မူဆယ္တြင္ လက္ပစ္ဗံုး ၂၂ လံုး၊ ေသနတ္ ၇ လက္ႏွင့္ ခဲယမ္းမ်ား ဖမ္းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, July 20, 2019

မူဆယ္တြင္ လက္ပစ္ဗံုး ၂၂ လံုး၊ ေသနတ္ ၇ လက္ႏွင့္ ခဲယမ္းမ်ား ဖမ္းမိ


စိုင္းရာဇာ
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိန္းနီၿမိဳ႕တြင္ ဘိန္းျဖဴအနည္းငယ္ႏွင့္အတူ ဖမ္းမိေသာ အမ်ိဳးသားတစ္ဦးကို လံုၿခံဳေရးအဖြဲ႕ ကစစ္ေဆးစဥ္ ၎ငွားရမ္းထားေသာ မူဆယ္ၿမိဳ႕ရွိ ဂိုေဒါင္တစ္ခုမွ လက္ပစ္ဗံုး ၂၂ လံုး အပါအဝင္ ေသနတ္ ၇ လက္ႏွင့္ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိခဲ႔ေၾကာင္း ဇူလိုင္လ ၁၈ ရက္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။ 
.
ဓါတ္ပံု - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး
 .
“တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။ မူးယစ္ကြင္းဆက္နဲ႔ ဖမ္းမိတာပါ” ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ ေဇာ္ခင္ေအာင္က ကေမ႓ာဇတိုင္းသို႔ အတည္ျပဳ ေျပာၾကားသည္။
.
ဇူလိုင္ ၁၀ ရက္က သိန္းနီၿမိဳ ႔အဝင္ဂိတ္တြင္ ရန္စန္းဆိုသူ အမ်ိဳးသား ေမာင္းႏွင္လာေသာ ေမာ္ေတာ္ယာဥ္ကို ရဲတပ္ဖြဲ႕က တားဆီး စစ္ေဆးစဥ္ ဘိန္းျဖဴ ၃ ဂရမ္၊ ယြမ္ ၈၂၀၀ ႏွင့္အတူ ဖမ္းမိခဲ့ၿပီး ၆ ရက္ၾကာ  စစ္ေဆးၿပီးေနာက္ ၎၏ထုတ္ေဖာ္ဝန္ခံခ်က္အရ မူဆယ္ၿမိဳ႕ ေကာင္းမႈတံုရပ္ကြက္ တိုးခ်ဲ႕ကြက္သစ္ရွိ ၎ေနထိုင္ေသာ ဂိုေဒါင္တစ္ခုအတြင္း လံုၿခံဳေရးအဖြဲ႕က ဇူလိုင္ ၁၇ ရက္တြင္ ဝင္ေရာက္ရွာေဖြရာ ေသနတ္မ်ိဳးစံု ၇ လက္၊ က်ည္အိမ္ မ်ိဳးစံု ၂၄ ခု၊ လက္ပစ္ဗံုး ၂၂ လံုး၊ စနက္တံ ၆ ခု၊ က်ည္မ်ိဳးစံု ၅၅၃ ေတာင့္ႏွင့္ မွန္ေျပာင္း ၂ လက္ကို ထပ္မံသိမ္းဆည္းခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ သတင္း ထုတ္ျပန္ထားသည္။
.
မူဆယ္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ ဇူလိုင္ ၁၆ ရက္ ေန႔လယ္က တ႐ုတ္ႏိုင္ငံသား အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။
.
============================================================
မူဆယ်တွင် လက်ပစ်ဗုံး ၂၂ လုံး၊ သေနတ် ၇ လက်နှင့် ခဲယမ်းများ ဖမ်းမိ
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့တွင် ဘိန်းဖြူအနည်းငယ်နှင့်အတူ ဖမ်းမိသော အမျိုးသားတစ်ဦးကို လုံခြုံရေးအဖွဲ့ ကစစ်ဆေးစဉ် ၎င်းငှားရမ်းထားသော မူဆယ်မြို့ရှိ ဂိုဒေါင်တစ်ခုမှ လက်ပစ်ဗုံး ၂၂ လုံး အပါအဝင် သေနတ် ၇ လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဇူလိုင်လ ၁၈ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
.
“တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ မူးယစ်ကွင်းဆက်နဲ့ ဖမ်းမိတာပါ” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင်က ကမေ႓ာဇတိုင်းသို့ အတည်ပြု ပြောကြားသည်။
.
ဇူလိုင် ၁၀ ရက်က သိန်းနီမြို ့အဝင်ဂိတ်တွင် ရန်စန်းဆိုသူ အမျိုးသား မောင်းနှင်လာသော မော်တော်ယာဉ်ကို ရဲတပ်ဖွဲ့က တားဆီး စစ်ဆေးစဉ် ဘိန်းဖြူ ၃ ဂရမ်၊ ယွမ် ၈၂၀၀ နှင့်အတူ ဖမ်းမိခဲ့ပြီး ၆ ရက်ကြာ  စစ်ဆေးပြီးနောက် ၎င်း၏ထုတ်ဖော်ဝန်ခံချက်အရ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် တိုးချဲ့ကွက်သစ်ရှိ ၎င်းနေထိုင်သော ဂိုဒေါင်တစ်ခုအတွင်း လုံခြုံရေးအဖွဲ့က ဇူလိုင် ၁၇ ရက်တွင် ဝင်ရောက်ရှာဖွေရာ သေနတ်မျိုးစုံ ၇ လက်၊ ကျည်အိမ် မျိုးစုံ ၂၄ ခု၊ လက်ပစ်ဗုံး ၂၂ လုံး၊ စနက်တံ ၆ ခု၊ ကျည်မျိုးစုံ ၅၅၃ တောင့်နှင့် မှန်ပြောင်း ၂ လက်ကို ထပ်မံသိမ်းဆည်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ထားသည်။
.
မူဆယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက် နေ့လယ်က တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats