ေတာင္ႀကီးၿမိဳ႕ေရွာင္လမ္း ေဖာက္လုပ္မည့္သတင္းေၾကာင့္ ညိဳမီးေက်းရြာတြင္ ေျမကြက္မ်ား ေဈးေကာင္းေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, July 3, 2019

ေတာင္ႀကီးၿမိဳ႕ေရွာင္လမ္း ေဖာက္လုပ္မည့္သတင္းေၾကာင့္ ညိဳမီးေက်းရြာတြင္ ေျမကြက္မ်ား ေဈးေကာင္းေန


ရဲရင့္ဇြဲ
.
ေတာင္ႀကီးၿမိဳ႕ေပၚတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈ ေလ်ာ့နည္းက်ဆင္း ေစေရး၊ ကုန္တင္ယာဥ္ႀကီးမ်ားႏွင့္ တြဲယာဥ္မ်ားသြားလာေရး အဆင္ေျပ ေစေရးႏွင့္ ယာဥ္အႏၱရာယ္၊ လမ္း အႏၱရာယ္ ကင္းရွင္းေစေရးအ တြက္ ၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ရာ တြင္ ညိဳမီးေက်းရြာဘက္မွ ေဖာက္ လုပ္သြားမည္ဟူေသာ သတင္း ေၾကာင့္ ယင္းေက်းရြာအနီးတစ္ဝိုက္ တြင္ အိမ္ၿခံေျမမ်ား ေဈးေကာင္းရေနေၾကာင္း သိရသည္။
.
 .
“မီးပံုးပ်ံကြင္း ေရႊ႕မယ္ၾကား တုန္းကေတာ့ ေဈးကမတက္ဘူး။ ၿငိမ္ေနတယ္။ အခု ၿမိဳ႕ေရွာင္လမ္း ေဖာက္မယ္ဆိုမွ ေဈးေတြက ထက္ ဝက္ေလာက္ တက္ကုန္တယ္။ ႀကိဳက္ ေရာင္း/ႀကိဳက္ဝယ္ ဆိုေပမယ့္ ၿမိဳ႕ ထဲနဲ႔ယွဥ္ရင္ ေဈးက ေတာ္ေတာ္သက္ သာပါတယ္။ ၿမိဳ႕ေပၚကေနသြားမယ္ ဆိုရင္လည္း ဆိုင္ကယ္နဲ႔ ၁၀ မိနစ္ ေလာက္ေမာင္းရင္ ရပါၿပီ။ ဒီေတာ့ သာမန္ျပည္သူေတြလည္းဝယ္ႏိုင္ တာေပါ့။ တျခားၿမိဳ႕ကလာတဲ့ သူေတြ လည္း ၿမိဳ႕ျပင္ကို ပိုသေဘာက်ၾက တယ္။ ေျမေတြကေတာ့ ဥပေဒအရ ၾကည့္ရင္ စိုက္ပ်ိဳးေျမ ျဖစ္တဲ့အတြက္ အဆင္မေျပဘူးဟု ေတာင္ႀကီးၿမိဳ႕ တြင္ အိမ္ၿခံေျမအက်ိဳးေဆာင္ လုပ္ကိုင္ေနသူ ကိုႏိုင္တိုးက ကေမၻာဇ တိုင္းသို႔ ေျပာသည္။
.
အသစ္ေဖာက္လုပ္မည့္ ေတာင္ ႀကီးၿမိဳ႕ေရွာင္လမ္းအား ညိဳမီးေက်း ရြာအနီးမွ ဟိုပံုးဘက္အထြက္ ၄ မိုင္ သို႔ ေပ ၁၀ဝ အက်ယ္ ေဖာက္လုပ္ သြားမည္ျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ရွိရာ သစ္ေတာေျမ လြတ္ကင္းသည့္ လယ္ယာေျမပံုစံ (၇) ရရွိၿပီး ေျမကြက္မ်ားအား အျခား နည္းသံုးစြဲခြင့္ ေလွ်ာက္ထားေသာ ေျမကြက္မ်ား အေရာင္းအဝယ္ ျဖစ္ လ်က္ရွိေၾကာင္းသိရသည္။
.
အဆိုပါ ညိဳမီးေက်းရြာအနီးတြင္ ေျမကြက္ဝယ္ယူထားသူ ကိုေမာင္ ေအးကလည္း”ၿမိဳ႕ထဲမွာ ေပ ၄၀ x ၆၀ ကို အနည္းဆံုး သိန္းတစ္ ေထာင္ေလာက္ ေပးေနရတယ္။ ၿမိဳ႕ တြင္းမွာ ေနတဲ့သူေတြကေတာ့ ေဆး႐ံုေတြ၊ စာသင္ေက်ာင္းေတြ ရွိတဲ့ အတြက္ သြားေရးလာေရး အဆင္ ေျပမယ္။ ဒါေပမဲ့ ၿမိဳ႕ျပင္မွာကေတာ့ ေလေကာင္းေလသန္႔လည္း ရသလို ေနရထိုင္ရတာလည္း ပိုအဆင္ေျပ မယ္။ ၿမိဳ႕ျပင္မွာလည္း ေက်ာင္းေတြ တိုးခ်ဲ႕ဖြင့္လွစ္လာတာ ေတြ႕ရပါတယ္။ အဲဒီေတာ့ ၿမိဳ႕ျပင္မွာ ေနတဲ့သူေတြ လည္း အဆင္ေျပတာေပါ့။ ၿမိဳ႕ေရွာင္ လမ္းပါ ေဖာက္မယ္ဆိုရင္ ပိုၿပီးစည္ ကားလာမွာပါ။ ေဈးတက္တယ္ဆို လည္း ၿမိဳ႕တြင္းနဲ႔စာရင္ သိန္းေပါင္း ရာခ်ီ ကြာဟေနပါေသးတယ္”ဟု ၎၏အျမင္ကို ေျပာဆိုခဲ့သည္။
.
ညိဳမီးေက်းရြာတြင္ လက္ရွိ အိမ္ ၿခံေျမေဈးကြက္မွာ ေပ ၄၀ x ၆၀ ရွိ ေျမတစ္ကြက္လွ်င္ က်ပ္သိန္း ၂၀ မွ သိန္း ၅၀ အၾကားရွိေနၿပီး ၿမိဳ႕တြင္း တြင္မူ သိန္းေထာင္ခ်ီ ရွိေနေၾကာင္း သိရသည္။
.
တောင်ကြီးမြို့ရှောင်လမ်း ဖောက်လုပ်မည့်သတင်းကြောင့် ညိုမီးကျေးရွာတွင် မြေကွက်များ ဈေးကောင်းနေ
.
ရဲရင့်ဇွဲ
.
တောင်ကြီးမြို့ပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းကျဆင်း စေရေး၊ ကုန်တင်ယာဉ်ကြီးများနှင့် တွဲယာဉ်များသွားလာရေး အဆင်ပြေ စေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းစေရေးအ တွက် မြို့ရှောင်လမ်းဖောက်လုပ်ရာ တွင် ညိုမီးကျေးရွာဘက်မှ ဖောက် လုပ်သွားမည်ဟူသော သတင်း ကြောင့် ယင်းကျေးရွာအနီးတစ်ဝိုက် တွင် အိမ်ခြံမြေများ ဈေးကောင်းရနေကြောင်း သိရသည်။
.
“မီးပုံးပျံကွင်း ရွှေ့မယ်ကြား တုန်းကတော့ ဈေးကမတက်ဘူး။ ငြိမ်နေတယ်။ အခု မြို့ရှောင်လမ်း ဖောက်မယ်ဆိုမှ ဈေးတွေက ထက် ဝက်လောက် တက်ကုန်တယ်။ ကြိုက် ရောင်း/ကြိုက်ဝယ် ဆိုပေမယ့် မြို့ ထဲနဲ့ယှဉ်ရင် ဈေးက တော်တော်သက် သာပါတယ်။ မြို့ပေါ်ကနေသွားမယ် ဆိုရင်လည်း ဆိုင်ကယ်နဲ့ ၁၀ မိနစ် လောက်မောင်းရင် ရပါပြီ။ ဒီတော့ သာမန်ပြည်သူတွေလည်းဝယ်နိုင် တာပေါ့။ တခြားမြို့ကလာတဲ့ သူတွေ လည်း မြို့ပြင်ကို ပိုသဘောကျကြ တယ်။ မြေတွေကတော့ ဥပဒေအရ ကြည့်ရင် စိုက်ပျိုးမြေ ဖြစ်တဲ့အတွက် အဆင်မပြေဘူးဟု တောင်ကြီးမြို့ တွင် အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်နေသူ ကိုနိုင်တိုးက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အသစ်ဖောက်လုပ်မည့် တောင် ကြီးမြို့ရှောင်လမ်းအား ညိုမီးကျေး ရွာအနီးမှ ဟိုပုံးဘက်အထွက် ၄ မိုင် သို့ ပေ ၁ဝဝ အကျယ် ဖောက်လုပ် သွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ သစ်တောမြေ လွတ်ကင်းသည့် လယ်ယာမြေပုံစံ (၇) ရရှိပြီး မြေကွက်များအား အခြား နည်းသုံးစွဲခွင့် လျှောက်ထားသော မြေကွက်များ အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်းသိရသည်။
.
အဆိုပါ ညိုမီးကျေးရွာအနီးတွင် မြေကွက်ဝယ်ယူထားသူ ကိုမောင် အေးကလည်း”မြို့ထဲမှာ ပေ ၄၀ x ၆၀ ကို အနည်းဆုံး သိန်းတစ် ထောင်လောက် ပေးနေရတယ်။ မြို့ တွင်းမှာ နေတဲ့သူတွေကတော့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ ရှိတဲ့ အတွက် သွားရေးလာရေး အဆင် ပြေမယ်။ ဒါပေမဲ့ မြို့ပြင်မှာကတော့ လေကောင်းလေသန့်လည်း ရသလို နေရထိုင်ရတာလည်း ပိုအဆင်ပြေ မယ်။ မြို့ပြင်မှာလည်း ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်လာတာ တွေ့ရပါတယ်။ အဲဒီတော့ မြို့ပြင်မှာ နေတဲ့သူတွေ လည်း အဆင်ပြေတာပေါ့။ မြို့ရှောင် လမ်းပါ ဖောက်မယ်ဆိုရင် ပိုပြီးစည် ကားလာမှာပါ။ ဈေးတက်တယ်ဆို လည်း မြို့တွင်းနဲ့စာရင် သိန်းပေါင်း ရာချီ ကွာဟနေပါသေးတယ်”ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ညိုမီးကျေးရွာတွင် လက်ရှိ အိမ် ခြံမြေဈေးကွက်မှာ ပေ ၄၀ x ၆၀ ရှိ မြေတစ်ကွက်လျှင် ကျပ်သိန်း ၂၀ မှ သိန်း ၅၀ အကြားရှိနေပြီး မြို့တွင်း တွင်မူ သိန်းထောင်ချီ ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats