မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် ကမ္ဘောဇတိုင်းသတင်းဂျာနယ်တို့ပူးပေါင်း၍ အောင်ပန်းတွင် အခြေခံသတင်းစာပညာသင်တန်းဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, July 8, 2019



ကမ္ဘောဇတိုင်း
.
.
 .

.
.
.
မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် ကမ္ဘောဇတိုင်းသတင်းဂျာနယ်တို့ပူးပေါင်း၍ အောင်ပန်းတွင် အခြေခံသတင်းစာပညာသင်တန်းဖွင့်လှစ်
.
ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် ကမ္ဘောဇတိုင်းသတင်းဂျာနယ်တို့ပူးပေါင်း၍ အခြေခံသတင်းစာပညာ သင်တန်း ဖွင့်ပွဲကို ဇူလိုင် ၈ ရက်၊နံနက် ၉ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို ့၊ မြို့ဟောာင်းရပ်ကွက်၊ ရွှေမင်းသားဦးမောင်မောင်ခြံတွင်ရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
သင်တန်းဖွင့်ပွဲတွင် အောင်ပန်းမြို့ အုပ်ချုပ်ချုပ်ရေးမှူး ဦမြင့်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဦးသာဇော်က သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
.
သင်တန်းတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ဗဟို)အထွေထွေအတွင်းရေးမှူး ဦးသာဇော်က ကျင့်ဝတ်နှင့် သတင်းဓာတ်ပုံရိုက်ကူးခြင်း၊ ကမ္ဘောဇတိုင်းသတင်းထောက်ချုပ် ဆရာဦးမင်းဇော်မင်းက သတင်းရေးသားခြင်း၊ ကမ္ဘောဇတိုင်း အယ်ဒီတာချုပ်ဆရာဦးကျော်ဇေယျက သတင်းလိုက်ခြင်းတို့ကိုသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါသင်တန်းအား ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ ၃ ရက်တိုင် သင်ကြားသွားမည်ဖြစ်ပြီး ဒေသခံ သင်တန်းသား ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment