ဟန္ေရးျပ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရး ငုပ္ေနတဲ့ အစိုးရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, July 24, 2019

ဟန္ေရးျပ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရး ငုပ္ေနတဲ့ အစိုးရ


ေအာင္ဆန္း၀င္း
.
ကြၽန္ေတာ္ႏိုင္ငံေရးအေၾကာင္း နားမလည္ ဘူး။ ႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး ဘာတစ္ခုမွ မသိ ဘူး။ ႏိုင္ငံေရးက လူတိုင္းနဲ႔သက္ဆိုင္တဲ့အေရး လို႔ေျပာၾကတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔လို ပညာမဲ့လူတန္းစားေတြ၊ ေအာက္ေျခအက်ဆံုး လူ႔ေက်ာမြဲေတြ၊ ေခတ္အဆက္ဆက္ နလပိန္း တံုးဘဝအပို႔ခံခဲ့ရတဲ့လူေတြ ႏုိင္ငံေရးအေၾကာင္း နားလည္ေအာင္၊ ႏိုင္ငံ့အေရးအရာနဲ႔ ပတ္သက္ တာေတြ စိတ္ဝင္စားလာေအာင္၊ တစ္ဖက္တစ္ လမ္းက ႏိုင္ငံ့တာဝန္ ယူခ်င္စိတ္ရွိေအာင္ ဘယ္ သူေတြလာသင္ေပးလဲ။ ဘယ္သူေတြ လာ စည္း႐ံုးလဲ၊ ဘယ္သူေတြ စိတ္ဝင္တစား လမ္းျပေပးလဲ။ အခုလူေတြက ေျပာၾကတယ္။ အစိုးရ တစ္ရပ္ သက္တမ္း ကုန္ေတာ့မယ္။ ေနာက္အစိုးရအတြက္ မဲေပးဖို႔ စဥ္းစားရမယ္ တဲ့၊ အဲဒီစကားလံုးက ကြၽန္ေတာ့္အတြက္ေတာ့ ဇတ္ထဲက လူရႊင္ေတာ္ တခ်ိဳ႕ ခါးေအာက္ပိုင္း ပ်က္တဲ့ ပ်က္လံုးေလာက္ေတာင္ စိတ္ဝင္စား စရာ မရွိဘူး။
.
ခင္ဗ်ားစဥ္းစားၾကည့္။ က်ဳပ္လိုစာမတတ္ ေပမတတ္ နလပိန္းတံုးေကာင္ ၿပီးခဲ့တဲ့ေရြး ေကာက္ပြဲတုန္းက ေျပာင္းလဲခ်င္လို႔ ေျပာင္းလဲ ေအာင္လုပ္မယ့္ဘက္က မဲဝင္ေပးခဲ့ဖူးတယ္။ မဲ သြားေပးတယ္ဆိုလို႔ ခင္ဗ်ားေစာက္ရမ္းလည္း အထင္မႀကီးလိုက္နဲ႔ဦး က်ဳပ္ကဘာမွနားလည္ တာ မဟုတ္ဘူး။ အဲဒီအခ်ိန္တုန္းက အေျခအ ေနခင္ဗ်ားလည္းသိမွာေပါ့။ ဘာတဲ့လူကိုမ ၾကည့္နဲ႔ ပါတီကိုၾကည့္ပါဆိုတဲ့စကား။ အမွန္ ေတာ့က်ဳပ္က လူလည္းမသိဘူး။ ပါတီနဲ႔ပတ္ သက္တာလည္းမသိဘူး။ ရွင္းရွင္းေျပာရရင္ လူ ေတြပါတီေတြ က်ဳပ္ကစိတ္ကို မဝင္စားတာ။ က်ဳပ္စိတ္ဝင္စားတာ တစ္ခုပဲရွိတယ္။ ဆင္းရဲ က်ပ္တည္းေနတဲ့ မိသားစုဘဝေခ်ာင္လည္ခ်င္ တယ္။ က်ဳပ္တို႔လို ဆင္းရဲမြဲေတေနတဲ့ ဘဝ တူေတြ ေခ်ာင္လည္လာမယ္ထင္လို႔ မဲသြားေပး ခဲ့တယ္။ လူေျပာသူေျပာမ်ားလို႔က်ဳပ္က အဲဒီအ ကြက္ထဲမွာ တံဆိပ္တံုး႐ိုက္ခဲ့တာ။
.


.
နလပိန္းတံုးက၊ ပါတီမသိ လူမသိတဲ့လူက အဲဒီဇယားကြက္ကို ဘာလို႔တည့္တည့္မတ္မတ္ တံဆိပ္တံုး သြား႐ိုက္လည္း ခင္ဗ်ား ေမးမ လို႔လား။ ခင္ဗ်ားသိေအာင္ နည္းနည္းေတာ့ ေျပာလိုက္မယ္။ က်ဳပ္က အတန္းပညာ ၅ တန္းအထိ သင္ခဲ့ဖူးတယ္။ က်ဳပ္တို႔ဗမာတိုင္းရင္း သားေတြအေခၚ ေရးတတ္ဖတ္တတ္႐ံုေျပာရမွာ ေပါ့။ ေနာက္က်ဳပ္က ခင္ဗ်ားလို ေပါက္ကရစာ ေတြမေရးတတ္ဘူး။ ခင္ဗ်ားဆီေန႔တိုင္းလာတဲ့ အတြက္ သတင္းစာ၊ ဂ်ာနယ္ေတြဖတ္ရတယ္။ ပိုက္ဆံေပးဖတ္ရတာမွမဟုတ္တာ။ အလကား ဖတ္ရတာေလ။ က်ဳပ္အသက္ ၅ဝ တန္း ေက်ာ္ေနၿပီ။ အဲဒီေတာ့ႏိွပ္ကြပ္တဲ့ေခတ္၊ ဖိႏွိပ္ တဲ့ေခတ္၊ ေခါင္းေပၚကို ေျခေထာက္တက္နင္း တဲ့ေခတ္၊ က်ဳပ္အဆက္ဆက္ႀကံဳခဲ့ဖူးတယ္။ က်ဳပ္ျဖတ္သန္းလာတဲ့ သက္တမ္းတစ္ေလွ်ာက္ ဘယ္ေခတ္ဘယ္ကာလမွ အဆင္ေျပေခ်ာေမြ႕ တယ္ဆိုတာမရွိခဲ့ဘူး။
.

က်ဳပ္ အဲ့ဒီလိုေျပာေတာ့ ခင္ဗ်ားေခါင္းထဲ အေတြးတခ်ိဳ႕ ေရာက္လာလိမ့္မယ္။ ဒီဘဲႀကီး ေစာက္ပိုေတြေျပာေနတာ။ ဘယ္ေခတ္မွ မ ေကာင္းဘူးဆိုတာေတာ့ မျဖစ္ႏုိင္ဘူး။ ေကာင္း ခ်င္တဲ့လူေတြ ေကာင္းစားေနတာမ်ား ႐ိုက္ သတ္လို႔ေတာင္ မကုန္ဘူး ေျပာခ်င္လို႔လား။ ဟုတ္ပါတယ္။ ေကာင္းစားခ်င္တဲ့လူေတြ မိုးထိ ေအာင္ ေကာင္းစားေနတာလက္ခံပါတယ္။ ဒါ ေပမယ့္ ဗမာလိုတည့္တည့္ ထပ္ေျပာလိုက္မယ္ ျမန္မာတစ္ႏိုင္ငံလံုးအပါအဝင္ က်ဳပ္တို႔ရွမ္းျပည္ နယ္က အေျခခံလူတန္းစားေတြ ဘယ္ေလာက္ ထိဆင္းရဲမြဲေတတယ္ဆိုတာ ကမၻာနဲ႔ခ်ီသိတဲ့ ကိ စၥက ဘယ္လိုမွျငင္းခ်က္ထုတ္လို႔မရႏိုင္ဘူး။ လက္ေတြ႕က်က်ကို ဆင္းရဲေနၾကတာပါ။ေခတ္ အဆက္ဆက္ မြဲေတခဲ့ၾကရတယ္ဆိုတာလည္း ရာခိုင္ႏႈန္းအားျဖင့္ ခ်ၾကည့္ရင္ သူေျပာတဲ့ဘက္ ကို အေတာ္ႀကီးအေလးသာေနပါတယ္။ ဆင္းရဲ တြင္းထဲကလြတ္ကင္းဖို႔၊ တန္းတူညီမွ်တဲ့အခြင့္ အေရးရဖို႔ ဘယ္ဘိုးဘိုး၊ ဘယ္ကယ္တင္ရွင္မွ မကယ္ႏိုင္ဘူးဆိုတာ ျမန္မာျပည္သူေတြ သ ေဘာေပါက္ေနၿပီျဖစ္ပါတယ္။
.
အဲဒီေတာ့ ဒီမိုကေရစီသေဘာတရားအရ ကိုယ့္ကံၾကမၼာကိုဆံုးျဖတ္ေပးႏုိင္တယ္ ထင္တဲ့ လူေတြလက္ထဲ ဝကြက္ ထိုးအပ္ၾကရတယ္။ ဘယ္လိုထိုးအပ္ရလဲဆိုေတာ့ အရည္အခ်င္းရွိ မယ္လုိ႔ ထင္တဲ့ လူေတြကို မဲေပးေရြးခ်ယ္ၿပီး ဆံုးျဖတ္ပိုင္ခြင့္ ေနရာကို ေပးလိုက္ၾကတယ္။ ကိုယ္မလုပ္ႏိုင္တဲ့အလုပ္ မထမ္းေဆာင္ႏို္င္တဲ့ တာဝန္ကို လုပ္ႏိုင္မယ္ ထမ္းေဆာင္ႏိုင္မယ္ ထင္တဲ့လူေတြကို အားကိုးတႀကီး ေရြးခ်ယ္ေန ရာေပးလိုုက္ၿပီဆိုတာနဲ႔ တန္ျပန္သက္ေရာက္မႈ လိုခ်င္ၾကတာ လူ႕သဘာဝ။ လက္ရွိအစိုးရ တာဝန္ထမ္းေဆာင္ေနတဲ့ လူေတြကို ျပည္သူ ေတြက အားကိုးတႀကီးနဲ႔ မဲေပးေရြးခ်ယ္ေနရာ ေပးထားၾကတယ္။ ေသာင္ၿပိဳကမ္းၿပိဳ ပခံုးထမ္း တင္ေပးခဲ့ၾကတယ္။ ျပည္သူေတြေနရာေပးထား တဲ့ လူေတြကျပည္သူေတြအတြက္ တာဝန္ေက် ပြန္ရဲ႕လားဆိုတာ သံုးသပ္ရရင္ေတာ့ အားရစရာ မေတြ႕ေသးပါဘူး။
.
ရွမ္းျပည္နယ္အပါအဝင္ ျမန္မာတစ္ႏိုင္ငံ လံုးရဲ႕ စီးပြားေရးအေနအထားကိုၾကည့္ရင္ ေဇာက္ထိုးက်ေနပါတယ္။ ျပည္တြင္းၿငိမ္းခ်မ္း ေရးမရွိတဲ့အတြက္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ ေအာင္ မလုပ္ႏိုင္တာလို႔ ဆိုၾကပါတယ္။ ျမန္မာ ျပည္ဟာ လြတ္လပ္ေရးရၿပီးေနာက္ တစ္ေန႔ တည္းက ျပည္တြင္းစစ္မီးစခဲ့ပါတယ္။ အခုခ်ိန္ ထိလည္း ႏွစ္ေပါင္း ၇ဝ ေက်ာ္ ၿမိဳင္ၿမိဳင္ဆိုင္ ဆိုင္ အားႀကိဳးမာန္တက္ တိုက္ေနၾကတုန္းပါ။ ၿငိမ္းခ်မ္းေရးမရွိလုိ႔ တိုင္းျပည္ဖြံ႕ၿဖိဳး တိုးတက္ ေရးမလုပ္ႏိုင္တာဆိုတဲ့အတြက္ ၿငိမ္းခ်မ္းေရး ေႏွာင့္ေႏွးေအာင္လုပ္တဲ့သူေတြကို ျပည္သူေတြ ကလက္ၫွိဳးထိုး အျပစ္တင္ရမယ့္ အတိုင္းျဖစ္ ေနပါတယ္။ အဆံုးမသတ္ႏိုင္တဲ့ စစ္မီးေတာက္ ေတြၾကားမွာ ျပည္သူေတြက ေျမစာပင္အျဖစ္နဲ႔ အဆစ္ပါေနၾကတယ္။ တိုင္းရင္းသားေခါင္း ေဆာင္အားလံုး စိတ္ဓာတ္ေတြေျပာင္းလဲမွျပည္ သူေတြဘဝ ေျပာင္းလဲႏိုင္မွာျဖစ္ပါတယ္။
.
လက္ရွိအစိုးရ မူဝါဒကိုၾကည့္မယ္ဆိုရင္ စီး ပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ဖို႔ ျပည္တြင္း ၿငိမ္းခ်မ္းေရးအဓိကလိုအပ္တယ္လို႔ ခံယူထားပံု ရပါတယ္။ မွန္သင့္သေလာက္မွန္ပါလိမ့္မယ္။ ဒါေပမယ့္ ျပည္တြင္းၿငိမ္းခ်မ္းေရးမရွိဆိုတဲ့ အ ေၾကာင္းျပခ်က္နဲ႔ တစ္ႏိုင္ငံလံုးစီးပြားေရး တိုး တက္ေအာင္ မလုပ္ႏိုင္တာကေတာ့ လက္သင့္ ခံႏိုင္စရာမရွိပါဘူး။ ျမန္မာႏိုင္ငံအတြင္း စစ္မီး ေတာက္လံုးဝမရွိတဲ့ေနရာေတြ အမ်ားႀကီးပါ။ အစိုးရအေနနဲ႔ မွန္ကန္တဲ့ စီးပြားေရး မူဝါဒနဲ႔ စီးပြားေရးကြၽမ္းက်င္ပညာရွင္ေတြ ေပါင္းစပ္ၿပီး စနစ္တက်လုပ္ရင္ လက္ရွိအေျခအေနထက္ ေကာင္းမြန္လာႏုိင္စရာ ရွိပါတယ္။ သက္တမ္း ၄ ႏွစ္အတြင္းေရာက္လာေပမယ့္ အစိုးရအေနနဲ႔ ေကာင္းမြန္ေအာင္ လုပ္ေဆာင္ႏ္ိုင္ျခင္း မရွိပါ ဘူး။ ျပည္သူလူထု အဓိကလိုအပ္ခ်က္ျဖစ္တဲ့ စီးပြားေရး ေကာင္းမြန္ တိုးတက္ေအာင္ လုပ္ ေဆာင္ႏိုင္ျခင္း မရွိရင္ေတာ့ ၂ဝ၂ဝ ေရခ်ိန္ ေလ်ာ့သြားမွာျဖစ္ပါတယ္။
.
အေရးႀကီးဆံုးအခ်က္က အစိုးရအေနနဲ႔ တစ္ခုခုလုပ္မယ္ႀကံတိုင္း ၂ဝဝ၈ ဖြဲ႕စည္းပံုအေျခ ခံဥပေဒ (စာအုပ္အစိမ္း) နဲ႔ ႏိုင္ငံေရးမွာတပ္မ ေတာ္ပါဝင္ပတ္သက္မႈ အခန္းက႑ကို လက္ ၫွိဳးထိုးတတ္ပါတယ္။ အဲဒီဖြြဲ႕စည္းပံုအေျခခံဥပ ေဒနဲ႔ ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ အႏိုင္ ရခဲ့တာျဖစ္တဲ့အတြက္ ဒီလိုအခက္အခဲေတြ၊ ႀကီးမားတဲ့စိန္ေခၚမႈေတြရွိလာမယ္ဆိုတာ အစိုး ရမျဖစ္ခင္တည္းက သိၿပီးသားျဖစ္ပါတယ္။ အ စိုးရအေနနဲ႔ ပုစၧာတစ္ပုဒ္ကို အေကာင္းဆံုးျဖစ္ ေအာင္ ဘယ္လိုအေျဖထုတ္ရမလဲဆိုတာ မသိ တဲ့ ကေလးတစ္ေယာက္လို ျဖစ္ေနပါတယ္။ ျပည္သူအတြက္အလုပ္လုပ္တဲ့ အစိုးရမွန္သမွ် အၾကပ္အတည္းဆိုတာ ေန႔စဥ္ႀကံဳေနရမယ့္ ျပ ႆနာတစ္ရပ္ပါ။ ေျပလည္ေအာင္ေျဖရွင္းႏိုင္မွ ျပည္သူလိုခ်င္တဲ့ အစိုးရတစ္ရပ္ျဖစ္လာမွာျဖစ္ တဲ့အတြက္ NLD  အစိုးရအေနနဲ႔ ျပဳျပင္ေျပာင္း လဲမႈေတြလုပ္ေဆာင္ဖို႔ လိုအပ္ေနပါတယ္။
.
NLD ပါတီဟာ အတိုက္အခံဘဝတုန္းက  ေျခစြမ္းေကာင္းသေလာက္ ျပည္သူအတြက္အ မွန္အကန္ အလုပ္လုပ္ရမယ့္အစိုးရျဖစ္လာခ်ိန္ အိမ္ကြင္းအေဝးကြင္း ေျခစြမ္းျပႏိုင္ျခင္းမရွိေတာ့ တာကျပည္သူေတြစိတ္ပ်က္စရာ တစ္ခုလိုျဖစ္ ေနပါတယ္။ ျပည္နယ္နဲ႔တိုင္းဝန္ႀကီးခ်ဳပ္ေတြထဲ မွာလည္း ကိုယ္ပိုင္ေျခစြမ္းေကာင္းတဲ့ ကစား သမားထက္ နည္းျပေနာက္လိုက္ေတြကမ်ားပါ တယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ လမ္းၫႊန္ ခ်က္မပါရင္ ဂိုးေပါက္တည့္ေနတဲ့ ေဘာလံုး ေတာင္ ဂိုးတိုင္ထဲဝင္ေအာင္ကန္ရေကာင္း မွန္း   မသိၾကပါဘူး။ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္တဲ့ေနရာမွာ အစိုးရေဒါက္တိုင္ေတြအားလံုး ဟန္ခ်က္ညီေနဖို႔ အေရးႀကီးပါတယ္။ လက္ရွိ အေျခအေနကေတာ့ ၿငိမ္းခ်မ္းေရးကို အသံ ျမည္႐ံုဟန္ျပလုပ္၊ တိုင္းျပည္စီးပြားေရးက တျဖည္းျဖည္းငုပ္နဲ႔၊ ျပည္သူေတြဘဝ ဖုတ္လိႈက္ ဖုတ္လိႈက္ျဖစ္႐ံုကလြဲလို႔ ထူးလာမယ္ မထင္ေၾကာင္းပါ။
.
========================================
ဟန်ရေးပြ ငြိမ်းချမ်းရေးနှင့် စီးပွားရေး ငုပ်နေတဲ့ အစိုးရ
အောင်ဆန်းဝင်း
.
ကျွန်တော်နိုင်ငံရေးအကြောင်း နားမလည် ဘူး။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မသိ ဘူး။ နိုင်ငံရေးက လူတိုင်းနဲ့သက်ဆိုင်တဲ့အရေး လို့ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်တို့လို ပညာမဲ့လူတန်းစားတွေ၊ အောက်ခြေအကျဆုံး လူ့ကျောမွဲတွေ၊ ခေတ်အဆက်ဆက် နလပိန်း တုံးဘဝအပို့ခံခဲ့ရတဲ့လူတွေ နိုင်ငံရေးအကြောင်း နားလည်အောင်၊ နိုင်ငံ့အရေးအရာနဲ့ ပတ်သက် တာတွေ စိတ်ဝင်စားလာအောင်၊ တစ်ဖက်တစ် လမ်းက နိုင်ငံ့တာဝန် ယူချင်စိတ်ရှိအောင် ဘယ် သူတွေလာသင်ပေးလဲ။ ဘယ်သူတွေ လာ စည်းရုံးလဲ၊ ဘယ်သူတွေ စိတ်ဝင်တစား လမ်းပြပေးလဲ။ အခုလူတွေက ပြောကြတယ်။ အစိုးရ တစ်ရပ် သက်တမ်း ကုန်တော့မယ်။ နောက်အစိုးရအတွက် မဲပေးဖို့ စဉ်းစားရမယ် တဲ့၊ အဲဒီစကားလုံးက ကျွန်တော့်အတွက်တော့ ဇတ်ထဲက လူရွှင်တော် တချို့ ခါးအောက်ပိုင်း ပျက်တဲ့ ပျက်လုံးလောက်တောင် စိတ်ဝင်စား စရာ မရှိဘူး။
.
ခင်ဗျားစဉ်းစားကြည့်။ ကျုပ်လိုစာမတတ် ပေမတတ် နလပိန်းတုံးကောင် ပြီးခဲ့တဲ့ရွေး ကောက်ပွဲတုန်းက ပြောင်းလဲချင်လို့ ပြောင်းလဲ အောင်လုပ်မယ့်ဘက်က မဲဝင်ပေးခဲ့ဖူးတယ်။ မဲ သွားပေးတယ်ဆိုလို့ ခင်ဗျားစောက်ရမ်းလည်း အထင်မကြီးလိုက်နဲ့ဦး ကျုပ်ကဘာမှနားလည် တာ မဟုတ်ဘူး။ အဲဒီအချိန်တုန်းက အခြေအ နေခင်ဗျားလည်းသိမှာပေါ့။ ဘာတဲ့လူကိုမ ကြည့်နဲ့ ပါတီကိုကြည့်ပါဆိုတဲ့စကား။ အမှန် တော့ကျုပ်က လူလည်းမသိဘူး။ ပါတီနဲ့ပတ် သက်တာလည်းမသိဘူး။ ရှင်းရှင်းပြောရရင် လူ တွေပါတီတွေ ကျုပ်ကစိတ်ကို မဝင်စားတာ။ ကျုပ်စိတ်ဝင်စားတာ တစ်ခုပဲရှိတယ်။ ဆင်းရဲ ကျပ်တည်းနေတဲ့ မိသားစုဘဝချောင်လည်ချင် တယ်။ ကျုပ်တို့လို ဆင်းရဲမွဲတေနေတဲ့ ဘဝ တူတွေ ချောင်လည်လာမယ်ထင်လို့ မဲသွားပေး ခဲ့တယ်။ လူပြောသူပြောများလို့ကျုပ်က အဲဒီအ ကွက်ထဲမှာ တံဆိပ်တုံးရိုက်ခဲ့တာ။
.
နလပိန်းတုံးက၊ ပါတီမသိ လူမသိတဲ့လူက အဲဒီဇယားကွက်ကို ဘာလို့တည့်တည့်မတ်မတ် တံဆိပ်တုံး သွားရိုက်လည်း ခင်ဗျား မေးမ လို့လား။ ခင်ဗျားသိအောင် နည်းနည်းတော့ ပြောလိုက်မယ်။ ကျုပ်က အတန်းပညာ ၅ တန်းအထိ သင်ခဲ့ဖူးတယ်။ ကျုပ်တို့ဗမာတိုင်းရင်း သားတွေအခေါ် ရေးတတ်ဖတ်တတ်ရုံပြောရမှာ ပေါ့။ နောက်ကျုပ်က ခင်ဗျားလို ပေါက်ကရစာ တွေမရေးတတ်ဘူး။ ခင်ဗျားဆီနေ့တိုင်းလာတဲ့ အတွက် သတင်းစာ၊ ဂျာနယ်တွေဖတ်ရတယ်။ ပိုက်ဆံပေးဖတ်ရတာမှမဟုတ်တာ။ အလကား ဖတ်ရတာလေ။ ကျုပ်အသက် ၅ဝ တန်း ကျော်နေပြီ။ အဲဒီတော့နှိပ်ကွပ်တဲ့ခေတ်၊ ဖိနှိပ် တဲ့ခေတ်၊ ခေါင်းပေါ်ကို ခြေထောက်တက်နင်း တဲ့ခေတ်၊ ကျုပ်အဆက်ဆက်ကြုံခဲ့ဖူးတယ်။ ကျုပ်ဖြတ်သန်းလာတဲ့ သက်တမ်းတစ်လျှောက် ဘယ်ခေတ်ဘယ်ကာလမှ အဆင်ပြေချောမွေ့ တယ်ဆိုတာမရှိခဲ့ဘူး။
.
ကျုပ် အဲ့ဒီလိုပြောတော့ ခင်ဗျားခေါင်းထဲ အတွေးတချို့ ရောက်လာလိမ့်မယ်။ ဒီဘဲကြီး စောက်ပိုတွေပြောနေတာ။ ဘယ်ခေတ်မှ မ ကောင်းဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ ကောင်း ချင်တဲ့လူတွေ ကောင်းစားနေတာများ ရိုက် သတ်လို့တောင် မကုန်ဘူး ပြောချင်လို့လား။ ဟုတ်ပါတယ်။ ကောင်းစားချင်တဲ့လူတွေ မိုးထိ အောင် ကောင်းစားနေတာလက်ခံပါတယ်။ ဒါ ပေမယ့် ဗမာလိုတည့်တည့် ထပ်ပြောလိုက်မယ် မြန်မာတစ်နိုင်ငံလုံးအပါအဝင် ကျုပ်တို့ရှမ်းပြည် နယ်က အခြေခံလူတန်းစားတွေ ဘယ်လောက် ထိဆင်းရဲမွဲတေတယ်ဆိုတာ ကမ္ဘာနဲ့ချီသိတဲ့ ကိ စ္စက ဘယ်လိုမှငြင်းချက်ထုတ်လို့မရနိုင်ဘူး။ လက်တွေ့ကျကျကို ဆင်းရဲနေကြတာပါ။ခေတ် အဆက်ဆက် မွဲတေခဲ့ကြရတယ်ဆိုတာလည်း ရာခိုင်နှုန်းအားဖြင့် ချကြည့်ရင် သူပြောတဲ့ဘက် ကို အတော်ကြီးအလေးသာနေပါတယ်။ ဆင်းရဲ တွင်းထဲကလွတ်ကင်းဖို့၊ တန်းတူညီမျှတဲ့အခွင့် အရေးရဖို့ ဘယ်ဘိုးဘိုး၊ ဘယ်ကယ်တင်ရှင်မှ မကယ်နိုင်ဘူးဆိုတာ မြန်မာပြည်သူတွေ သ ဘောပေါက်နေပြီဖြစ်ပါတယ်။
.
အဲဒီတော့ ဒီမိုကရေစီသဘောတရားအရ ကိုယ့်ကံကြမ္မာကိုဆုံးဖြတ်ပေးနိုင်တယ် ထင်တဲ့ လူတွေလက်ထဲ ဝကွက် ထိုးအပ်ကြရတယ်။ ဘယ်လိုထိုးအပ်ရလဲဆိုတော့ အရည်အချင်းရှိ မယ်လို့ ထင်တဲ့ လူတွေကို မဲပေးရွေးချယ်ပြီး ဆုံးဖြတ်ပိုင်ခွင့် နေရာကို ပေးလိုက်ကြတယ်။ ကိုယ်မလုပ်နိုင်တဲ့အလုပ် မထမ်းဆောင်နို်င်တဲ့ တာဝန်ကို လုပ်နိုင်မယ် ထမ်းဆောင်နိုင်မယ် ထင်တဲ့လူတွေကို အားကိုးတကြီး ရွေးချယ်နေ ရာပေးလိုုက်ပြီဆိုတာနဲ့ တန်ပြန်သက်ရောက်မှု လိုချင်ကြတာ လူ့သဘာဝ။ လက်ရှိအစိုးရ တာဝန်ထမ်းဆောင်နေတဲ့ လူတွေကို ပြည်သူ တွေက အားကိုးတကြီးနဲ့ မဲပေးရွေးချယ်နေရာ ပေးထားကြတယ်။ သောင်ပြိုကမ်းပြို ပခုံးထမ်း တင်ပေးခဲ့ကြတယ်။ ပြည်သူတွေနေရာပေးထား တဲ့ လူတွေကပြည်သူတွေအတွက် တာဝန်ကျေ ပွန်ရဲ့လားဆိုတာ သုံးသပ်ရရင်တော့ အားရစရာ မတွေ့သေးပါဘူး။
.
ရှမ်းပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံ လုံးရဲ့ စီးပွားရေးအနေအထားကိုကြည့်ရင် ဇောက်ထိုးကျနေပါတယ်။ ပြည်တွင်းငြိမ်းချမ်း ရေးမရှိတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင် မလုပ်နိုင်တာလို့ ဆိုကြပါတယ်။ မြန်မာ ပြည်ဟာ လွတ်လပ်ရေးရပြီးနောက် တစ်နေ့ တည်းက ပြည်တွင်းစစ်မီးစခဲ့ပါတယ်။ အခုချိန် ထိလည်း နှစ်ပေါင်း ရဝ ကျော် မြိုင်မြိုင်ဆိုင် ဆိုင် အားကြိုးမာန်တက် တိုက်နေကြတုန်းပါ။ ငြိမ်းချမ်းရေးမရှိလို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ရေးမလုပ်နိုင်တာဆိုတဲ့အတွက် ငြိမ်းချမ်းရေး နှောင့်နှေးအောင်လုပ်တဲ့သူတွေကို ပြည်သူတွေ ကလက်ညှိုးထိုး အပြစ်တင်ရမယ့် အတိုင်းဖြစ် နေပါတယ်။ အဆုံးမသတ်နိုင်တဲ့ စစ်မီးတောက် တွေကြားမှာ ပြည်သူတွေက မြေစာပင်အဖြစ်နဲ့ အဆစ်ပါနေကြတယ်။ တိုင်းရင်းသားခေါင်း ဆောင်အားလုံး စိတ်ဓာတ်တွေပြောင်းလဲမှပြည် သူတွေဘဝ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
.
လက်ရှိအစိုးရ မူဝါဒကိုကြည့်မယ်ဆိုရင် စီး ပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ပြည်တွင်း ငြိမ်းချမ်းရေးအဓိကလိုအပ်တယ်လို့ ခံယူထားပုံ ရပါတယ်။ မှန်သင့်သလောက်မှန်ပါလိမ့်မယ်။ ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးမရှိဆိုတဲ့ အ ကြောင်းပြချက်နဲ့ တစ်နိုင်ငံလုံးစီးပွားရေး တိုး တက်အောင် မလုပ်နိုင်တာကတော့ လက်သင့် ခံနိုင်စရာမရှိပါဘူး။ မြန်မာနိုင်ငံအတွင်း စစ်မီး တောက်လုံးဝမရှိတဲ့နေရာတွေ အများကြီးပါ။ အစိုးရအနေနဲ့ မှန်ကန်တဲ့ စီးပွားရေး မူဝါဒနဲ့ စီးပွားရေးကျွမ်းကျင်ပညာရှင်တွေ ပေါင်းစပ်ပြီး စနစ်တကျလုပ်ရင် လက်ရှိအခြေအနေထက် ကောင်းမွန်လာနိုင်စရာ ရှိပါတယ်။ သက်တမ်း ၄ နှစ်အတွင်းရောက်လာပေမယ့် အစိုးရအနေနဲ့ ကောင်းမွန်အောင် လုပ်ဆောင်န်ိုင်ခြင်း မရှိပါ ဘူး။ ပြည်သူလူထု အဓိကလိုအပ်ချက်ဖြစ်တဲ့ စီးပွားရေး ကောင်းမွန် တိုးတက်အောင် လုပ် ဆောင်နိုင်ခြင်း မရှိရင်တော့ ၂ဝ၂ဝ ရေချိန် လျော့သွားမှာဖြစ်ပါတယ်။
.
အရေးကြီးဆုံးအချက်က အစိုးရအနေနဲ့ တစ်ခုခုလုပ်မယ်ကြံတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေ (စာအုပ်အစိမ်း) နဲ့ နိုင်ငံရေးမှာတပ်မ တော်ပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို လက် ညှိုးထိုးတတ်ပါတယ်။ အဲဒီဖွွဲ့စည်းပုံအခြေခံဥပ ဒေနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် အနိုင် ရခဲ့တာဖြစ်တဲ့အတွက် ဒီလိုအခက်အခဲတွေ၊ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိလာမယ်ဆိုတာ အစိုး ရမဖြစ်ခင်တည်းက သိပြီးသားဖြစ်ပါတယ်။ အ စိုးရအနေနဲ့ ပုစ္ဆာတစ်ပုဒ်ကို အကောင်းဆုံးဖြစ် အောင် ဘယ်လိုအဖြေထုတ်ရမလဲဆိုတာ မသိ တဲ့ ကလေးတစ်ယောက်လို ဖြစ်နေပါတယ်။ ပြည်သူအတွက်အလုပ်လုပ်တဲ့ အစိုးရမှန်သမျှ အကြပ်အတည်းဆိုတာ နေ့စဉ်ကြုံနေရမယ့် ပြ ဿနာတစ်ရပ်ပါ။ ပြေလည်အောင်ဖြေရှင်းနိုင်မှ ပြည်သူလိုချင်တဲ့ အစိုးရတစ်ရပ်ဖြစ်လာမှာဖြစ် တဲ့အတွက် NLD  အစိုးရအနေနဲ့ ပြုပြင်ပြောင်း လဲမှုတွေလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
.
NLD ပါတီဟာ အတိုက်အခံဘဝတုန်းက  ခြေစွမ်းကောင်းသလောက် ပြည်သူအတွက်အ မှန်အကန် အလုပ်လုပ်ရမယ့်အစိုးရဖြစ်လာချိန် အိမ်ကွင်းအဝေးကွင်း ခြေစွမ်းပြနိုင်ခြင်းမရှိတော့ တာကပြည်သူတွေစိတ်ပျက်စရာ တစ်ခုလိုဖြစ် နေပါတယ်။ ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေထဲ မှာလည်း ကိုယ်ပိုင်ခြေစွမ်းကောင်းတဲ့ ကစား သမားထက် နည်းပြနောက်လိုက်တွေကများပါ တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန် ချက်မပါရင် ဂိုးပေါက်တည့်နေတဲ့ ဘောလုံး တောင် ဂိုးတိုင်ထဲဝင်အောင်ကန်ရကောင်း မှန်း   မသိကြပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာ အစိုးရဒေါက်တိုင်တွေအားလုံး ဟန်ချက်ညီနေဖို့ အရေးကြီးပါတယ်။ လက်ရှိ အခြေအနေကတော့ ငြိမ်းချမ်းရေးကို အသံ မြည်ရုံဟန်ပြလုပ်၊ တိုင်းပြည်စီးပွားရေးက တဖြည်းဖြည်းငုပ်နဲ့၊ ပြည်သူတွေဘဝ ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်ရုံကလွဲလို့ ထူးလာမယ် မထင်ကြောင်းပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats