ကမၻာ႔ဖလား အာ႐ွေျခစစ္ပြဲအျဖစ္ ျမန္မာႏွင့္ မြန္ဂိုလီးယား စက္တင္ဘာ ၅ ရက္တြင္ ယွဥ္ၿပိဳင္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, July 27, 2019

ကမၻာ႔ဖလား အာ႐ွေျခစစ္ပြဲအျဖစ္ ျမန္မာႏွင့္ မြန္ဂိုလီးယား စက္တင္ဘာ ၅ ရက္တြင္ ယွဥ္ၿပိဳင္မည္


ကေမ႓ာဇတိုင္း
.
၂၀၂၂ ခုႏွစ္တြင္ က်င္းပမည့္ ကမၻာ့ဖလား ေဘာလံုးၿပိဳင္ပြဲ အာရွအုပ္စု ဒုတိယအဆင့္ ေျခစစ္ပြဲမ်ားအတြက္ ပြဲစဥ္ဇယားကို မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕၌ ဇူလိုင္လ ၁၇ ရက္က မဲႏိႈက္ ေရြးခ်ယ္ခဲ့ရာ အာရွႏိုင္ငံမ်ားမွ အသင္းေပါင္း ၄၀ ပါဝင္ယွဥ္ၿပိဳင္ၾကရမည္ ျဖစ္ကာ ယင္း အသင္း ၄၀ အား အုပ္စု ၈ စု ခြဲကာ ယွဥ္ၿပိဳင္ရမည္ ျဖစ္ၿပီး အုပ္စုအလိုက္ ဗိုလ္စြဲသည့္ အသင္းႏွင့္ အေကာင္းဆံုး ဒုတိယ ၄ သင္းတို႔မွာ တတိယ အုပ္စုအဆင့္ကို တက္ေရာက္ႏိုင္မည္ ျဖစ္သည္။
.
.
ျမန္မာအသင္းသည္ အုပ္စု F တြင္ ဂ်ပန္၊ ကာဂ်စ္စတန္၊ တာဂ်စ္ကစၥတန္၊ မြန္ဂိုလီးယားႏိုင္ငံတို႔ ႏွင့္အတူ ပါဝင္ေနၿပီး ပထမဆံုးပြဲစဥ္ အျဖစ္ မြန္ဂိုလီးယား အသင္းႏွင့္ စက္တင္ဘာလ ၅ ရက္တြင္ ယွဥ္ၿပိဳင္ ကစားရမည္ျဖစ္ကာ စက္တင္ဘာလ ၁၀ ရက္တြင္ ဂ်ပန္အသင္းႏွင့္ ယွဥ္ ၿပိဳင္ရမည္ ျဖစ္သည္။
.
အႏိုင္ရရွိေသာ ၁၂ သင္းသည္ အုပ္စု ၂ စုခြဲကာ အိမ္ကြင္း၊ အေဝးကြင္း ႏွစ္ေက်ာ့စီ ယွဥ္ၿပိဳင္ ကစား ရမည္ ျဖစ္ၿပီး ေနာက္ဆံုး စကာတင္ ၄ သင္းမွာ ၂၀၂၂  ကမၻာ့ ဖလား ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ ခြင့္ရမည္ ျဖစ္သည္။
.
============================================================
ကမ္ဘာ့ဖလား အာရှခြေစစ်ပွဲအဖြစ် မြန်မာနှင့် မွန်ဂိုလီးယား စက်တင်ဘာ ၅ ရက်တွင် ယှဉ်ပြိုင်မည်
.
ကမ္ဘောဇတိုင်း
.
၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အာရှအုပ်စု ဒုတိယအဆင့် ခြေစစ်ပွဲများအတွက် ပွဲစဉ်ဇယားကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ဇူလိုင်လ ၁၇ ရက်က မဲနှိုက် ရွေးချယ်ခဲ့ရာ အာရှနိုင်ငံများမှ အသင်းပေါင်း ၄၀ ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ကာ ယင်း အသင်း ၄၀ အား အုပ်စု ၈ စု ခွဲကာ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အုပ်စုအလိုက် ဗိုလ်စွဲသည့် အသင်းနှင့် အကောင်းဆုံး ဒုတိယ ၄ သင်းတို့မှာ တတိယ အုပ်စုအဆင့်ကို တက်ရောက်နိုင်မည် ဖြစ်သည်။
.
မြန်မာအသင်းသည် အုပ်စု F တွင် ဂျပန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားနိုင်ငံတို့ နှင့်အတူ ပါဝင်နေပြီး ပထမဆုံးပွဲစဉ် အဖြစ် မွန်ဂိုလီးယား အသင်းနှင့် စက်တင်ဘာလ ၅ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကာ စက်တင်ဘာလ ၁၀ ရက်တွင် ဂျပန်အသင်းနှင့် ယှဉ် ပြိုင်ရမည် ဖြစ်သည်။
.
အနိုင်ရရှိသော ၁၂ သင်းသည် အုပ်စု ၂ စုခွဲကာ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စီ ယှဉ်ပြိုင် ကစား ရမည် ဖြစ်ပြီး နောက်ဆုံး စကာတင် ၄ သင်းမှာ ၂၀၂၂  ကမ္ဘာ့ ဖလား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရမည် ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats