တာခီ်လိတ္၌ ေရႊဆိုင္တစ္ဆိုင္အား ေသနတ္ကိုင္ လူ ၂ ဦးမွ လုယက္မႈျဖစ္ပြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, July 9, 2019

တာခီ်လိတ္၌ ေရႊဆိုင္တစ္ဆိုင္အား ေသနတ္ကိုင္ လူ ၂ ဦးမွ လုယက္မႈျဖစ္ပြား

မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းရွိ ရွင္းဒါးေရႊဆိုင္၌ ဇူလိုင္လ ၈ ရက္၊ နံနက္ပိုင္းက ေသနတ္ကိုင္ လူ ၂ ဦးမွ ဝင္ေရာက္လုယက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
 .
ရွင္းမန္ႏွင့္ ရွင္းဒါးေရႊဆိုင္ပိုင္ရွင္ ဦးခ်စ္ထူးသည္ ဇူလိုင္လ ၈ ရက္၊ နံနက္ ၇ နာရီ ၅၀ မိနစ္ခန္႔တြင္ မယ္ေခါင္ ရပ္ကြက္ရွိ ရွင္းမန္ေရႊဆိုင္တြင္ ရွိေနစဥ္ ဝမ္ေကာင္းရပ္ကြက္၊ ဗိုလ္ခ်ပ္လမ္း၊ အမွတ္(၁/၂၀-က)ရိွ ရွင္းဒါး ေရႊဆိုင္သို့ အမည္မသိ လူ ၂ ဦးမွ Scoopy ခရမ္းေရာင္ ဆိုင္ကယ္ျဖင့္ ေရာက္ရိွလာၿပီး ေသနတ္အတို ကိုယ္စီကိုင္ေဆာင္ကာ ဆိုင္အတြင္းရိွ ေရာင္းခ်ရန္ ခိ်တ္ဆဲြထားေသာ ေရႊထည္ပစၥည္းမ်ားအား လုယက္ယူေဆာင္ သြားေၾကာင္း သမီးျဖစ္သူ အေၾကာင္းၾကား၍ သိရသျဖင့္ ရွင္းဒါး ေရႊဆိုင္သို့ သြားေရာက္စစ္ေဆးရာ ေရႊဆိုင္အတြင္း ေရာင္းခ်ရန္ ခိ်တ္ဆဲြ ထားေသာ အေလးခိ်န္ ၂၄ ဒသမ ၂၀ က်ပ္သားခန္ရိွ ေရႊဘယက္ တစ္ကံုး၊ (တန္ဖိုးေငြက်ပ္ ၂၆၂၂၁၇၁၃ က်ပ္ခန္႔)၊ အေလးခိ်န္ ၁၅ ဒသမ ၀၇၈ က်ပ္သားခန္႔ရိွ ဆြဲႀကိဳး တစ္ကံုး၊ (တန္ဖိုးေငြက်ပ္ ၁၆၈၁၈၉၅၇ က်ပ္ခန္႔)၊ စုစုေပါင္း ေရႊအေလးခိ်န္ ၃၈ ဒသမ ၇၆၃ က်ပ္သားခန္႔၊ စုစုေပါင္းတန္ဖိုးေငြက်ပ္ ၄၃၀၄၀၆၆၉ က်ပ္ခန့္နွင့္ iPhone 7 အနက္ေရာင္ တစ္လံုး(တန္ဖိုးေငြက်ပ္ ၁၇၁၅၀၀၀ ခန္႔)တို႔အား ၀င္ေရာက္ လုယူထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
 “မနက္ပိုင္း ဆိုင္ဖြင့္ခိ်န္မွာ ဆိုင္ကယ္ဦးထုပ္ေဆာင္းထားတဲ့ လူ ၂ ေယာက္က ေသနတ္ကို ေမာင္းတင္လာၿပီး ေနာက္က စီးတဲ့တစ္ေယာက္က ေသနတ္နဲ႔ ခိ်န္ထားတယ္။ တစ္ေယာက္က မွန္ေကာင္တာေပၚတက္ၿပီး ဘယက္ေတြထားတဲ့ အကန္႔ကိုဖြင့္ၿပီး ယူၿပီးေတာ့ ထြက္ေျပးသြားတယ္၊ လက္ရိွ အေနမွာေတာ့ CCTV နဲ႔ အနီးပတ္၀န္းက်င္မွာ စစ္ေဆးမႈေတြလုပ္ေနၿပီး ပူးေပါင္းအဖဲြ႕ကလည္း တရားခံဖမ္းဆီးရမိေရးအတြက္ စံုစမ္းေဆာင္ရြက္ ေနပါတယ္ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရိွသူ တစ္ဦးက ေျပာသည္။
.
သို႔ျဖစ္၍ ေရႊထည္ပစၥည္းမ်ားကို လုယက္သြားသူ အမည္မသိ လူ၂ ဦးအား တာခီ်လိတ္ၿမိဳ႕မရဲစခန္စက (ပ)၃၆၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၂ ျဖင့္ အမႈဖြင့္လွစ္ကာ က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
တာချီလိတ်၌ ရွှေဆိုင်တစ်ဆိုင်အား သေနတ်ကိုင် လူ ၂ ဦးမှ လုယက်မှုဖြစ်ပွား
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရှင်းဒါးရွှေဆိုင်၌ ဇူလိုင်လ ၈ ရက်၊ နံနက်ပိုင်းက သေနတ်ကိုင် လူ ၂ ဦးမှ ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 .
ရှင်းမန်နှင့် ရှင်းဒါးရွှေဆိုင်ပိုင်ရှင် ဦးချစ်ထူးသည် ဇူလိုင်လ ၈ ရက်၊ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် မယ်ခေါင် ရပ်ကွက်ရှိ ရှင်းမန်ရွှေဆိုင်တွင် ရှိနေစဉ် ဝမ်ကောင်းရပ်ကွက်၊ ဗိုလ်ချပ်လမ်း၊ အမှတ်(၁/၂၀-က)ရှိ ရှင်းဒါး ရွှေဆိုင်သို့ အမည်မသိ လူ ၂ ဦးမှ Scoopy ခရမ်းရောင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်အတို ကိုယ်စီကိုင်ဆောင်ကာ ဆိုင်အတွင်းရှိ ရောင်းချရန် ချိတ်ဆွဲထားသော ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင် သွားကြောင်း သမီးဖြစ်သူ အကြောင်းကြား၍ သိရသဖြင့် ရှင်းဒါး ရွှေဆိုင်သို့ သွားရောက်စစ်ဆေးရာ ရွှေဆိုင်အတွင်း ရောင်းချရန် ချိတ်ဆွဲ ထားသော အလေးချိန် ၂၄ ဒသမ ၂၀ ကျပ်သားခန်ရှိ ရွှေဘယက် တစ်ကုံး၊ (တန်ဖိုးငွေကျပ် ၂၆၂၂၁၇၁၃ ကျပ်ခန့်)၊ အလေးချိန် ၁၅ ဒသမ ၀၇၈ ကျပ်သားခန့်ရှိ ဆွဲကြိုး တစ်ကုံး၊ (တန်ဖိုးငွေကျပ် ၁၆၈၁၈၉၅၇ ကျပ်ခန့်)၊ စုစုပေါင်း ရွှေအလေးချိန် ၃၈ ဒသမ ၇၆၃ ကျပ်သားခန့်၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၄၃၀၄၀၆၆၉ ကျပ်ခန့်နှင့် iPhone 7 အနက်ရောင် တစ်လုံး(တန်ဖိုးငွေကျပ် ၁၇၁၅၀၀၀ ခန့်)တို့အား ဝင်ရောက် လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
 “မနက်ပိုင်း ဆိုင်ဖွင့်ချိန်မှာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ လူ ၂ ယောက်က သေနတ်ကို မောင်းတင်လာပြီး နောက်က စီးတဲ့တစ်ယောက်က သေနတ်နဲ့ ချိန်ထားတယ်။ တစ်ယောက်က မှန်ကောင်တာပေါ်တက်ပြီး ဘယက်တွေထားတဲ့ အကန့်ကိုဖွင့်ပြီး ယူပြီးတော့ ထွက်ပြေးသွားတယ်၊ လက်ရှိ အနေမှာတော့ CCTV နဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ဆေးမှုတွေလုပ်နေပြီး ပူးပေါင်းအဖွဲ့ကလည်း တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက် နေပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
သို့ဖြစ်၍ ရွှေထည်ပစ္စည်းများကို လုယက်သွားသူ အမည်မသိ လူ၂ ဦးအား တာချီလိတ်မြို့မရဲစခန်စက (ပ)၃၆၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်လှစ်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats