မသံုးလည္းခက္ သံုးလည္းခက္တဲ့ ဆက္သြယ္ေရးကြန္ရက္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 20, 2019

မသံုးလည္းခက္ သံုးလည္းခက္တဲ့ ဆက္သြယ္ေရးကြန္ရက္


ေအာင္ဆန္း၀င္း
.
နည္းပညာဖြံ႕ၿဖိဳးတိုးတက္ လာတာနဲ႔အမွ် ကမၻာႀကီးက ရြာႀကီးတစ္ရြာ ျဖစ္လာတယ္လို႔ ဆိုၾကတယ္။ ကမၻာ ၂ ျခမ္းကို ရြာႀကီးတစ္ရြာ ျဖစ္ေစတဲ့နည္းပညာတိုးတက္မႈ အသီးအပြင့္စား သံုးခြင့္ရတဲ့ရြာေတြမွာ ေရႊျပည္ျမန္မာဆိုတဲ့ ဇန ပုဒ္လည္း အပါအဝင္ျဖစ္တယ္။ ႏိုင္ငံတကာရြာ သိမ္ရြာမႊားေတြက နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈ ဆိုတဲ့ စကားရပ္ကို နယ္ပယ္စံုအတြက္ အသံုး ျပဳၾကတယ္။ လူလိုက္ပါျခင္းမရွိတဲ့ ဒံုးပ်ံႀကီးေတြ တီထြင္တဲ့ နည္းပညာ၊ သူ႕ထက္ငါ အၿပိဳင္အ ဆိုင္ ေဆာ္မယ့္လူသတ္လက္နက္ေတြ၊ တီထြင္ တဲ့နည္းပညာ၊ လူသားေတြအတြက္ အက်ိဳးျပဳ ႏိုင္မယ္ ထင္ရတဲ့ စိတ္ကူးယဥ္ နည္းမ်ိဳးစံု၊ ေယာက်ၤားကို မိန္းမျဖစ္ေအာင္၊ အမ်ိဳးသမီးကို အမ်ိဳးသားျဖစ္ေအာင္ လုပ္တဲ့ေပါက္ကရနည္းပ ညာ၊ ထင္ရာျမင္ရာလုပ္ခ်င္တာ ေလွ်ာက္လုပ္တဲ့ အရာ မွန္သမွ် နည္းပညာဖြံ႕ၿဖိဳးတိုးတက္ျခင္း ေခါင္းစဥ္ေအာက္ ဆြဲသြင္းထားၾကတယ္။
.
ေရႊျမန္မာျပည္ ရြာသားေတြအတြက္ကေတာ့ နည္းပညာတိုးတက္မႈဆိုတဲ့အရာက တစ္ျခားရြာ သိမ္ရြာမႊားေတြနဲ႔ ကြဲလြဲသလိုျဖစ္ေနတယ္။ ဒံုးပ်ံ တီထြင္တဲ့ နည္းပညာေရႊျပည္သားေတြ စိတ္မ ဝင္စားဘူး။ (တစ္ႏိုင္ငံလံုး မြဲျပာက်ေနလို႔)။ မာ လကီးယားျဖစ္မယ့္ ႏ်ဴကလီးယားနည္းပညာ ဘယ္ဆီဘယ္ဝယ္ ေမွ်ာ္ရမွန္းမသိ။ စိတ္ကူးယဥ္ လူသားအက်ိဳးျပဳ အလုပ္ေတြလုပ္ရေကာင္းမွန္း လည္းသိပံုမေပၚ။ အထီးက အမျဖစ္၊ အမက အထီးျဖစ္ေစတဲ့ ျဖတ္ေဖာက္ခ်ဳပ္နည္းပညာ ေရႊ ျပည္မွာမရွိ။ (ကိုယ့္မူလဘူတ ေအာ္ရယ္ဂ်င္နယ္ လိင္အေျပာင္းအလဲလုပ္ခ်င္ရင္ေတာ့ ရြာနီးစပ္ ခ်ဳပ္က လက္ရာေကာင္းတဲ့ ဟိုဘက္ရြာကို သြားၾကတယ္ဆိုလား)။ ဟိုနည္းပညာ ဒီနည္းပ ညာေပါက္ကရလုပ္တဲ့ နည္းပညာေတြသာမရွိ တယ္။ ထင္ရာျမင္ရာေလွ်ာက္လုပ္ေနတဲ့ ဆက္ သြယ္ေရး နည္းပညာႀကီးကတာ့ ေရႊျပည္မွာအခန္႔သား ေနရာယူလို႔။
.
ကိုယ့္ေျမ ကိုယ့္ေရက လူတကာ ဝက္ဝက္ ကြဲ ေသာက္ေသာက္လဲ အသံုးျပဳေနတဲ့ ဆက္သြယ္ေရး နည္းပညာႀကီးကို ထင္ရာျမင္ရာ ေလွ်ာက္လုပ္တဲ့ နည္းပညာႀကီးလို႔ ကင္ပြန္းတပ္ လိုက္ေတာ့ ေမာင္ဗ်တၲကို အဆိုးျမင္ဝါဒီသမား လို႔ ထင္ခ်င္ထင္ၾကမွာေပါ့။ အရာရာတိုင္း အေကာင္းရွိသလို၊ အဆိုးေတြရွိတတ္တယ္။ အ လင္းရွိသလို၊ အေမွာင္တိုက္တာေတြရွိတယ္။ ေနရာတိုင္းဒြန္တြဲေနတတ္တာ ေလာကနိယာမ ႀကီးမွန္း ေမာင္ဗ်တၲလက္ခံပါတယ္။ မ်က္လံုးထဲ ျမင္သမွ် ဝါးလံုးရွည္နဲ႔ သိမ္းႀကံဳးရမ္းလို႔မွမရတာ။ ခက္တာက ဒီဆက္သြယ္ေရး ကြန္ရက္ဆိုတဲ့ ေတာင္းႀကီးထဲမွာ ပဲေကာင္းကရွားၿပီး စုန္းျပဴး ေတြမ်ားတာပါ။ ငါပိုင္တဲ့ ဖုန္းတစ္လိုင္း ငါဝယ္ ထားတဲ့ ဖုန္းတစ္ျပား ငါလုပ္ခ်င္တာလုပ္မယ္ ဆိုတဲ့စိတ္နဲ႔ ထင္ရာျမင္ရာေလွ်ာက္လုပ္ၾကေတာ့ ထစ္ကနဲ႔ ဆိုတာနဲ႔ ပြက္ေလာ႐ိုက္သံေတြ ေန႔ စဥ္ၾကားရပါေလေရာ။
.


.
ဖုန္းတစ္ျပားနဲ႔ ဆူညံပြက္ေလာ႐ိုက္တဲ့ အ ေၾကာင္းဆိုတာနဲ႔ လူမႈကြန္ရက္စာမ်က္ႏွာႀကီးကို ေျပးျမင္မိၾကလိမ့္မယ္ထင္ပါတယ္။ ေရႊျပည္ျမန္ မာသား တယ္လီဖုန္းပိုင္ရွင္တိုင္း အသံုးျပဳတဲ့ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာပါ။ (စာမ်က္ႏွာလား၊ စာ အုပ္မ်က္ႏွာလား ကြဲကြဲျပားျပားေတာ့ မေျပာ တတ္ပါဘူး)။ ရွာတတ္ရင္အေကာင္း အဆိုးအ ေၾကာင္းအက်ိဳး အမွားအမွန္ဆိုတဲ့ တရား ကိုေတာင္ ေတြ႕ႏိုင္တယ္ ေျပာရမလားပါဘဲ။ အေကာင္းေတြရွိသလို အဆိုးေတြ ဗုန္းေပါလ ေအာ ထေနတာ ဒီစာအုပ္မ်က္ႏွာ။ အမွန္ေတြ ပါသလို အမွားေတြပြစာထိုးေနတာ ဒီစာအုပ္ မ်က္ႏွာပါ။ ဟုတ္တာ မဟုတ္တာ၊ မွန္တာ မ မွန္တာ အသာထား။ တစ္ခုခုပြဲဆူေစခ်င္လို႔ က ေတာ့ ဒီစာအုပ္မ်က္ႏွာႀကီးေပၚ မ်က္လံုးစံုမွိတ္ သာ တင္လိုက္။ ဆဲလိုက္ၾကမယ့္အမ်ိဳး။ ေသ ခ်င္းဆိုးနဲ႔ေသမယ့္ အေရးေတာင္ ေသာင္း ေသာင္းဖ်ဖ်အားေပးမယ့္ ပရိသတ္ကအျပည့္။
.
လက္ရွိေရႊျပည္တစ္ခြင္ ၿပဲၿပဲစင္ေအာင္ ျဖစ္သြားတဲ့ ျပႆနာေပါင္းစံု ဇစ္ျမစ္ကိုၾကည့္ရင္ လူမႈကြန္ရက္ဆိုတဲ့ စာအုပ္မ်က္ႀကီးေပၚက စ တင္အေျချပဳတာမ်ားပါတယ္။ အမွန္တကယ္ျဖစ္ တဲ့ တခ်ိဳ႕ေသာ ကိစၥရပ္ေတြက အပ္နဲ႔ထြင္းရ႐ံု ေလာက္ပါ။ အရပ္လူႀကီးနဲ႔ရွင္းလိုက္ရင္ ကိစၥ ျပတ္သြားႏိုင္တဲ့ျပႆနာ။ ကိုလွေရႊတို႔ကိုေက်ာ္ ၿပီး လူမူကြန္ရက္ စာအုပ္မ်က္ႏွာေပၚ တိုင္ခ်က္ တက္ဖြင့္ၾကတယ္။ (ေတာ္ေတာ္အားကိုးတယ္ ေျပာရမွာေပါ့ေလ)။ အေျခအျမစ္ မရွိ၊ အတုအ ေယာင္မွန္း မသိတဲ့ စာမ်က္ႏွာေတြ၊ အုပ္စုဖြဲ႕ ထားတဲ့ စာမ်က္ႏွာေတြေပၚ သူ႕ထက္ငါ အလုအ  ယက္ တက္ဖြၾက။ ဘာပဲျဖစ္ျဖစ္ လမ္းႀကံဳတုန္း၊ အလကားရတုန္း မဆီမဆိုင္ ၂ ဘက္လံုးကို ဝိုင္း ဆဲၾကတာလည္း နတ္ျပည္ ၆ ထပ္ကိုေက်ာ္လို႔။ နတ္ျပည္ရဲ႕ ဘံုဗိမာန္တစ္ခုမွာရွိေနတဲ့ ဘုရား ေလာင္းနတ္သားကိုေတာင္ အားနာဖို႔ေကာင္းလွ ပါတယ္။
.
ဒါေတာင္ ေမာင္ဗ်တၲတို႔ရြာက ဒီဆက္သြယ္ ေရးနည္းပညာႀကီးကို ရြာနီးစပ္ခ်ဳပ္ရြာေတြထက္ ေတာ္ေတာ္ႀကီးေနာက္က်မွ အသံုးျပဳခြင့္ရခဲ့တာ ပါ။ ဘိုးေဘးတို႔ လက္ေအာက္ခံ ဘဝေရာက္ခဲ့ ဖူးတဲ့ရြာမွာ ဆက္သြယ္ေရး နည္းပညာႀကီး ေထာင္းလေမာင္းထတဲ့အခ်ိန္၊ Enter တစ္ခ်က္ ေခါက္တာနဲ႔ အင္တာနက္လိုင္း အလင္းရဲ႕ အျမန္ႏႈန္းလိုတက္တဲ့အခ်ိန္ ေမာင္ဗ်တၲတို႔ရြာက သူၾကြယ္ေတြအိမ္ကဖုန္းနဲ႔ လမ္းေဘးပီစီအိုဖုန္း ကို မ်က္ရည္ခံထိုးေနရတဲ့ဘဝ။ တစ္ခါတစ္ခါ ႀကံဳရတတ္ေသးတယ္။ ကိုယ္ကတမလြန္ျမန္း ေတာ့မယ့္ ႀကီးေတာ္အေၾကာင္း ရြာေတာင္ဖ်ား  ကို ပီစီအိုအားကိုးနဲ႔ အေၾကာင္းၾကားဖို႔သြားတာ သာဂိက ဂြက္ေထာ္ကို အမ်ားသံုးဖုန္းနဲ႔ ၾကဴတာ ေတာ္ေတာ္နဲ႔ မၿပီးႏိုင္ဘူး။ သူတို႔ ၂ ေယာက္ ၾကဴလို႔လည္းအၿပီး သတင္းေပးဖုန္းဆက္မယ္ လုပ္ေတာ့ ႀကီးေတာ္အေလာင္းကေျမက်လို႔ သ ပိတ္ေတာင္သြတ္ၿပီးသြားၿပီ။
.

အခုေတာ့ ေမာင္ဗ်တၲတို႔ ရြာမွာလည္း သု ဘရာဇာကေန ရြာသူႀကီးအထိ ဆက္သြယ္ေရး နည္းပညာႀကီး ေသာက္ေသာက္လဲအသံုးျပဳခြင့္ ရလာပါတယ္။ မွတ္မွတ္ရရဆို သူႀကီးဘေျပာင္ လက္ထက္တုန္းက ရြာသူရြာသားေတြလက္ထဲ တစ္ရစ္ၿပီး တစ္ရစ္အရက်စ္ၿပီး အရစ္က်ခ်သြား ေပးတယ္ေျပာရမွာေပါ့။ (ႀကံဖန္ၿပီး နာမည္ ေကာင္း ယူစရာလည္း ဒီတစ္ကြက္ပဲ ရွိတာေလ)။ ဒါေတာင္ သူႀကီးဘေျပာင္ တယ္လီဖုန္းကတ္ ျပားေတြ စေရာင္းေပးတုန္းက အင္တာနက္ ဆို တဲ့ ျပႆနာေကာင္ႀကီး တစ္ခါတည္း ပါလာတာ မဟုတ္ဘူး။ မွန္ျပားေပၚလည္ေနတဲ့ အဝုိုင္းေလး ၾကည့္ၿပီး သူ႔အလိုလို ၄ ပက္စာေလာက္ မူးေန တဲ့ အင္တာနက္လိုင္းေလးတစ္ခုဖြင့္ဖို႔ ေရႊျပည္ သံုးဖြတ္ကလိဒဂၤါး (ဆရာႀကီး အီၾကာေကြး စ ကားလံုးျဖစ္သည္) ၁ဝဝဝဝ တိတိ သက္ဆိုင္ရာ ဌာနကို အားႀကိဳးမာန္တက္ သြားသြင္းမွ အဝိုင္း လည္တာေလး ၾကည့္ခြင့္ရၾကတာပါ။
.
ေနာက္ပို္င္း မ်က္ႏွာျဖဴေတြရြာက ဆက္ သြယ္ေရးၿပိဳင္ဘက္ေတြ ေရာက္လာတယ္။ အာ  ရပ္ကမၻာက လိုင္းတစ္လိုင္းေပါက္ခ်လာတယ္။ ရြာနီးစပ္ခ်ဳပ္က စစ္သူႀကီးေတြပိုင္တဲ့ လိုင္းဆို လား တစ္ခုေရာက္လာျပန္ပါတယ္။ ေမာင္ဗ်တၲ တို႔ရြာ ဆက္သြယ္ေရးလိုင္းေပါင္းစံုနဲ႔ ၿမိဳင္ၿမိဳင္ ဆိုင္ဆိုင္ႀကီး ျဖစ္သြားသလို ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ကလည္း ေန႔စဥ္မၾကား ခ်င္အဆံုးေပါ့။ မနက္မိုးလင္းတာနဲ႔ အနေႏၲာအ နႏၲ ၅ ပါး ေမ့ခ်င္ေမ့ေနၾကမယ္။ ျပႆနာမွွန္ျပား ေကာက္ကိုင္ဖို႔ေတာ့ မေမ့ၾကဘူး။ ဒီၾကားထဲ ကိုယ့္အျပားနဲ႔ကိုယ္ (ဖုန္းအျပားေျပာပါတယ္) စိတ္ဆင္းရဲရတာလည္းရွိေသး။ ဒီရက္ပိုင္းေမာင္ ဗ်တၲ ကိုယ့္မွန္ျပားနဲ႔ကိုယ္ ေစာက္သည္းေပါက္ တာေလး ရြာကအမ်ိိဳးေတြကို ေဖာက္သည္ခ်ျပပါ ဦးမယ္။ အမ်ိဳးေတြလည္း ႀကံဳခ်င္ႀကံဳဖူးၾကမွာပါ။ ၂ ထပ္ကြမ္းသိေတာ့ ၂ ခါမွတ္မိသြားတာေပါ့။
.
တစ္ေန႔က ေမာင္ဗ်တၲစာတိုေပါက္စေလး ေရးတုန္း တယ္လီဖုန္းသံေခ်ာင္းေခါက္သံ ျမည္ လာတယ္။ ေကာက္ကိုင္ၾကည့္လိုက္ေတာ့ နံ ပါတ္ကအစိမ္း။ (အစိမ္းေသမဟုတ္ပါ) ဖုန္းမႈ ဝတၲရားအတိုင္း အျပားေလးေကာက္ပြတ္ၿပီး ဟယ္လို အမိန္႔ရွိပါ ေျပာရေတာ့တာေပါ့။ ဟယ္ လိုအသံလည္းဆံုးေရာ စိန္စိန္ရွိလားတဲ့။ ေမာင္ ဗ်တၲမိသားစုဝင္ေတြ။ မိတ္ေဆြသူငယ္ခ်င္းေတြ ထဲမွာ စိန္စိန္ေကာ၊ စိန္တစ္လံုးပါမရွိတာနဲ႔ ဖုန္း မွားေနတယ္ေျပာၿပီး ဖုန္းခ်လိုက္တယ္။ သိပ္မ ၾကာဘူး အဲ့ဒီဖုန္း ျပန္ေခၚလာတယ္။ စိန္စိန္ ဘယ္ သြားလဲ။ အခုခ်က္ခ်င္း စိန္စိန္႔ကို ဖုန္းေပးလိုက္ တဲ့။ ဘယ္ကို ဆက္တာလဲ ဖုန္း မွားေနတယ္ ေျပာလည္းမရဘူး။ ေစာက္ပိုေတြလာေျပာမေနနဲ႔ စိန္စိန္ ဘယ္သြားလဲ။ အခုဖုန္းကိုင္ေနတာ ဘယ္သူလည္း လုပ္ျပန္ေရာ။ မႏၲေလးက စိန္ စိန္႔ ဆီဆက္တာ ေတာင္ႀကီးက ေမာင္ဗ်တၲခမ်ာ ကိုယ့္ပစၥည္းနဲ႔ကိုယ္ ေသာက္က်ိဳးေတြကို နည္း လို႔။
.
ေနာက္တစ္ေယာက္က ကားလက္မွတ္ျဖတ္ တဲ့ကိစၥ။ (ေမာင္ဗ်တၲက ကားလက္မွတ္လည္း ေရာင္းေတာ့ လမ္းႀကံဳရင္အားေပၾကေပါ့ဗ်ာ)။ ရန္ကုန္ကားလက္မွတ္ ျဖတ္လို႔ရလားဆိုၿပီး အ   မ်ိဳးသမီးတစ္ေယာက္ ဖုန္းဆက္လာတယ္။ ဟုတ္ကဲ့ ရပါတယ္ဗ်ာဆိုေတာ့ အဝတ္ေလွ်ာ္ၿပီး လာခဲ့မယ္ေနာ္ေျပာၿပီး ဖုန္းခ်သြားတယ္။ နာရီ ဝက္ေလာက္ေနေတာ့ ကားလက္မွတ္လာျဖတ္ လို႔ရလားဆိုၿပီး ဖုန္းဆက္လာျပန္ေရာ။ ဟုတ္ကဲ့ ရပါတယ္ဗ်ာေပါ့။ ခဏေလးေနာ္ ေရခ်ိဳးၿပီးရင္ လာ ခဲ့မယ္တဲ့။ ၃ ႀကိမ္ေျမာက္ဖုန္းဆက္လာတယ္။ ေမာင္ေလးေရ အစ္မကားလက္မွတ္ျဖတ္ဖို႔ ၿမိဳ႕ မရပ္ကြက္ကေန ဝါးျပားလမ္းဆံုကိုလာတာ ၿမိဳ႕ မေစ်းေရာက္သြားလို႔ ဘယ္လိုလုပ္ရမလဲတဲ့။ ေတာင္ႀကီးေတာင္ေပၚက အမ်ိဳးေတြစဥ္းစား ၾကည့္ၾကပါ။ ေမာင္ဗ်တၲတို႔ရြာနဲ႔ ဆက္သြယ္ေရး ကြန္ရက္ႀကီးက မသံုးလည္းခက္ သံုးလည္းခက္ ျဖစ္မေနေပဘူးလားဆိုတာေပါ့။
===============================

မသုံးလည်းခက် သုံးလည်းခက်တဲ့ ဆက်သွယ်ရေးကွန်ရက်
အောင်ဆန်းဝင်း
.
နည်းပညာဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ ကမ္ဘာကြီးက ရွာကြီးတစ်ရွာ ဖြစ်လာတယ်လို့ ဆိုကြတယ်။ ကမ္ဘာ ၂ ခြမ်းကို ရွာကြီးတစ်ရွာ ဖြစ်စေတဲ့နည်းပညာတိုးတက်မှု အသီးအပွင့်စား သုံးခွင့်ရတဲ့ရွာတွေမှာ ရွှေပြည်မြန်မာဆိုတဲ့ ဇန ပုဒ်လည်း အပါအဝင်ဖြစ်တယ်။ နိုင်ငံတကာရွာ သိမ်ရွာမွှားတွေက နည်းပညာဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ စကားရပ်ကို နယ်ပယ်စုံအတွက် အသုံး ပြုကြတယ်။ လူလိုက်ပါခြင်းမရှိတဲ့ ဒုံးပျံကြီးတွေ တီထွင်တဲ့ နည်းပညာ၊ သူ့ထက်ငါ အပြိုင်အ ဆိုင် ဆော်မယ့်လူသတ်လက်နက်တွေ၊ တီထွင် တဲ့နည်းပညာ၊ လူသားတွေအတွက် အကျိုးပြု နိုင်မယ် ထင်ရတဲ့ စိတ်ကူးယဉ် နည်းမျိုးစုံ၊ ယောကျင်္ားကို မိန်းမဖြစ်အောင်၊ အမျိုးသမီးကို အမျိုးသားဖြစ်အောင် လုပ်တဲ့ပေါက်ကရနည်းပ ညာ၊ ထင်ရာမြင်ရာလုပ်ချင်တာ လျှောက်လုပ်တဲ့ အရာ မှန်သမျှ နည်းပညာဖွံ့ဖြိုးတိုးတက်ခြင်း ခေါင်းစဉ်အောက် ဆွဲသွင်းထားကြတယ်။
.
ရွှေမြန်မာပြည် ရွာသားတွေအတွက်ကတော့ နည်းပညာတိုးတက်မှုဆိုတဲ့အရာက တစ်ခြားရွာ သိမ်ရွာမွှားတွေနဲ့ ကွဲလွဲသလိုဖြစ်နေတယ်။ ဒုံးပျံ တီထွင်တဲ့ နည်းပညာရွှေပြည်သားတွေ စိတ်မ ဝင်စားဘူး။ (တစ်နိုင်ငံလုံး မွဲပြာကျနေလို့)။ မာ လကီးယားဖြစ်မယ့် နျူကလီးယားနည်းပညာ ဘယ်ဆီဘယ်ဝယ် မျှော်ရမှန်းမသိ။ စိတ်ကူးယဉ် လူသားအကျိုးပြု အလုပ်တွေလုပ်ရကောင်းမှန်း လည်းသိပုံမပေါ်။ အထီးက အမဖြစ်၊ အမက အထီးဖြစ်စေတဲ့ ဖြတ်ဖောက်ချုပ်နည်းပညာ ရွှေ ပြည်မှာမရှိ။ (ကိုယ့်မူလဘူတ အော်ရယ်ဂျင်နယ် လိင်အပြောင်းအလဲလုပ်ချင်ရင်တော့ ရွာနီးစပ် ချုပ်က လက်ရာကောင်းတဲ့ ဟိုဘက်ရွာကို သွားကြတယ်ဆိုလား)။ ဟိုနည်းပညာ ဒီနည်းပ ညာပေါက်ကရလုပ်တဲ့ နည်းပညာတွေသာမရှိ တယ်။ ထင်ရာမြင်ရာလျှောက်လုပ်နေတဲ့ ဆက် သွယ်ရေး နည်းပညာကြီးကတာ့ ရွှေပြည်မှာအခန့်သား နေရာယူလို့။
.
ကိုယ့်မြေ ကိုယ့်ရေက လူတကာ ဝက်ဝက် ကွဲ သောက်သောက်လဲ အသုံးပြုနေတဲ့ ဆက်သွယ်ရေး နည်းပညာကြီးကို ထင်ရာမြင်ရာ လျှောက်လုပ်တဲ့ နည်းပညာကြီးလို့ ကင်ပွန်းတပ် လိုက်တော့ မောင်ဗျတ္တကို အဆိုးမြင်ဝါဒီသမား လို့ ထင်ချင်ထင်ကြမှာပေါ့။ အရာရာတိုင်း အကောင်းရှိသလို၊ အဆိုးတွေရှိတတ်တယ်။ အ လင်းရှိသလို၊ အမှောင်တိုက်တာတွေရှိတယ်။ နေရာတိုင်းဒွန်တွဲနေတတ်တာ လောကနိယာမ ကြီးမှန်း မောင်ဗျတ္တလက်ခံပါတယ်။ မျက်လုံးထဲ မြင်သမျှ ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းလို့မှမရတာ။ ခက်တာက ဒီဆက်သွယ်ရေး ကွန်ရက်ဆိုတဲ့ တောင်းကြီးထဲမှာ ပဲကောင်းကရှားပြီး စုန်းပြူး တွေများတာပါ။ ငါပိုင်တဲ့ ဖုန်းတစ်လိုင်း ငါဝယ် ထားတဲ့ ဖုန်းတစ်ပြား ငါလုပ်ချင်တာလုပ်မယ် ဆိုတဲ့စိတ်နဲ့ ထင်ရာမြင်ရာလျှောက်လုပ်ကြတော့ ထစ်ကနဲ့ ဆိုတာနဲ့ ပွက်လောရိုက်သံတွေ နေ့ စဉ်ကြားရပါလေရော။
.
ဖုန်းတစ်ပြားနဲ့ ဆူညံပွက်လောရိုက်တဲ့ အ ကြောင်းဆိုတာနဲ့ လူမှုကွန်ရက်စာမျက်နှာကြီးကို ပြေးမြင်မိကြလိမ့်မယ်ထင်ပါတယ်။ ရွှေပြည်မြန် မာသား တယ်လီဖုန်းပိုင်ရှင်တိုင်း အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပါ။ (စာမျက်နှာလား၊ စာ အုပ်မျက်နှာလား ကွဲကွဲပြားပြားတော့ မပြော တတ်ပါဘူး)။ ရှာတတ်ရင်အကောင်း အဆိုးအ ကြောင်းအကျိုး အမှားအမှန်ဆိုတဲ့ တရား ကိုတောင် တွေ့နိုင်တယ် ပြောရမလားပါဘဲ။ အကောင်းတွေရှိသလို အဆိုးတွေ ဗုန်းပေါလ အော ထနေတာ ဒီစာအုပ်မျက်နှာ။ အမှန်တွေ ပါသလို အမှားတွေပွစာထိုးနေတာ ဒီစာအုပ် မျက်နှာပါ။ ဟုတ်တာ မဟုတ်တာ၊ မှန်တာ မ မှန်တာ အသာထား။ တစ်ခုခုပွဲဆူစေချင်လို့ က တော့ ဒီစာအုပ်မျက်နှာကြီးပေါ် မျက်လုံးစုံမှိတ် သာ တင်လိုက်။ ဆဲလိုက်ကြမယ့်အမျိုး။ သေ ချင်းဆိုးနဲ့သေမယ့် အရေးတောင် သောင်း သောင်းဖျဖျအားပေးမယ့် ပရိသတ်ကအပြည့်။
.
လက်ရှိရွှေပြည်တစ်ခွင် ပြဲပြဲစင်အောင် ဖြစ်သွားတဲ့ ပြဿနာပေါင်းစုံ ဇစ်မြစ်ကိုကြည့်ရင် လူမှုကွန်ရက်ဆိုတဲ့ စာအုပ်မျက်ကြီးပေါ်က စ တင်အခြေပြုတာများပါတယ်။ အမှန်တကယ်ဖြစ် တဲ့ တချို့သော ကိစ္စရပ်တွေက အပ်နဲ့ထွင်းရရုံ လောက်ပါ။ အရပ်လူကြီးနဲ့ရှင်းလိုက်ရင် ကိစ္စ ပြတ်သွားနိုင်တဲ့ပြဿနာ။ ကိုလှရွှေတို့ကိုကျော် ပြီး လူမူကွန်ရက် စာအုပ်မျက်နှာပေါ် တိုင်ချက် တက်ဖွင့်ကြတယ်။ (တော်တော်အားကိုးတယ် ပြောရမှာပေါ့လေ)။ အခြေအမြစ် မရှိ၊ အတုအ ယောင်မှန်း မသိတဲ့ စာမျက်နှာတွေ၊ အုပ်စုဖွဲ့ ထားတဲ့ စာမျက်နှာတွေပေါ် သူ့ထက်ငါ အလုအ  ယက် တက်ဖွကြ။ ဘာပဲဖြစ်ဖြစ် လမ်းကြုံတုန်း၊ အလကားရတုန်း မဆီမဆိုင် ၂ ဘက်လုံးကို ဝိုင်း ဆဲကြတာလည်း နတ်ပြည် ၆ ထပ်ကိုကျော်လို့။ နတ်ပြည်ရဲ့ ဘုံဗိမာန်တစ်ခုမှာရှိနေတဲ့ ဘုရား လောင်းနတ်သားကိုတောင် အားနာဖို့ကောင်းလှ ပါတယ်။
.
ဒါတောင် မောင်ဗျတ္တတို့ရွာက ဒီဆက်သွယ် ရေးနည်းပညာကြီးကို ရွာနီးစပ်ချုပ်ရွာတွေထက် တော်တော်ကြီးနောက်ကျမှ အသုံးပြုခွင့်ရခဲ့တာ ပါ။ ဘိုးဘေးတို့ လက်အောက်ခံ ဘဝရောက်ခဲ့ ဖူးတဲ့ရွာမှာ ဆက်သွယ်ရေး နည်းပညာကြီး ထောင်းလမောင်းထတဲ့အချိန်၊ Enter တစ်ချက် ခေါက်တာနဲ့ အင်တာနက်လိုင်း အလင်းရဲ့ အမြန်နှုန်းလိုတက်တဲ့အချိန် မောင်ဗျတ္တတို့ရွာက သူကြွယ်တွေအိမ်ကဖုန်းနဲ့ လမ်းဘေးပီစီအိုဖုန်း ကို မျက်ရည်ခံထိုးနေရတဲ့ဘဝ။ တစ်ခါတစ်ခါ ကြုံရတတ်သေးတယ်။ ကိုယ်ကတမလွန်မြန်း တော့မယ့် ကြီးတော်အကြောင်း ရွာတောင်ဖျား  ကို ပီစီအိုအားကိုးနဲ့ အကြောင်းကြားဖို့သွားတာ သာဂိက ဂွက်ထော်ကို အများသုံးဖုန်းနဲ့ ကြူတာ တော်တော်နဲ့ မပြီးနိုင်ဘူး။ သူတို့ ၂ ယောက် ကြူလို့လည်းအပြီး သတင်းပေးဖုန်းဆက်မယ် လုပ်တော့ ကြီးတော်အလောင်းကမြေကျလို့ သ ပိတ်တောင်သွတ်ပြီးသွားပြီ။
.
အခုတော့ မောင်ဗျတ္တတို့ ရွာမှာလည်း သု ဘရာဇာကနေ ရွာသူကြီးအထိ ဆက်သွယ်ရေး နည်းပညာကြီး သောက်သောက်လဲအသုံးပြုခွင့် ရလာပါတယ်။ မှတ်မှတ်ရရဆို သူကြီးဘပြောင် လက်ထက်တုန်းက ရွာသူရွာသားတွေလက်ထဲ တစ်ရစ်ပြီး တစ်ရစ်အရကျစ်ပြီး အရစ်ကျချသွား ပေးတယ်ပြောရမှာပေါ့။ (ကြံဖန်ပြီး နာမည် ကောင်း ယူစရာလည်း ဒီတစ်ကွက်ပဲ ရှိတာလေ)။ ဒါတောင် သူကြီးဘပြောင် တယ်လီဖုန်းကတ် ပြားတွေ စရောင်းပေးတုန်းက အင်တာနက် ဆို တဲ့ ပြဿနာကောင်ကြီး တစ်ခါတည်း ပါလာတာ မဟုတ်ဘူး။ မှန်ပြားပေါ်လည်နေတဲ့ အဝိုုင်းလေး ကြည့်ပြီး သူ့အလိုလို ၄ ပက်စာလောက် မူးနေ တဲ့ အင်တာနက်လိုင်းလေးတစ်ခုဖွင့်ဖို့ ရွှေပြည် သုံးဖွတ်ကလိဒင်္ဂါး (ဆရာကြီး အီကြာကွေး စ ကားလုံးဖြစ်သည်) ၁ဝဝဝဝ တိတိ သက်ဆိုင်ရာ ဌာနကို အားကြိုးမာန်တက် သွားသွင်းမှ အဝိုင်း လည်တာလေး ကြည့်ခွင့်ရကြတာပါ။
.
နောက်ပို်င်း မျက်နှာဖြူတွေရွာက ဆက် သွယ်ရေးပြိုင်ဘက်တွေ ရောက်လာတယ်။ အာ  ရပ်ကမ္ဘာက လိုင်းတစ်လိုင်းပေါက်ချလာတယ်။ ရွာနီးစပ်ချုပ်က စစ်သူကြီးတွေပိုင်တဲ့ လိုင်းဆို လား တစ်ခုရောက်လာပြန်ပါတယ်။ မောင်ဗျတ္တ တို့ရွာ ဆက်သွယ်ရေးလိုင်းပေါင်းစုံနဲ့ မြိုင်မြိုင် ဆိုင်ဆိုင်ကြီး ဖြစ်သွားသလို ပြဿနာပေါင်း သောင်းခြောက်ထောင်ကလည်း နေ့စဉ်မကြား ချင်အဆုံးပေါ့။ မနက်မိုးလင်းတာနဲ့ အနန္တောအ နန္တ ၅ ပါး မေ့ချင်မေ့နေကြမယ်။ ပြဿနာမှှန်ပြား ကောက်ကိုင်ဖို့တော့ မမေ့ကြဘူး။ ဒီကြားထဲ ကိုယ့်အပြားနဲ့ကိုယ် (ဖုန်းအပြားပြောပါတယ်) စိတ်ဆင်းရဲရတာလည်းရှိသေး။ ဒီရက်ပိုင်းမောင် ဗျတ္တ ကိုယ့်မှန်ပြားနဲ့ကိုယ် စောက်သည်းပေါက် တာလေး ရွာကအမျိိုးတွေကို ဖောက်သည်ချပြပါ ဦးမယ်။ အမျိုးတွေလည်း ကြုံချင်ကြုံဖူးကြမှာပါ။ ၂ ထပ်ကွမ်းသိတော့ ၂ ခါမှတ်မိသွားတာပေါ့။
.
တစ်နေ့က မောင်ဗျတ္တစာတိုပေါက်စလေး ရေးတုန်း တယ်လီဖုန်းသံချောင်းခေါက်သံ မြည် လာတယ်။ ကောက်ကိုင်ကြည့်လိုက်တော့ နံ ပါတ်ကအစိမ်း။ (အစိမ်းသေမဟုတ်ပါ) ဖုန်းမှု ဝတ္တရားအတိုင်း အပြားလေးကောက်ပွတ်ပြီး ဟယ်လို အမိန့်ရှိပါ ပြောရတော့တာပေါ့။ ဟယ် လိုအသံလည်းဆုံးရော စိန်စိန်ရှိလားတဲ့။ မောင် ဗျတ္တမိသားစုဝင်တွေ။ မိတ်ဆွေသူငယ်ချင်းတွေ ထဲမှာ စိန်စိန်ကော၊ စိန်တစ်လုံးပါမရှိတာနဲ့ ဖုန်း မှားနေတယ်ပြောပြီး ဖုန်းချလိုက်တယ်။ သိပ်မ ကြာဘူး အဲ့ဒီဖုန်း ပြန်ခေါ်လာတယ်။ စိန်စိန် ဘယ် သွားလဲ။ အခုချက်ချင်း စိန်စိန့်ကို ဖုန်းပေးလိုက် တဲ့။ ဘယ်ကို ဆက်တာလဲ ဖုန်း မှားနေတယ် ပြောလည်းမရဘူး။ စောက်ပိုတွေလာပြောမနေနဲ့ စိန်စိန် ဘယ်သွားလဲ။ အခုဖုန်းကိုင်နေတာ ဘယ်သူလည်း လုပ်ပြန်ရော။ မန္တလေးက စိန် စိန့် ဆီဆက်တာ တောင်ကြီးက မောင်ဗျတ္တခမျာ ကိုယ့်ပစ္စည်းနဲ့ကိုယ် သောက်ကျိုးတွေကို နည်း လို့။
.
နောက်တစ်ယောက်က ကားလက်မှတ်ဖြတ် တဲ့ကိစ္စ။ (မောင်ဗျတ္တက ကားလက်မှတ်လည်း ရောင်းတော့ လမ်းကြုံရင်အားပေကြပေါ့ဗျာ)။ ရန်ကုန်ကားလက်မှတ် ဖြတ်လို့ရလားဆိုပြီး အ   မျိုးသမီးတစ်ယောက် ဖုန်းဆက်လာတယ်။ ဟုတ်ကဲ့ ရပါတယ်ဗျာဆိုတော့ အဝတ်လျှော်ပြီး လာခဲ့မယ်နော်ပြောပြီး ဖုန်းချသွားတယ်။ နာရီ ဝက်လောက်နေတော့ ကားလက်မှတ်လာဖြတ် လို့ရလားဆိုပြီး ဖုန်းဆက်လာပြန်ရော။ ဟုတ်ကဲ့ ရပါတယ်ဗျာပေါ့။ ခဏလေးနော် ရေချိုးပြီးရင် လာ ခဲ့မယ်တဲ့။ ၃ ကြိမ်မြောက်ဖုန်းဆက်လာတယ်။ မောင်လေးရေ အစ်မကားလက်မှတ်ဖြတ်ဖို့ မြို့ မရပ်ကွက်ကနေ ဝါးပြားလမ်းဆုံကိုလာတာ မြို့ မစျေးရောက်သွားလို့ ဘယ်လိုလုပ်ရမလဲတဲ့။ တောင်ကြီးတောင်ပေါ်က အမျိုးတွေစဉ်းစား ကြည့်ကြပါ။ မောင်ဗျတ္တတို့ရွာနဲ့ ဆက်သွယ်ရေး ကွန်ရက်ကြီးက မသုံးလည်းခက် သုံးလည်းခက် ဖြစ်မနေပေဘူးလားဆိုတာပေါ့။

No comments:

Post a Comment

Journal Download

Photo of three cats