“ဝ”တောင်ပိုင်းစစ်ဒေသတွင် ရေအဆိပ်သင့်မှုကြောင့် လူ ၃၉ ဦး ဆေးရုံတက် ကုသမှုခံယူနေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 30, 2019

“ဝ”တောင်ပိုင်းစစ်ဒေသတွင် ရေအဆိပ်သင့်မှုကြောင့် လူ ၃၉ ဦး ဆေးရုံတက် ကုသမှုခံယူနေရ


မင်းဇော်မင်း
.
“ဝ”တောင်ပိုင်း စစ်ဒေသ (၁၇၁) လက်အောက်ခံ တပ်မဟာ (၇၇၈) နယ်မြေမှ ရေအဆိပ်သင့်လူနာ ၃၉ ဦး ထိုင်းနိုင်ငံ မြောက်ပိုင်း၊ မဲဟောင်ဆောင်ခရိုင်၊ ပန်မဖမြို့နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ထိုင်း နိုင်ငံအခြေစိုက် Social Action for Children and Women (SAW) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ “ဝ” တောင်ပိုင်း စစ်ဒေသ ဆက်ဆံရေးရုံး အဖွဲ့ဝင် ဦးအိုက်ပလိတ်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “လောလောဆယ်တော့ သေသေချာချာမသိရသေးပါဘူး သတင်းအတည်ပြုနိုင်ဖိုစုံစမ်းနေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
SAW အဖွဲ့၏ ထုတ်ပြန်ချက်အရ “ဝ” တောင်ပိုင်း စစ်ဒေသရှိ စမ်းချောင်းရေများ အဆိပ်သင့်နေပြီး သောက်သုံးမိသူ များတွင် ဗိုက်အောာင့်၊ ဝမ်းသွား၊ မူးမေ့လဲမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် စက်ရုံများမှ စွန့်ပစ်သည့် ဓါတုရည်များမှာ မိုးရေနှင့်အတူ စမ်းချောင်းအတွင်း မျောပါသွားရာမှ အဆိုပါရေကို သောက်သုံးမိသည့် ဒေသခံများ ယခုကဲ့သို့ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး “ဝ” တောင်ပိုင်း စစ်ဒေသ တာဝန်ရှိသူများကမူ သတင်းထုတ်ပြန်ခြင်း မရှိသေး ကြောင်း သိရသည်။
.
============================================================
တောင်ပိုင်းစစ်ဒေသတွင် ရေအဆိပ်သင့်မှုကြောင့် လူ ၃၉ ဦး ဆေးရုံတက် ကုသမှုခံယူနေရ
.
မင်းဇော်မင်း
.
တောင်ပိုင်း စစ်ဒေသ (၁၇၁) လက်အောက်ခံ တပ်မဟာ (၇၇၈) နယ်မြေမှ ရေအဆိပ်သင့်လူနာ ၃၉ ဦး ထိုင်းနိုင်ငံ မြောက်ပိုင်း၊ မဲဟောင်ဆောင်ခရိုင်၊ ပန်မဖမြို့နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ထိုင်း နိုင်ငံအခြေစိုက် Social Action for Children and Women (SAW) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ပိုင်း စစ်ဒေသ ဆက်ဆံရေးရုံး အဖွဲ့ဝင် ဦးအိုက်ပလိတ်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် လောလောဆယ်တော့ သေသေချာချာမသိရသေးပါဘူး။ သတင်းအတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
SAW အဖွဲ့၏ ထုတ်ပြန်ချက်အရ တောင်ပိုင်း စစ်ဒေသရှိ စမ်းချောင်းရေများ အဆိပ်သင့်နေပြီး သောက်သုံးမိသူ များတွင် ဗိုက်အောာင့်၊ ဝမ်းသွား၊ မူးမေ့လဲမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် စက်ရုံများမှ စွန့်ပစ်သည့် ဓါတုရည်များမှာ မိုးရေနှင့်အတူ စမ်းချောင်းအတွင်း မျောပါသွားရာမှ အဆိုပါရေကို သောက်သုံးမိသည့် ဒေသခံများ ယခုကဲ့သို့ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ပိုင်း စစ်ဒေသ တာဝန်ရှိသူများကမူ သတင်းထုတ်ပြန်ခြင်း မရှိသေး ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats