ကေမ႓ာဇတိုင္း
.
ဥပေဒ၏ အထက္တြင္ မည္သူမွ်
မရွိေစရဟူေသာ ေဆာင္ပုဒ္ကို ေနရာတကာတြင္ ေတြ႕ျမင္ေနရသည္။ အမွန္တကယ္ေရာ ဥပေဒ၏အထက္တြင္
မည္သူတစ္ဦးတစ္ေယာက္မွ် မရွိဟု ဆိုႏိုင္ပါမည္ေလာ။
.
ရွမ္းျပည္နယ္ အပါအဝင္
ျမန္မာႏိုင္ငံအတြင္းရွိ ေနရာေဒသအသီးသီးတြင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားကို စီးနင္း
အသံုးျပဳေနသူမ်ား အနည္းႏွင့္ အမ်ားဆိုသလို ရွိေနသည္မွာ အမွန္ပင္ျဖစ္သည္။ အထူးသျဖင့္ နယ္စပ္ေဒသ မ်ားတြင္ လိုင္စင္မဲ့ကား စီးနင္းအသံုးျပဳသူ
ပိုမိုမ်ားျပားစြာ ရွိေနပါသည္။ ရွမ္းျပည္နယ္အစိုးရ ႐ံုးစိုက္ရာ ၿမိဳ႕ေတာ္ေတာင္ ႀကီး၌ပင္လွ်င္
လိုင္စင္မဲ့ကား စီးနင္းအသံုးျပဳသူ မ်ားစြာ ရွိေနပါသည္။
လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားႏွင့္
ပတ္သက္၍ ဇူလိုင္လ တစ္လတာအတြင္း ရွမ္းျပည္နယ္၌ လႈပ္ခတ္မႈမ်ား ရွိလာခဲ့သည္။ ဇူလိုင္လ
၁၅ ရက္က ေတာင္ႀကီးၿမိဳ႕တြင္ Probox အမ်ိဳးအစား လိုင္စင္ရွိ အျဖဴေရာင္ယာဥ္ တစ္စီး အား အမ်ိဳးအစားတူ အေရာင္တူ အျခားယာဥ္
တစ္စီးမွ နံပါတ္တူပြားကာ ေမာင္းႏွင္ အသံုးျပဳ ေနေၾကာင္း သတင္းေပး အေၾကာင္းၾကားခ်က္အရ
နံပါတ္တူ ပြားယူေမာင္းႏွင္ေနေသာ လိုင္စင္မဲ့ယာဥ္
ေမာင္းႏွင္သူအား အေရးယူေဆာင္ ရြက္ခဲ့သည္။ ထို႔အျပင္ ဇူလိုင္လ ၂၅ ရက္၊ နံနက္ပိုင္းကလည္း
ေတာင္ႀကီးၿမိဳ႕တြင္ပင္ တရားဝင္ မွတ္ပံုတင္ထားျခင္း မရွိေသာ လိုင္စင္မဲ့ Probox
အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္သူကို
အေရးယူ ေဆာင္ရြက္ခဲ့သည္။ တစ္ဖန္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕တြင္ သတင္းသမားတစ္ဦးအား
လိုင္စင္မဲ့ယာဥ္ စီးနင္းအသံုးျပဳမႈျဖင့္ အမွတ္ (၂၀)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴး႐ံုး
(ရွမ္းေျမာက္)မွ အေရးယူေဆာင္ရြက္ခဲ့သည္။
.
လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားႏွင့္
ပတ္သက္၍ တည္ဆဲဥပေဒမ်ားျဖစ္ေသာ ေမာ္ေတာ္ယာဥ္ဥပေဒ၊ ပို႔ကုန္သြင္းကုန္ ဥေပဒႏွင့္ အေကာက္ခြန္
ဥပေဒမ်ားျဖင့္ အေရးယူေဆာင္ရြက္ႏိုင္ေၾကာင္း သိထားရပါသည္။ ယင္း ဥပေဒမ်ားျဖင့္ အေရးယူမည္ဆိုပါက
ရွမ္းျပည္နယ္ အတြင္းရွိ ၿမိဳ႕ႀကီး/ၿမိဳ႕ငယ္မ်ား၌
စီးနင္းအသံုးျပဳေနၾကေသာ ေမာ္ေတာ္ယာဥ္အ မ်ားစုကို အေရးယူႏိုင္မည္ ျဖစ္ပါသည္။
သို႔ရာတြင္ လတ္တေလာ ဖမ္းဆီးမႈမ်ားကို ၾကည့္ပါက ေပါကၡရဝႆမိုး (ကြက္ၾကားမိုး) ရြာသလို
စိုစြတ္ေစလိုသူကိုသာ စိုစြတ္ေစသကဲ့သို႔ ျဖစ္ေနပါသည္။
.
ဤေနရာတြင္ သတင္းသမား
တစ္ဦးအား လိုင္စင္မဲ့ယာဥ္ စီးနင္းအသံုးျပဳမႈႏွင့္ ပတ္သက္၍ သတင္းသမား သည္လည္း ႏိုင္ငံသားပင္
ျဖစ္သည့္အတြက္ ႏိုင္ငံေတာ္မွ ျပဌာန္းထားေသာ တည္ဆဲဥပေဒမ်ားကို လိုက္နာရမည့္ တာဝန္ ရွိေနပါသည္။
သို႔ရာတြင္ အထက္တြင္ တင္ျပခဲ့သကဲ့သို႔ အျခားေသာ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ စီးနင္းအ သံုးျပဳသူ
အားလံုးကို တေျပးတည္း ဖမ္းဆီး အေရးယူျခင္းမ်ိဳး မဟုတ္ဘဲ နစ္နာေစလိုသူကိုသာ ေငြဂုဏ္အင္အားေတာင့္
တင္းသူ၏ ေခ်ာက္တြန္း တိုင္တန္းမႈအရ အေရးယူသကဲ့ သို႔ ျဖစ္ေနသည္။
.
လား႐ိႈးၿမိဳ႕တြင္
ေနထိုင္သည့္ ေန႔စားအလုပ္သမားမ်ားကို Gold Luck Water Park ပိုင္ရွင္ ဦးရဲႏိုင္မွ လုပ္အား ခေပးေခ်ျခင္း မရွိေၾကာင္း
အလုပ္သမားမ်ားထံမွ သိရသည့္အတြက္ DVB သတင္းေထာက္ ခြန္ေဇာ္ဦးႏွင့္ အလြတ္ တန္းသတင္းေထာက္ ျမတ္မိုးသူတို႔ ၂ ဦးမွ ႏွစ္ဘက္အသံ
ရရွိႏိုင္ေရးအတြက္ ဦးရဲႏိုင္အား ဆက္သြယ္ရာ ၎၏ ႐ံုးခန္းသို႔ လာေရာက္ရန္ ေျပာဆိုသည့္အတြက္
ဇူလိုင္လ ၂၂ ရက္၊ မြန္းလြဲ ၁ နာရီတြင္ သတင္းေမးျမန္းႏိုင္ရန္ အတြက္ သြားေရာက္ခဲ့ရာတြင္
Gold Luck Water Park ပိုင္ရွင္
ဦးရဲႏိုင္မွ ျခံတံခါးပိတ္ ၿခိမ္းေျခာက္ ေျပာဆိုခဲ့သည့္ အျပင္ သတင္းသမားမ်ား ေမာင္းႏွင္စီးနင္းလာသည့္
ေမာ္ေတာ္ယာဥ္အား လိုင္စင္မဲ့ယာဥ္ျဖစ္သည္ဟု ဆိုကာ ယာဥ္ ထိန္းရဲတပ္ဖြဲ႕ထံ သတင္းေပးပို႔
တိုင္တန္းခဲ့သျဖင့္ သတင္ေးထာက္ ခြန္ေဇာ္ဦးအား အမွတ္ (၂၀) ယာဥ္ထိန္းရဲ ဒုတပ္ ဖြဲ႕ခြဲမွဴး႐ံုး
(ရွမ္းေျမာက္)မွ တရားလိုျပဳလုပ္ကာ လား႐ိႈးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ တရားစြဲဆိုခဲ့သည္။
.
သတင္းေထာက္ ခြန္ေဇာ္ဦး
အေနျဖင့္ လိုင္စင္မဲ့ယာဥ္ စီးနင္းအသံုးျပဳသည့္အတြက္ ဥပေဒကို ခ်ိဳးေဖာက္ျခင္း ျဖစ္သျဖင့္
၎၏ ျပစ္ဒဏ္ကို ခံယူရမည္ ျဖစ္ေသာ္လည္း အျခားတစ္ဘက္တြင္ စီးပြားေရးလုပ္ငန္းရွင္မွ ၎၏
အက်ိဳးစီးပြားအလို႔ငွာ သတင္းသမားမ်ားအား ေခ်ာက္ခ်တိုင္တန္းမႈမွာ မေလ်ာ္ကန္သည့္ လုပ္ရပ္တစ္ခု
ျဖစ္သလို ယင္းထိုးႏွက္ခ်က္သည္ သတင္းေထာက္ ခြန္ေဇာ္ဦးကိုသာမက သတင္းမီဒီယာသမားအားလံုးကို
ၿခိမ္းေျခာက္သည့္ သေဘာ သက္ေရာက္ေနသည္။
.
ဥပေဒ၏ အထက္တြင္ မည္သူမွ်
မရွိေစရဟူေသာ စကားကို ျပန္ေကာက္ရေသာ္ သတင္းသမားသည္လည္း ဥပ ေဒေအာက္တြင္ ရွိေနရမည္ျဖစ္သလို
ေငြဂုဏ္အင္အား ေတာင့္တင္းသူသည္လည္း ႏိုင္ငံသားပင္ ျဖစ္သည့္အတြက္ ဥပေဒ ျပဌာန္းခ်က္မ်ားကို
ေလးစားလိုက္နာရမည္ျဖစ္သည္။ လုပ္ငန္းရွင္တစ္ဦးအေနျဖင့္ ယခုကဲ့သို႔ သတင္းသမား မ်ားကို
ပိတ္ေလွာင္ကာ ၿခိမ္းေျခာက္ေျပာဆိုျခင္းမွာ ဥပေဒကို ခ်ိဳးေဖာက္သည့္ လုပ္ရပ္တစ္ခုပင္
ျဖစ္သည္။
.
ယာဥ္ထိန္းရဲတပ္ဖြဲ႕
အေနျဖင့္ လမ္းမေပၚတြင္ ျဖတ္သန္းသြားလာေနေသာ အျခားလိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ မ်ားကို ဖမ္းဆီးျခင္းမျပဳဘဲ လုပ္ငန္းရွင္တစ္ဦး၏
သတင္းေပးတိုင္တန္းမႈေၾကာင့္ ဖမ္းဆီး တရားစြဲဆိုျခင္းမွာ ေပါကၡ ရဝႆမိုး(ကြက္ၾကားမိုး)
ရြာသြန္းျခင္းပင္ ျဖစ္ပါေတာ့သည္။
.
ႏိုင္ငံသူ/ႏိုင္ငံသားအားလံုး
ဥပေဒ၏ေအာက္တြင္ တစ္ေျပးညီ အခြင့္အေရး တန္းတူညီမွ် ရရွိကာ ေပါကၡရဝႆ မိုး ရြာသြန္းျခင္းမ်ိဳးမွ
ကင္းေဝးႏိုင္ပါေစေၾကာင္းႏွင့္ တရားစီရင္ေရးမ႑ိဳင္၏ သမာဓိကိုသာ ေစာင့္ၾကည့္ေန႐ံုမွ်သာ။
.
============================================================
ပေါက္ခရဝဿ(ကွက်ကြား)မိုး ရွာခဲ့လေပြီ
.
ကမ္ဘောဇတိုင်း
.
ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရဟူသော ဆောင်ပုဒ်ကို နေရာတကာတွင်
တွေ့မြင်နေရသည်။ အမှန်တကယ်ရော ဥပဒေ၏အထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိဟု ဆိုနိုင်ပါမည်လော။
.
ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအသီးသီးတွင်
လိုင်စင်မဲ့ မော်တော်ယာဉ်များကို စီးနင်း အသုံးပြုနေသူများ အနည်းနှင့် အများဆိုသလို
ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့်
နယ်စပ်ဒေသ များတွင် လိုင်စင်မဲ့ကား စီးနင်းအသုံးပြုသူ ပိုမိုများပြားစွာ ရှိနေပါသည်။
ရှမ်းပြည်နယ်အစိုးရ ရုံးစိုက်ရာ မြို့တော်တောင် ကြီး၌ပင်လျှင် လိုင်စင်မဲ့ကား စီးနင်းအသုံးပြုသူ
များစွာ ရှိနေပါသည်။
.
လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် ပတ်သက်၍ ဇူလိုင်လ တစ်လတာအတွင်း
ရှမ်းပြည်နယ်၌ လှုပ်ခတ်မှုများ ရှိလာခဲ့သည်။ ဇူလိုင်လ ၁၅ ရက်က တောင်ကြီးမြို့တွင် Probox အမျိုးအစား လိုင်စင်ရှိ
အဖြူရောင်ယာဉ် တစ်စီး အား အမျိုးအစားတူ အရောင်တူ အခြားယာဉ် တစ်စီးမှ နံပါတ်တူပွားကာ
မောင်းနှင် အသုံးပြု နေကြောင်း သတင်းပေး အကြောင်းကြားချက်အရ နံပါတ်တူ ပွားယူမောင်းနှင်နေသော လိုင်စင်မဲ့ယာဉ် မောင်းနှင်သူအား အရေးယူဆောင် ရွက်ခဲ့သည်။
ထို့အပြင် ဇူလိုင်လ ၂၅ ရက်၊ နံနက်ပိုင်းကလည်း တောင်ကြီးမြို့တွင်ပင် တရားဝင် မှတ်ပုံတင်ထားခြင်း
မရှိသော လိုင်စင်မဲ့ Probox
အမျိုးအစား မော်တော်ယာဉ် မောင်းနှင်သူကို အရေးယူ ဆောင်ရွက်ခဲ့သည်။ တစ်ဖန် ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးမြို့တွင် သတင်းသမားတစ်ဦးအား လိုင်စင်မဲ့ယာဉ် စီးနင်းအသုံးပြုမှုဖြင့် အမှတ်
(၂၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းမြောက်)မှ အရေးယူဆောင်ရွက်ခဲ့သည်။
.
လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် ပတ်သက်၍ တည်ဆဲဥပဒေများဖြစ်သော
မော်တော်ယာဉ်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပေဒနှင့် အကောက်ခွန် ဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း
သိထားရပါသည်။ ယင်း ဥပဒေများဖြင့် အရေးယူမည်ဆိုပါက ရှမ်းပြည်နယ် အတွင်းရှိ မြို့ကြီး/မြို့ငယ်များ၌ စီးနင်းအသုံးပြုနေကြသော မော်တော်ယာဉ်အ များစုကို
အရေးယူနိုင်မည် ဖြစ်ပါသည်။ သို့ရာတွင် လတ်တလော ဖမ်းဆီးမှုများကို ကြည့်ပါက ပေါက္ခရဝဿမိုး
(ကွက်ကြားမိုး) ရွာသလို စိုစွတ်စေလိုသူကိုသာ စိုစွတ်စေသကဲ့သို့ ဖြစ်နေပါသည်။
.
ဤနေရာတွင် သတင်းသမား တစ်ဦးအား လိုင်စင်မဲ့ယာဉ် စီးနင်းအသုံးပြုမှုနှင့်
ပတ်သက်၍ သတင်းသမား သည်လည်း နိုင်ငံသားပင် ဖြစ်သည့်အတွက် နိုင်ငံတော်မှ ပြဌာန်းထားသော
တည်ဆဲဥပဒေများကို လိုက်နာရမည့် တာဝန် ရှိနေပါသည်။ သို့ရာတွင် အထက်တွင် တင်ပြခဲ့သကဲ့သို့
အခြားသော လိုင်စင်မဲ့မော်တော်ယာဉ် စီးနင်းအ သုံးပြုသူ အားလုံးကို တပြေးတည်း ဖမ်းဆီး
အရေးယူခြင်းမျိုး မဟုတ်ဘဲ နစ်နာစေလိုသူကိုသာ ငွေဂုဏ်အင်အားတောင့် တင်းသူ၏ ချောက်တွန်း
တိုင်တန်းမှုအရ အရေးယူသကဲ့ သို့ ဖြစ်နေသည်။
.
လားရှိုးမြို့တွင် နေထိုင်သည့် နေ့စားအလုပ်သမားများကို Gold Luck Water Park ပိုင်ရှင်
ဦးရဲနိုင်မှ လုပ်အား ခပေးချေခြင်း မရှိကြောင်း အလုပ်သမားများထံမှ သိရသည့်အတွက် DVB သတင်းထောက် ခွန်ဇော်ဦးနှင့်
အလွတ် တန်းသတင်းထောက် မြတ်မိုးသူတို့ ၂ ဦးမှ နှစ်ဘက်အသံ ရရှိနိုင်ရေးအတွက် ဦးရဲနိုင်အား
ဆက်သွယ်ရာ ၎င်း၏ ရုံးခန်းသို့ လာရောက်ရန် ပြောဆိုသည့်အတွက် ဇူလိုင်လ ၂၂ ရက်၊ မွန်းလွဲ
၁ နာရီတွင် သတင်းမေးမြန်းနိုင်ရန် အတွက် သွားရောက်ခဲ့ရာတွင် Gold Luck Water Park ပိုင်ရှင်
ဦးရဲနိုင်မှ ခြံတံခါးပိတ် ခြိမ်းခြောက် ပြောဆိုခဲ့သည့် အပြင် သတင်းသမားများ မောင်းနှင်စီးနင်းလာသည့်
မော်တော်ယာဉ်အား လိုင်စင်မဲ့ယာဉ်ဖြစ်သည်ဟု ဆိုကာ ယာဉ် ထိန်းရဲတပ်ဖွဲ့ထံ သတင်းပေးပို့
တိုင်တန်းခဲ့သဖြင့် သတင်ေးထာက် ခွန်ဇော်ဦးအား အမှတ် (၂၀) ယာဉ်ထိန်းရဲ ဒုတပ် ဖွဲ့ခွဲမှူးရုံး
(ရှမ်းမြောက်)မှ တရားလိုပြုလုပ်ကာ လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် တရားစွဲဆိုခဲ့သည်။
.
သတင်းထောက် ခွန်ဇော်ဦး အနေဖြင့် လိုင်စင်မဲ့ယာဉ် စီးနင်းအသုံးပြုသည့်အတွက်
ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သဖြင့် ၎င်း၏ ပြစ်ဒဏ်ကို ခံယူရမည် ဖြစ်သော်လည်း အခြားတစ်ဘက်တွင်
စီးပွားရေးလုပ်ငန်းရှင်မှ ၎င်း၏ အကျိုးစီးပွားအလို့ငှာ သတင်းသမားများအား ချောက်ချတိုင်တန်းမှုမှာ
မလျော်ကန်သည့် လုပ်ရပ်တစ်ခု ဖြစ်သလို ယင်းထိုးနှက်ချက်သည် သတင်းထောက် ခွန်ဇော်ဦးကိုသာမက
သတင်းမီဒီယာသမားအားလုံးကို ခြိမ်းခြောက်သည့် သဘော သက်ရောက်နေသည်။
.
ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရဟူသော စကားကို ပြန်ကောက်ရသော်
သတင်းသမားသည်လည်း ဥပ ဒေအောက်တွင် ရှိနေရမည်ဖြစ်သလို ငွေဂုဏ်အင်အား တောင့်တင်းသူသည်လည်း
နိုင်ငံသားပင် ဖြစ်သည့်အတွက် ဥပဒေ ပြဌာန်းချက်များကို လေးစားလိုက်နာရမည်ဖြစ်သည်။ လုပ်ငန်းရှင်တစ်ဦးအနေဖြင့်
ယခုကဲ့သို့ သတင်းသမား များကို ပိတ်လှောင်ကာ ခြိမ်းခြောက်ပြောဆိုခြင်းမှာ ဥပဒေကို ချိုးဖောက်သည့်
လုပ်ရပ်တစ်ခုပင် ဖြစ်သည်။
.
ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော
အခြားလိုင်စင်မဲ့ မော်တော်ယာဉ် များကို ဖမ်းဆီးခြင်းမပြုဘဲ
လုပ်ငန်းရှင်တစ်ဦး၏ သတင်းပေးတိုင်တန်းမှုကြောင့် ဖမ်းဆီး တရားစွဲဆိုခြင်းမှာ ပေါက္ခ
ရဝဿမိုး(ကွက်ကြားမိုး) ရွာသွန်းခြင်းပင် ဖြစ်ပါတော့သည်။
.
နိုင်ငံသူ/နိုင်ငံသားအားလုံး ဥပဒေ၏အောက်တွင် တစ်ပြေးညီ အခွင့်အရေး
တန်းတူညီမျှ ရရှိကာ ပေါက္ခရဝဿ မိုး ရွာသွန်းခြင်းမျိုးမှ ကင်းဝေးနိုင်ပါစေကြောင်းနှင့်
တရားစီရင်ရေးမဏ္ဍိုင်၏ သမာဓိကိုသာ စောင့်ကြည့်နေရုံမျှသာ။
.
No comments:
Post a Comment