားဝါသနာရှင်များ၏ ကူညီထောက်ပံ့မှုတို့အပြင် အဓိကကျသည့် အားကစားသမားများနှင့် စီမံအုပ်ချုပ်သူများ၏ ခံယူချက်မှန်ကန်ရန်နှင့် ဇွဲ၊စိတ်ဓာတ်ကို အရင်းခံပြီးကြိုးစားအားထုတ်မှု ထက်မြက်ရန် အထူးလိုအပ်ကြောင်း" ပြောကြားသည်။
.
"နိုင်ငံတော်ကလည်း မြန်မာ့ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များကို ဖွဲ့စည်းပေးခဲ့ပြီး၊ အသက်(၁၃)နှစ်အောက်၊ အသက်(၁၅)နှစ်အောက်နဲ့ အသက်(၁၇)နှစ်အောက် ဘောလုံးအသင်း တွေမှာ လူငယ်လက်ရွေးစင်များ ရွေးချယ်ပြီး တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ်လေ့ကျင့်ပေးလျက်ရှိပါတယ်" ဟု ဟိုပုံး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန္ဒာလှိုင်က ပြောသည်။
.
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဟိုပုံးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဘောလုံးအသင်း စုစုပေါင်း ၃၁ သင်း ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး ပထမဆုရရှိသော အသင်းကို ငွေကျပ် ၈ သိန်း၊ ဒုတိယဆုရ အသင်းကို ကျပ် ၅ သိန်း နှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခွန်မောင်ဖြူ၊ ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး၊ကြက်ခြေနီ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြကာ၊ ဖွင့်ပွဲအခမ်း အနားတွင် ဟိုပုံးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ များတို့်က အာရှမြန်မာ တေးသီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့ မှ သရုပ်ပြ ကပြဖျော်ဖြေပေးသွားပြီး၊ ကပြဖျော်ဖြေသွားသည့် အဖွဲ့များအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်က ဂုဏ်ပြု လက်ဆောင်ပေးအပ်ခဲ့သည်။
.
ထို့နောက် ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ်မှ ပြိုင်ပွဲတွင် အသုံးပြုနိုင်ရေးအတွက် ဘောလုံးများ ပေးအပ်ခဲ့ပြီး ပွဲစဉ်(၁)အဖြစ်လွယ်အွန့်ကျေးရွာအုပ်စုဘောလုံးအသင်းနှင့် တောင်ရပ်ကွက် (၂) ဘောလုံးအသင်းတို့ ယဉ်ပြိုင်ကစားကြရာ တောင်ရပ်ကွက်(၂)ဘောလုံး အသင်းက လွယ်အွန့်ကျေးရွာအုပ်စုဘောလုံးအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
.
ဟိုပုံးမြို့နယ်မှ မြန်မာ့လက်ရွေးစင်ဂိုးသမား မြဖူးငုံ၊ မြန်မာနေရှင်နယ်လိဂ် (U-19) ပြိုင်ပွဲ Shan United ဘောလုံးအသင်းတွင် ခွန်အောင်နိုင်၊ မြန်မာနိုင်ငံတက္ကသိုလ်လက်ရွေးစင် ခွန်ဝင်းဗိုလ်နှင့် စို်င်းဇွဲဆက် ၊ (U-15) အမျိုးသမီးမြန်မာ့လက်ရွေးစင် နန်းချိုမွေး၊ (U-13) ရှမ်း/တောင် အမျိုးသမီးအသင်းတွင် နန်းအောင်ဖူးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats