၂၀၁၉ ခုႏွစ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ဘတ္စကက္ေဘာၿပိဳင္ပြဲကို လား႐ိႈးၿမိဳ႕တြင္ ျပဳလုပ္ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, July 28, 2019

၂၀၁၉ ခုႏွစ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ဘတ္စကက္ေဘာၿပိဳင္ပြဲကို လား႐ိႈးၿမိဳ႕တြင္ ျပဳလုပ္


ကေမ႓ာဇတိုင္း
.
၂၀၁၉ ခုႏွစ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ဘတ္စကက္ေဘာၿပိဳင္ပြဲ ဖြင့္ပြဲကို ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕၊ ရပ္ကြက္ (၁၂) ရွိ ေလ့က်င့္ေရးအားကစား႐ံုတြင္ ဇူလိုင္လ ၂၃ ရက္၊ နံနက္ပိုင္းက က်င္းပျပဳလုပ္ခဲ့ ေၾကာင္း သိရသည္။
.
.
အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကား  ေျပာၾကားခဲ့ၿပီး ျမန္မာႏိုင္ငံအိုလံပစ္ေကာ္မတီ ဒုတိယဥကၠဌ၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး  ေဒါက္တာျမေလးစိန္က ႏႈတ္ခြန္းဆက္အမွာစကား ေျပာၾကားခဲ့သည္။
.
ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ အေရွ႕ေျမာက္တိုင္းစစ္ဌာန ခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအး၊ ျမန္မာႏိုင္ငံအိုလံပစ္ေကာ္မတီ ဒုတိယဥကၠဌ၊ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားက အားကစားသမားမ်ား အား လိုက္လံႏႈတ္ဆက္ခဲ့သည္။
.
ဆက္လက္၍ အလွဴရွင္မ်ားက ေအာင္ႏိုင္ေရးအလွဴေငြမ်ားကို ေပးအပ္ရာ တာဝန္ရွိသူမ်ားက လက္ခံရယူ ခဲ့ၿပီး တိုင္းရင္းသားယဥ္ေက်းမႈအကအဖြဲ႕၊ နည္းပညာတကၠသိုလ္အကအဖြဲ႕၊ ပညာေရးေကာလိပ္ သ႐ုပ္ျပအဖြဲ႕၊ SAKURA အကအဖြဲ႕၊ ကိုးးကန္႔ယဥ္ေက်းမႈအကအဖြဲ႕၊ ဘင္ခရာအဖြဲ႕တို႔က သ႐ုပ္ျပေဖ်ာ္ေျဖခဲ့ေၾကာင္း သိရသည္။
.
ယင္းေနာက္ အမ်ိဳးသမီးအားကစားအဖြဲ႕ခ်ဳပ္မွ ကိုယ္ကာယေလ့က်င့္ခန္းမ်ားကို ဂီတသံစဥ္မ်ားျဖင့္ သ႐ုပ္ ျပသရာ တက္ေရာက္လာသူမ်ားက လိုက္ပါေဆာင္ရြက္ခဲ့ၾကၿပီး ၂၀၁၉ ခုႏွစ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဘတ္ စကက္ေဘာၿပိဳင္ပြဲ ပထမဆံုးပြဲစဥ္အျဖစ္ ရွမ္းျပည္နယ္အသင္းႏွင့္ ကရင္ျပည္နယ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ား၊ တာဝန္ရွိသူမ်ားက ၾကည့္႐ႈအားေပးခဲ့ၾကေၾကာင္း သိရသည္။
.
အဆိုပါ ၂၀၁၉ ခုႏွစ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ဘတ္စကက္ေဘာၿပိဳင္ပြဲတြင္ အမ်ိဳးသားအသင္း ၁၃ သင္း၊ အမ်ိဳးသမီးအသင္း ၁၂ သင္းမွ အားကစားသမားစုစုေပါင္း ၄၀၆ ဦး ပါဝင္ယွဥ္ၿပိဳင္ ကစားခဲ့ၿပီး အမ်ိဳးသား ၿပိဳင္ပြဲတြင္ အုပ္စု (က) အျဖစ္ ရွမ္း၊ ကယား၊ ကရင္၊ ဧရာဝတီ၊ အုပ္စု (ခ) အျဖစ္ ရန္ကုန္၊ တနသၤာရီ၊ ပဲခူး၊ အုပ္စု (ဂ) ကခ်င္၊ စစ္ကိုင္း၊ ရခိုင္၊ အုပ္စု (ဃ) မႏၲေလး၊ မြန္၊ မေကြးအသင္းတို႔ ပါဝင္ယွဥ္ၿပိဳင္လ်က္ရွိကာ အမ်ိဳးသမီးၿပိဳင္ပြဲတြင္ အုပ္စု (က) စစ္ကိုင္း၊ တနသၤာရီ၊ ကယား၊ အုပ္စု (ခ) မေကြး၊ ရခိုင္၊ မႏၲေလး၊ အုပ္စု (ဂ) ရွမ္း၊ ပဲခူး၊ ဧရာဝတီ၊ အုပ္စု (ဃ) ရန္ကုန္၊ မြန္၊ ကရင္အသင္းတို႔ ပါဝင္ယွဥ္ၿပိဳင္ကစားခဲ့သည္။
.
ထို႔အျပင္ ၃ ေယာက္တြဲ ဘတ္စကက္ေဘာ အမ်ိဳးသားၿပိဳင္ပြဲတြင္ အုပ္စု (က) ဧရာဝတီ၊ တနသၤာရီ၊ စစ္ကိုင္း၊ အုပ္စု (ခ) မြန္၊ ကယား၊ ရန္ကုန္၊ အုပ္စု (ဂ) ကရင္၊ ကခ်င္၊ ရွမ္း၊ အုပ္စု (ဃ) မေကြး၊ မႏၲေလး၊ ပဲခူး ႏွင့္ အမ်ိဳးသမီး ၃ ေယာက္တြဲၿပိဳင္ပြဲတြင္ အုပ္စု (က) ရန္ကုန္၊ ဧရာဝတီ၊ ကခ်င္၊ အုပ္စု (ခ) ပဲခူး၊ မြန္၊ ရွမ္း၊ အုပ္စု (ဂ) စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ အုပ္စု (ဃ) ကယား၊ တနသၤာရီအသင္းတို႔မွ ပါဝင္ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ဇူလိုင္လ ၂၉ ရက္ တြင္ ေနာက္ဆံုးဗိုလ္လုပဲြႏွင့္ ဆုခ်ီးျမႇင့္ပြဲမ်ားကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
============================================================
၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲကို လားရှိုးမြို့တွင် ပြုလုပ်
.
ကမ္ဘောဇတိုင်း
.
၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၁၂) ရှိ လေ့ကျင့်ရေးအားကစားရုံတွင် ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
.
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား  ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာမြလေးစိန်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အားကစားသမားများ အား လိုက်လံနှုတ်ဆက်ခဲ့သည်။
.
ဆက်လက်၍ အလှူရှင်များက အောင်နိုင်ရေးအလှူငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ပြီး တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့၊ နည်းပညာတက္ကသိုလ်အကအဖွဲ့၊ ပညာရေးကောလိပ် သရုပ်ပြအဖွဲ့၊ SAKURA အကအဖွဲ့၊ ကိုးးကန့်ယဉ်ကျေးမှုအကအဖွဲ့၊ ဘင်ခရာအဖွဲ့တို့က သရုပ်ပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
.
ယင်းနောက် အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကိုယ်ကာယလေ့ကျင့်ခန်းများကို ဂီတသံစဉ်များဖြင့် သရုပ် ပြသရာ တက်ရောက်လာသူများက လိုက်ပါဆောင်ရွက်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ် စကက်ဘောပြိုင်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းမှ အားကစားသမားစုစုပေါင်း ၄၀၆ ဦး ပါဝင်ယှဉ်ပြိုင် ကစားခဲ့ပြီး အမျိုးသား ပြိုင်ပွဲတွင် အုပ်စု (က) အဖြစ် ရှမ်း၊ ကယား၊ ကရင်၊ ဧရာဝတီ၊ အုပ်စု (ခ) အဖြစ် ရန်ကုန်၊ တနင်္သာရီ၊ ပဲခူး၊ အုပ်စု (ဂ) ကချင်၊ စစ်ကိုင်း၊ ရခိုင်၊ အုပ်စု (ဃ) မန္တလေး၊ မွန်၊ မကွေးအသင်းတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိကာ အမျိုးသမီးပြိုင်ပွဲတွင် အုပ်စု (က) စစ်ကိုင်း၊ တနင်္သာရီ၊ ကယား၊ အုပ်စု (ခ) မကွေး၊ ရခိုင်၊ မန္တလေး၊ အုပ်စု (ဂ) ရှမ်း၊ ပဲခူး၊ ဧရာဝတီ၊ အုပ်စု (ဃ) ရန်ကုန်၊ မွန်၊ ကရင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့သည်။
.
ထို့အပြင် ၃ ယောက်တွဲ ဘတ်စကက်ဘော အမျိုးသားပြိုင်ပွဲတွင် အုပ်စု (က) ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်း၊ အုပ်စု (ခ) မွန်၊ ကယား၊ ရန်ကုန်၊ အုပ်စု (ဂ) ကရင်၊ ကချင်၊ ရှမ်း၊ အုပ်စု (ဃ) မကွေး၊ မန္တလေး၊ ပဲခူး နှင့် အမျိုးသမီး ၃ ယောက်တွဲပြိုင်ပွဲတွင် အုပ်စု (က) ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ အုပ်စု (ခ) ပဲခူး၊ မွန်၊ ရှမ်း၊ အုပ်စု (ဂ) စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ အုပ်စု (ဃ) ကယား၊ တနင်္သာရီအသင်းတို့မှ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ဇူလိုင်လ ၂၉ ရက် တွင် နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)