စည္ပင္သာယာေရးဥပေဒအရ လမ္းေျမမ်ားကို တူးဆြဖယ္ရွားခြင့္ မျပဳထားေသာ္လည္း ရွမ္းျပည္နယ္အတြင္းရွိ ေဒသအမ်ားစုတြင္ လိုအပ္ခ်က္အရ ပလက္ေဖာင္းမ်ားကိုၿဖိဳဖ်က္ ထားမႈမ်ားရွိေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, July 7, 2019

စည္ပင္သာယာေရးဥပေဒအရ လမ္းေျမမ်ားကို တူးဆြဖယ္ရွားခြင့္ မျပဳထားေသာ္လည္း ရွမ္းျပည္နယ္အတြင္းရွိ ေဒသအမ်ားစုတြင္ လိုအပ္ခ်က္အရ ပလက္ေဖာင္းမ်ားကိုၿဖိဳဖ်က္ ထားမႈမ်ားရွိေန


ခြန္သက္ထူး
.
ရွမ္းျပည္နယ္စည္ပင္သာယာေရး ဥပေဒအရ လမ္းေျမကိုတူး ဆြျခင္း၊ တူးယူျခင္း၊ ဖယ္႐ွားျခင္း၊ ကြန္ကရစ္ခံု ျပဳလုပ္ျခင္း စသည္တို႔ ကို မျပဳလုပ္ရန္ တားျမစ္ထားေသာ္ လည္း ဟိုပံုးၿမိဳ႕အပါအဝင္ ရွမ္းျပည္နယ္အတြင္းရွိ စည္ပင္သာယာေရး နယ္နိမိတ္ဝင္ ၿမိဳ႕အမ်ားစုတြင္ လိုအပ္ခ်က္အရ လူသြားစၾကၤန္ ပလက္ေဖာင္းမ်ားကို ၿဖိဳဖ်က္၍ ကြန္ကရစ္ခင္းျခင္းမ်ား ရွိေနေၾကာင္း သိရသည္။
.
 .
“ဥပေဒမွာက ဒီလိုအတိအက် ျပဌာန္းထားတယ္။ ဒါကို ဌာနဆိုင္ရာေတြ အပါအဝင္ ပုဂၢလိကလူေနအိမ္ေတြ၊ ဆိုင္ခန္းေတြက သူတို႔႐ံုးထဲ၊ အိမ္ထဲ ဝင္ထြက္လို႔ရေအာင္ ပလက္ေဖာင္းကို ၿဖိဳဖ်က္ၿပီး ကြန္ကရစ္ခင္းၾကတယ္။ သူတို႔အတြက္ေတာ့ အဆင္ေျပမွာေပါ့။ ဒီပလက္ေဖာင္းကို အသံုးျပဳၿပီး သြားလာေနတဲ့ လမ္းသြားလမ္းလာေတြ အတြက္ေတာ့ အခက္အခဲ ျဖစ္ရပါတယ္။ တခ်ိဳ႕ကလည္း ဒီပလက္ေဖာင္းေပၚမွာ ကုန္တင္ကုန္ခ်လုပ္ေနတာ ေတြလည္း ရွိတယ္။ ေျပာရမယ္ဆိုရင္ ဥပေဒဆိုတာ စာအုပ္ထဲမွာပဲ ထားဖို႔လားေပါ့။ အဲဒီလို လိုက္နာစရာ မလိုဘူး ဆိုရင္လည္း ဒီဥပေဒေတြ ထုတ္ကိုမထုတ္ေနပါနဲ႔။ လႊတ္ေတာ္ထဲမွာ အခ်ိန္ကုန္ပါတယ္”ဟု ဟိုပံုးၿမိဳ႕ေန ေဒသခံ တစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါကိစၥႏွင့္ ပတ္သက္၍ ဟိုပံုးၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဦးစီး ဦးေမာင္ေမာင္သန္းအား ကေမၻာဇတိုင္းမွ သြားေရာက္ေတြ႕ဆံု ေမးျမန္းရာ “စိုက္ပ်ိဳးေရး႐ံုးလိုေပါ့ တခ်ိဳ႕က ကားဝင္လို႔မရလို႔ ပလက္ေဖာင္းကိုဖ်က္ၿပီး ကားဝင္လို႔ရေအာင္ လုပ္ထားတာပါ။ စည္ပင္ ဥပေဒအရ ပလက္ေဖာင္းကို ဖ်က္လို႔မရဘူးဆိုတာက ဖ်က္လို ဖ်က္ဆီးလုပ္တာကေတာ့ မရဘူးေပါ့။ တခ်ိဳ႕ကေတာ့ လိုအပ္ခ်က္အရ စည္ပင္နဲ႔ညႇိႏိႈင္းၿပီး လုပ္ခဲ့တာပါ” ဟုျပန္လည္ ေျဖၾကားခဲ့သည္။
.
ဟိုပံုးၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းတစ္ေလွ်ာက္တြင္ ယင္းကဲ့သို႔ ပလက္ေဖာင္းမ်ားကို ၿဖိဳဖ်က္၍ ကြန္ကရစ္ ခင္းျခင္းမ်ားအျပင္ ကုန္တင္ကုန္ခ်ျပဳလုပ္ျခင္းမ်ားလည္း ရွိေနၿပီး ပလက္ေဖာင္းေနရာ အမ်ားစု မွာလည္း အေပါက္အၿပဲမ်ားျဖင့္ သြားလာ၍မရေအာင္ ပ်က္စီးေန လ်က္ရွိေၾကာင္း သိရသည္။ ထို႔အျပင္ ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္ေသာ ေတာင္ႀကီးၿမိဳ႕ေပၚရွိ ဗိုလ္ခ်ဳပ္ေအာင္ ဆန္းလမ္းမတစ္ေလွ်ာက္တြင္လည္း ယင္းကဲ့သို႔ ပလက္ေဖာင္းမ်ားအား ၿဖိဳဖ်က္၍ ကြန္ကရစ္ခင္းထားျခင္း၊ လူသြားစၾကၤန္ ပလက္ေဖာင္းေပၚတြင္ ေဈးခင္း ေရာင္းခ်ျခင္းမ်ား ရွိေနေၾကာင္း သိရသည္။
.
၂၀၁၃ ခုႏွစ္၊ ရွမ္းျပည္နယ္စည္ ပင္သာယာေရးဥပေဒ၊ အခန္း (၁၇) တားျမစ္ခ်က္မ်ား အခန္း၊ ပုဒ္မ ၆၉၊ ပုဒ္မခြဲ(စ)တြင္ မည္သူမဆို လမ္းေျမကိုတူးဆြျခင္း၊ တူးယူျခင္း၊ ဖယ္႐ွားျခင္း၊ ေျမဖို႔ျခင္း၊ ေျမအေန အထား ေျပာင္းလဲေစျခင္း၊ လမ္းထက္ ျမင့္ေသာ ကြန္ကရစ္လမ္းခင္းျခင္း၊ ကြန္ကရစ္ခံုျပဳလုပ္ျခင္း၊ လမ္းထက္ ျမင့္ေသာ ေျမာင္းေက်ာ္တံတား၊ခံုး ေက်ာ္တံတား တည္ေဆာက္ျခင္းမ်ား မျပဳရဟု ျပဌာန္းထားသည္။
.
စည်ပင်သာယာရေးဥပဒေအရ လမ်းမြေများကို တူးဆွဖယ်ရှားခွင့် မပြုထားသော်လည်း ရှမ်းပြည်နယ်အတွင်းရှိ ဒေသအများစုတွင် လိုအပ်ချက်အရ ပလက်ဖောင်းများကိုဖြိုဖျက် ထားမှုများရှိနေ
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေအရ လမ်းမြေကိုတူး ဆွခြင်း၊ တူးယူခြင်း၊ ဖယ်ရှားခြင်း၊ ကွန်ကရစ်ခုံ ပြုလုပ်ခြင်း စသည်တို့ ကို မပြုလုပ်ရန် တားမြစ်ထားသော် လည်း ဟိုပုံးမြို့အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ စည်ပင်သာယာရေး နယ်နိမိတ်ဝင် မြို့အများစုတွင် လိုအပ်ချက်အရ လူသွားစင်္ကြန် ပလက်ဖောင်းများကို ဖြိုဖျက်၍ ကွန်ကရစ်ခင်းခြင်းများ ရှိနေကြောင်း သိရသည်။
.
“ဥပဒေမှာက ဒီလိုအတိအကျ ပြဌာန်းထားတယ်။ ဒါကို ဌာနဆိုင်ရာတွေ အပါအဝင် ပုဂ္ဂလိကလူနေအိမ်တွေ၊ ဆိုင်ခန်းတွေက သူတို့ရုံးထဲ၊ အိမ်ထဲ ဝင်ထွက်လို့ရအောင် ပလက်ဖောင်းကို ဖြိုဖျက်ပြီး ကွန်ကရစ်ခင်းကြတယ်။ သူတို့အတွက်တော့ အဆင်ပြေမှာပေါ့။ ဒီပလက်ဖောင်းကို အသုံးပြုပြီး သွားလာနေတဲ့ လမ်းသွားလမ်းလာတွေ အတွက်တော့ အခက်အခဲ ဖြစ်ရပါတယ်။ တချို့ကလည်း ဒီပလက်ဖောင်းပေါ်မှာ ကုန်တင်ကုန်ချလုပ်နေတာ တွေလည်း ရှိတယ်။ ပြောရမယ်ဆိုရင် ဥပဒေဆိုတာ စာအုပ်ထဲမှာပဲ ထားဖို့လားပေါ့။ အဲဒီလို လိုက်နာစရာ မလိုဘူး ဆိုရင်လည်း ဒီဥပဒေတွေ ထုတ်ကိုမထုတ်နေပါနဲ့။ လွှတ်တော်ထဲမှာ အချိန်ကုန်ပါတယ်”ဟု ဟိုပုံးမြို့နေ ဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးစီး ဦးမောင်မောင်သန်းအား ကမ္ဘောဇတိုင်းမှ သွားရောက်တွေ့ဆုံ မေးမြန်းရာ “စိုက်ပျိုးရေးရုံးလိုပေါ့ တချို့က ကားဝင်လို့မရလို့ ပလက်ဖောင်းကိုဖျက်ပြီး ကားဝင်လို့ရအောင် လုပ်ထားတာပါ။ စည်ပင် ဥပဒေအရ ပလက်ဖောင်းကို ဖျက်လို့မရဘူးဆိုတာက ဖျက်လို ဖျက်ဆီးလုပ်တာကတော့ မရဘူးပေါ့။ တချို့ကတော့ လိုအပ်ချက်အရ စည်ပင်နဲ့ညှိနှိုင်းပြီး လုပ်ခဲ့တာပါ” ဟုပြန်လည် ဖြေကြားခဲ့သည်။
.
ဟိုပုံးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်တွင် ယင်းကဲ့သို့ ပလက်ဖောင်းများကို ဖြိုဖျက်၍ ကွန်ကရစ် ခင်းခြင်းများအပြင် ကုန်တင်ကုန်ချပြုလုပ်ခြင်းများလည်း ရှိနေပြီး ပလက်ဖောင်းနေရာ အများစု မှာလည်း အပေါက်အပြဲများဖြင့် သွားလာ၍မရအောင် ပျက်စီးနေ လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင် ဆန်းလမ်းမတစ်လျှောက်တွင်လည်း ယင်းကဲ့သို့ ပလက်ဖောင်းများအား ဖြိုဖျက်၍ ကွန်ကရစ်ခင်းထားခြင်း၊ လူသွားစင်္ကြန် ပလက်ဖောင်းပေါ်တွင် ဈေးခင်း ရောင်းချခြင်းများ ရှိနေကြောင်း သိရသည်။
.
၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်စည် ပင်သာယာရေးဥပဒေ၊ အခန်း (၁၇) တားမြစ်ချက်များ အခန်း၊ ပုဒ်မ ၆၉၊ ပုဒ်မခွဲ(စ)တွင် မည်သူမဆို လမ်းမြေကိုတူးဆွခြင်း၊ တူးယူခြင်း၊ ဖယ်ရှားခြင်း၊ မြေဖို့ခြင်း၊ မြေအနေ အထား ပြောင်းလဲစေခြင်း၊ လမ်းထက် မြင့်သော ကွန်ကရစ်လမ်းခင်းခြင်း၊ ကွန်ကရစ်ခုံပြုလုပ်ခြင်း၊ လမ်းထက် မြင့်သော မြောင်းကျော်တံတား၊ခုံး ကျော်တံတား တည်ဆောက်ခြင်းများ မပြုရဟု ပြဌာန်းထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats