ေတာင္ႀကီး စ၀္စံထြန္းေဆးရံုတြင္ ေဆးကုသမႈ ခံယူေနသည့္ အမ်ိဳးသမီးထံမွ H1N1 ပိုး ေတြ႕ရွိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, July 23, 2019

ေတာင္ႀကီး စ၀္စံထြန္းေဆးရံုတြင္ ေဆးကုသမႈ ခံယူေနသည့္ အမ်ိဳးသမီးထံမွ H1N1 ပိုး ေတြ႕ရွိ


ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမဳိ႕ရွိ စ၀္စံထြန္းေဆးရံု၌ ေဆးကုသမႈ ခံယူေနေသာ ေညာင္ေရႊၿမဳိ႕မွ လူနာ အမ်ိဳးသမီး တစ္ဦးအား ၿပီးခဲ့သည့္ ဇူလိုင္လ ၂၀ ရက္တြင္ ရာသီတုပ္ေကြး H1N1 သံသယရွိသျဖင့္ ေသြးနမူနာအား ဓါတ္ခြဲခန္းသို႔  ပို႔၍ စစ္ေဆးမႈမ်ား ျပဳလုပ္ရာ ယေန႔( ဇူလိုင္လ ၂၃ ရက္)တြင္ H1N1 ပိုး ရွိေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။
.
“ H1N1 သံသယ ရွိလို႔ ကၽြန္ေတာ္တို႔က စစ္လိုက္ေတာ့ ဒီေန႔ကေတာ့ Positve ထြက္တယ္၊ ဒါေပမယ့္ လူနာကေတာ့ မဖ်ားတာေတာ့ ၂ ရက္ ရွိသြားၿပီ၊ အေျခအေနကေတာ့ ေကာင္းပါတယ္။” ဟု ရွမ္းျပည္နယ္ အစိုးရအဖဲြ႕၀င္ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာ မ်ိဳးထြန္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ လူနာ၏ ေရာဂါအေျခအေနမွာ ေကာင္းမြန္ေနၿပီ ျဖစ္ေသာ္လည္း ေရာဂါအား ကာကြယ္သည့္ အေနျဖင့္ စ၀္စံထြန္းေဆးရံု၊ သီးသန္႔လူနာေဆာင္၌ ဇူလိုင္လ ၂၆ ရက္ထိ ေစာင့္ၾကည့္ ထိန္းထားမည္ ျဖစ္ကာ အေျခအေန ေကာင္းမြန္လာပါက ေဆးရံုမွ ဆင္းခြင့္ ေပးမည္ျဖစ္ေၾကာင္း ကိုလည္း ျပည္နယ္ ၀န္ႀကီးမွ ဆက္လက္ ေျပာၾကားခဲ့သည္။
.
ထို႔အျပင္ ေညာင္ေရႊၿမဳိ႕ရွိ လူနာအမ်ိဳးသမီး ေနထိုင္သည့္ ပတ္၀န္းက်င္ကိုလည္း က်န္းမာေရး ၀န္ထမ္းမ်ားမွ က်န္းမာေရး အသိပညာေပး လုပ္ငန္းမ်ား၊ ကာကြယ္ေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ ေပးၿပီး ျဖစ္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္အတြင္း၌ ယခင္ ျဖစ္ပြားေနသည့္ H1N1 ပိုးေတြ႕ လူနာမ်ားမွာလည္း ေရာဂါ အေျခအေန ေကာင္းမြန္သည့္ အတြက္ ေဆးရံုမွ ဆင္းခြင့္ ရၿပီ ျဖစ္ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္အတြင္း၌ ၂၀၁၉ ခုႏွစ္အတြင္း (ဇူလိုင္လ ၂၂ ရက္ထိ) ရာသီတုပ္ေကြးေရာဂါ H1N1 ဓါတ္ခဲြ အတည္ျပဳ ျဖစ္ပြားသူ ၈ ဦးရွိေသာ္လည္း ေသဆံုးသူ မရွိဘဲ၊ တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ အတည္ျပဳ ျဖစ္ပြားသူ ၃၆၂ ဦး ရွိကာ ေသဆံုးသူ ၆၇ ဦး ရွိေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ ယေန႔ ဇူလိုင္လ ၂၃ ရက္တြင္ သတင္း ထုတ္ျပန္ထားသည္။


=================

တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် အမျိုးသမီးထံမှ H1N1 ပိုး တွေ့ရှိ
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသော ညောင်ရွှေမြို့မှ လူနာ အမျိုးသမီး တစ်ဦးအား ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် ရာသီတုပ်ကွေး H1N1 သံသယရှိသဖြင့် သွေးနမူနာအား ဓါတ်ခွဲခန်းသို့  ပို့၍ စစ်ဆေးမှုများ ပြုလုပ်ရာ ယနေ့( ဇူလိုင်လ ၂၃ ရက်)တွင် H1N1 ပိုး ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
“ H1N1 သံသယ ရှိလို့ ကျွန်တော်တို့က စစ်လိုက်တော့ ဒီနေ့ကတော့ Positve ထွက်တယ်၊ ဒါပေမယ့် လူနာကတော့ မဖျားတာတော့ ၂ ရက် ရှိသွားပြီ၊ အခြေအနေကတော့ ကောင်းပါတယ်။” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လူနာ၏ ရောဂါအခြေအနေမှာ ကောင်းမွန်နေပြီ ဖြစ်သော်လည်း ရောဂါအား ကာကွယ်သည့် အနေဖြင့် စဝ်စံထွန်းဆေးရုံ၊ သီးသန့်လူနာဆောင်၌ ဇူလိုင်လ ၂၆ ရက်ထိ စောင့်ကြည့် ထိန်းထားမည် ဖြစ်ကာ အခြေအနေ ကောင်းမွန်လာပါက ဆေးရုံမှ ဆင်းခွင့် ပေးမည်ဖြစ်ကြောင်း ကိုလည်း ပြည်နယ် ဝန်ကြီးမှ ဆက်လက် ပြောကြားခဲ့သည်။
.
ထို့အပြင် ညောင်ရွှေမြို့ရှိ လူနာအမျိုးသမီး နေထိုင်သည့် ပတ်ဝန်းကျင်ကိုလည်း ကျန်းမာရေး ဝန်ထမ်းများမှ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ၊ ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင် ပေးပြီး ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အတွင်း၌ ယခင် ဖြစ်ပွားနေသည့် H1N1 ပိုးတွေ့ လူနာများမှာလည်း ရောဂါ အခြေအနေ ကောင်းမွန်သည့် အတွက် ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ ၂၀၁၉ ခုနှစ်အတွင်း (ဇူလိုင်လ ၂၂ ရက်ထိ) ရာသီတုပ်ကွေးရောဂါ H1N1 ဓါတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ၈ ဦးရှိသော်လည်း သေဆုံးသူ မရှိဘဲ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အတည်ပြု ဖြစ်ပွားသူ ၃၆၂ ဦး ရှိကာ သေဆုံးသူ ၆၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats