က်ိဳင္းတံုစြမ္းအင္ကုမၸဏီမွ လွ်ပ္စစ္ဓါတ္အားခမ်ား တိုးျမႇင့္ေကာက္ခံရန္ အစီအစဥ္မရွိေသး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, July 5, 2019

က်ိဳင္းတံုစြမ္းအင္ကုမၸဏီမွ လွ်ပ္စစ္ဓါတ္အားခမ်ား တိုးျမႇင့္ေကာက္ခံရန္ အစီအစဥ္မရွိေသး


ထက္တိုင္းေက်ာ္
.
လွ်ပ္စစ္ဓါတ္အား မီတာယူနစ္ ႏႈန္းထားမ်ားကို ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္မွ စတင္၍ ျပင္ဆင္တိုးျမႇင့္ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ ထုတ္ ျပန္ေၾကညာခဲ့ေသာ္လည္း က်ိဳင္းတံုၿမိဳ႕တြင္ ဓါတ္အားေပးလုပ္ငန္း ေဆာင္ရြက္ေနသည့္ ပုဂၢလိကပိုင္ က်ိဳင္းတံုစြမ္းအင္ကုမၸဏီအေနျဖင့္ မူလေကာက္ခံေနသည့္ ႏႈန္းထားျဖင့္သာ ဆက္လက္ေကာက္ခံသြားမည္ ျဖစ္ေၾကာင္း သိရသည္။
.
 .
က်ိဳင္းတံုစြမ္းအင္ကုမၸဏီသည္ လက္ရွိတြင္ အိမ္သံုးမီတာမ်ားကို တစ္ယူနစ္လွ်င္ ၁၀ဝ က်ပ္ႏႈန္းေကာက္ ခံေနျခင္းျဖစ္ၿပီး လုပ္ငန္းသံုးမီတာ မ်ားအား တစ္ယူနစ္လွ်င္ ၁၆၀ က်ပ္ ျဖင့္ ေကာက္ခံေနျခင္း ျဖစ္သည္။
.
“က်ိဳင္းတံုစြမ္းအင္ ကုမၸဏီအေနနဲ႔ကေတာ့ လတ္တေလာမွာ လက္ရွိေကာက္ခံေနတဲ့ ႏႈန္းထားကေန ေျပာင္းလဲေကာက္ခံဖို႔ အစီအစဥ္မရွိေသးပါဘူး။ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ေၾကညာထားတဲ့ ေဈးႏႈန္းအရဆိုရင္ ယူနစ္ ၁၀ဝ ေက်ာ္ သံုးစြဲတဲ့ ေနရာေတြမွာ ကြ်န္ေတာ္ တို႔ က်ိဳင္းတံုစြမ္းအင္ကုမၸဏီက ေဈးသက္သာပါတယ္”ဟု က်ိဳင္း တံုစြမ္းအင္ကုမၸဏီမွ မန္ေနဂ်ာ ဦး ျမင့္ႏိုင္က ကေမၻာဇတိုင္းသို႔ ေျပာ သည္။
.
လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန မွ ဇူလိုင္လ ၁ ရက္မွစတင္၍ အိမ္ သံုးတစ္ယူနစ္မွ ၃၀ ယူနစ္အထိ ၃၅ က်ပ္၊ ၃၁ ယူနစ္မွ ၅၀ ယူနစ္အထိ ၅၀ က်ပ္၊ အိမ္သံုးပါဝါမီတာ ၅၁ ယူနစ္မွ ၇၅ ယူနစ္အထိ ၇၀ က်ပ္၊ တစ္လံုးတစ္ခဲတည္း အိမ္သံုး ၇၆ ယူနစ္မွ ၁၀ဝ ယူနစ္အထိ ၉၀ က်ပ္၊ ဘာသာေရးေနရာမ်ားအတြက္ ၁၅၀ ယူနစ္မွ ၂၀ဝ ယူနစ္အထိ ၂၀ က်ပ္ ႏွင့္ လွ်ပ္စစ္သံုးစြဲမႈ ၂၀၁ ယူနစ္မွ အ ထက္ အသံုးျပဳမႈမ်ားကို တစ္ယူနစ္ ၁၂၅ က်ပ္ႏႈန္းျဖင့္ ေျပာင္းလဲေကာက္ ခံသြားမည္ျဖစ္ေၾကာင္း ေၾကညာ ထားသည္။
.
ယင္းကဲ့သို႔ လွ်ပ္စစ္မီတာ ယူနစ္ ႏႈန္းထားမ်ား ေျပာင္းလဲေကာက္ခံမႈႏွင့္ ပတ္သက္၍ က်ိဳင္းတံုေဒသ ခံတစ္ဦးက “စြမ္းအင္ကုမၸဏီအေနနဲ႔ လုပ္ငန္းရွင္ေတြအတြက္ အလုပ္ခ်ိန္ မွာ မီးေပးႏိုင္ဖို႔ လိုအပ္ပါတယ္။ အစိုးရရဲ႕ ေၾကညာခ်က္နဲ႔ ယူနစ္ခတိုး ေကာက္တာကို ကုမၸဏီကေန ထပ္တိုးေကာက္ဦးမယ္ ဆိုရင္ေတာ့ ျပည္သူေတြရဲ႕ လက္ရွိစီးပြားေရး အေျခအေနနဲ႔ေတာ့ ဝန္ထုပ္ဝန္ပိုး ျဖစ္သြားႏိုင္ပါတယ္”ဟု ၎၏အျမင္ကို ေျပာသည္။
.
လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနသည္ ၂၀၁၄ ခုႏွစ္၊ လွ်ပ္စစ္ဥပေဒ ပုဒ္မ ၄၁ ႏွင့္အညီ လွ်ပ္စစ္ဓါတ္ အားခ ႏႈန္းထား မ်ားကို ျပင္ဆင္သတ္ မွတ္ရန္ ျပည္ေထာင္စုအစိုးရအဖြဲ႕သို႔ တင္ျပခဲ့ရာ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၁၁ ရက္တြင္ က်င္းပ ျပဳလုပ္ခဲ့သည့္ ျပည္ ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝး အမွတ္စဥ္ (၇/၂၀၁၉) သေဘာတူ ညီမႈအရ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္မွ စတင္၍ လွ်ပ္စစ္ဓါတ္အားခ ႏႈန္းထားမ်ားကို ျပင္ဆင္သတ္မွတ္ ျခင္းျဖစ္ေၾကာင္း သိရသည္။
.

ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ လျှပ်စစ်ဓါတ်အားခများ တိုးမြှင့်ကောက်ခံရန် အစီအစဉ်မရှိသေး
.
ထက်တိုင်းကျော်
.
လျှပ်စစ်ဓါတ်အား မီတာယူနစ် နှုန်းထားများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ စတင်၍ ပြင်ဆင်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ် ပြန်ကြေညာခဲ့သော်လည်း ကျိုင်းတုံမြို့တွင် ဓါတ်အားပေးလုပ်ငန်း ဆောင်ရွက်နေသည့် ပုဂ္ဂလိကပိုင် ကျိုင်းတုံစွမ်းအင်ကုမ္ပဏီအနေဖြင့် မူလကောက်ခံနေသည့် နှုန်းထားဖြင့်သာ ဆက်လက်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံစွမ်းအင်ကုမ္ပဏီသည် လက်ရှိတွင် အိမ်သုံးမီတာများကို တစ်ယူနစ်လျှင် ၁ဝဝ ကျပ်နှုန်းကောက် ခံနေခြင်းဖြစ်ပြီး လုပ်ငန်းသုံးမီတာ များအား တစ်ယူနစ်လျှင် ၁၆၀ ကျပ် ဖြင့် ကောက်ခံနေခြင်း ဖြစ်သည်။
.
“ကျိုင်းတုံစွမ်းအင် ကုမ္ပဏီအနေနဲ့ကတော့ လတ်တလောမှာ လက်ရှိကောက်ခံနေတဲ့ နှုန်းထားကနေ ပြောင်းလဲကောက်ခံဖို့ အစီအစဉ်မရှိသေးပါဘူး။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားတဲ့ ဈေးနှုန်းအရဆိုရင် ယူနစ် ၁ဝဝ ကျော် သုံးစွဲတဲ့ နေရာတွေမှာ ကျွန်တော် တို့ ကျိုင်းတုံစွမ်းအင်ကုမ္ပဏီက ဈေးသက်သာပါတယ်”ဟု ကျိုင်း တုံစွမ်းအင်ကုမ္ပဏီမှ မန်နေဂျာ ဦး မြင့်နိုင်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှ ဇူလိုင်လ ၁ ရက်မှစတင်၍ အိမ် သုံးတစ်ယူနစ်မှ ၃၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ အိမ်သုံးပါဝါမီတာ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ တစ်လုံးတစ်ခဲတည်း အိမ်သုံး ၇၆ ယူနစ်မှ ၁ဝဝ ယူနစ်အထိ ၉၀ ကျပ်၊ ဘာသာရေးနေရာများအတွက် ၁၅၀ ယူနစ်မှ ၂ဝဝ ယူနစ်အထိ ၂၀ ကျပ် နှင့် လျှပ်စစ်သုံးစွဲမှု ၂၀၁ ယူနစ်မှ အ ထက် အသုံးပြုမှုများကို တစ်ယူနစ် ၁၂၅ ကျပ်နှုန်းဖြင့် ပြောင်းလဲကောက် ခံသွားမည်ဖြစ်ကြောင်း ကြေညာ ထားသည်။
.
ယင်းကဲ့သို့ လျှပ်စစ်မီတာ ယူနစ် နှုန်းထားများ ပြောင်းလဲကောက်ခံမှုနှင့် ပတ်သက်၍ ကျိုင်းတုံဒေသ ခံတစ်ဦးက “စွမ်းအင်ကုမ္ပဏီအနေနဲ့ လုပ်ငန်းရှင်တွေအတွက် အလုပ်ချိန် မှာ မီးပေးနိုင်ဖို့ လိုအပ်ပါတယ်။ အစိုးရရဲ့ ကြေညာချက်နဲ့ ယူနစ်ခတိုး ကောက်တာကို ကုမ္ပဏီကနေ ထပ်တိုးကောက်ဦးမယ် ဆိုရင်တော့ ပြည်သူတွေရဲ့ လက်ရှိစီးပွားရေး အခြေအနေနဲ့တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်ပါတယ်”ဟု ၎င်း၏အမြင်ကို ပြောသည်။
.
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေ ပုဒ်မ ၄၁ နှင့်အညီ လျှပ်စစ်ဓါတ် အားခ နှုန်းထား များကို ပြင်ဆင်သတ် မှတ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပြည် ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၉) သဘောတူ ညီမှုအရ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ စတင်၍ လျှပ်စစ်ဓါတ်အားခ နှုန်းထားများကို ပြင်ဆင်သတ်မှတ် ခြင်းဖြစ်ကြောင်း သိရသည်။
.
 
.

No comments:

Post a Comment

Journal Download

Photo of three cats