ဆူးၾကားမွ ဗူးခါးမ်ား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, July 8, 2019

ဆူးၾကားမွ ဗူးခါးမ်ား


ႀတိဂံ
.
 
.
“စစ္ပြဲဆိုတာ မည္သူမဆို တိုက္ႏုိင္ၾကပါ တယ္။ ဒါေပမဲ့ သတၱိအရွိဆံုး ဆိုသူေတြမွသာ ၿငိမ္း ခ်မ္းေရးကို ေဆာင္က်ဥ္းေပးႏုိင္ၾကပါတယ္”
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္
.
Anyone can make war, but only the most courageous can make peace.
President Donald J.Trump
.
စစ္ပြဲေတြထက္ ၿငိမ္းခ်မ္းေရးကို စစ္၀ါဒီမ်ား မွအပ လူတုိင္းလိုလို အလိုရွိၾကေပသည္။ အခ်ိဳ႕ ေသာ သူမ်ားမွာ စစ္ပြဲ အေတြ႕အႀကံဳ မရွိၾက ေပမယ့္ သူရဲေကာင္း အားကိုးလိုသည့္ Heroism  ကို အားက်မႈ၊ အတၱကိုယ္က်ိဳးစီးပြားကို ေရွ႕ တန္းတင္လိုမႈ စသည့္ စိတ္အေျခခံ အေၾကာင္း တရားမ်ားျဖင့္ ပံုေဖာ္ထားသည့္ ဘ၀ေျမာင္း မ်ားထဲတြင္ ေနေပ်ာ္မႈ မ်ားေၾကာင့္ စစ္ျဖစ္မွ မိမိ တို႔ အေရးပါမည္။ သူရဲေကာင္း ျဖစ္မည္။ မိမိ တို႔ကို အားကိုးၾကမည္။ မိမိတု႔ိ၏ တန္ဖိုးတက္ မည္ စသည့္ ခံယူခ်က္မ်ားျဖင့္ စစ္ပြဲကို လိုလား ၾကသူ အမ်ားအျပား ရွိၾကေပသည္။ ၀ိ၀ါဒ ကြဲ ျပားမႈမ်ား ရွိမည္ ေသခ်ာေသာ္လည္း စစ္တိုက္မွ စြန္႔လႊတ္စြန္႔စားရဲမွ သူရဲေကာင္းျဖစ္သည္ မဟုတ္ေခ်။ အမွန္ေတာ့ သူရဲေကာင္း ဆုိသည္ မွာ လူအမ်ား၏ အက်ိဳးစီးပြား (ၿငိမ္းခ်မ္းေရး) ကို ကာကြယ္ေစာင့္ေရွာက္ ႏုိင္သူကို ေခၚလိုရင္း ျဖစ္သည္ဟု ေဒၚနယ္ထရမ့္က ဆိုလိုရင္း ျဖစ္ ေၾကာင္း ေစ့ငုမိသည္။
.
စိတ္သ႐ုပ္ခြဲ ေဗဒပညာရွင္ စစ္ဂမန္ဖ႐ိုက္ က လူသားတို႔မွာ ရက္စက္ျခင္းႏွင့္ ၾကင္နာျခင္း ႏွစ္ေထြ စိတ္တြင္ အေျခခံ စိတ္အင္အား နည္းပါးသူတို႔တြင္ ရက္စက္မႈကို ပုိမုိလိုလားၾကသည့္ သေဘာသဘာ၀ ရွိသည္ဟု ဆိုထားသည္။ သို႔ အတြက္ လူသားတို႔တြင္ စိတ္အေျခခံ အင္အား နည္းပါးသူတိ႔ုတြင္ စစ္ကို လိုလားေသာ၊ မိမိ အတၱအက်ိဳးစီးပြား အတြက္ ေလာကကိုအပ်က္ ျမင္၀ါဒျဖင့္ ခ်ဥ္းကပ္တတ္ေသာ သူမ်ား ေန ရာရပါက ၿငိမ္းခ်မ္းေရး ဆိတ္သုဥ္း တတ္ေလ့ရွိ သည္ကို ဒုတိယကမၻာစစ္ မီးေမႊးခဲ့သည့္ ဟစ္ တလာ၊ မူဆိုလိုနီႏွင့္ တုိဂ်ိဳ စသည့္ ပုဂၢိဳလ္မ်ား ကို ေတြ႕ျမင္ရမည္ ျဖစ္ေပသည္။
.
အာဏာကို လက္ကိုင္ျပဳရင္း တုိင္းျပည္ကို ဆင္းရဲတြင္း ႏြံနစ္ေအာင္ ျပဳမူက်င့္ႀကံ သြားၾကသည့္ အာဏာရွင္မ်ား ကိုလည္း ဒုတိယကမၻာစစ္ အလြန္တြင္ ေတြ႕ျမင္ႏုိင္မည္ ျဖစ္သျဖင့္ ယခု ေဆာင္းပါးမွာ စစ္ပြဲမ်ားထက္ ၿငိမ္းခ်မ္းေရးကို လိုလားျခင္း ျပယုဂ္အျဖစ္ လုပ္ေဆာင္ေနၾက ရင္း ျမန္မာႏုိင္ငံအတြင္း ျဖစ္ပြားေနသည့္ စစ္ပြဲ မ်ားအတြင္း မလူးမလြန္႔သာသည့္ အေနအထားမ်ားျဖင့္ ဓားစာခံမ်ားအျဖစ္၊ ေျမစာပင္မ်ား အျဖစ္ ဘ၀မ်ား ေပးဆပ္ေနၾကရသည့္ လူသား မ်ားသို႔ ရည္ၫႊန္းလိုရင္း ျဖစ္ပါသည္။
.
ျမန္မာႏုိင္ငံ ရာဇသတ္ႀကီး အက္ဥပေဒတြင္ မတရားအသင္း အက္ဥပေဒကို အဂၤလိပ္ ကိုလိုနီအစိုးရက ၎တို႔ကို ဆန္႔က်င္ေတာ္လွန္သူမ်ားႏွင့္ ဆက္ႏြယ္သူမ်ားအေပၚ ႏွိပ္ကြပ္ႏွိမ္နင္း ရန္ ၁၉၀၈ ခုႏွစ္က၊ အက္ဥပေဒ အမွတ္ (၁၄/၁၉၀၈)ျဖင့္ ျပဌာန္း ထားခဲ့ရာတြင္ အဂၤလိပ္ဘာသာျဖင့္သာ ျပဌာန္းခဲ့ျခင္းျဖစ္ၿပီး မတရားအသင္းဆိုသည့္ အဓိပၸါယ္ကို ပုဒ္မ ၁၅(၂)တြင္ (က)အၾကမ္းဖက္မႈမ်ားႏွင့္ ၿခိမ္းေျခာက္မႈမ်ားကို က်ဴးလြန္ရန္ အားေပးေသာ သို႔မဟုတ္ ကူညီေထာက္ပံ့ေသာ အဖြဲ႕အစည္းတစ္ခု သို႔မဟုတ္ ထိုကဲ့သို႔ ျပစ္မႈမ်ားကို က်ဴးလြန္ေလ့ရွိေသာ အဖြဲ႕၀င္မ်ား ပါ၀င္လာေသာ အသင္းျဖစ္သည္ဟု ေဖာ္ျပထားၿပီး (ခ)တြင္ ဤဥပေဒအရ ျပည္ ေထာင္စု သမၼတထံမွ မတရားအသင္း ျဖစ္သည္ဟု ေၾကညာျခင္း၊ ခံထားရေသာ အဖြဲ႕အစည္းမွာ မတရားအသင္းျဖစ္သည္ဟု ျပဌာန္း ထားျခင္း ျဖစ္သည္။ ျပစ္ဒဏ္ျပဌာန္းခ်က္ အျဖစ္ ေအာက္ပါအတုိင္း ပါရွိသည္။
.
မ ပုဒ္မ ၁၇(၁)၊ ျပစ္မႈ (၁) ျပစ္ဒဏ္ျပ ဌာန္းခ်က္တြင္ ေထာင္ဒဏ္ (၂)ႏွစ္ထက္ မနည္း၊ (၃)ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ႏွင့္ေငြဒဏ္ ကိုပါ စီရင္ျခင္း ခံရမည္။ (၂)ျပစ္မႈေျမာက္ရန္ လိုအပ္သည့္ အဂၤါရပ္မ်ား အေနျဖင့္ မည္သူမဆို မတရားအသင္း၏ အဖြဲ႕၀င္ျဖစ္လွ်င္ သို႔တည္းမ ဟုတ္ ယင္းအသင္း၏ အစည္းအေ၀း၌ ပါ၀င္ ေဆာင္ရြက္လွ်င္ သို႔တည္းမဟုတ္ ယင္းအသင္း အတြက္ ၀င္ေၾကးထည့္၀င္ရယူ၊ ေတာင္းခံ လွ်င္ သို႔တည္းမဟုတ္ တစ္နည္းနည္းျဖင့္ ယင္း အသင္း၏ လုပ္ကိုင္ေဆာင္ရြက္ရာတြင္ ကူညီလွ်င္၊
.
မ ပုဒ္မ ၁၇(၂)၊ ျပစ္မႈ (၁) ျပစ္ဒဏ္ျပဌာန္း ခ်က္တြင္ (၃)ႏွစ္ထက္ မနည္း (၅)ႏွစ္ထက္ မ ပိုေသာ ေထာင္ဒဏ္ႏွင့္ ေငြဒဏ္ကိုပါ စီရင္ျခင္း ခံရမည္။ (၂) ျပစ္မႈေျမာက္ရန္ လိုအပ္ေသာ အဂၤါရပ္မ်ား အေနျဖင့္ မည္သူမဆို မတရား အသင္းကို စီမံအုပ္ခ်ဳပ္လွ်င္ သို႔တည္းမဟုတ္ စီ မံအုပ္ခ်ဳပ္ျခင္းတြင္ ကူညီလွ်င္ သို႔တည္းမဟုတ္ အဆိုပါ အသင္း တစ္ခုခု သို႔မဟုတ္ ထိုအသင္း သားမ်ား၏ အစည္းအေ၀းကို ေဆာ္ၾသ ကမကထ ျပဳလွ်င္ သို႔တည္းမဟုတ္ ေဆာ္ၾသ ကမကထ ျပဳရာတြင္ ကူညီလွ်င္၊
.
ယင္းသို႔ ေခတ္ေဟာင္းက ျပဳခဲ့သည့္ ဥပ ေဒ တစ္ရပ္ကို တက္လာသည့္ အစိုးရတိုင္းက လက္ကိုင္ျပဳရင္း ၎င္းတို႔၏ ဆန္႔က်င္ဘက္ ရပ္ တည္မႈမ်ားကို ေခ်မႈန္းရာတြင္ အသံုးျပဳလ်က္ရွိ ေနၾကသည္မွာ ယေန႔ အထိပင္ ျဖစ္သည္။ ယင္း ပုဒ္မ၏ ႏွိပ္ကြပ္မႈမ်ားတြင္ တုိင္းရင္းသား မ်ား၊ ႏုိင္ငံေရး သမားမ်ား၊ သတင္းသမားမ်ား၊ အေရးယူ ခံရလ်က္ရွိေနရာ ေရွ႕မွ ျဖစ္ရပ္မ်ား ထက္ လတ္တေလာ ျဖစ္ရပ္မ်ားကို ေထာက္ျပ လိုေပသည္။
.
ရွမ္းျပည္နယ္ တစ္ခုလံုးတြင္ တုိင္းရင္းသား အမ်ားစု ေနထိုင္ၾကရာတြင္ လက္နက္ကိုင္ အ ဖြဲ႕မ်ားလည္း မ်ားေျမာင္လွသည္ ျဖစ္ရာ ေဒသ ခံတိုင္းရင္းသား အေနျဖင့္ လူမ်ိဳးတူရာမ်ားသို႔ ႀကိဳက္သည္ ျဖစ္ေစ၊ မႀကိဳက္သည္ ျဖစ္ေစ အ ေၾကာက္တရားမ်ားျဖင့္ လည္းေကာင္း၊ ပတ္သက္မႈမ်ားျဖင့္ လည္းေကာင္း၊ ေနရာေဒသအ ေပၚ အေျချပဳ၍ လည္းေကာင္း ဆက္ဆံေနရ သည္ ျဖစ္သျဖင့္ ယင္းပုဒ္မ ၁၇(၁)မွာ အား လံုးႏွင့္ ညိႇစြန္းေနသည့္ သေဘာပင္ ျဖစ္ေတာ့သည္။
.
လက္နက္ကိုင္ အဖြဲ႕မ်ား၏ ဆက္ေၾကး ေကာက္ခံမႈကို ေပးသြင္းေနရမႈ၊ မိမိတို႔၏ ေသြး သားေဆြမ်ိဳးမ်ားအား အတင္းအဓမၼ လူသစ္ စုေဆာင္းခံရမႈမ်ားေၾကာင့္ ရွမ္းျပည္အတြင္း ေနထိုင္ လုပ္ကိုင္ စားေသာက္ေနရမႈမ်ားေၾကာင့္ ယုတ္စြအဆံုး ဘယ္သို႔ပင္ ေအးခ်မ္းစြာ ေနခ်င္ ေသာ္လည္းပဲ တိုင္းရင္းသား လူမ်ိဳးတူ ျဖစ္ရမႈ က မ်ိဳးခ်စ္စိတ္ အေၾကာင္းျပကာ စစ္စည္း႐ုံး ခံေနရမႈမ်ားက ဥပေဒအရ ဆက္ႏြယ္ေနသည့္ ပုဒ္မ ၁၇(၁)အရ မလြဲမေရွာင္သာသည့္ ၿငိစြန္းရ မႈမ်ားပင္။
.
မိမိတို႔၏ သားမ်ား၊ လင္သားမ်ား၊ ေဆြမ်ိဳး မ်ား၊ လက္နက္ မကိုင္ခ်င္ဘဲ ကုိင္ရ၊ မတိုက္ ခ်င္ဘဲ တိုက္ရ၊ အဖမ္းခံရ၊ ေသရသည္ကို မ လိုလားၾကေသာ္လည္း တစ္ဖက္က လက္နက္ ျဖင့္ နယ္ေျမမ်ားကို သိမ္းပိုက္ကာ လူမ်ိဳးတစ္ မ်ိဳးႏွင့္တစ္မ်ိဳး မတရား ဖိႏွိပ္မႈမ်ားကို တြန္းလွန္ သည္ဆိုသည့္ ေတာ္လွန္ေရး အသိကို လက္ ကိုင္ျပဳထားသူမ်ား အတြက္ေတာ့ မ်ိဳးခ်စ္စိတ္ အရ စစ္ကို တိုက္ေနၾကရေပမည္။ သို႔ေသာ္ဤ သို႔ ျပဳမူရင္း ကိုယ့္လူမ်ိဳးကိုယ္ ဒုကၡေပးမွန္း မ သိ၊ ေပးေနလ်က္ ရွိသည္ကို သတိျပဳမိရန္ လို အပ္ေပသည္။
.
“ကြၽန္ေတာ္တို႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ေတြကို ဌာနခ်ဳပ္မွာ အလွည့္က်ေခၚၿပီး နယ္ေျမ တာ၀န္ခံေတြက ေတာင္းလာတဲ့ အကူအညီေတြ ကို ေပးရမယ္လို႔ မွာတယ္။ ဘာစာ၊ ဘာတံဆိပ္တံုးမွ အသံုးျပဳေတာ့မွာ မဟုတ္ဘူးလို႔ ေျပာတယ္။ ေျပာလာသမွ် ကူညီတာပါ ဆိုၿပီး လိုက္လုပ္ေပး ေနရေတာ့တာပါပဲ}}ဟု ေက်ာက္ မဲၿမိဳ႕နယ္မွ အမည္မေဖာ္ရဲသူ ေက်းရြာအုပ္ခ်ဳပ္ ေရးမွဴး တစ္ဦးက ေျပာသည္။ ဆက္ေၾကးဟု မသံုးႏႈန္းေတာ့ဘဲ ကူညီမႈဟု သံုးစြဲရမည္ဟု လည္း မွာၾကားေၾကာင္း ၎က ဆိုသည္။
.
တစ္အိမ္ေထာင္တြင္ ေယာက်္ား (၃) ေယာက္ရွိက တစ္ဦး လိုက္ပါရမည္။ ေငြေပး၍ မရ ဆိုသည္က အလြန္ပင္ အၾကပ္အတည္းေတြ႕ ရသည္ဟု ေက်ာက္မဲခ႐ိုင္အတြင္း ေက်းရြာတစ္ ရြာမွ ေဒသခံ အမ်ိဳးသမီးတစ္ဦးက ဆိုသည္။
.
“ေယာက်ာ္းက ထုိင္းမွာ အလုပ္သြားလုပ္ တာ။ အခု မီးဖြားေတာ့ သားေလးရတယ္။ အဲ ဒါ ေယာက်ာ္း ၃ ေယာက္ရွိၿပီဆိုၿပီး အသက္ ၆၀ နီးပါး အေဖ့ကို အဖြဲ႕ထဲ လိုက္ဖို႔ ေခၚခံရ တယ္။ သိန္း ၃၀ ေပးလည္း မရဘူးလို႔ ေျပာ တယ္။ ရြာဘုန္းႀကီးေက်ာင္းမွာ ကိုရင္၀တ္ေန တဲ့ ၂ ေယာက္၊ ေက်ာင္းမွာ စာသင္ေနတဲ့ ၃ ေယာက္လည္း မျဖစ္မေန လိုက္ရမယ္လို႔ ေျပာ တယ္။ ခုေတာ့ တပ္တစ္ဖြဲ႕ ေရာက္လာလို႔ ခဏရပ္ထားတာ ဘယ္ေတာ့ သြားရမယ္ မသိ ဘူး။ စိတ္တအား ဆင္းရဲရပါတယ္”ဟု ေျပာ သည္။
.
ယင္းသို႔ ေက်းရြာမ်ားတြင္ ျပႆနာမ်ား ျဖစ္ပြားေနသလို ၿမိဳ႕ရြာမ်ားတြင္လည္း လုပ္ငန္း ပမာဏ၊ ပိုင္ဆုိင္မႈမ်ား အေပၚ သတ္မွတ္အခြန္ ေပးေဆာင္ရန္ ႏိႈးေဆာ္မႈမ်ားကလည္း ဒုကၡေပး ေနေၾကာင္း သိရသည္။ ရွမ္းျပည္နယ္မွာ ေနရင္ ရွမ္းျပည္အတြက္ ပံ့ပိုးရန္ တာ၀န္ရွိသည္ ဆုိသည့္ ကိစၥမွာ ႏွစ္စဥ္လို ေတြ႕ႀကံဳေနရသည့္ ကိစၥရပ္ ျဖစ္ေၾကာင္း မကင္းႏုိင္သျဖင့္ တတ္စြမ္း သမွ် ႀကိဳးစားေပးေဆာင္ ေနၾကရသည္ဟု ၎င္း တို႔ ခံစားခ်က္မ်ားကို ၿမိဳ႕ရြာေန လူထုမွ က်ယ္ က်ယ္ေလာင္ေလာင္ မေျပာရဲၾကသျဖင့္ တိုးတိုး တိတ္တိတ္ ေျပာၾကားေနၾကရေပသည္။
.
“ဆက္သြယ္မႈတို႔ ေထာက္ပံ့မႈတို႔ ဆိုတာ မတရားအသင္းဆိုတာ ကြၽန္ေတာ့္ညီက သူက သြားဆက္သြယ္တာ မဟုတ္ဘူး၊ သူေနတဲ့ ေန ရာကို လက္နက္ကိုင္ အဖြဲ႕အစည္းက လာခဲ့ရင္ သူလည္း ထြက္ေျပးလို႔ မရဘူးေလ။ သူေနတဲ့ အိမ္ကို လက္နက္ကုိင္ ဘယ္အဖြဲ႕ လာလာ မလာနဲ႔ ၀င္ခြင့္မေပးဘူး။ လုပ္လို႔ မရဘူးဗ်”ဟု ေက်ာက္မဲၿမိဳ႕နယ္၊ နမ့္ဟူးေတာင္း ေက်းရြာမွ ၁၇ (၁)ျဖင့္ အဖမ္းခံထားရသည့္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းတင့္ခ်ိဳ၏ အစ္ကိုျဖစ္သူ ဦးစုိင္းျမင့္ဘုိက ေျပာသည္။
.
အဆုိပါ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းတင့္ခ်ိဳမွာ ေတာတြင္းအဖြဲ႕မ်ားအတြက္ ေငြေကာက္ခံေပးေနရသည့္ အျပင္ ၿမိဳ႕ေပၚ အတြက္ပါ တာ၀န္ယူေပးရသည့္ ဆက္ေၾကး တာ၀န္ခံျဖစ္သည္ဆိုကာ ဖမ္းဆီးခံရၿပီး တရားစြဲတင္ခံေနရသူ တစ္ဦး ျဖစ္ေပသည္။ ၎သည္ ဆူးၾကားမွ ဗူးခါးဘ၀ကို သိျမင္သျဖင့္ ေျပးစရာလည္း ေျမမရွိ၊ ေပးစရာလည္း ေငြမရွိဘ၀ျဖင့္ ျဖစ္ေနသျဖင့္ ၂၀၁၆ ခုႏွစ္က ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး တာ၀န္မွ ႏႈတ္ထြက္ခြင့္ကို ၂ ခါ တင္ေသာ္လည္း ၿမိဳ႕နယ္မွလည္းေကာင္း၊ ရပ္ရြာမွ လည္းေကာင္း ေတာင္းပန္မႈျဖင့္ လုပ္ေဆာင္ေနရင္း အဖမ္း ခံရျခင္း ျဖစ္ေၾကာင္း သိရသည္။
.
ယင္း ကိစၥျဖင့္ ဆက္ႏြယ္သည့္ သေဘာျဖင့္ က်င္းပၿပီးစီးခဲ့သည့္ ဒုတိယအႀကိမ္ ရွမ္းျပည္ နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပံုမွန္ အ စည္းအေ၀း ပထမရက္၊ ဇြန္လ ၁၀ ရက္တြင္ ေက်ာက္မဲၿမိဳ႕နယ္၊ မဲဆႏၵနယ္ အမွတ္ (၂)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစုိင္း ထြန္းဉာဏ္က “မူဆယ္၊ လား႐ႈိး၊ ေက်ာက္မဲ၊ မိုးမိတ္ခ႐ိုင္အျပင္ ပေလာင္ႏွင့္ ကိုးကန္႔ကိုယ္ ပုိင္ အုပ္ခ်ဳပ္ခြင့္ရေဒသတို႔တြင္ ပါ၀င္ေသာ ၿမိဳ႕နယ္ တရား႐ုံးမ်ားတြင္ မတရားအသင္းဆက္ သြယ္မႈ ပုဒ္မ ၁၇(၁)ျဖင့္ တရားရင္ဆိုင္ ေနရ ေသာ အမႈႏွင့္ တရားခံ အေရအတြက္မ်ားကို သိရွိလိုပါသည္”ႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းအား ေမးျမန္းခဲ့ရာ ရွမ္းျပည္နယ္ တရားသူႀကီးခ်ဳပ္ ဦးၾကြယ္ၾကြယ္က “ရွမ္းျပည္နယ္ေျမာက္ပိုင္း မူ ဆယ္ခ႐ိုင္အတြင္းမွာ ရွိတဲ့ တရား႐ုံးမ်ားတြင္ မတရားအသင္း ဆက္သြယ္မႈ ပုဒ္မ ၁၇(၁)၊ ၁၇ (၂)အရ တရားစြဲဆိုထားေသာ အမႈေပါင္း (၁) မႈရွိၿပီး စုစုေပါင္း တရားခံ (၁)ဦး ျဖစ္ပါတယ္။ လား႐ႈိးတြင္ အမႈေပါင္း (၃)မႈရွိၿပီး စုစုေပါင္း တ ရားခံ (၅)ဦး ျဖစ္ပါသည္။ ေက်ာက္မဲတြင္ အမႈ ေပါင္း (၇)မႈရွိၿပီး စုစုေပါင္း တရားခံ (၈)ဦး ျဖစ္ ပါတယ္။ ရွမ္းျပည္ေျမာက္ပိုင္း က်န္ခ႐ိုင္မ်ား တြင္ မရွိပါ” ဟု ေျဖၾကားခဲ့သည္။
.
NCA လက္မွတ္ေရးထုိးထားသည့္ RCSS အေနနဲ႔ျဖင့္လည္း သေဘာတူညီခ်က္ပါ လူသစ္ မစုေဆာင္းရသည့္ အခ်က္ကို ေရွာင္လႊဲကာ လင္းေခးခ႐ိုင္မွ NLD လူငယ္ ၄ ဦးကို လူသစ္စုေဆာင္း ေခၚယူသြားမႈမွာ လာမည့္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁၄ ရက္တြင္ (၁)ႏွစ္ျပည့္မည္ ျဖစ္သျဖင့္ မိဘေဆြမ်ိဳးသားခ်င္းမွဆက္သြယ္ရ သည့္အခါ ၁၇ (၁) မရွိေတာ့ေသာ္လည္း ၿငိမ္း ခ်မ္းေရး လမ္းစဥ္ကို တည္ေဆာက္ေနသည့္ ကာလတြင္ မျဖစ္သင့္သည့္ ကိစၥ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး ေဒသခံမ်ားက ရွမ္းျဖစ္ရသည့္ ဒုကၡဟု ေျပာၾကေၾကာင္း လင္းေခးခ႐ိုင္ NLD အတြင္း ေရးမွဴး ဦးေအာင္ျမတ္စိုးက ဆိုသည္။
.
ေျမာက္ပိုင္းတြင္လည္း လူဖမ္း/ဆက္ေၾကး ေတာင္းသည္မ်ားကို ေဒသခံ လူထုမွ် မျဖစ္မေန လုပ္ေဆာင္ေပးေနရ သလို အစိုးရ (တပ္မ ေတာ္)ဘက္မွလည္း တာ၀န္အရ ဖမ္းဆီးရေရး မွာလည္း ဥပေဒအရ ေရွာင္လႊဲ၍ မရသည့္ အတြက္ လူထုသာမက တာ၀န္ရွိသူမ်ားမွ ဆူးၾကား မွ ဗူးခါး ေျမစာပင္မ်ား ဘ၀ကိုနားလည္စာနာ သင့္လွေၾကာင္း ေဖာ္ျပလိုေပသည္။
.
ထို႕အတူပင္ အာဏာရွိသူေတြ၊ လက္နက္ ကိုင္ထားသူေတြႏွင့္ မီဒီယာမ်ားၾကားတြင္လည္း ပြတ္တိုက္မႈေတြ ျဖစ္ပြားေနရာ မီဒီယာမ်ားအေနျဖင့္ လက္နက္ကိုင္ တိုင္းရင္းသား အဖြဲ႕ေတြကို ဆက္သြယ္ၿပီး သတင္းရယူ ေနၾကရသည္ ျဖစ္ သည့္အတြက္ ပုဒ္မ ၁၇(၁)ကလည္း ေခါင္းေပၚ မွာ ဓားမိုးထားရသလို ျဖစ္ေနသည္ဟု သတင္း ေထာက္ တစ္ဦးက ဆိုသည္။
.
ႀကိဳက္သည္ျဖစ္ျဖစ္၊ မႀကိဳက္သည္ျဖစ္ျဖစ္ ၁၇ (၁)ကဲ့သို႔ေသာ ပုဒ္မမ်ိဳး ရွိေနသမွ်ေတာ့ အေရးယူ ခံေနရမွာ ျဖစ္သလို မတည္ၿငိမ္သည့္ ေဒသ လက္နက္ကိုင္မ်ား စိုးမိုးထားသည့္ ေဒသသတင္းမ်ားႏွင့္ ပတ္သက္ၿပီး ျပည္သူမ်ားခံ စားေနရသည္ကို သတင္းသမား အမ်ားစုက ၁၇(၁)ကို ေၾကာက္၍ လက္ေရွာင္ေနၾကရသည္ မွာလည္း ပကတိ အေျခအေနျဖစ္ၿပီး သတင္း မီဒီယာ ဥပေဒအရ သတင္း လြတ္လပ္စြာ ယူခြင့္ရွိေသာ္လည္းပဲ ၁၇(၁)ႏွင့္ အေရးယူ ခံရမႈက အမ်ားဆံုး ႀကံဳႏုိင္သည္ ျဖစ္သျဖင့္ ေတာ္တန္႐ုံ မေရးရဲၾကဟု အဆုိပါ သတင္း ေထာက္က ေျပာသည္။
.
“၁၇(၁)က မလြယ္ေပဘူး၊ သူတို႔ရွာတဲ့အ ခါ အိမ္မွာ သူတို႔နဲ႔ ဆန္႔က်င္တယ္လို႔ ယူဆ ရတဲ့ ဘာေတြ႕ေတြ႕ ၁၇(၁) ျဖစ္ေတာ့တာပဲ။ ေထာင္ကသာ လြတ္လာရတယ္။ အဲဒီစာအုပ္က ဘယ္လိုျဖစ္ၿပီး အိမ္မွာ ရွိရတာလဲ မသိဘူး။ အိမ္သားေတြ ဘယ္သူကမွလည္း ယူလာတာ မရွိဘူး”ဟု စစ္ခံု႐ုံးမ်ား မိႈလိုေပါက္စဥ္က ျပစ္ ဒဏ္ခ်ခံခဲ့ရဖူးသည့္ ရွမ္းစာတစ္လံုးမွ်မတတ္ ၊ ရွမ္းစကား လံုး၀မေျပာတတ္ေသာ္လည္း အိမ္ တြင္ ရွမ္းစာမ်ားျဖင့္ ထုတ္ေ၀သည့္ စစ္ဆန္႔ က်င္ေရး ၤမနနိသာ တေပ ဆိုသည့္ စာအုပ္ ေတြ႕ရွိမႈျဖင့္ ေထာင္ဒဏ္ (၁၀)ႏွစ္ က်ခံခဲ့ရဖူး သည့္ သတင္းေထာက္တစ္ဦးက ေျပာျပသည္။
.
တည္ဆဲမတရားအသင္းဥပေဒတြင္ သတင္းမီဒီယာမ်ား၊ တပ္မေတာ္၊ ႏုိင္ငံေခါင္းေဆာင္ တစ္ဦးဦးကို ျပစ္မႈမွလြတ္ကင္းေၾကာင္း ျပဌာန္း ထားျခင္း မရွိသည့္အတြက္ ယင္းဥပေဒပါ သတ္ မွတ္ခ်က္မ်ားႏွင့္ ၿငိစြန္းပါက မည္သူမွ်ျပစ္မႈမွ ကင္းလြတ္ခြင့္ မရႏုိင္ေၾကာင္း ထင္းရွားေနရာ ျပည္တြင္း ၿငိမ္းခ်မ္းေရးအတြက္ ရည္ရြယ္လုပ္ ေဆာင္ခဲ့ျခင္းေသာ္မွ စိတ္ရင္းေစတနာ မပါရွိဘဲ ျပစ္မႈႏွင့္ ၿငိစြန္းႏုိင္သလို ေၾကာက္၍ လုပ္ေပးရ ျခင္းကို ျပစ္မႈ မေျမာက္ေၾကာင္း ဥပေဒ၌ ျပ ဌာန္းထားခ်က္ မရွိသျဖင့္ မတရားအသင္း ဥပ ေဒကို ျပင္ဆင္ျပဌာန္းျခင္း မျပဳသမွ် ၿငိမ္းခ်မ္း ေရး လုပ္ငန္းစဥ္ကို အေႏွာင့္အယွက္ ျဖစ္ေန ေစမည္ ျဖစ္သျဖင့္ မတရားအသင္း ဥပေဒကို ျပင္ဆင္ရန္ သို႔မဟုတ္ ဆုိင္းငံ့ရန္ သို႔မဟုတ္ ဖ်က္သိမ္းရန္ မရွိမျဖစ္ လိုအပ္ေနၿပီ ျဖစ္သည္ ဟု ေရွ႕ေန ဦးေဌးဦး (စိန္႔ဂြၽန္း)က ဆိုသည္။
.
(ျပည္ေထာင္စုႏွင့္ ဦးထြန္းလွပါ-၂) ၇၈/ ၆၆ စီရင္ထံုးတြင္ ေသာင္းက်န္းသူႏွင့္ ဆက္ဆံ ရာတြင္ လိုလုိလားလား မဟုတ္ဘဲ ေၾကာက္၍ ဆက္ဆံရျခင္း ျဖစ္လွ်င္ မတရားအသင္း အက္ ဥပေဒ ပုဒ္မ ၁၇(၁)အရ ျပစ္မႈမေျမာက္ဟု ပါရွိ သလို (ဦးသိန္းေမာင္ ပါ-၁၂ႏွင့္ ျပည္ေထာင္စု) ၇၈/၁၁၆ စီရင္ထံုးတြင္ အစိုးရ တပ္ဖြဲ႕မ်ားႏွင့္ နီးကပ္လ်က္ရွိၿပီး လိုအပ္သည့္ အကူအညီ ေတာင္းခံရယူႏုိင္မည့္ အေျခအေနတြင္ ေသာင္း က်န္းသူကုိ ေၾကာက္ရြံ႕၍ အစည္းအေ၀း တက္ ရပါသည္ဟူေသာ အေၾကာင္းျပခ်က္မွာ ခိုင္လံု ေသာ အေၾကာင္းျပခ်က္ မျဖစ္ႏုိင္ေခ်ဟု ပါရိွ သည္ကို ေလ့လာ မွတ္သားမိသည္။
.
ထို႕ေၾကာင့္ မတရားအသင္း ဥပေဒကို မျပင္ဆင္၊ မပယ္ဖ်က္ႏုိင္ေသးသ၍ ဥပေဒ ခ်ိဳး ေဖာက္သည္ဟု မလႊဲမေရွာင္သာ ထင္ျမင္ယူဆ စြပ္စြဲခံရဖြယ္ အေျခအေနမ်ိဳးကို အလြယ္တကူ ဆိုက္ေရာက္သြားႏုိင္သျဖင့္ ေနာက္ေက်ာ မလံုသည့္ လုပ္ငန္းကို လုပ္ကိုင္ေနရသည့္ ၿငိမ္းခ်မ္းေရး ေဆာင္ရြက္ေနသူမ်ိဳး၊ မွ်ေျခအရ ႏွစ္ဖက္အသံ သတင္းရယူေနရသည့္ သတင္းသမားမ်ားအတြက္ အႏၱရာယ္ရွိေနသည္ကို ေတြ႕ျမင္ရေပမည္။
.
၂၀၁၇ ခုႏွစ္က မတရားအသင္း ဥပေဒအ ရ ဖမ္းဆီးတရားစြဲ ခံခဲ့ရၿပီး ေထာင္ခ်ခံခဲ့ရသည့္ DVB  သတင္းေထာက္ ဦးေအးႏုိင္၊ ကိုျပည့္ ဘုန္းေအာင္၊ ဧရာ၀တီ သတင္းေထာက္ ဦး သိန္းေဇာ္ (ခ) လ၀ီ၀မ္တို႔အပါ အရပ္သား ၃ ဦး အမႈ စသည္မ်ားမွာ ျပယုဂ္မ်ားပင္။
.
၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ ၆ ရက္က ေန ျပည္ေတာ္တြင္ ျပဳလုပ္သည့္ သတင္းစာ ရွင္း လင္းပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္က “အခု ကိစၥဟာ ဂ်ာနယ္လစ္ ၃ ေယာက္နဲ႔ တပ္မေတာ္ အျပန္အလွန္ ျဖစ္ေနတဲ့ ကိစၥရယ္လို႔ ေဘာင္ က်ဥ္းက်ဥ္း ကြက္ကြက္ေလး ၾကည့္လို႔မရပါဘူး။ အခု က်င့္သံုးေနတဲ့ ဥပေဒေတြဟာ တရားဥပ ေဒ စိုးမုိးေရးနဲ႔ ဒီမိုကေရစီ ေျပာင္းလဲမႈေတြနဲ႔ ကိုက္ညီရဲ႕လား၊ ဒီမိုကေရစီနဲ႔ မညီၫြတ္ဘူးဆို ရင္ ဥပေဒ လမ္းေၾကာင္းအတုိင္း ျပင္ဆင္ရပါ လိမ့္မယ္။ ကြၽန္မတို႔ရဲ႕ တရား႐ုံးေတြ ဂုဏ္သိကၡာ ရွိရွိ ျဖစ္ဖို႔ေတာ့ ကြၽန္မတို႔ လုပ္ရလိမ့္မယ္”ဟု ေျပာၾကားခဲ့သည္။
.
ေဆာင္းပါးအစတြင္ လက္ရွိ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ ေျပာသလိုပင္ စစ္ကို လူတိုင္း တိုက္ႏုိင္ေသာ္လည္း ၿငိမ္းခ်မ္းေရးကို ေတာ့ သတၱိ အရွိဆံုး သူမ်ားကသာ ေဆာင္ က်ဥ္းေပးႏုိင္မည္ဟု ေျမာက္ကိုရီးယားႏုိင္ငံ ေခါင္းေဆာင္ႏွင့္ ပထမဆံုး ေတြ႕ဆံုမႈ ေအာင္ ျမင္ၿပီးေနာက္ ထိုစကားကို ေျပာၾကားခဲ့ျခင္းျဖစ္ ၿပီး အာဏာရွင္ ေျမာက္ကိုရီးယားႏုိင္ငံပင္ ၿငိမ္း ခ်မ္းေရးမွ တစ္ဆင့္ တိုင္းျပည္ တိုးတက္ေရးအ တြက္ ေျခလွမ္းမ်ားလွမ္းေနၿပီျဖစ္ရာ ျမန္မာအ ေနျဖင့္လည္း ဒီမိုကေရစီေထာက္တိုင္မ်ားျဖစ္သည့္ တရားမွ်တမႈ၊ လြတ္လပ္မႈ၊ ၿငိမ္းခ်မ္းမႈ၊ ခြင့္တူညီမွ် ျဖစ္မႈ၊ ၀ါဒျဖဴစင္မႈမ်ားျဖင့္ ဖက္ဒ ရယ္ ဒီမိုကေရစီ ပန္းတုိင္ကို လွမ္းကိုင္ႏုိင္ၾက ေစရန္ လူတုိင္း အဖက္ဖက္က ႀကိဳးပမ္းၾကေစ လိုပါသည္။
.
စစ္တို႔၏ သေဘာအရ ေမတၱာသုတ္ ရြတ္ ဆိုေန၍ မရဘဲ ၀ါးရင္းတုတ္ျဖင့္ ႏွက္ပါမွ ရ မည့္ကိစၥမ်ိဳးမ်ားတြင္ စစ္ေရးအျမင္ျဖင့္ ေျဖရွင္း ၾကသည္ ဆုိေသာ္လည္းပဲ စစ္ကို မုန္းလို႔ပဲ တိုက္တိုက္ ခ်စ္လို႔ပဲ တိုက္တိုက္ ႏွစ္ဘက္လူ သားမ်ားက်ဆံုး ထိခိုက္ဒဏ္ရာ ရၾကရသလို တိုင္းသူ ျပည္သားမ်ားမွာလည္း ေျမစာပင္အ ျဖစ္ ေသေၾကပ်က္စီးၾကရသည္ ျဖစ္သျဖင့္ တိုက္ ၾကရာတြင္လည္း အမ်ားျပည္သူမ်ားအား ေရွာင္ ရွားကာ တိုက္ၾကၿပီး ဆင္ျခင္တံုတရားမ်ားျဖင့္ လည္းေကာင္း၊ ေလာကပါလတရားမ်ားျဖင့္ လည္းေကာင္း လူ႕ေလာက အက်ိဳးကိုေဆာင္ ၾကပါေစေၾကာင္း တိုက္တြန္းလိုပါသည္။
.
မည္သို႔ပင္ျဖစ္ေစ ၁၇(၁)လို ပုဒ္မမ်ိဳးလို လူ႕အသိုင္းအ၀န္းအတြက္ ညီၫြတ္မွ်တမႈ မရွိ ဟုဆိုႏုိင္သည့္ ဥပေဒမ်ားကို ပယ္ဖ်က္ ျပင္ဆင္ ၿပီး လက္ရွိႏိုင္ငံ၏ လူ႕အဖြဲ႕အစည္းမ်ားႏွင့္ လုိက္ေလ်ာညီေထြ ျဖစ္မည့္ ဥပေဒမ်ားကိုတည္ ေဆာက္ေပးျခင္းျဖင့္ ျမန္မာ့လူ႕ေလာကႀကီးထဲ က ဆူးၾကားမွ ဗူးခါးမ်ားဘ၀ ေၾကာက္ရြံ႕ျခင္းမွ လြတ္ကင္းရပါေစေၾကာင္း။     
.
ဆူးကြားမှ ဗူးခါး
.
တြိဂံ
.
“စစ်ပွဲဆိုတာ မည်သူမဆို တိုက်နိုင်ကြပါ တယ်။ ဒါပေမဲ့ သတ္တိအရှိဆုံး ဆိုသူတွေမှသာ ငြိမ်း ချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်ကြပါတယ်”
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
.
Anyone can make war, but only the most courageous can make peace.
President Donald J.Trump
.
စစ်ပွဲတွေထက် ငြိမ်းချမ်းရေးကို စစ်ဝါဒီများ မှအပ လူတိုင်းလိုလို အလိုရှိကြပေသည်။ အချို့ သော သူများမှာ စစ်ပွဲ အတွေ့အကြုံ မရှိကြ ပေမယ့် သူရဲကောင်း အားကိုးလိုသည့် Heroism  ကို အားကျမှု၊ အတ္တကိုယ်ကျိုးစီးပွားကို ရှေ့ တန်းတင်လိုမှု စသည့် စိတ်အခြေခံ အကြောင်း တရားများဖြင့် ပုံဖော်ထားသည့် ဘဝမြောင်း များထဲတွင် နေပျော်မှု များကြောင့် စစ်ဖြစ်မှ မိမိ တို့ အရေးပါမည်။ သူရဲကောင်း ဖြစ်မည်။ မိမိ တို့ကို အားကိုးကြမည်။ မိမိတို့၏ တန်ဖိုးတက် မည် စသည့် ခံယူချက်များဖြင့် စစ်ပွဲကို လိုလား ကြသူ အများအပြား ရှိကြပေသည်။ ၀ိ၀ါဒ ကွဲ ပြားမှုများ ရှိမည် သေချာသော်လည်း စစ်တိုက်မှ စွန့်လွှတ်စွန့်စားရဲမှ သူရဲကောင်းဖြစ်သည် မဟုတ်ချေ။ အမှန်တော့ သူရဲကောင်း ဆိုသည် မှာ လူအများ၏ အကျိုးစီးပွား (ငြိမ်းချမ်းရေး) ကို ကာကွယ်စောင့်ရှောက် နိုင်သူကို ခေါ်လိုရင်း ဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က ဆိုလိုရင်း ဖြစ် ကြောင်း စေ့ငုမိသည်။
.
စိတ်သရုပ်ခွဲ ဗေဒပညာရှင် စစ်ဂမန်ဖရိုက် က လူသားတို့မှာ ရက်စက်ခြင်းနှင့် ကြင်နာခြင်း နှစ်ထွေ စိတ်တွင် အခြေခံ စိတ်အင်အား နည်းပါးသူတို့တွင် ရက်စက်မှုကို ပိုမိုလိုလားကြသည့် သဘောသဘာဝ ရှိသည်ဟု ဆိုထားသည်။ သို့ အတွက် လူသားတို့တွင် စိတ်အခြေခံ အင်အား နည်းပါးသူတို့တွင် စစ်ကို လိုလားသော၊ မိမိ အတ္တအကျိုးစီးပွား အတွက် လောကကိုအပျက် မြင်ဝါဒဖြင့် ချဉ်းကပ်တတ်သော သူများ နေ ရာရပါက ငြိမ်းချမ်းရေး ဆိတ်သုဉ်း တတ်လေ့ရှိ သည်ကို ဒုတိယကမ္ဘာစစ် မီးမွှေးခဲ့သည့် ဟစ် တလာ၊ မူဆိုလိုနီနှင့် တိုဂျို စသည့် ပုဂ္ဂိုလ်များ ကို တွေ့မြင်ရမည် ဖြစ်ပေသည်။
.
အာဏာကို လက်ကိုင်ပြုရင်း တိုင်းပြည်ကို ဆင်းရဲတွင်း နွံနစ်အောင် ပြုမူကျင့်ကြံ သွားကြသည့် အာဏာရှင်များ ကိုလည်း ဒုတိယကမ္ဘာစစ် အလွန်တွင် တွေ့မြင်နိုင်မည် ဖြစ်သဖြင့် ယခု ဆောင်းပါးမှာ စစ်ပွဲများထက် ငြိမ်းချမ်းရေးကို လိုလားခြင်း ပြယုဂ်အဖြစ် လုပ်ဆောင်နေကြ ရင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ပွဲ များအတွင်း မလူးမလွန့်သာသည့် အနေအထားများဖြင့် ဓားစာခံများအဖြစ်၊ မြေစာပင်များ အဖြစ် ဘဝများ ပေးဆပ်နေကြရသည့် လူသား များသို့ ရည်ညွှန်းလိုရင်း ဖြစ်ပါသည်။
.
မြန်မာနိုင်ငံ ရာဇသတ်ကြီး အက်ဥပဒေတွင် မတရားအသင်း အက်ဥပဒေကို အင်္ဂလိပ် ကိုလိုနီအစိုးရက ၎င်းတို့ကို ဆန့်ကျင်တော်လှန်သူများနှင့် ဆက်နွယ်သူများအပေါ် နှိပ်ကွပ်နှိမ်နင်း ရန် ၁၉၀၈ ခုနှစ်က၊ အက်ဥပဒေ အမှတ် (၁၄/၁၉၀၈)ဖြင့် ပြဌာန်း ထားခဲ့ရာတွင် အင်္ဂလိပ်ဘာသာဖြင့်သာ ပြဌာန်းခဲ့ခြင်းဖြစ်ပြီး မတရားအသင်းဆိုသည့် အဓိပ္ပါယ်ကို ပုဒ်မ ၁၅(၂)တွင် (က)အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများကို ကျူးလွန်ရန် အားပေးသော သို့မဟုတ် ကူညီထောက်ပံ့သော အဖွဲ့အစည်းတစ်ခု သို့မဟုတ် ထိုကဲ့သို့ ပြစ်မှုများကို ကျူးလွန်လေ့ရှိသော အဖွဲ့ဝင်များ ပါဝင်လာသော အသင်းဖြစ်သည်ဟု ဖော်ပြထားပြီး (ခ)တွင် ဤဥပဒေအရ ပြည် ထောင်စု သမ္မတထံမှ မတရားအသင်း ဖြစ်သည်ဟု ကြေညာခြင်း၊ ခံထားရသော အဖွဲ့အစည်းမှာ မတရားအသင်းဖြစ်သည်ဟု ပြဌာန်း ထားခြင်း ဖြစ်သည်။ ပြစ်ဒဏ်ပြဌာန်းချက် အဖြစ် အောက်ပါအတိုင်း ပါရှိသည်။
.
မ ပုဒ်မ ၁၇(၁)၊ ပြစ်မှု (၁) ပြစ်ဒဏ်ပြ ဌာန်းချက်တွင် ထောင်ဒဏ် (၂)နှစ်ထက် မနည်း၊ (၃)နှစ်ထက် မပိုသော ထောင်ဒဏ်နှင့်ငွေဒဏ် ကိုပါ စီရင်ခြင်း ခံရမည်။ (၂)ပြစ်မှုမြောက်ရန် လိုအပ်သည့် အင်္ဂါရပ်များ အနေဖြင့် မည်သူမဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်းမ ဟုတ် ယင်းအသင်း၏ အစည်းအဝေး၌ ပါဝင် ဆောင်ရွက်လျှင် သို့တည်းမဟုတ် ယင်းအသင်း အတွက် ဝင်ကြေးထည့်ဝင်ရယူ၊ တောင်းခံ လျှင် သို့တည်းမဟုတ် တစ်နည်းနည်းဖြင့် ယင်း အသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင်၊
.
မ ပုဒ်မ ၁၇(၂)၊ ပြစ်မှု (၁) ပြစ်ဒဏ်ပြဌာန်း ချက်တွင် (၃)နှစ်ထက် မနည်း (၅)နှစ်ထက် မ ပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ စီရင်ခြင်း ခံရမည်။ (၂) ပြစ်မှုမြောက်ရန် လိုအပ်သော အင်္ဂါရပ်များ အနေဖြင့် မည်သူမဆို မတရား အသင်းကို စီမံအုပ်ချုပ်လျှင် သို့တည်းမဟုတ် စီ မံအုပ်ချုပ်ခြင်းတွင် ကူညီလျှင် သို့တည်းမဟုတ် အဆိုပါ အသင်း တစ်ခုခု သို့မဟုတ် ထိုအသင်း သားများ၏ အစည်းအဝေးကို ဆော်သြ ကမကထ ပြုလျှင် သို့တည်းမဟုတ် ဆော်သြ ကမကထ ပြုရာတွင် ကူညီလျှင်၊
.
ယင်းသို့ ခေတ်ဟောင်းက ပြုခဲ့သည့် ဥပ ဒေ တစ်ရပ်ကို တက်လာသည့် အစိုးရတိုင်းက လက်ကိုင်ပြုရင်း ၎င်းင်းတို့၏ ဆန့်ကျင်ဘက် ရပ် တည်မှုများကို ချေမှုန်းရာတွင် အသုံးပြုလျက်ရှိ နေကြသည်မှာ ယနေ့ အထိပင် ဖြစ်သည်။ ယင်း ပုဒ်မ၏ နှိပ်ကွပ်မှုများတွင် တိုင်းရင်းသား များ၊ နိုင်ငံရေး သမားများ၊ သတင်းသမားများ၊ အရေးယူ ခံရလျက်ရှိနေရာ ရှေ့မှ ဖြစ်ရပ်များ ထက် လတ်တလော ဖြစ်ရပ်များကို ထောက်ပြ လိုပေသည်။
.
ရှမ်းပြည်နယ် တစ်ခုလုံးတွင် တိုင်းရင်းသား အများစု နေထိုင်ကြရာတွင် လက်နက်ကိုင် အ ဖွဲ့များလည်း များမြောင်လှသည် ဖြစ်ရာ ဒေသ ခံတိုင်းရင်းသား အနေဖြင့် လူမျိုးတူရာများသို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အ ကြောက်တရားများဖြင့် လည်းကောင်း၊ ပတ်သက်မှုများဖြင့် လည်းကောင်း၊ နေရာဒေသအ ပေါ် အခြေပြု၍ လည်းကောင်း ဆက်ဆံနေရ သည် ဖြစ်သဖြင့် ယင်းပုဒ်မ ၁၇(၁)မှာ အား လုံးနှင့် ညှိစွန်းနေသည့် သဘောပင် ဖြစ်တော့သည်။
.
လက်နက်ကိုင် အဖွဲ့များ၏ ဆက်ကြေး ကောက်ခံမှုကို ပေးသွင်းနေရမှု၊ မိမိတို့၏ သွေး သားဆွေမျိုးများအား အတင်းအဓမ္မ လူသစ် စုဆောင်းခံရမှုများကြောင့် ရှမ်းပြည်အတွင်း နေထိုင် လုပ်ကိုင် စားသောက်နေရမှုများကြောင့် ယုတ်စွအဆုံး ဘယ်သို့ပင် အေးချမ်းစွာ နေချင် သော်လည်းပဲ တိုင်းရင်းသား လူမျိုးတူ ဖြစ်ရမှု က မျိုးချစ်စိတ် အကြောင်းပြကာ စစ်စည်းရုံး ခံနေရမှုများက ဥပဒေအရ ဆက်နွယ်နေသည့် ပုဒ်မ ၁၇(၁)အရ မလွဲမရှောင်သာသည့် ငြိစွန်းရ မှုများပင်။
.
မိမိတို့၏ သားများ၊ လင်သားများ၊ ဆွေမျိုး များ၊ လက်နက် မကိုင်ချင်ဘဲ ကိုင်ရ၊ မတိုက် ချင်ဘဲ တိုက်ရ၊ အဖမ်းခံရ၊ သေရသည်ကို မ လိုလားကြသော်လည်း တစ်ဖက်က လက်နက် ဖြင့် နယ်မြေများကို သိမ်းပိုက်ကာ လူမျိုးတစ် မျိုးနှင့်တစ်မျိုး မတရား ဖိနှိပ်မှုများကို တွန်းလှန် သည်ဆိုသည့် တော်လှန်ရေး အသိကို လက် ကိုင်ပြုထားသူများ အတွက်တော့ မျိုးချစ်စိတ် အရ စစ်ကို တိုက်နေကြရပေမည်။ သို့သော်ဤ သို့ ပြုမူရင်း ကိုယ့်လူမျိုးကိုယ် ဒုက္ခပေးမှန်း မ သိ၊ ပေးနေလျက် ရှိသည်ကို သတိပြုမိရန် လို အပ်ပေသည်။
.
“ကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူး တွေကို ဌာနချုပ်မှာ အလှည့်ကျခေါ်ပြီး နယ်မြေ တာဝန်ခံတွေက တောင်းလာတဲ့ အကူအညီတွေ ကို ပေးရမယ်လို့ မှာတယ်။ ဘာစာ၊ ဘာတံဆိပ်တုံးမှ အသုံးပြုတော့မှာ မဟုတ်ဘူးလို့ ပြောတယ်။ ပြောလာသမျှ ကူညီတာပါ ဆိုပြီး လိုက်လုပ်ပေး နေရတော့တာပါပဲ}}ဟု ကျောက် မဲမြို့နယ်မှ အမည်မဖော်ရဲသူ ကျေးရွာအုပ်ချုပ် ရေးမှူး တစ်ဦးက ပြောသည်။ ဆက်ကြေးဟု မသုံးနှုန်းတော့ဘဲ ကူညီမှုဟု သုံးစွဲရမည်ဟု လည်း မှာကြားကြောင်း ၎င်းက ဆိုသည်။
.
တစ်အိမ်ထောင်တွင် ယောကျ်ား (၃) ယောက်ရှိက တစ်ဦး လိုက်ပါရမည်။ ငွေပေး၍ မရ ဆိုသည်က အလွန်ပင် အကြပ်အတည်းတွေ့ ရသည်ဟု ကျောက်မဲခရိုင်အတွင်း ကျေးရွာတစ် ရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
.
“ယောကျာ်းက ထိုင်းမှာ အလုပ်သွားလုပ် တာ။ အခု မီးဖွားတော့ သားလေးရတယ်။ အဲ ဒါ ယောကျာ်း ၃ ယောက်ရှိပြီဆိုပြီး အသက် ၆၀ နီးပါး အဖေ့ကို အဖွဲ့ထဲ လိုက်ဖို့ ခေါ်ခံရ တယ်။ သိန်း ၃၀ ပေးလည်း မရဘူးလို့ ပြော တယ်။ ရွာဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်နေ တဲ့ ၂ ယောက်၊ ကျောင်းမှာ စာသင်နေတဲ့ ၃ ယောက်လည်း မဖြစ်မနေ လိုက်ရမယ်လို့ ပြော တယ်။ ခုတော့ တပ်တစ်ဖွဲ့ ရောက်လာလို့ ခဏရပ်ထားတာ ဘယ်တော့ သွားရမယ် မသိ ဘူး။ စိတ်တအား ဆင်းရဲရပါတယ်”ဟု ပြော သည်။
.
ယင်းသို့ ကျေးရွာများတွင် ပြဿနာများ ဖြစ်ပွားနေသလို မြို့ရွာများတွင်လည်း လုပ်ငန်း ပမာဏ၊ ပိုင်ဆိုင်မှုများ အပေါ် သတ်မှတ်အခွန် ပေးဆောင်ရန် နှိုးဆော်မှုများကလည်း ဒုက္ခပေး နေကြောင်း သိရသည်။ ရှမ်းပြည်နယ်မှာ နေရင် ရှမ်းပြည်အတွက် ပံ့ပိုးရန် တာဝန်ရှိသည် ဆိုသည့် ကိစ္စမှာ နှစ်စဉ်လို တွေ့ကြုံနေရသည့် ကိစ္စရပ် ဖြစ်ကြောင်း မကင်းနိုင်သဖြင့် တတ်စွမ်း သမျှ ကြိုးစားပေးဆောင် နေကြရသည်ဟု ၎င်းင်း တို့ ခံစားချက်များကို မြို့ရွာနေ လူထုမှ ကျယ် ကျယ်လောင်လောင် မပြောရဲကြသဖြင့် တိုးတိုး တိတ်တိတ် ပြောကြားနေကြရပေသည်။
.
“ဆက်သွယ်မှုတို့ ထောက်ပံ့မှုတို့ ဆိုတာ မတရားအသင်းဆိုတာ ကျွန်တော့်ညီက သူက သွားဆက်သွယ်တာ မဟုတ်ဘူး၊ သူနေတဲ့ နေ ရာကို လက်နက်ကိုင် အဖွဲ့အစည်းက လာခဲ့ရင် သူလည်း ထွက်ပြေးလို့ မရဘူးလေ။ သူနေတဲ့ အိမ်ကို လက်နက်ကိုင် ဘယ်အဖွဲ့ လာလာ မလာနဲ့ ဝင်ခွင့်မပေးဘူး။ လုပ်လို့ မရဘူးဗျ”ဟု ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်း ကျေးရွာမှ ၁၇ (၁)ဖြင့် အဖမ်းခံထားရသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင့်ချို၏ အစ်ကိုဖြစ်သူ ဦးစိုင်းမြင့်ဘိုက ပြောသည်။
.
အဆိုပါ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင့်ချိုမှာ တောတွင်းအဖွဲ့များအတွက် ငွေကောက်ခံပေးနေရသည့် အပြင် မြို့ပေါ် အတွက်ပါ တာဝန်ယူပေးရသည့် ဆက်ကြေး တာဝန်ခံဖြစ်သည်ဆိုကာ ဖမ်းဆီးခံရပြီး တရားစွဲတင်ခံနေရသူ တစ်ဦး ဖြစ်ပေသည်။ ၎င်းသည် ဆူးကြားမှ ဗူးခါးဘဝကို သိမြင်သဖြင့် ပြေးစရာလည်း မြေမရှိ၊ ပေးစရာလည်း ငွေမရှိဘဝဖြင့် ဖြစ်နေသဖြင့် ၂၀၁၆ ခုနှစ်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်မှ နှုတ်ထွက်ခွင့်ကို ၂ ခါ တင်သော်လည်း မြို့နယ်မှလည်းကောင်း၊ ရပ်ရွာမှ လည်းကောင်း တောင်းပန်မှုဖြင့် လုပ်ဆောင်နေရင်း အဖမ်း ခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း ကိစ္စဖြင့် ဆက်နွယ်သည့် သဘောဖြင့် ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ် ရှမ်းပြည် နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အ စည်းအဝေး ပထမရက်၊ ဇွန်လ ၁၀ ရက်တွင် ကျောက်မဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်း ထွန်းဉာဏ်က “မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်ခရိုင်အပြင် ပလောင်နှင့် ကိုးကန့်ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် ပါဝင်သော မြို့နယ် တရားရုံးများတွင် မတရားအသင်းဆက် သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တရားရင်ဆိုင် နေရ သော အမှုနှင့် တရားခံ အရေအတွက်များကို သိရှိလိုပါသည်”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းခဲ့ရာ ရှမ်းပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က “ရှမ်းပြည်နယ်မြောက်ပိုင်း မူ ဆယ်ခရိုင်အတွင်းမှာ ရှိတဲ့ တရားရုံးများတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၁၇ (၂)အရ တရားစွဲဆိုထားသော အမှုပေါင်း (၁) မှုရှိပြီး စုစုပေါင်း တရားခံ (၁)ဦး ဖြစ်ပါတယ်။ လားရှိုးတွင် အမှုပေါင်း (၃)မှုရှိပြီး စုစုပေါင်း တ ရားခံ (၅)ဦး ဖြစ်ပါသည်။ ကျောက်မဲတွင် အမှု ပေါင်း (၇)မှုရှိပြီး စုစုပေါင်း တရားခံ (၈)ဦး ဖြစ် ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ကျန်ခရိုင်များ တွင် မရှိပါ” ဟု ဖြေကြားခဲ့သည်။
.
NCA လက်မှတ်ရေးထိုးထားသည့် RCSS အနေနဲ့ဖြင့်လည်း သဘောတူညီချက်ပါ လူသစ် မစုဆောင်းရသည့် အချက်ကို ရှောင်လွှဲကာ လင်းခေးခရိုင်မှ NLD လူငယ် ၄ ဦးကို လူသစ်စုဆောင်း ခေါ်ယူသွားမှုမှာ လာမည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် (၁)နှစ်ပြည့်မည် ဖြစ်သဖြင့် မိဘဆွေမျိုးသားချင်းမှဆက်သွယ်ရ သည့်အခါ ၁၇ (၁) မရှိတော့သော်လည်း ငြိမ်း ချမ်းရေး လမ်းစဉ်ကို တည်ဆောက်နေသည့် ကာလတွင် မဖြစ်သင့်သည့် ကိစ္စ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒေသခံများက ရှမ်းဖြစ်ရသည့် ဒုက္ခဟု ပြောကြကြောင်း လင်းခေးခရိုင် NLD အတွင်း ရေးမှူး ဦးအောင်မြတ်စိုးက ဆိုသည်။
.
မြောက်ပိုင်းတွင်လည်း လူဖမ်း/ဆက်ကြေး တောင်းသည်များကို ဒေသခံ လူထုမျှ မဖြစ်မနေ လုပ်ဆောင်ပေးနေရ သလို အစိုးရ (တပ်မ တော်)ဘက်မှလည်း တာဝန်အရ ဖမ်းဆီးရရေး မှာလည်း ဥပဒေအရ ရှောင်လွှဲ၍ မရသည့် အတွက် လူထုသာမက တာဝန်ရှိသူများမှ ဆူးကြား မှ ဗူးခါး မြေစာပင်များ ဘဝကိုနားလည်စာနာ သင့်လှကြောင်း ဖော်ပြလိုပေသည်။
.
ထို့အတူပင် အာဏာရှိသူတွေ၊ လက်နက် ကိုင်ထားသူတွေနှင့် မီဒီယာများကြားတွင်လည်း ပွတ်တိုက်မှုတွေ ဖြစ်ပွားနေရာ မီဒီယာများအနေဖြင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကို ဆက်သွယ်ပြီး သတင်းရယူ နေကြရသည် ဖြစ် သည့်အတွက် ပုဒ်မ ၁၇(၁)ကလည်း ခေါင်းပေါ် မှာ ဓားမိုးထားရသလို ဖြစ်နေသည်ဟု သတင်း ထောက် တစ်ဦးက ဆိုသည်။
.
ကြိုက်သည်ဖြစ်ဖြစ်၊ မကြိုက်သည်ဖြစ်ဖြစ် ၁၇ (၁)ကဲ့သို့သော ပုဒ်မမျိုး ရှိနေသမျှတော့ အရေးယူ ခံနေရမှာ ဖြစ်သလို မတည်ငြိမ်သည့် ဒေသ လက်နက်ကိုင်များ စိုးမိုးထားသည့် ဒေသသတင်းများနှင့် ပတ်သက်ပြီး ပြည်သူများခံ စားနေရသည်ကို သတင်းသမား အများစုက ၁၇(၁)ကို ကြောက်၍ လက်ရှောင်နေကြရသည် မှာလည်း ပကတိ အခြေအနေဖြစ်ပြီး သတင်း မီဒီယာ ဥပဒေအရ သတင်း လွတ်လပ်စွာ ယူခွင့်ရှိသော်လည်းပဲ ၁၇(၁)နှင့် အရေးယူ ခံရမှုက အများဆုံး ကြုံနိုင်သည် ဖြစ်သဖြင့် တော်တန်ရုံ မရေးရဲကြဟု အဆိုပါ သတင်း ထောက်က ပြောသည်။
.
“၁၇(၁)က မလွယ်ပေဘူး၊ သူတို့ရှာတဲ့အ ခါ အိမ်မှာ သူတို့နဲ့ ဆန့်ကျင်တယ်လို့ ယူဆ ရတဲ့ ဘာတွေ့တွေ့ ၁၇(၁) ဖြစ်တော့တာပဲ။ ထောင်ကသာ လွတ်လာရတယ်။ အဲဒီစာအုပ်က ဘယ်လိုဖြစ်ပြီး အိမ်မှာ ရှိရတာလဲ မသိဘူး။ အိမ်သားတွေ ဘယ်သူကမှလည်း ယူလာတာ မရှိဘူး”ဟု စစ်ခုံရုံးများ မှိုလိုပေါက်စဉ်က ပြစ် ဒဏ်ချခံခဲ့ရဖူးသည့် ရှမ်းစာတစ်လုံးမျှမတတ် ၊ ရှမ်းစကား လုံးဝမပြောတတ်သော်လည်း အိမ် တွင် ရှမ်းစာများဖြင့် ထုတ်ဝေသည့် စစ်ဆန့် ကျင်ရေး င်္မနနိသာ တပေ ဆိုသည့် စာအုပ် တွေ့ရှိမှုဖြင့် ထောင်ဒဏ် (၁၀)နှစ် ကျခံခဲ့ရဖူး သည့် သတင်းထောက်တစ်ဦးက ပြောပြသည်။
.
တည်ဆဲမတရားအသင်းဥပဒေတွင် သတင်းမီဒီယာများ၊ တပ်မတော်၊ နိုင်ငံခေါင်းဆောင် တစ်ဦးဦးကို ပြစ်မှုမှလွတ်ကင်းကြောင်း ပြဌာန်း ထားခြင်း မရှိသည့်အတွက် ယင်းဥပဒေပါ သတ် မှတ်ချက်များနှင့် ငြိစွန်းပါက မည်သူမျှပြစ်မှုမှ ကင်းလွတ်ခွင့် မရနိုင်ကြောင်း ထင်းရှားနေရာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်လုပ် ဆောင်ခဲ့ခြင်းသော်မှ စိတ်ရင်းစေတနာ မပါရှိဘဲ ပြစ်မှုနှင့် ငြိစွန်းနိုင်သလို ကြောက်၍ လုပ်ပေးရ ခြင်းကို ပြစ်မှု မမြောက်ကြောင်း ဥပဒေ၌ ပြ ဌာန်းထားချက် မရှိသဖြင့် မတရားအသင်း ဥပ ဒေကို ပြင်ဆင်ပြဌာန်းခြင်း မပြုသမျှ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်နေ စေမည် ဖြစ်သဖြင့် မတရားအသင်း ဥပဒေကို ပြင်ဆင်ရန် သို့မဟုတ် ဆိုင်းငံ့ရန် သို့မဟုတ် ဖျက်သိမ်းရန် မရှိမဖြစ် လိုအပ်နေပြီ ဖြစ်သည် ဟု ရှေ့နေ ဦးဌေးဦး (စိန့်ဂျွန်း)က ဆိုသည်။
.
(ပြည်ထောင်စုနှင့် ဦးထွန်းလှပါ-၂) ၇၈/ ၆၆ စီရင်ထုံးတွင် သောင်းကျန်းသူနှင့် ဆက်ဆံ ရာတွင် လိုလိုလားလား မဟုတ်ဘဲ ကြောက်၍ ဆက်ဆံရခြင်း ဖြစ်လျှင် မတရားအသင်း အက် ဥပဒေ ပုဒ်မ ၁၇(၁)အရ ပြစ်မှုမမြောက်ဟု ပါရှိ သလို (ဦးသိန်းမောင် ပါ-၁၂နှင့် ပြည်ထောင်စု) ၇၈/၁၁၆ စီရင်ထုံးတွင် အစိုးရ တပ်ဖွဲ့များနှင့် နီးကပ်လျက်ရှိပြီး လိုအပ်သည့် အကူအညီ တောင်းခံရယူနိုင်မည့် အခြေအနေတွင် သောင်း ကျန်းသူကို ကြောက်ရွံ့၍ အစည်းအဝေး တက် ရပါသည်ဟူသော အကြောင်းပြချက်မှာ ခိုင်လုံ သော အကြောင်းပြချက် မဖြစ်နိုင်ချေဟု ပါရှိ သည်ကို လေ့လာ မှတ်သားမိသည်။
.
ထို့ကြောင့် မတရားအသင်း ဥပဒေကို မပြင်ဆင်၊ မပယ်ဖျက်နိုင်သေးသ၍ ဥပဒေ ချိုး ဖောက်သည်ဟု မလွှဲမရှောင်သာ ထင်မြင်ယူဆ စွပ်စွဲခံရဖွယ် အခြေအနေမျိုးကို အလွယ်တကူ ဆိုက်ရောက်သွားနိုင်သဖြင့် နောက်ကျော မလုံသည့် လုပ်ငန်းကို လုပ်ကိုင်နေရသည့် ငြိမ်းချမ်းရေး ဆောင်ရွက်နေသူမျိုး၊ မျှခြေအရ နှစ်ဖက်အသံ သတင်းရယူနေရသည့် သတင်းသမားများအတွက် အန္တရာယ်ရှိနေသည်ကို တွေ့မြင်ရပေမည်။
.
၂၀၁၇ ခုနှစ်က မတရားအသင်း ဥပဒေအ ရ ဖမ်းဆီးတရားစွဲ ခံခဲ့ရပြီး ထောင်ချခံခဲ့ရသည့် DVB  သတင်းထောက် ဦးအေးနိုင်၊ ကိုပြည့် ဘုန်းအောင်၊ ဧရာဝတီ သတင်းထောက် ဦး သိန်းဇော် (ခ) လဝီဝမ်တို့အပါ အရပ်သား ၃ ဦး အမှု စသည်များမှာ ပြယုဂ်များပင်။
.
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်က နေ ပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “အခု ကိစ္စဟာ ဂျာနယ်လစ် ၃ ယောက်နဲ့ တပ်မတော် အပြန်အလှန် ဖြစ်နေတဲ့ ကိစ္စရယ်လို့ ဘောင် ကျဉ်းကျဉ်း ကွက်ကွက်လေး ကြည့်လို့မရပါဘူး။ အခု ကျင့်သုံးနေတဲ့ ဥပဒေတွေဟာ တရားဥပ ဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေနဲ့ ကိုက်ညီရဲ့လား၊ ဒီမိုကရေစီနဲ့ မညီညွတ်ဘူးဆို ရင် ဥပဒေ လမ်းကြောင်းအတိုင်း ပြင်ဆင်ရပါ လိမ့်မယ်။ ကျွန်မတို့ရဲ့ တရားရုံးတွေ ဂုဏ်သိက္ခာ ရှိရှိ ဖြစ်ဖို့တော့ ကျွန်မတို့ လုပ်ရလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
.
ဆောင်းပါးအစတွင် လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပြောသလိုပင် စစ်ကို လူတိုင်း တိုက်နိုင်သော်လည်း ငြိမ်းချမ်းရေးကို တော့ သတ္တိ အရှိဆုံး သူများကသာ ဆောင် ကျဉ်းပေးနိုင်မည်ဟု မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်နှင့် ပထမဆုံး တွေ့ဆုံမှု အောင် မြင်ပြီးနောက် ထိုစကားကို ပြောကြားခဲ့ခြင်းဖြစ် ပြီး အာဏာရှင် မြောက်ကိုရီးယားနိုင်ငံပင် ငြိမ်း ချမ်းရေးမှ တစ်ဆင့် တိုင်းပြည် တိုးတက်ရေးအ တွက် ခြေလှမ်းများလှမ်းနေပြီဖြစ်ရာ မြန်မာအ နေဖြင့်လည်း ဒီမိုကရေစီထောက်တိုင်များဖြစ်သည့် တရားမျှတမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ခွင့်တူညီမျှ ဖြစ်မှု၊ ၀ါဒဖြူစင်မှုများဖြင့် ဖက်ဒ ရယ် ဒီမိုကရေစီ ပန်းတိုင်ကို လှမ်းကိုင်နိုင်ကြ စေရန် လူတိုင်း အဖက်ဖက်က ကြိုးပမ်းကြစေ လိုပါသည်။
.
စစ်တို့၏ သဘောအရ မေတ္တာသုတ် ရွတ် ဆိုနေ၍ မရဘဲ ၀ါးရင်းတုတ်ဖြင့် နှက်ပါမှ ရ မည့်ကိစ္စမျိုးများတွင် စစ်ရေးအမြင်ဖြင့် ဖြေရှင်း ကြသည် ဆိုသော်လည်းပဲ စစ်ကို မုန်းလို့ပဲ တိုက်တိုက် ချစ်လို့ပဲ တိုက်တိုက် နှစ်ဘက်လူ သားများကျဆုံး ထိခိုက်ဒဏ်ရာ ရကြရသလို တိုင်းသူ ပြည်သားများမှာလည်း မြေစာပင်အ ဖြစ် သေကြေပျက်စီးကြရသည် ဖြစ်သဖြင့် တိုက် ကြရာတွင်လည်း အများပြည်သူများအား ရှောင် ရှားကာ တိုက်ကြပြီး ဆင်ခြင်တုံတရားများဖြင့် လည်းကောင်း၊ လောကပါလတရားများဖြင့် လည်းကောင်း လူ့လောက အကျိုးကိုဆောင် ကြပါစေကြောင်း တိုက်တွန်းလိုပါသည်။
.
မည်သို့ပင်ဖြစ်စေ ၁၇(၁)လို ပုဒ်မမျိုးလို လူ့အသိုင်းအဝန်းအတွက် ညီညွတ်မျှတမှု မရှိ ဟုဆိုနိုင်သည့် ဥပဒေများကို ပယ်ဖျက် ပြင်ဆင် ပြီး လက်ရှိနိုင်ငံ၏ လူ့အဖွဲ့အစည်းများနှင့် လိုက်လျောညီထွေ ဖြစ်မည့် ဥပဒေများကိုတည် ဆောက်ပေးခြင်းဖြင့် မြန်မာ့လူ့လောကကြီးထဲ က ဆူးကြားမှ ဗူးခါးများဘဝ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရပါစေကြောင်း။    
.

No comments:

Post a Comment