ေညာင္ေရႊတြင္ အမိႈက္ခြဲျခား ျပန္လည္အသံုးျပဳသည့္ အမိႈက္သိမ္းစနစ္ ေဆာင္ရြက္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, July 4, 2019

ေညာင္ေရႊတြင္ အမိႈက္ခြဲျခား ျပန္လည္အသံုးျပဳသည့္ အမိႈက္သိမ္းစနစ္ ေဆာင္ရြက္


မင္းေဇာ္မင္း 
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ အင္းေလးေဒသ ေညာင္ေရႊၿမိဳ႕နယ္တြင္ ေက်းလက္ေဈးမ်ား၌ ေဈးသန္႔ရွင္း ေရး စနစ္တက် ေဆာင္ရြက္ေနသ ကဲ့သို႔ ၿမိဳ႕ေပၚတြင္လည္း အမိႈက္ခြဲ ျခား၍ ျပန္လည္အသံုးခ်မႈ အမိႈက္ သိမ္းစနစ္ကို ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။
.
 .
“အမိႈက္သိမ္းကုမၸဏီနဲ႔ စာ ်ဳပ္ခ်ဳပ္ဖို႔ ညႇိႏိႈင္းေနဆဲပါ။ ခ်ဳပ္ျဖစ္ရင္ေတာ့ ႏွစ္ ၃၀ ျဖစ္ပါမယ္”ဟု ေညာင္ေရႊၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အင္ဂ်င္နီယာ AE ဦးေဇာ္မ်ိဳးဝင္းက ကေမၻာဇတိုင္းသို႕ ေျပာသည္။
.
လက္ရွိတြင္ ေညာင္ေရႊၿမိဳ႕ေပၚ၌ အမိႈက္သိမ္းဆည္းေရး ေဆာင္ရြက္ေနေသာ အင္းေလးႏွင္းဆီကုမၸဏီမွ အမိႈက္သိမ္း စမ္းသပ္ကာလ ၁ လ စမ္းသပ္ လုပ္ကိုင္ခဲ့ၿပီး လုပ္ငန္းစာ ခ်ဳပ္ခ်ဳပ္ဆိုႏိုင္ရန္ စာခ်ဳပ္ပါအခ်က္ အလက္မ်ား ညႇိႏိႈင္းေနဆဲျဖစ္ကာ မူအားျဖင့္ သေဘာတူညီခ်က္ရၿပီး ျဖစ္ေၾကာင္း ေညာင္ေရႊၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ ဦးစီးအရာရွိ ေဒၚတင္ေအးျမင့္ထံက သိရသည္။
.
အင္းေလးႏွင္းဆီကုမၸဏီ အေနျဖင့္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္း စမ္းသပ္လုပ္ေဆာင္ခဲ့ၿပီး ယခုတြင္ လုပ္ငန္းကာလ ၄ လတာ ကာလသို႕ေရာက္ရွိေနၿပီျဖစ္ကာ Sket အမိႈက္တင္ယာဥ္ ၆ စီး၊ ၃ ဘီးယာဥ္ ၃ စီး၊ ယာဥ္ေမာင္း ၆ ဦး၊ ယာဥ္ေနာက္လိုက္ ၂၄ ဦး၊ တာဝန္ ခံ ၂ ဦးတို႕ျဖင့္ လုပ္ငန္းလည္ပတ္ ေနေၾကာင္း သိရသည္။
.
ေညာင္ေရႊၿမိဳ႕တြင္ တစ္ရက္လွ်င္ အမိႈက္တန္ ၂၀ မွ ၃၀ အထိ ေန႔ စဥ္ထြက္ရွိေနၿပီး ပြင့္လင္းရာသီျဖစ္သည့္ ခရီးသြားကာလတြင္ အမိႈက္ ပိုမိုထြက္ရွိမည္ဟု ယူဆေၾကာင္းႏွင့္ လက္ရွိတြင္ ေညာင္ေရႊၿမိဳ႕ေပၚ ၈ ရပ္ကြက္ရွိ အိမ္ေျခ ၂၆၈၉ အိမ္ တြင္၊ တစ္ထပ္အိမ္ကို က်ပ္ ၁၀ဝ၀၊ ၂ ထပ္ကို က်ပ္ ၂၀ဝ၀ ႏွင့္ ၃ ထပ္ ကိုက်ပ္ ၃၀ဝ၀ အျဖစ္ သတ္မွတ္ ေကာက္ခံလ်က္ရွိၿပီး လံုးဝမတတ္ ႏိုင္သူမ်ားႏွင့္ လူမေနအိမ္မ်ားမွ အပ အိမ္ေျခ ၂၆၅၀ ခန္႔ ေငြေကာက္ ခံရရွိေနေၾကာင္း၊ အိမ္ႀကီးၿပီး လူ ေနနည္းပါကလည္း ညႇိႏိႈင္းမႈ  စံမ်ား ျဖင့္ ေလွ်ာ့ေပါ့ေပးလ်က္ရွိကာ အိမ္မ်ားမွလည္း ပူးေပါင္းလုပ္ ေဆာင္လာလ်က္ရွိေၾကာင္း အင္းေလးႏွင္းဆီကုမၸဏီမွ CEO ဦး ဖုန္းျမင့္ဝင္းက ေျပာသည္။
.
အင္ေလးႏွင္းဆီ အမိႈက္သိမ္း ကုမၸဏီအေနျဖင့္ စကၠဴ၊သံ/သတၴဳ မ်ား၊ သဘာဝေျမဩဇာ၊ ခရမ္းခ်ဥ္ သီးမွအစ စားၾကြင္းစားက်န္မ်ား အား ေမြးျမဴေရး အစားအစာအျဖစ္ အသံုးျပဳႏိုင္ေရးႏွင့္ ပလတ္စတစ္၊ ေကာ္မ်ားအား ျပန္လည္၍ အသံုး ျပဳႏိုင္ရန္အတြက္ ဗီယက္နမ္ ကုမၸဏီတစ္ခုႏွင့္ ခ်ိတ္ဆက္ကာ ေကာ္ျပားမ်ား ျပဳလုပ္ႏိုင္ေရး အတြက္ ေဆာင္ရြက္လ်က္ရွိၿပီး ေဖာ့၊ ဘူး စသည္မ်ားကိုသာ မီး႐ိႈ႕ႏိုင္သည့္အဆင့္သို႔ေရာက္ရွိေစရန္ႀကိဳးစား ေနေၾကာင္း ၄င္းကေျပာသည္။
.
“လုပ္ငန္းကေတာ့ အမိႈက္သိမ္း တာ တစ္ခုတည္းနဲ႔ ကာမိမွာ မဟုတ္ပါဘူး၊ အမိႈက္ထြက္ ပစၥည္းေတြ ျပန္လည္ စီမံထုတ္လုပ္ႏိုင္ရင္ေတာ့ လုပ္ငန္းေအာင္ျမင္မွာျဖစ္ပါတယ္။ အဓိကေတာ့ ေငြလိုအပ္ခ်က္ပါပဲ”ဟု ဦးဖုန္းျမင့္ဝင္းက ဆိုသည္။
.
လက္ရွိတြင္ စည္ပင္သာယာေရး ဌာနမွ ၿမိဳ႕မေဈးကို တာဝန္ယူသန္႕ ရွင္းေနၿပီး အျခားေက်းလက္ေဈး ၁၀ ေဈးျဖစ္သည့္ နန္းပန္၊ စံကား၊ မိုင္းေသာက္၊ ေတာင္တို၊ သန္း ေတာင္၊ ေခါင္တိုင္၊ အင္းတိန္၊ ေမွာ္ ဘီ၊ လံုကန္တို႕တြင္ ဖြဲ႕စည္းထား သည့္ ေဈးေကာ္မတီမ်ားမွ ေဈး လိုင္စင္စီ သန္႔ရွင္းေရးစနစ္ျဖင့္ ျပဳ လုပ္ေနသလို ရြာမ (ေရေပၚေဈး)ႏွင့္ သာေလး(ေဖာင္ေတာ္ဦး ေဂါပက) တို႕မွ သီးျခားဦးစီး လုပ္ေဆာင္လ်က္ ရွိေၾကာင္း သိရွိရသည္။
.
ၿပီးခဲ့သည့္ လပိုင္းအတြင္းက နန္းပန္ေဈးရွိ တရားမဝင္ဆိုင္ တိုး ခ်ဲ႕ၿပီး လူေနထိုင္မႈမ်ားကို ရွင္း လင္းခဲ့ၿပီးေနာက္ စံကားေဈးတြင္ ေလွဆိပ္ဆင္းရာလမ္းတြင္ ယာယီ ေဈးသည္မ်ားေၾကာင့္ လမ္းပိတ္ဆို႔ မႈမ်ားကို ရွင္းလင္း ေဆာင္ရြက္ လ်က္ရွိေၾကာင္းႏွင့္ ေခါင္တိုင္ရြာ ေဈးမ်ားကို ေညာင္ေရႊၿမိဳ႕နယ္စည္ ပင္သာယာေရးဌာနမွ ႀကီးၾကပ္လ်က္ရွိရာ အျခားရြာေဈးေကာ္မတီမ်ား မွ ယင္းရြာမ်ားကဲ့သို႕ ေဈးမ်ားအဆင့္မီ လုပ္ေဆာင္ႏိုင္ေရး ညႇိႏိႈင္းမႈ မ်ား ေဆာင္ရြက္ေနေၾကာင္း သိရွိရသည္။
.
ေညာင္ေရႊၿမိဳ႕နယ္သည္ အင္းေလးကန္၏ အဓိကၿမိဳ႕ျဖစ္ကာ ၿမိဳ႕ နယ္တြင္ပါဝင္သည့္ နန္းပန္ရြာကို ၿမိဳ႕ အဆင့္သို႕ တိုးျမႇင့္ႏိုင္ေရး ေဆာင္ရြက္ေနၿပီး ၂၀၁၄ ခုႏွစ္၊ လူဦးေရ ႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္ စာရင္းအရ ေညာင္ေရႊၿမိဳ႕နယ္တြင္ လူဦးေရ ၃၈၁၆၃၉ ဦးေနထိုင္ေၾကာင္း သိရွိရသည္။
.
ညောင်ရွှေတွင် အမှိုက်ခွဲခြား ပြန်လည်အသုံးပြုသည့် အမှိုက်သိမ်းစနစ် ဆောင်ရွက်
.
မင်းဇော်မင်း 
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ ညောင်ရွှေမြို့နယ်တွင် ကျေးလက်ဈေးများ၌ ဈေးသန့်ရှင်း ရေး စနစ်တကျ ဆောင်ရွက်နေသ ကဲ့သို့ မြို့ပေါ်တွင်လည်း အမှိုက်ခွဲ ခြား၍ ပြန်လည်အသုံးချမှု အမှိုက် သိမ်းစနစ်ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
“အမှိုက်သိမ်းကုမ္ပဏီနဲ့ စာ ျုပ်ချုပ်ဖို့ ညှိနှိုင်းနေဆဲပါ။ ချုပ်ဖြစ်ရင်တော့ နှစ် ၃၀ ဖြစ်ပါမယ်”ဟု ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာ AE ဦးဇော်မျိုးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိတွင် ညောင်ရွှေမြို့ပေါ်၌ အမှိုက်သိမ်းဆည်းရေး ဆောင်ရွက်နေသော အင်းလေးနှင်းဆီကုမ္ပဏီမှ အမှိုက်သိမ်း စမ်းသပ်ကာလ ၁ လ စမ်းသပ် လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းစာ ချုပ်ချုပ်ဆိုနိုင်ရန် စာချုပ်ပါအချက် အလက်များ ညှိနှိုင်းနေဆဲဖြစ်ကာ မူအားဖြင့် သဘောတူညီချက်ရပြီး ဖြစ်ကြောင်း ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်အေးမြင့်ထံက သိရသည်။
.
အင်းလေးနှင်းဆီကုမ္ပဏီ အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စမ်းသပ်လုပ်ဆောင်ခဲ့ပြီး ယခုတွင် လုပ်ငန်းကာလ ၄ လတာ ကာလသို့ရောက်ရှိနေပြီဖြစ်ကာ Sket အမှိုက်တင်ယာဉ် ၆ စီး၊ ၃ ဘီးယာဉ် ၃ စီး၊ ယာဉ်မောင်း ၆ ဦး၊ ယာဉ်နောက်လိုက် ၂၄ ဦး၊ တာဝန် ခံ ၂ ဦးတို့ဖြင့် လုပ်ငန်းလည်ပတ် နေကြောင်း သိရသည်။
.
ညောင်ရွှေမြို့တွင် တစ်ရက်လျှင် အမှိုက်တန် ၂၀ မှ ၃၀ အထိ နေ့ စဉ်ထွက်ရှိနေပြီး ပွင့်လင်းရာသီဖြစ်သည့် ခရီးသွားကာလတွင် အမှိုက် ပိုမိုထွက်ရှိမည်ဟု ယူဆကြောင်းနှင့် လက်ရှိတွင် ညောင်ရွှေမြို့ပေါ် ၈ ရပ်ကွက်ရှိ အိမ်ခြေ ၂၆၈၉ အိမ် တွင်၊ တစ်ထပ်အိမ်ကို ကျပ် ၁ဝဝဝ၊ ၂ ထပ်ကို ကျပ် ၂ဝဝဝ နှင့် ၃ ထပ် ကိုကျပ် ၃ဝဝဝ အဖြစ် သတ်မှတ် ကောက်ခံလျက်ရှိပြီး လုံးဝမတတ် နိုင်သူများနှင့် လူမနေအိမ်များမှ အပ အိမ်ခြေ ၂၆၅၀ ခန့် ငွေကောက် ခံရရှိနေကြောင်း၊ အိမ်ကြီးပြီး လူ နေနည်းပါကလည်း ညှိနှိုင်းမှု  စံများ ဖြင့် လျှော့ပေါ့ပေးလျက်ရှိကာ အိမ်များမှလည်း ပူးပေါင်းလုပ် ဆောင်လာလျက်ရှိကြောင်း အင်းလေးနှင်းဆီကုမ္ပဏီမှ CEO ဦး ဖုန်းမြင့်ဝင်းက ပြောသည်။
.
အင်လေးနှင်းဆီ အမှိုက်သိမ်း ကုမ္ပဏီအနေဖြင့် စက္ကူ၊သံ/သတ္ထု များ၊ သဘာဝမြေဩဇာ၊ ခရမ်းချဉ် သီးမှအစ စားကြွင်းစားကျန်များ အား မွေးမြူရေး အစားအစာအဖြစ် အသုံးပြုနိုင်ရေးနှင့် ပလတ်စတစ်၊ ကော်များအား ပြန်လည်၍ အသုံး ပြုနိုင်ရန်အတွက် ဗီယက်နမ် ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ကာ ကော်ပြားများ ပြုလုပ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပြီး ဖော့၊ ဘူး စသည်များကိုသာ မီးရှို့နိုင်သည့်အဆင့်သို့ရောက်ရှိစေရန်ကြိုးစား နေကြောင်း ၄င်းကပြောသည်။
.
“လုပ်ငန်းကတော့ အမှိုက်သိမ်း တာ တစ်ခုတည်းနဲ့ ကာမိမှာ မဟုတ်ပါဘူး၊ အမှိုက်ထွက် ပစ္စည်းတွေ ပြန်လည် စီမံထုတ်လုပ်နိုင်ရင်တော့ လုပ်ငန်းအောင်မြင်မှာဖြစ်ပါတယ်။ အဓိကတော့ ငွေလိုအပ်ချက်ပါပဲ”ဟု ဦးဖုန်းမြင့်ဝင်းက ဆိုသည်။
.
လက်ရှိတွင် စည်ပင်သာယာရေး ဌာနမှ မြို့မဈေးကို တာဝန်ယူသန့် ရှင်းနေပြီး အခြားကျေးလက်ဈေး ၁၀ ဈေးဖြစ်သည့် နန်းပန်၊ စံကား၊ မိုင်းသောက်၊ တောင်တို၊ သန်း တောင်၊ ခေါင်တိုင်၊ အင်းတိန်၊ မှော် ဘီ၊ လုံကန်တို့တွင် ဖွဲ့စည်းထား သည့် ဈေးကော်မတီများမှ ဈေး လိုင်စင်စီ သန့်ရှင်းရေးစနစ်ဖြင့် ပြု လုပ်နေသလို ရွာမ (ရေပေါ်ဈေး)နှင့် သာလေး(ဖောင်တော်ဦး ဂေါပက) တို့မှ သီးခြားဦးစီး လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။
.
ပြီးခဲ့သည့် လပိုင်းအတွင်းက နန်းပန်ဈေးရှိ တရားမဝင်ဆိုင် တိုး ချဲ့ပြီး လူနေထိုင်မှုများကို ရှင်း လင်းခဲ့ပြီးနောက် စံကားဈေးတွင် လှေဆိပ်ဆင်းရာလမ်းတွင် ယာယီ ဈေးသည်များကြောင့် လမ်းပိတ်ဆို့ မှုများကို ရှင်းလင်း ဆောင်ရွက် လျက်ရှိကြောင်းနှင့် ခေါင်တိုင်ရွာ ဈေးများကို ညောင်ရွှေမြို့နယ်စည် ပင်သာယာရေးဌာနမှ ကြီးကြပ်လျက်ရှိရာ အခြားရွာဈေးကော်မတီများ မှ ယင်းရွာများကဲ့သို့ ဈေးများအဆင့်မီ လုပ်ဆောင်နိုင်ရေး ညှိနှိုင်းမှု များ ဆောင်ရွက်နေကြောင်း သိရှိရသည်။
.
ညောင်ရွှေမြို့နယ်သည် အင်းလေးကန်၏ အဓိကမြို့ဖြစ်ကာ မြို့ နယ်တွင်ပါဝင်သည့် နန်းပန်ရွာကို မြို့ အဆင့်သို့ တိုးမြှင့်နိုင်ရေး ဆောင်ရွက်နေပြီး ၂၀၁၄ ခုနှစ်၊ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ ညောင်ရွှေမြို့နယ်တွင် လူဦးရေ ၃၈၁၆၃၉ ဦးနေထိုင်ကြောင်း သိရှိရသည်။
.

No comments:

Post a Comment