ေတာင္ႀကီးတြင္ ဆိုင္ကယ္ စမ္းသပ္ေမာင္းႏွင္ႏိုင္ေသာ အခမ္းအနားကို Honda NCX Myanmar က ျပဳလုပ္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, July 23, 2019

ေတာင္ႀကီးတြင္ ဆိုင္ကယ္ စမ္းသပ္ေမာင္းႏွင္ႏိုင္ေသာ အခမ္းအနားကို Honda NCX Myanmar က ျပဳလုပ္မည္


Honda NCX Myanmar မွ ဆိုင္ကယ္ စမ္းသပ္ေမာင္းႏွင္သည့္ အခမ္းအနား (Test Ride Event)ကို ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမဳိ႕ရွိ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းခန္းမတြင္ ဇူလိုင္လ ၂၇ ရက္မွ ၂၈ ရက္ထိ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ အခမ္းအနားသို႔ တက္ေရာက္သူမ်ားအေနျဖင့္ Honda New Wave 100 ဆိုင္ကယ္ကို စမ္းသပ္ စီးနင္းေမာင္းႏွင္ခြင့္ရမည္ ျဖစ္ကာ စမ္းသပ္ေမာင္းႏွင္သူမ်ားအတြက္ ကံစမ္းမဲ အစီအစဥ္မ်ားကို ထည့္သြင္းသြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။
.
“ ဆိုင္ကယ္ စမ္းသပ္စီးနင္း ေမာင္းႏွင္သူေတြအတြက္ ကံစမ္းမဲ အထူးအစီအစဥ္ ပါရွိပါမယ္။ ၿပီးေတာ့ မည္သည့္ တရုတ္ဆိုင္ကယ္ အမ်ဳိးအစားကို မဆို  Honda အင္ဂ်င္၀ိုင္ အခမဲ့ လဲလွယ္ေပးမွာ ျဖစ္ၿပီးေတာ့ ဆိုင္ကယ္ျပဳျပင္ ထိန္းသိမ္းျခင္းအတြက္ လက္ခ ၀န္ေဆာင္မႈကိုလည္း အခမဲ့ ေဆာင္ရြက္ေပးမွာ ျဖစ္ပါတယ္။” ဟု Honda NCX Myanmar မွ တာ၀န္ရွိသူ တစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထို႔အျပင္ ယင္းအခမ္းအနားတြင္ GL-AMMK မွ ဆိုင္ကယ္မ်ားကို  ၂၀ ရာခိုင္ႏႈန္း Down Payment ျဖင့္ အတိုးႏႈန္း သက္သာစြာ ဝယ္ယူရ႐ွိႏိုင္မည္ ျဖစ္ကာ ဇူလိုင္လ ၂၇ ရက္မွ ၂၈ ရက္အတြင္း ေန႔စဥ္ နံနက္ ၉ နာရီမွ ညေန ၄ နာရီထိ ဆိုင္ကယ္ စမ္းသပ္ ေမာင္းႏွင္ျခင္း၊ ဆိုင္ကယ္ ျပဳျပင္ေပးျခင္း (လက္ခ အခမဲ့)ႏွင့္ ဆိုင္ကယ္ ေရာင္းခ်ေပးျခင္းမ်ားကို ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။


==================

တောင်ကြီးတွင် ဆိုင်ကယ် စမ်းသပ်မောင်းနှင်နိုင်သော အခမ်းအနားကို Honda NCX Myanmar က ပြုလုပ်မည်
.
Honda NCX Myanmar မှ ဆိုင်ကယ် စမ်းသပ်မောင်းနှင်သည့် အခမ်းအနား (Test Ride Event)ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမတွင် ဇူလိုင်လ ၂၇ ရက်မှ ၂၈ ရက်ထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားသို့ တက်ရောက်သူများအနေဖြင့် Honda New Wave 100 ဆိုင်ကယ်ကို စမ်းသပ် စီးနင်းမောင်းနှင်ခွင့်ရမည် ဖြစ်ကာ စမ်းသပ်မောင်းနှင်သူများအတွက် ကံစမ်းမဲ အစီအစဉ်များကို ထည့်သွင်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
.
“ ဆိုင်ကယ် စမ်းသပ်စီးနင်း မောင်းနှင်သူတွေအတွက် ကံစမ်းမဲ အထူးအစီအစဉ် ပါရှိပါမယ်။ ပြီးတော့ မည်သည့် တရုတ်ဆိုင်ကယ် အမျိုးအစားကို မဆို  Honda အင်ဂျင်ဝိုင် အခမဲ့ လဲလှယ်ပေးမှာ ဖြစ်ပြီးတော့ ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းခြင်းအတွက် လက်ခ ဝန်ဆောင်မှုကိုလည်း အခမဲ့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။” ဟု Honda NCX Myanmar မှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ယင်းအခမ်းအနားတွင် GL-AMMK မှ ဆိုင်ကယ်များကို  ၂၀ ရာခိုင်နှုန်း Down Payment ဖြင့် အတိုးနှုန်း သက်သာစွာ ဝယ်ယူရရှိနိုင်မည် ဖြစ်ကာ ဇူလိုင်လ ၂၇ ရက်မှ ၂၈ ရက်အတွင်း နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဆိုင်ကယ် စမ်းသပ် မောင်းနှင်ခြင်း၊ ဆိုင်ကယ် ပြုပြင်ပေးခြင်း (လက်ခ အခမဲ့)နှင့် ဆိုင်ကယ် ရောင်းချပေးခြင်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment