လျှပ်စစ်ကဏ္ဍ အရှုံးပေါ်ခြင်းနှင့် ပတ်သက်၍ ဓါတ်အားခ တိုးမြှင့်ကောက်ခံခြင်းမှာ မှန်ကန်သည့် ဖြေရှင်းမှုမဟုတ် ဟုဆို - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Boxed(True/False)
Monday, July 29, 2019
မင်းဇော်မင်း
.
.
 .
.
.
၂၀၁၄ ခုနှစ်၊ EIA အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အား အားလုံး၏ ၂၀ ရာခိုင်နှုန်းခန့်မှာ ဆုံးရှုံးနေရပြီး ဓါတ်အားပို့လွှတ်ချိန်တွင် ရာခိုင်နှုန်း၊ နည်းပညာကြောင့် ပျောက်ဆုံးမှု ရာခိုင်နှုန်း နှင့် နည်းပညာကြောင့် မဟုတ်သော တရားမဝင် ခိုးယူသုံးစွဲမှုများကြောင့် ၁၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးနေရကြောင်း သိရ သည်။
.
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် နွေရာသီကာလ၌ တစ်ရက် လျှင် လျှပ်စစ်ဓါတ်အားသုံးစွဲမှု ယူနစ် ၈၁၆ သိန်းနှင့် မိုးရာသီကာလတွင် တစ်ရက်လျှင် ဓါတ်အားယူနစ် ၅၀၄ ဒသမ သိန်း အထိ ရှိနေကြောင်း သိရသည်။
.
.
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အမေရိကန်ဒေါ်လာ ဘီလီယံကျော် တန်ဖိုးရှိ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည့် စီမံကိန်းလုပ်ငန်းကြီး ခုကို တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အတွင်း ကန့်ကွက်မှုနှင့် ကြုံခဲ့ရဖူးကြောင်း သိရသည်။
.
============================================================
လျှပ်စစ်ကဏ္ဍ အရှုံးပေါ်ခြင်းနှင့် ပတ်သက်၍ ဓါတ်အားခ တိုးမြှင့်ကောက်ခံခြင်းမှာ မှန်ကန်သည့် ဖြေရှင်းမှုမဟုတ် ဟုဆို
.
မင်းဇော်မင်း
.
နေပြည်တော်တွင် ဇူလိုင်လ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသား လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက လျှပ်စစ်ကဏ္ဍ အရှုံးပေါ်ခြင်းနှင့် ပတ်သက်၍ ဓါတ်အားခ တိုးမြှင့်ကောက်ခံခြင်းမှာ မှန်ကန်သည့် ဖြေရှင်းမှု မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
.
လျှပ်စစ်ကဏ္ဍ အရှုံးပေါ်ခြင်းနှင့် ပတ်သက်၍ ဓါတ်အားခိုးသုံးနေသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင် များကို ဖော်ထုတ်အရေးယူရန် လိုအပ်နေပြီး အရှုံးပေါ်၍ မီတာခ တိုးမြှင့်ကောက်ခံခြင်းသည် အဖြေမဟုတ်ဘဲ ဓါတ် အားခ တိုးမြှင့်ကောက်ခံမှုကြောင့် ခိုးယူသုံးစွဲမှု ပိုမိုများပြားလာမည်ဖြစ်သည်ဟု ၎င်းက ပြောဆို ခဲ့သည်။
.
၂၀၁၀ ကတည်းက ထရန်စဖော်မာ တစ်လုံးထောင်ပြီး တစ်လ ၇ သိန်းကျော်ဆောင်ရမယ့် မီတာခကို ဝန်ထမ်းနဲ့ညှိပြီး တစ်လတစ်သိန်းပဲ ဆောင်လိုတဲ့ လုပ်ငန်းရှင်မျိုးတွေ၊ မတို့ရဲ မထိရဲတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ၊ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေအနေနဲ့ မီတာယူနစ် နှေးကွေးအောင် ကွိုင်ပတ်ပြီး ကျသင့်တဲ့ ဓာတ်အား ခ လျော့နည်းအောင်စသဖြင့် လုပ်ပြီး ခိုးယူမှုပုံစံအမျိုးမျိုး နေရာအနှံ့ တစ်ပြည်လုံး ဒီနေ့အထိ ရှိနေဆဲဖြစ်ပါတယ်။ ဒါတွေကို လျော့ပါးအောင်လုပ်ရမှာ ဌာနရဲ့တာဝန်သာဖြစ်တာမို့ ဘတ်ဂျက်ပိုတောင်းတဲ့ တစ်ပွဲထိုးကုထုံး အပြင် အမြဲခိုးနေတာတွေကို ဖော်ထုတ်ဖို့ အရေးကြီးတယ်ဆိုတာ တင်ပြချင်တယ်။ ဓါတ်အားခ ဆုံးရှုံးတာတွေ ကာမိအောင် ဓါတ်အားခ တိုးမြှင့်ကောက်ခံတာတွေဟာ အဖြေမဟုတ်ပါဘူး” ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။
.
၂၀၁၄ ခုနှစ်၊ EIA အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အား အားလုံး၏ ၂၀ ရာခိုင်နှုန်းခန့်မှာ ဆုံးရှုံးနေရပြီး ဓါတ်အားပို့လွှတ်ချိန်တွင် ၃ ရာခိုင်နှုန်း၊ နည်းပညာကြောင့် ပျောက်ဆုံးမှု ၇ ရာခိုင်နှုန်း နှင့် နည်းပညာကြောင့် မဟုတ်သော တရားမဝင် ခိုးယူသုံးစွဲမှုများကြောင့် ၁၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးနေရကြောင်း သိရ သည်။
.
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် နွေရာသီကာလ၌ တစ်ရက် လျှင် လျှပ်စစ်ဓါတ်အားသုံးစွဲမှု ယူနစ် ၈၁၆ သိန်းနှင့် မိုးရာသီကာလတွင် တစ်ရက်လျှင် ဓါတ်အားယူနစ် ၅၀၄ ဒသမ ၄ သိန်း အထိ ရှိနေကြောင်း သိရသည်။
.
လက်ရှိတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ် ဆေးမှုများ ပြုလုပ်လျက်ရှိကာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ ကျန်းမာရေးအရ နိုင်ငံတော်သမ္မတထံ ဆေးခွင့် တောင်းခံ အနားယူနေပြီး ဝန်ကြီးဌာနကို ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဆက်လက်တာဝန်ယူထားသည်။
.
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် တန်ဖိုးရှိ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည့် စီမံကိန်းလုပ်ငန်းကြီး ၄ ခုကို တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အတွင်း ကန့်ကွက်မှုနှင့် ကြုံခဲ့ရဖူးကြောင်း သိရသည်။
.
No comments:
Post a Comment
Journal Download
Photo of three cats