ရွမ္းျပည္နယ္လႊတ္ေတာ္ ပညာေရး၊ က်န္းမာေရး၊ အမ်ိဳးသမီး၊ ကေလးဆိုင္ရာ ျမႇင့္တင္ေရး ေကာ္မတီမွ ၈ ႀကိမ္ေျမာက္အျဖစ္ နမ့္စန္ၿမိဳ႕နယ္သို႔ ကြင္းဆင္းမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, July 22, 2019

ရွမ္းျပည္နယ္လႊတ္ေတာ္ ပညာေရး၊ က်န္းမာေရး၊ အမ်ိဳးသမီး၊ ကေလးဆိုင္ရာ ျမႇင့္တင္ေရး ေကာ္မတီမွ ၈ ႀကိမ္ေျမာက္အျဖစ္ နမ့္စန္ၿမိဳ႕နယ္သို႔ ကြင္းဆင္းမည္


မင္းေဇာ္မင္း 
.
ရွမ္းျပည္နယ္လႊတ္ေတာ္ ပညာေရး၊ က်န္းမာေရး၊ အမ်ိဳးသမီး၊ ကေလးဆိုင္ရာ ျမႇင့္တင္ေရး ေကာ္မတီမွ ၈ ႀကိမ္ေျမာက္အျဖစ္ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ လြိဳင္လင္ခ႐ိုင္၊ နမ့္စန္ ၿမိဳ႕နယ္အတြင္းသို႔ ဇူလိုင္လ စတုတၴ ပတ္အတြင္းက ကြင္းဆင္း ေဆာင္ရြက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ယင္းေကာ္မတီ၏ အတြင္းေရးမွဴး ျဖစ္သူ ရြာငံၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)မွ ရွမ္းျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအးမင္းစိုးထံမွ သိရသည္။
.
 .
“ခုလႊတ္ေတာ္သက္တမ္း အတြင္းေတာ့ ၈ ႀကိမ္ေျမာက္ကြင္းဆင္းတာပါ။ ေတြ႕ဆံုပြဲေတြနဲ႔ ပညာေရးဆိုင္ရာ ေတြ႕ရွိခ်က္ေတြကို ျဖည့္ဆည္းႏိုင္ဖို႔ လႊတ္ေတာ္ကို ျပန္လည္ တင္ျပသြားမွာ ျဖစ္ပါတယ္။ အားလံုး ၆ ေယာက္ ဆင္းတာျဖစ္ပါတယ္။ ပ ထမ အစီအစဥ္အရ ဇူလိုင္ ၁၅ ရက္ မွာ စဖို႔ပါ။ နယ္ေျမနဲ႔ လံုၿခံဳေရးအ ေျခအေနအရ ေနာက္ကို ေျပာင္းေရႊ႕ စီစဥ္ရတာပါ”ဟု ျပည္နယ္လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးေအးမင္းစိုးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ကြင္းဆင္းစီမံခ်က္အရ ဇူလိုင္လ ၂၃ ရက္မွ ၂၇ ရက္အတြင္း ရွမ္း ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္သည့္ ေဒၚနန္းခင္ထားရီ၊ ေဒၚနန္းေကာင္ခမ္း၊ ဦးစိုင္းလံု၊ ဦး ေဇာ္ထြန္း၊ ဦးေအးမင္းစိုးႏွင့္ တပ္မေတာ္သား ျပည္နယ္ လႊတ္ေတာ္ကိုယ္ စားလွယ္တစ္ဦးတို႔မွ ကြင္းဆင္း ေဆာင္ရြက္ျခင္းျဖစ္ၿပီး ဇူလိုင္လ ၂၃ ရက္တြင္ နမ့္စန္ၿမိဳ႕၌ ဌာနဆိုင္ရာမ်ားႏွင့္ ေတြ႕ဆံုညႇိႏိႈင္းကာ ဇူလိုင္လ ၂၄ ရက္တြင္ ေနာင္ဟီေက်းရြာအုပ္စု၊ နမ့္ဟူး၊ ကြန္ဆိုင္း၊ ဟိုခိုး၊ ဝမ္ပံုေက်း ရြာမ်ားသို႔ လည္းေကာင္း၊ ဇူလိုင္လ ၂၅ ရက္တြင္ မက္မြန္မုန္းေက်းရြာ အုပ္စုရွိ လြိဳင္ငင္းေလး၊ နမ့္ဟိုင္း၊ ကုန္းလန္း ေက်းရြာမ်ားသို႔ လည္း ေကာင္း၊ ဇူလိုင္လ ၂၆ ရက္တြင္ မိုင္းစိတ္ ေက်းရြာအုပ္စု၊ ဝမ္မိုင္၊ စံ ခမ္း ေက်းရြာမ်ားသို႔ လည္းေကာင္း၊ ဇူလိုင္လ ၂၇ ရက္တြင္ ဟိုင္းႀကီးေက်း ရြာအုပ္စု၊ ေနာင္ခမ္း၊ နမ့္ခမ္း၊ နမ့္ကြန္ဟိန္း ေက်းရြာမ်ားသို႔ လည္းေကာင္း သြားေရာက္ကာ ကေလးသူငယ္မ်ား၏ ပညာသင္ၾကားေနမႈ အေျခအေနမ်ားအား ကြင္းဆင္းေလ့လာ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ ေကာ္မတီအေနျဖင့္ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ သက္တမ္းအတြင္း ၇ ႀကိမ္ ကြင္း ဆင္း ေဆာင္ရြက္ခဲ့ရာတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးႏွင့္ တန္႔ ယန္းၿမိဳ႕နယ္မ်ားတြင္ ျဖစ္ပြားခဲ့သည့္ ကေလးသက္ ငယ္မုဒိန္း မႈ ၂ မႈႏွင့္ လူကုန္ကူးမႈကို သြားေရာက္စိစစ္တင္ ျပခဲ့ျခင္း၊ ရွမ္းျပည္နယ္ေတာင္ပိုင္း အ တြင္းရွိ မိုင္းကိုင္၊ မိုးနဲ ၿမိဳ႕နယ္မ်ားသို႔ လည္းေကာင္း၊ ရွမ္းျပည္နယ္ အေရွ႕ ပိုင္း၊ မိုင္းျဖတ္၊ မိုင္းခတ္၊ မိုင္းေယာင္း ၿမိဳ႕နယ္မ်ားသို႔လည္းေကာင္း သြား ေရာက္ကာ ပညာေရး၊ က်န္းမာေရး၊ လူထုအေျခအေနမ်ားကို ကြင္းဆင္း စစ္ေဆးၿပီး လႊတ္ေတာ္သို႔ တင္ျပႏိုင္ ခဲ့ရာ ရွမ္းျပည္နယ္အစိုးရမွ လိုအပ္ သည္မ်ားကို ျမန္ဆန္စြာ ျဖည့္ဆည္း ေဆာင္ရြက္ေပးႏိုင္ခဲ့ေၾကာင္း ယင္း ေကာ္မတီမွ သိရသည္။
.
============================================================
ရှမ်းပြည်နယ်လွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီး၊ ကလေးဆိုင်ရာ မြှင့်တင်ရေး ကော်မတီမှ ၈ ကြိမ်မြောက်အဖြစ် နမ့်စန်မြို့နယ်သို့ ကွင်းဆင်းမည်
.
မင်းဇော်မင်း 
.
ရှမ်းပြည်နယ်လွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီး၊ ကလေးဆိုင်ရာ မြှင့်တင်ရေး ကော်မတီမှ ၈ ကြိမ်မြောက်အဖြစ် ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန် မြို့နယ်အတွင်းသို့ ဇူလိုင်လ စတုတ္ထ ပတ်အတွင်းက ကွင်းဆင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ယင်းကော်မတီ၏ အတွင်းရေးမှူး ဖြစ်သူ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးထံမှ သိရသည်။
.
“ခုလွှတ်တော်သက်တမ်း အတွင်းတော့ ၈ ကြိမ်မြောက်ကွင်းဆင်းတာပါ။ တွေ့ဆုံပွဲတွေနဲ့ ပညာရေးဆိုင်ရာ တွေ့ရှိချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လွှတ်တော်ကို ပြန်လည် တင်ပြသွားမှာ ဖြစ်ပါတယ်။ အားလုံး ၆ ယောက် ဆင်းတာဖြစ်ပါတယ်။ ပ ထမ အစီအစဉ်အရ ဇူလိုင် ၁၅ ရက် မှာ စဖို့ပါ။ နယ်မြေနဲ့ လုံခြုံရေးအ ခြေအနေအရ နောက်ကို ပြောင်းရွှေ့ စီစဉ်ရတာပါ”ဟု ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကွင်းဆင်းစီမံချက်အရ ဇူလိုင်လ ၂၃ ရက်မှ ၂၇ ရက်အတွင်း ရှမ်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်နန်းခင်ထားရီ၊ ဒေါ်နန်းကောင်ခမ်း၊ ဦးစိုင်းလုံ၊ ဦး ဇော်ထွန်း၊ ဦးအေးမင်းစိုးနှင့် တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ် စားလှယ်တစ်ဦးတို့မှ ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်တွင် နမ့်စန်မြို့၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံညှိနှိုင်းကာ ဇူလိုင်လ ၂၄ ရက်တွင် နောင်ဟီကျေးရွာအုပ်စု၊ နမ့်ဟူး၊ ကွန်ဆိုင်း၊ ဟိုခိုး၊ ဝမ်ပုံကျေး ရွာများသို့ လည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်တွင် မက်မွန်မုန်းကျေးရွာ အုပ်စုရှိ လွိုင်ငင်းလေး၊ နမ့်ဟိုင်း၊ ကုန်းလန်း ကျေးရွာများသို့ လည်း ကောင်း၊ ဇူလိုင်လ ၂၆ ရက်တွင် မိုင်းစိတ် ကျေးရွာအုပ်စု၊ ဝမ်မိုင်၊ စံ ခမ်း ကျေးရွာများသို့ လည်းကောင်း၊ ဇူလိုင်လ ၂၇ ရက်တွင် ဟိုင်းကြီးကျေး ရွာအုပ်စု၊ နောင်ခမ်း၊ နမ့်ခမ်း၊ နမ့်ကွန်ဟိန်း ကျေးရွာများသို့ လည်းကောင်း သွားရောက်ကာ ကလေးသူငယ်များ၏ ပညာသင်ကြားနေမှု အခြေအနေများအား ကွင်းဆင်းလေ့လာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကော်မတီအနေဖြင့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သက်တမ်းအတွင်း ၇ ကြိမ် ကွင်း ဆင်း ဆောင်ရွက်ခဲ့ရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနှင့် တန့် ယန်းမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် ကလေးသက် ငယ်မုဒိန်း မှု ၂ မှုနှင့် လူကုန်ကူးမှုကို သွားရောက်စိစစ်တင် ပြခဲ့ခြင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အ တွင်းရှိ မိုင်းကိုင်၊ မိုးနဲ မြို့နယ်များသို့ လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ မိုင်းဖြတ်၊ မိုင်းခတ်၊ မိုင်းယောင်း မြို့နယ်များသို့လည်းကောင်း သွား ရောက်ကာ ပညာရေး၊ ကျန်းမာရေး၊ လူထုအခြေအနေများကို ကွင်းဆင်း စစ်ဆေးပြီး လွှတ်တော်သို့ တင်ပြနိုင် ခဲ့ရာ ရှမ်းပြည်နယ်အစိုးရမှ လိုအပ် သည်များကို မြန်ဆန်စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ယင်း ကော်မတီမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats