ဇြန္လႏွင့္ ဇူလိုင္လအတြင္း၌ ျပည္တြင္းေရႊေဈး သိသိသာသာ ျမင့္တက္လာေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 20, 2019

ဇြန္လႏွင့္ ဇူလိုင္လအတြင္း၌ ျပည္တြင္းေရႊေဈး သိသိသာသာ ျမင့္တက္လာေန


ေကာင္းမြန္
.
ကမၻာ႔ေရႊေဈးျမင့္တက္လာမႈႏွင့္ အတူ ျပည္တြင္းေရႊေဈးႏႈန္းမ်ားမွာ ဇြန္လႏွင့္ ဇူလို္င္လအတြင္း သိသိသာသာ ျမင့္တက္လာေနေၾကာင္း သိရသည္။
.
 .
၂၀၁၉ ခုႏွစ္၊ ဇြန္လ ၉ ရက္တြင္ ျပည္တြင္းေရႊေဈးႏႈန္းတစ္က်ပ္သားလွ်င္ ၁၀၇၀ဝ၀ဝ က်ပ္ရွိေနရာမွ ဇြန္ လ ၂၀ ရက္တြင္ တစ္က်ပ္သားလွ်င္ ၁၀၈၈၅၀ဝ က်ပ္အထိ ျမင့္တက္ခဲ့ၿပီး ေနာက္တစ္ရက္ျဖစ္ေသာ ဇြန္လ ၂၁ ရက္တြင္ ေရႊတစ္က်ပ္သားလွ်င္ ၁၁၁၅၀ဝ၀ က်ပ္အထိ ျမင့္တက္ခဲ့ၿပီး ဇူလိုင္လ ၁၁ ရက္တြင္ ၁၁၃၆၀ဝ၀ က်ပ္ ျမင့္တက္လာျခင္းျဖစ္သည္။
.
ကမၻာ႔ေရႊေဈးကြက္တြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၉ ရက္က ေရႊတစ္ေအာင္ စလွ်င္ အေမရိကန္ေဒၚလာ ၁၃၄၁ ဒ သမ ၂၀ ရွိခဲ့ရာမွ ဇူလိုင္လ ၁၁ ရက္ တြင္ ၁၄၀၄ ဒသမ ၃၀ ေဒၚလာအထိ ျမင့္တက္လာခဲ့ၿပီး တစ္လခန္႔အတြင္း ေရႊတစ္ေအာင္စလွ်င္ အေမရိကန္ေဒၚ လာ ၆၃ ေဒၚလာေက်ာ္ျမင့္တက္လာ ခဲ့သည္။
.
ယင္းကဲ့သို႔ ေရႊေဈးႏႈန္း ျမင့္ တက္ေနမႈႏွင့္ ပတ္သက္၍ ေတာင္ ႀကီးၿမိဳ႕ေပၚရွိ ေရႊဆိုင္လုပ္ငန္းရွင္ တစ္ဦးက “ေရႊေဈးက တက္ေနေတာ့ ကြ်န္မတို႔လည္း မေရာင္းရဘူး” ဟု ေျပာဆိုခဲ့သည္။
.
“ေရႊေဈးက ႀကီးလြန္းေတာ့ အနားေတာင္ မကပ္ႏိုင္ဘူး၊ သာမန္ဝန္ထမ္းလစာေလာက္နဲ႔ေတာ့ ေရႊကို ဝယ္ မဝတ္ႏိုင္ေသးဘူး၊ ေရႊဆိုတာ ဘာမွန္းကို မသိေတာ့တဲ့ အေျခအေနကို ေရာက္ေနၿပီ။” ဟု ေတာင္ႀကီးၿမိဳ႕ ေန ဝန္ထမ္းတစ္ဦးမွ ကေမၻာဇတိုင္း သို႔ ေျပာသည္။
.
ျပည္တြင္းေရႊေဈးသည္ ၂၀၁၈ ဒီဇင္ဘာလမွစတင္၍ တစ္ရိပ္ရိပ္ျမင့္ တက္လာခဲ့ၿပီး ၂၀၁၉ ဇူလိုင္လ အ ထိေရႊေဈးႏႈန္းမ်ား က်ဆင္းျခင္းမရွိဘဲ သိသိသာသာျမင့္တက္လ်က္ရွိသည္။
.
============================================================
ဇွန်လနှင့် ဇူလိုင်လအတွင်း၌ ပြည်တွင်းရွှေဈေး သိသိသာသာ မြင့်တက်လာနေ
.
ကောင်းမွန်
.
ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုနှင့် အတူ ပြည်တွင်းရွှေဈေးနှုန်းများမှာ ဇွန်လနှင့် ဇူလို်င်လအတွင်း သိသိသာသာ မြင့်တက်လာနေကြောင်း သိရသည်။
.
၂၀၁၉ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်းတစ်ကျပ်သားလျှင် ၁ဝရဝဝဝဝ ကျပ်ရှိနေရာမှ ဇွန် လ ၂၀ ရက်တွင် တစ်ကျပ်သားလျှင် ၁၀၈၈၅ဝဝ ကျပ်အထိ မြင့်တက်ခဲ့ပြီး နောက်တစ်ရက်ဖြစ်သော ဇွန်လ ၂၁ ရက်တွင် ရွှေတစ်ကျပ်သားလျှင် ၁၁၁၅ဝဝဝ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဇူလိုင်လ ၁၁ ရက်တွင် ၁၁၃၆ဝဝဝ ကျပ် မြင့်တက်လာခြင်းဖြစ်သည်။
.
ကမ္ဘာ့ရွှေဈေးကွက်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၉ ရက်က ရွှေတစ်အောင် စလျှင် အမေရိကန်ဒေါ်လာ ၁၃၄၁ ဒ သမ ၂၀ ရှိခဲ့ရာမှ ဇူလိုင်လ ၁၁ ရက် တွင် ၁၄၀၄ ဒသမ ၃၀ ဒေါ်လာအထိ မြင့်တက်လာခဲ့ပြီး တစ်လခန့်အတွင်း ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ် လာ ၆၃ ဒေါ်လာကျော်မြင့်တက်လာ ခဲ့သည်။
.
ယင်းကဲ့သို့ ရွှေဈေးနှုန်း မြင့် တက်နေမှုနှင့် ပတ်သက်၍ တောင် ကြီးမြို့ပေါ်ရှိ ရွှေဆိုင်လုပ်ငန်းရှင် တစ်ဦးက “ရွှေဈေးက တက်နေတော့ ကျွန်မတို့လည်း မရောင်းရဘူး” ဟု ပြောဆိုခဲ့သည်။
.
“ရွှေဈေးက ကြီးလွန်းတော့ အနားတောင် မကပ်နိုင်ဘူး၊ သာမန်ဝန်ထမ်းလစာလောက်နဲ့တော့ ရွှေကို ဝယ် မဝတ်နိုင်သေးဘူး၊ ရွှေဆိုတာ ဘာမှန်းကို မသိတော့တဲ့ အခြေအနေကို ရောက်နေပြီ။” ဟု တောင်ကြီးမြို့ နေ ဝန်ထမ်းတစ်ဦးမှ ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ပြည်တွင်းရွှေဈေးသည် ၂၀၁၈ ဒီဇင်ဘာလမှစတင်၍ တစ်ရိပ်ရိပ်မြင့် တက်လာခဲ့ပြီး ၂၀၁၉ ဇူလိုင်လ အ ထိရွှေဈေးနှုန်းများ ကျဆင်းခြင်းမရှိဘဲ သိသိသာသာမြင့်တက်လျက်ရှိသည်။
.

No comments:

Post a Comment