ခြန္သက္ထူး
.
႐ွမ္းျပည္နယ္
ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ဟဲဟိုးၿမိဳ႕တြင္ မသကၤာဖြယ္သူ ၂ ဦးအား စစ္ေဆး ေမးျမန္းစဥ္ ခိုးယူထားသည့္ သက္ေသခံ
ဆိုင္ကယ္ ၁၀ စီးႏွင့္အတူ ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့ေၾကာင္း
သိရသည္။
.
ဟဲဟိုးနယ္ေျမရဲစခန္းမွ ေခတၱနယ္ထိန္း ေခါင္းေဆာင္ ဒုရဲအုပ္ ထြန္းႏိုင္ဝင္း ဦးစီးေသာ
ရဲတပ္ဖဲြ႕၀င္မ်ားသည္ ဇူလိုင္လ ၄ ရက္က သကၤာမကင္းဖြယ္ရာ ဖိုးလျပည့္ (ခ) ဝင္းဦးႏွင့္ သက္ပိုင္ဦးတို႔ ၂ ဦးအား စစ္ေဆးစဥ္ ၄င္းတို႔
ခိုးယူထားသည့္ သက္ေသခံပစၥည္း
ဆိုင္ကယ္ ၁၀ စီးအား ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့ျခင္း
ျဖစ္ေၾကာင္း သိရသည္။
.
" မသကၤာလို႔
စစ္လိုက္ေတာ့ ေပၚလာတာ။ ပိုင္႐ွင္ကေတာ့ တစ္စီးပဲ ေပၚေသးတယ္။ ဟဲဟုိးပတ္ဝန္းက်င္က ဝွက္ထားတဲ့ ေနရာေတြကေန လိုက္သိမ္းတာပါ။ ဆိုင္ကယ္ ေပ်ာက္ဆံုးသူမ်ား အေနနဲ႔ မိမိတို႔
ဆိုင္ကယ္ေတြ ဟုတ္/မဟုတ္ ဟဲဟိုးရဲစခန္းသို႔
လာေရာက္ ေမးျမန္းႏုိင္ပါတယ္။'' ဟု ကေလာၿမိဳ႕နယ္၊ ေခတၱၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴး လွႏိုင္က ကမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ ဖိုးလျပည့္(ခ)
ဝင္းဦးႏွင့္ သက္ပိုင္ဦးတို႔ ၂ ဦးအား ဟဲဟိုးနယ္ေျမရဲစခန္းမွ (ပ)၃၀/၂၀၁၉
ရာဇသတ္ႀကီး ပုဒ္မ ၃၇၉ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
==================
ဟဲဟိုးတွင် မသင်္ကာဖွယ်သူ ၂ ဦးအား စစ်ဆေးစဉ် ခိုးယူထားသည့် ဆိုင်ကယ် ၁၀ စီးနှင့်အတူ
ဖမ်းဆီးရမိ
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ် တောင်ပိုင်း၊
ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် မသင်္ကာဖွယ်သူ ၂ ဦးအား စစ်ဆေး မေးမြန်းစဉ် ခိုးယူထားသည့်
သက်သေခံ ဆိုင်ကယ် ၁၀ စီးနှင့်အတူ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဟဲဟိုးနယ်မြေရဲစခန်းမှ
ခေတ္တနယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ထွန်းနိုင်ဝင်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ
၄ ရက်က သင်္ကာမကင်းဖွယ်ရာ ဖိုးလပြည့် (ခ) ဝင်းဦးနှင့် သက်ပိုင်ဦးတို့ ၂ ဦးအား စစ်ဆေးစဉ်
၎င်းတို့ ခိုးယူထားသည့် သက်သေခံပစ္စည်း ဆိုင်ကယ်
၁၀ စီးအား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
" မသင်္ကာလို့ စစ်လိုက်တော့
ပေါ်လာတာ။ ပိုင်ရှင်ကတော့ တစ်စီးပဲ ပေါ်သေးတယ်။
ဟဲဟိုးပတ်ဝန်းကျင်က ဝှက်ထားတဲ့ နေရာတွေကနေ လိုက်သိမ်းတာပါ။ ဆိုင်ကယ် ပျောက်ဆုံးသူများ
အနေနဲ့ မိမိတို့ ဆိုင်ကယ်တွေ ဟုတ်/မဟုတ် ဟဲဟိုးရဲစခန်းသို့ လာရောက် မေးမြန်းနိုင်ပါတယ်။'' ဟု ကလောမြို့နယ်၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး လှနိုင်က ကမ္ဘာဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ဖိုးလပြည့်(ခ)
ဝင်းဦးနှင့် သက်ပိုင်ဦးတို့ ၂ ဦးအား ဟဲဟိုးနယ်မြေရဲစခန်းမှ
(ပ)၃၀/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
No comments:
Post a Comment