ႏိုင္ငံတကာ အလွမယ္ၿပိဳင္ပြဲတြင္ နန္းေမြခမ္းက Miss Congennality ဆု ရရွိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Monday, July 29, 2019

ႏိုင္ငံတကာ အလွမယ္ၿပိဳင္ပြဲတြင္ နန္းေမြခမ္းက Miss Congennality ဆု ရရွိ

စိုင္းသိခၤသူ
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ခမ္းၿမိဳ႕မွ အလွမယ္ နန္းေမြခမ္းသည္  တရုတ္ႏိုင္ငံ၌ ၁၀ ရက္ၾကာ က်င္းပျပဳလုပ္ခဲ့သည့္ ႏိုင္ငံတကာအလွမယ္ၿပိဳင္ပြဲတြင္ Miss Congennality ဆုကို ရရွိခဲ့ေၾကာင္း သိရသည္။
.
တရုတ္ႏိုင္ငံ Changdu ၿမိဳ႕တြင္ ၿပီးခဲ့သည့္ ဇူလိုင္လ ၁၇ ရက္မွ ၂၇ ရက္အထိိ က်င္းပျပဳလုပ္ခဲ့ေသာ ႏိုင္ငံတကာ အလွမယ္ၿပဳိင္ပဲြတြင္ ဖိလစ္ပိုင္ အလွမယ္ကို မဲ ၇၀၀၀ ေက်ာ္ျဖင့္ စုစုေပါင္း မဲ ၁၃၀၀၀ ေက်ာ္ျဖင့္ အႏိုင္ရရွိကာ Miss Congennality ဆုကို ရရွိခဲ့ျခင္း ျဖစ္သည္။
.
“ ၿပိဳင္ပြဲမွာ အေတြ႕အႀကံဳေတြ၊ မိတ္ေဆြေတြနဲ႕ ႏိုင္ငံတကာ ယဥ္ေက်းမႈေတြ အမ်ားႀကီး ရခဲ့ပါတယ္၊ ဒီၿပိ္ဳင္ပြဲမွာ ထူးျခားတာက အရင္ၿပိဳင္ပြဲေတြလို Camp မသြင္းဘဲ ႏိုင္ငံအႏွံ႔ ခရီးသြားၿပီး အထူးဧည့္သည္ေတြလို ဆက္ဆံခံခဲ့ရလို႔ အရမ္းစိတ္၀င္စားၿပီး ဗဟုသုတ အမ်ားႀကီးရ ပါတယ္၊ ဖိတ္ေခၚၿပိဳင္ပြဲေတြ ရွိရင္လဲ ေနာက္ထပ္ ၿပိဳင္ဖို႕ရွိပါမယ္။ ယိင္း(နန္းေမြခမ္း) ခု ရတဲ့ဆုကလည္း ျမန္မာႏိုင္ငံက ေပးတဲ့ Vote ေတြအရ ရရွိခဲ့တာ ျဖစ္တဲ့အတြက္ မဲ့ေပးခဲ့တဲ့ သူေတြကို ယိင္း အေနနဲ႕အရမ္းေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုပါတယ္” ဟု နန္းေမြခမ္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ကမၻာ့ ႏိုင္ငံေပါင္း ၆၀ မွ အလွမယ္မ်ားမွ ယင္းၿပိဳင္ပြဲသို႔ ပါ၀င္ ယွဥ္ၿပိဳင္ခဲ့ၾကရာ Winner အျဖစ္ ဆာဘီယားႏိုင္ငံ အလွမယ္မွ လည္းေကာင္း၊ ပူးတဲြဒုတိယဆုကို ဖိလစ္ပိုင္ႏွင့္ ဘရာဇီးလ္အလွမယ္မ်ားက လည္းေကာင္း၊ ပူးတဲြတတိယဆုကို မေလးရွား၊ ေဟာင္ေကာင္ႏွင့္ ဘိုလစ္ဗီးယား အလွမယ္မ်ားက လည္းေကာင္း ရရွိခဲ့ေၾကာင္း သိရသည္။
.

နန္းေမြခမ္း အေနျဖင့္ ျမန္မာ၊ ရွမ္း၊ ထုိင္း၊ တရုတ္၊ အဂၤလိပ္ ဘာသာစကား ၅ မ်ိဳးကို ေျပာဆိုႏိုင္သည့္အတြက္ ျမန္မာႏိ္ုင္ငံ ကိုယ္စားျပဳအျဖစ္ ေရြးခ်ယ္ခံရျခင္း ျဖစ္ေၾကာင္းနွင့္ ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္က တရုတ္ႏိုင္ငံ၊ နန္က်င္းၿမိဳ႕တြင္ က်င္းပခဲ့သည့္ Miss All Nations ၿပိဳင္ပြဲတြင္ Miss Ecotourism ဆုႏွင့္ Dream of Read Mansions Twelve Noble-Miaoyu Title ဆုမ်ားကို ရရွိခဲ့ကာ ၂၀၁၇ ခုႏွစ္တြင္ Miss Golden Land ၿပဳိင္ပဲြသို႔ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီးေနာက္ အားကစားႏွင့္ က်န္းမာေရး၀န္ႀကီးဌာနႏွင့္ ရွမ္းျပည္နယ္အစိုးရတို႔မွ ေပးအပ္သည့္ က်န္းမာေရးသံတမန္ကိုလည္း ရရွိခဲ့ေၾကာင္း သိရသည္။
.
၄င္းအေနျဖင့္ ဇာတိၿမဳိ႕ျဖစ္သည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ခမ္းၿမိဳ႕တြင္ ေနထုိင္ေနၿပီး ၂၀၁၃ ခုႏွစ္တြင္ ၀ိဇၨာဘဲြအား သမိုင္းအထူးျပဳ ဘာသာရပ္ျဖင့္ လက္ရွိတြင္ (ေမြ) ဒီဇိုင္နာသင္တန္းေက်ာင္းကို နမ့္ခမ္းၿမိဳ႕၌ ဖြင့္လွစ္ထားေၾကာင္း သိရသည္။
.
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် နန်းမွေခမ်းက Miss Congennality ဆု ရရှိ
.
စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှ အလှမယ် နန်းမွေခမ်းသည်  တရုတ်နိုင်ငံ၌ ၁၀ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် Miss Congennality ဆုကို ရရှိခဲ့ကြောင်း သိရသည်။
.
တရုတ်နိုင်ငံ Changdu မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် ဖိလစ်ပိုင် အလှမယ်ကို မဲ ၇၀၀၀ ကျော်ဖြင့် စုစုပေါင်း မဲ ၁၃၀၀၀ ကျော်ဖြင့် အနိုင်ရရှိကာ Miss Congennality ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
.
“ ပြိုင်ပွဲမှာ အတွေ့အကြုံတွေ၊ မိတ်ဆွေတွေနဲ့ နိုင်ငံတကာ ယဉ်ကျေးမှုတွေ အများကြီး ရခဲ့ပါတယ်၊ ဒီပြိုင်ပွဲမှာ ထူးခြားတာက အရင်ပြိုင်ပွဲတွေလို Camp မသွင်းဘဲ နိုင်ငံအနှံ့ ခရီးသွားပြီး အထူးဧည့်သည်တွေလို ဆက်ဆံခံခဲ့ရလို့ အရမ်းစိတ်ဝင်စားပြီး ဗဟုသုတ အများကြီးရ ပါတယ်၊ ဖိတ်ခေါ်ပြိုင်ပွဲတွေ ရှိရင်လဲ နောက်ထပ် ပြိုင်ဖို့ရှိပါမယ်။ ယိင်း(နန်းမွေခမ်း) ခု ရတဲ့ဆုကလည်း မြန်မာနိုင်ငံက ပေးတဲ့ Vote တွေအရ ရရှိခဲ့တာ ဖြစ်တဲ့အတွက် မဲ့ပေးခဲ့တဲ့ သူတွေကို ယိင်း အနေနဲ့အရမ်းကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု နန်းမွေခမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ကမ္ဘာ့ နိုင်ငံပေါင်း ၆၀ မှ အလှမယ်များမှ ယင်းပြိုင်ပွဲသို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ Winner အဖြစ် ဆာဘီယားနိုင်ငံ အလှမယ်မှ လည်းကောင်း၊ ပူးတွဲဒုတိယဆုကို ဖိလစ်ပိုင်နှင့် ဘရာဇီးလ်အလှမယ်များက လည်းကောင်း၊ ပူးတွဲတတိယဆုကို မလေးရှား၊ ဟောင်ကောင်နှင့် ဘိုလစ်ဗီးယား အလှမယ်များက လည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။
.
နန်းမွေခမ်း အနေဖြင့် မြန်မာ၊ ရှမ်း၊ ထိုင်း၊ တရုတ်၊ အင်္ဂလိပ် ဘာသာစကား ၅ မျိုးကို ပြောဆိုနိုင်သည့်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ရွေးချယ်ခံရခြင်း ဖြစ်ကြောင်းနှင့် ပြီးခဲ့သော ၂၀၁၈ ခုနှစ်က တရုတ်နိုင်ငံ၊ နန်ကျင်းမြို့တွင် ကျင်းပခဲ့သည့် Miss All Nations ပြိုင်ပွဲတွင် Miss Ecotourism ဆုနှင့် Dream of Read Mansions Twelve Noble-Miaoyu Title ဆုများကို ရရှိခဲ့ကာ ၂၀၁၇ ခုနှစ်တွင် Miss Golden Land ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရတို့မှ ပေးအပ်သည့် ကျန်းမာရေးသံတမန်ကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
.
၎င်းအနေဖြင့် ဇာတိမြို့ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် နေထိုင်နေပြီး ၂၀၁၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲအား သမိုင်းအထူးပြု ဘာသာရပ်ဖြင့် လက်ရှိတွင် (မွေ) ဒီဇိုင်နာသင်တန်းကျောင်းကို နမ့်ခမ်းမြို့၌ ဖွင့်လှစ်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats