ေရမီတာ တစ္ယူနစ္လွ်င္ ၁၅၀ က်ပ္ႏႈန္း ေကာက္ခံျခင္းေၾကာင့္ အခက္အခဲ ျဖစ္ေနရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, July 11, 2019

ေရမီတာ တစ္ယူနစ္လွ်င္ ၁၅၀ က်ပ္ႏႈန္း ေကာက္ခံျခင္းေၾကာင့္ အခက္အခဲ ျဖစ္ေနရ


ခြန္သက္ထူး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမိဳ႕ တြင္ ေရရရွိေရးအတြက္ ၂၀၁၄-၂၀၁၅ ခုႏွစ္မွစတင္၍ ဂ်ပန္ေထာက္ ပံ့ေငြျဖင့္ ေဆာင္ရြက္ခဲ့ၿပီး ယခုအခါ ေရမီတာ တစ္ယူနစ္လွ်င္ ၁၅၀ က်ပ္ ႏႈန္း ေကာက္ခံေနသျဖင့္ အေျခခံ လက္လုပ္လက္စားႏွင့္ သာမန္လူ တန္းစား ျပည္သူမ်ားအတြက္ အခက္ အခဲမ်ား ျဖစ္ေပၚေနရေၾကာင္း သိ ရသည္။
.
 .
“ေရဖိုးကို မေကာက္နဲ႔လို႔ေတာ့ မေျပာပါဘူး။ ေကာက္ပါ။ ဒါေပမဲ့ ျပည္သူလူထုကိုလည္း ၾကည့္ေပးပါ။ ျပည္သူေတြက လကုန္ရင္ မီးမီတာ၊ ေရမီတာ၊ ဟိုအခြန္၊ ဒီအခြန္ေတြနဲ႔ ထုတ္တဲ့လစာကို ဘာမွမက်န္ဘူး။ ျပည္သူေတြအတြက္ ေလွ်ာ့ေပါ့ၿပီး လုပ္ေဆာင္ေပးေစလိုတာပါ။ အခုဆို ရင္ ေရဖိုးက တစ္အိမ္ကို အနည္းဆံုး ၄၀ဝ၀ ေလာက္ က်ေနေတာ့ အခက္ အခဲျဖစ္ရတာေပါ့”ဟု ဟိုပံုးၿမိဳ႕ေန ေဒသခံတစ္ဦးက ေျပာသည္။
.
ယင္းကဲ့သို႔ ေရမီတာခ ေကာက္ခံ မႈႏွင့္ ပတ္သက္၍ ဟိုပံုးၿမိဳ႕နယ္ စည္ ပင္သာယာေရးဌာနမွ ဦးစီး ဦးေမာင္ ေမာင္သန္းက “ေရမီတာေကာက္တာက ဥပေဒအရ တစ္ယူနစ္ကို ၁၅၀ ေကာက္တာပါ။ ေလွ်ာ့ေပးဖို႔ ေတာ့မရွိပါဘူး”ဟု ေျပာဆိုခဲ့သည္။
.
ဟိုပံုးၿမိဳ႕တြင္ ၂၀၁၄-၂၀၁၅ ခု ႏွစ္မွစတင္၍ ဂ်ပန္ေထာက္ပံ့ေငြျဖင့္ ေရရရွိေရး စတင္ေဆာင္ရြက္ခဲ့ရာ လက္ရွိတြင္ ယင္းေရျဖန္႔ေဝေရးလုပ္ ငန္းမွ အသံုးျပဳသူ အိမ္ေျခ ၁၂၀ဝ ေက်ာ္ခန္႔ ရွိေနၿပီျဖစ္ေၾကာင္း သိရ သည္။
.
ရွမ္းျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ ေသာ ေတာင္ႀကီးၿမိဳ႕တြင္လည္း စည္ ပင္သာယာေရးဌာနမွ ျဖန္႔ေဝေပး ေသာ ေရပိုက္လိုင္းမ်ားအား တစ္ ယူနစ္ ၂၀ဝ က်ပ္ႏႈန္းျဖင့္ ျဖန္႔ေဝ ေပးလ်က္ရွိၿပီး ေရမီတာ တစ္ယူနစ္ လွ်င္ ေပပါ ၄ လံုးခန္႔ ရရွိေၾကာင္း သိရသည္။
.
ရေမီတာ တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်း ကောက်ခံခြင်းကြောင့် အခက်အခဲ ဖြစ်နေရ
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ တွင် ရေရရှိရေးအတွက် ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင်၍ ဂျပန်ထောက် ပံ့ငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရေမီတာ တစ်ယူနစ်လျှင် ၁၅၀ ကျပ် နှုန်း ကောက်ခံနေသဖြင့် အခြေခံ လက်လုပ်လက်စားနှင့် သာမန်လူ တန်းစား ပြည်သူများအတွက် အခက် အခဲများ ဖြစ်ပေါ်နေရကြောင်း သိ ရသည်။
.
“ရေဖိုးကို မကောက်နဲ့လို့တော့ မပြောပါဘူး။ ကောက်ပါ။ ဒါပေမဲ့ ပြည်သူလူထုကိုလည်း ကြည့်ပေးပါ။ ပြည်သူတွေက လကုန်ရင် မီးမီတာ၊ ရေမီတာ၊ ဟိုအခွန်၊ ဒီအခွန်တွေနဲ့ ထုတ်တဲ့လစာကို ဘာမှမကျန်ဘူး။ ပြည်သူတွေအတွက် လျှော့ပေါ့ပြီး လုပ်ဆောင်ပေးစေလိုတာပါ။ အခုဆို ရင် ရေဖိုးက တစ်အိမ်ကို အနည်းဆုံး ၄ဝဝဝ လောက် ကျနေတော့ အခက် အခဲဖြစ်ရတာပေါ့”ဟု ဟိုပုံးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ရေမီတာခ ကောက်ခံ မှုနှင့် ပတ်သက်၍ ဟိုပုံးမြို့နယ် စည် ပင်သာယာရေးဌာနမှ ဦးစီး ဦးမောင် မောင်သန်းက “ရေမီတာကောက်တာက ဥပဒေအရ တစ်ယူနစ်ကို ၁၅၀ ကောက်တာပါ။ လျှော့ပေးဖို့ တော့မရှိပါဘူး”ဟု ပြောဆိုခဲ့သည်။
.
ဟိုပုံးမြို့တွင် ၂၀၁၄-၂၀၁၅ ခု နှစ်မှစတင်၍ ဂျပန်ထောက်ပံ့ငွေဖြင့် ရေရရှိရေး စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ယင်းရေဖြန့်ဝေရေးလုပ် ငန်းမှ အသုံးပြုသူ အိမ်ခြေ ၁၂ဝဝ ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း သိရ သည်။
.
ရှမ်းပြည်နယ်၏မြို့တော်ဖြစ် သော တောင်ကြီးမြို့တွင်လည်း စည် ပင်သာယာရေးဌာနမှ ဖြန့်ဝေပေး သော ရေပိုက်လိုင်းများအား တစ် ယူနစ် ၂ဝဝ ကျပ်နှုန်းဖြင့် ဖြန့်ဝေ ပေးလျက်ရှိပြီး ရေမီတာ တစ်ယူနစ် လျှင် ပေပါ ၄ လုံးခန့် ရရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats