မိုင္းယန္းၿမိဳ႕နယ္ စည္ပင္သာယာေရး လုပ္ငန္းမ်ားအား ကြင္းဆင္းၾကည့္႐ႈ စစ္ေဆး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, July 26, 2019

မိုင္းယန္းၿမိဳ႕နယ္ စည္ပင္သာယာေရး လုပ္ငန္းမ်ားအား ကြင္းဆင္းၾကည့္႐ႈ စစ္ေဆး


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း ျပည္နယ္စည္ပင္သာယာေရးဌာန႐ံုးခြဲ (က်ိဳင္းတံု)မွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးမ်ိဳးျမင့္ေအာင္၊ အင္ဂ်င္နီယာမွဴး ဦးထြန္းထြန္းဝင္းႏွင့္ ဦး စီးအရာရွိ ဦးသိန္းစိုးဦးတို႔သည္ က်ိဳင္းတံုခ႐ိုင္ မိုင္းယန္းၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီႏွင့္ စည္ပင္သာယာေရးဌာနတို႔မွ ေဆာင္ရြက္ေနသည့္ ၿမိဳ႕ဖြံ႕ၿဖိဳးလွပသာယာေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနသည့္ အေျခ အေနကို ဇူလိုင္လ ၁၄ ရက္ေန႔၌ ကြင္းဆင္းၾကည့္႐ႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
.

.
မိုင္းယန္းၿမိဳ႕တြင္ စည္ပင္သာယာ ေရးဌာန၏ လုပ္ငန္းမ်ားျဖစ္သည့္ ပန္းၿခံလမ္းတိုးခ်ဲ႕ျခင္း၊ ၿမိဳ႕သန္႔ရွင္းေရး ေဆာင္ရြက္မႈ၊ ကိုယ့္အားကိုယ္ကိုး ကတၱရာလမ္းခင္းျခင္းႏွင့္ ၿမိဳ႕မေဈးအတြင္း အမိုးမိုးျခင္းလုပ္ငန္း၊ တင္ဒါ ေအာင္ျမင္သည့္ ၿမိဳ႕ပတ္လမ္းအား ေျမသားလမ္းေဖာက္လုပ္သည့္ လုပ္ ငန္းမ်ားကို ေဆာင္ရြက္လ်က္ရွိ ေၾကာင္းသိရသည္။
.
“ကြ်န္ေတာ္တို႔ စည္ပင္သာယာဌာနနဲ႔ ၿမိဳ႕နယ္စည္ပင္သာယာေကာ္မတီတို႔က ၿမိဳ႕ေနျပည္သူလူထုအတြက္ အေကာင္းဆံုးႀကိဳးစား ေဆာင္ရြက္ ေပးေနတာကို ျပည္နယ္႐ံုးခြဲ (က်ိဳင္းတံု) က တာဝန္ရွိသူေတြ လာေရာက္ၿပီး ေတာ့ ေျမျပင္ကြင္းဆင္းၾကည့္႐ႈစစ္ ေဆးၾကပါတယ္။ မိုင္းယန္းၿမိဳ႕ေနျပည္ သူလူထုရဲ႕ ပူးေပါင္းကူညီေပးမႈေၾကာင့္ တိုးတက္မႈကို ျမင္ေတြ႕ႏိုင္ပါတယ္” ဟု မိုင္းယန္းၿမိဳ႕နယ္ စည္ပင္သာယာ ေရးဌာနမွ အမႈေဆာင္အရာရွိ ဦးသန္းေဇာ္မွ ေျပာၾကားခဲ့သည္။
.
မိုင္းယန္းၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးစိုင္းတြီက “ၿမိဳ႕အတြက္ ဝမ္းသာစရာေကာင္းပါတယ္။ အရင္ကနဲ႔စာရင္ အမ်ားႀကီးတိုးတက္လာတယ္လို႔ ေျပာႏိုင္ပါတယ္။ ဌာနဆိုင္ရာေတြနဲ႔ ၿမိဳ႕လူထုရဲ႕ ႀကိဳးစား အားထုတ္မႈကို လက္ေတြ႕ျမင္ေနရပါတယ္” ဟု ၎၏အျမင္ကို ေျပာဆို ခဲ့သည္။
.
မိုင္းယန္းၿမိဳ႕နယ္သည္ က်ိဳင္းတံုခ႐ိုင္၏ အေရွ႕ေျမာက္နယ္စပ္အစြန္ တြင္ တည္ရွိၿပီး လက္နက္ကိုင္ “ဝ” အထူးေဒသ ၂၊ မိုင္းလားအထူးေဒသ ၄ နယ္ေျမတို႔ႏွင့္ ထိစပ္လ်က္ရွိၿပီး ၁၉၈၉ ခုႏွစ္တြင္ ျဖစ္ပြားခဲ့သည့္ ဗမာျပည္ကြန္ျမဴနစ္ပါတီ (ဗကပ)၏ လက္နက္ကိုင္ တပ္ဖြဲ႕မ်ားႏွင့္ တပ္မ ေတာ္တို႔ျဖစ္ပြားခဲ့သည့္ မိုင္းယန္း တိုက္ပြဲမွာ သမိုင္းဝင္ထင္ရွားခဲ့ေၾကာင္း သိရသည္။
.
============================================================
မိုင်းယန်းမြို့နယ် စည်ပင်သာယာရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်စည်ပင်သာယာရေးဌာနရုံးခွဲ (ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ အင်ဂျင်နီယာမှူး ဦးထွန်းထွန်းဝင်းနှင့် ဦး စီးအရာရှိ ဦးသိန်းစိုးဦးတို့သည် ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးဌာနတို့မှ ဆောင်ရွက်နေသည့် မြို့ဖွံ့ဖြိုးလှပသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေ အနေကို ဇူလိုင်လ ၁၄ ရက်နေ့၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
မိုင်းယန်းမြို့တွင် စည်ပင်သာယာ ရေးဌာန၏ လုပ်ငန်းများဖြစ်သည့် ပန်းခြံလမ်းတိုးချဲ့ခြင်း၊ မြို့သန့်ရှင်းရေး ဆောင်ရွက်မှု၊ ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းခင်းခြင်းနှင့် မြို့မဈေးအတွင်း အမိုးမိုးခြင်းလုပ်ငန်း၊ တင်ဒါ အောင်မြင်သည့် မြို့ပတ်လမ်းအား မြေသားလမ်းဖောက်လုပ်သည့် လုပ် ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
.
“ကျွန်တော်တို့ စည်ပင်သာယာဌာနနဲ့ မြို့နယ်စည်ပင်သာယာကော်မတီတို့က မြို့နေပြည်သူလူထုအတွက် အကောင်းဆုံးကြိုးစား ဆောင်ရွက် ပေးနေတာကို ပြည်နယ်ရုံးခွဲ (ကျိုင်းတုံ) က တာဝန်ရှိသူတွေ လာရောက်ပြီး တော့ မြေပြင်ကွင်းဆင်းကြည့်ရှုစစ် ဆေးကြပါတယ်။ မိုင်းယန်းမြို့နေပြည် သူလူထုရဲ့ ပူးပေါင်းကူညီပေးမှုကြောင့် တိုးတက်မှုကို မြင်တွေ့နိုင်ပါတယ်” ဟု မိုင်းယန်းမြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိ ဦးသန်းဇော်မှ ပြောကြားခဲ့သည်။
.
မိုင်းယန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းတွီက “မြို့အတွက် ဝမ်းသာစရာကောင်းပါတယ်။ အရင်ကနဲ့စာရင် အများကြီးတိုးတက်လာတယ်လို့ ပြောနိုင်ပါတယ်။ ဌာနဆိုင်ရာတွေနဲ့ မြို့လူထုရဲ့ ကြိုးစား အားထုတ်မှုကို လက်တွေ့မြင်နေရပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆို ခဲ့သည်။
.
မိုင်းယန်းမြို့နယ်သည် ကျိုင်းတုံခရိုင်၏ အရှေ့မြောက်နယ်စပ်အစွန် တွင် တည်ရှိပြီး လက်နက်ကိုင် “ဝ” အထူးဒေသ ၂၊ မိုင်းလားအထူးဒေသ ၄ နယ်မြေတို့နှင့် ထိစပ်လျက်ရှိပြီး ၁၉၈၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၏ လက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ်မ တော်တို့ဖြစ်ပွားခဲ့သည့် မိုင်းယန်း တိုက်ပွဲမှာ သမိုင်းဝင်ထင်ရှားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats