ကာလာပ်က္ႏုိင္ငံေတာ္ မျဖစ္ေစဖို႔ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 27, 2019

ကာလာပ်က္ႏုိင္ငံေတာ္ မျဖစ္ေစဖို႔


စိုင္းသိခၤသူ
.
ကာလာပ်က္ (Discolouration) ဟုဖတ္ရန္ ကာလပ်က္ (Catastrophe) ဟု မွားမဖတ္ရန္ ဦးစြာ ေမတၲာရပ္ ခံအပ္ေၾကာင္းပါ။
.
ပီသၾကည္ျမသည့္ အေရာင္တစ္ေရာင္မွ အျခားအေရာင္ တစ္ေရာင္သို႔ ကူးေျပာင္းေနစဥ္ ၾကားအေရာင္ကို ကာလာပ်က္(အေရာင္ပ်က္) လို႔ သတ္မွတ္ႏိုိင္မယ္ထင္ပါတယ္။
.
ေလာကမွာ သီးျခားအေရာင္ေတြရွိတယ္ဆို ေပမယ့္ ကာလာပ်က္ေတြကေတာ့ ေနရာတကာ မွာရွိေနတာ အေတာ္မ်ားမ်ား သတိထားမိမွာပါ။ အေရာင္ပ်က္ေတြဟာ လမ္းေတြေပၚမွာ၊ သစ္ ပင္ေတြေပၚမွာ၊ လူေတြၾကားမွာ ရွင္သန္လႈပ္ရွား ေနၾကတာ ရွာေသာသူေတြ႕မွာပါ။ နယ္ပယ္စံုမွာ လည္း အေရာင္ပ်က္ေတြ မ်ားျပားေနတာ ေလ့ လာၾကည့္ရင္ ေတြ႕မွာပါ။
.
လူသားေတြက ပံုမွန္ ကာလာေတြကို ႏွစ္ သက္ၾကတယ္ဆိုေပမယ့္ အေရာင္ပ်က္အေရာင္ ေရာေတြကလည္း အတိုင္းအတာ တစ္ခုအထိ ေတာ့ အႀကိဳက္ မ်ားၾကတာကလား။ အရွင္းဆံုး ဥပမာေျပာရရင္ေတာ့ အနက္ေရာင္ ဆံပင္ကေန အသက္ရလာလို႔ အျဖဴေရာင္ မေျပာင္းခင္ မီး ခိုးေရာင္ဟာ ကာလာပ်က္တဲ့ေလ။
.
လူ႕မ်က္လံုးက အေရာင္ေတြ ကာလာစဥ္ ကို ျမင္တာမွာ ခြဲျခားသိျမင္ေပမယ့္ စုေပါင္း အေရာင္ေတြ အားလံုးဟာ ေသခ်ာ ျမင္ေအာင္ လည္ၿပီး ၾကည့္ရင္ အျဖဴေရာင္လို႔ အျမင္ မွတ္တယ္ဆိုတာလည္း သိပၸံပညာရွင္ေတြက ျပဳစုထားပါတယ္။
.


.
ေျပာခ်င္တာကေတာ့ နယ္ပယ္အသီးသီးမွာ ကာလာပ်က္၊ အေရာင္ပ်က္၊ အေရာင္ေရာေတြ ရွိေနတာကို လူေတြသိျမင္ေစဖို႔နဲ႔ ေပါင္းစုအင္ အားရရင္ အျဖဴေရာင္ဆိုတာ သိျမင္ေစဖို႔ပါ။ အျမင္တူဖို႔ပဲ လိုပါတယ္။
.
လက္ရွိျမန္မာ့ႏုိင္ငံေရး  အေျခအေနမွာလည္း အာဏာရွင္လက္ထက္မွသည္ အာဏာရွင္ကိုယ္စားျပဳ ကိုယ္စားလွယ္မ်ားႏွင့္ ျပည္သူကိုယ္စားျပဳ ကိုယ္စားလွယ္မ်ားအား ၿပိဳင္ေနၾကရသည့္ အေျခအေန ျဖစ္သျဖင့္ အသြင္ကူး ေျပာင္းျခင္းကာလ တစ္နည္းအားျဖင့္ အေရာင္ ပ်က္ကာလ ျဖစ္ေနပါတယ္။ ဆိုလိုတာက အ နက္ေရာင္ကေန အျဖဴေရာင္ကို ကူးေျပာင္းဆဲ မီးခိုးေရာင္ (Grey) ကာလာျဖစ္ေနသည္ ဟု ဆိုရမည္ ျဖစ္သည္။
.
ထိုကာလမွာ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးႏွင့္ တရားစီရင္ေရးမ်ားတြင္လည္း အေရာင္ပ်က္မ်ား ပိုမိုသိသာစြာ စိုးမိုးလာလ်က္ရွိေနတာကိုလည္း ဆန္းစစ္မိတယ္၊ ဒီမွာထူးျခားတာက အရင္ ေခတ္အသိ အေတြးေခၚမ်ားကေန ယခုေခတ္ သစ္အေတြးအေခၚကို ေျပာင္းလဲလာတဲ့ အေရာင္ ပ်က္မ်ားကိုေတာ့ လႈိက္လဲွစြာႀကိဳဆိုရမွာျဖစ္ပါ တယ္။ မလိုလားအပ္တဲ့ အေရာင္စစ္စစ္ကေန အားေလ်ာ့အေရာင္ျဖစ္လာတာကကိုပဲ ေက်နပ္ စရာအေျခအေနတစ္ခုလို႔ ဆိုႏိုင္ပါတယ္။
.

အုပ္ခ်ဳပ္ေရးနယ္ပယ္မွာဆိုရင္ အေထြေထြ အုပ္ခ်ဳပ္ေရးကို ျပည္ထဲေရးေအာက္ကေန သီး ျခားဝန္ႀကီးဌာနေအာက္ ခြဲထုတ္ႏိုင္ျခင္းကလည္း အေရာင္ပ်က္ကာလရဲ႕ ေကာင္းမြန္တဲ့ အေျပာင္း အလဲတစ္ခုျဖစ္သလို အဂတိလိုက္စားမႈ တိုက္ ဖ်က္ေရးေကာ္မရွင္ကေန အေရးယူေနတဲ့ျဖစ္ရပ္ မ်ားကလည္း လူထုေက်နပ္ေလာက္ဖြယ္ မရွိ ေပမယ့္ ကာလာပ်က္ ကာလရဲ႕ ေအာင္ျမင္မႈ မွတ္တိုင္ေတြလို႔ ဆိုရမွာပါ။
.
၂ဝဝ၈ စာအုပ္အစိမ္းဟာ အရင္လူမ်ားရဲ႕ အလြန္ႀကီးမားတဲ့ အဟန္႔အတားႀကီးတစ္ခုပါ။ ဖြဲ႕စည္းပံုအေျခခံဥပေဒ ဆိုတာအစိုးရနဲ႔ ျပည္သူ ေတြၾကားမွာ သေဘာတူထားတဲ့စာခ်ဳပ္ျဖစ္ရမွာ ပါ။ အဲ့ဒီစာခ်ဳပ္က ဖိႏွိပ္ေရးတဖက္သတ္စာခ်ဳပ္ ဆိုရင္ ဒါဟာ ျပည္သူအတြက္ ဖ်က္လို႔ရရင္ ဖ်က္၊ ဖ်က္လို႔ မရရင္ ျပင္ရမယ့္ မလြဲမေသြ လုပ္ ရမယ့္ တိုင္းျပဳျပည္ျပဳ အဓိက အလုပ္ႀကီးပါ။ အစိုးရနဲ႔ ျပည္သူအၾကား သေဘာမတူရင္ အ ေျခခံဥပေဒဆိုတာ စကၠဴစုတ္ တစ္ခုေလာက္သာ သာပဲ ရွိမွာျဖစ္တယ္လို႔ အာဏာရွင္ျဖစ္တဲ့ ဟစ္ တလာေခတ္ကို ေလ့လာၾကည့္ရင္ ေတြ႕ႏို္င္မွာ ျဖစ္ပါတယ္။
.
ယေန႔ေခတ္ နယ္ပယ္မ်ားအတြင္း အထူး သျဖင့္ ႏိုင္ငံေရးနယ္ပယ္တြင္ အေရာင္ပ်က္မ်ား ေတြ႕ရွိေနရသည္မွာ ေတြ႕ျမင္ရသူမ်ားအဖို႔ အား မလိုအားမရျဖစ္မိပါတယ္။ အရင္က ဆန္႔က်င္ ဘက္အေရာင္ကေန ယခုေခတ္စားေနသည့္ အေရာင္သို႔ ေျပာင္းလဲလာၾကတာမွာ အရင္က မေကာင္းဘယ္ေလာက္ ေျပာခဲ့သေလာက္ အ ခုမွာ ခြင့္လြတ္သည္သာမက တကယ့္ေနရာမ်ား တြင္ အရာေပးသည္မ်ားကလည္း လူထုအတြက္ အျမင္မလွပါဘူး၊ အဆိုပါအေရာင္ပ်က္မ်ားမွာ ယခင္သခင္အေပၚ သစၥာရွိ/မရွိ မသိရသလို ယခုသခင္အသစ္ေပၚလည္း သစၥာေစာင့္သိ/ မသိမသိႏိုင္သည့္ အေျခအေနျဖစ္လို႔ အေရာင္ ပ်က္မ်ားမွ ပီျပင္လာသည့္ အေရာင္သို႔မေရာက္ မခ်င္း ယံုၾကည္စိတ္ခ်၍မရႏိုင္ဟုထင္ပါတယ္။ အထူးသျဖင့္ ေခတ္စကားအရ (ခါေတာ္မီေအာ္ ဖား) ဟုဆိုႏိုင္သည့္ အေရာင္ေျပာင္း အေရာင္ပ်က္မ်ားကေတာ့ မလိုလားအပ္တဲ့ အရာမ်ားဟု သတ္မွတ္သင့္ပါတယ္။
.
အာဏာ၊ ေငြစတဲ့အေပၚေတြမွာ အမွီျပဳရင္း ၿခံခုန္ကူးလာသူေတြ၊ တစ္ဖက္မွာေနရာမရလို႔ တစ္ဖက္ကိုေျပာင္းတဲ့သူေတြ၊ တစ္ဖက္မွာ အႏၲရာယ္ရွိလို႔ တစ္ဖက္ကိုခိုလႈံလာသူေတြကလည္း ကာလာပ်က္ေတြပါပဲ။ သို႔ေသာ္လည္း ကိုယ့္အ တြက္အသံုးက်တာျဖစ္လို႔ အေရာင္အျပည့္အဝ ေျပာင္းႏိုင္စြမ္းရွိတယ္ဆိုရင္ေတာ့ အသံုးခ်သင့္ တာ မွန္ႏိုင္ပါတယ္။ ဒါေပမယ့္ အျပည့္အဝယံု ၾကည္ရသူစာရင္းမွာေတာ့ ထည့္သြင္းမရႏိုင္ဘူး လို႔ သတ္မွတ္ၾကမယ္ ထင္ပါတယ္။ အဓိက ေတာ့ ဒီမိုကေရစီအတြက္ ႀကိဳးပမ္းေနရင္း လမ္းမေပ်ာက္ၾကဖို႔ပါဘဲ။ တစ္ဖက္က မဂၤလာရွိ တဲ့ အတိုက္အခံျဖစ္ဖို႔လည္း လိုပါတယ္။
.
ကြယ္လြန္ခဲ့တဲ့ ဝါးခယ္မသား ဝန္ႀကီးခ်ဳပ္ ေဟာင္း ဦးႏု (၁၉ဝ၇-၁၉၉၅) က လြတ္လပ္ ေရးတည္တံ့ရန္ လုပ္ေပးဖို႔အခ်က္မွာ မဂၤလာရွိ ေသာ အစိုးရရွိရမယ္၊ မဂၤလာရွိေသာ အတိုက္ အခံရွိရမယ္၊ မဂၤလာရွိေသာ ျပည္သူရွိရမယ္ လို႔ ဆိုခဲ့ဖူးပါတယ္။ ၎ကပဲ ခုေခတ္ထိ လႊမ္း ၿခံဳႏိုင္စြမ္းရွိတဲ့ သက္တမ္းျပည့္လို႔ အနားယူ သြားခ်ိန္မွာ နဂိုကပိုင္ဆိုင္မႈထက္ တစ္ျပားတစ္ ခ်ပ္ပိုခဲ့ရင္ သူ႕ကိုသူခိုးလို႔ ဝိုင္းေခၚပါလို႔ ေျပာခဲ့ တာ အမွတ္ရမိေနပါတယ္။ အဓိကေတာ့ တိုင္း ျပည္ဘ႑ာ ကိုယ့္ဟာမွတ္ၿပီး ႏိုင္ငံေရးကို လုပ္ စားၾကတဲ့သူေတြကို ေျပာခ်င္တဲ့ စကားျဖစ္တယ္ လို႔ မွတ္သားမိပါတယ္။
.
ေရွ႕က အာဏာရွင္ေခတ္ လုပ္ပိုင္ခြင့္ရသူ ေတြ မဆိုထားနဲ႔ ၿပီးခဲ့တဲ့ ပထမလႊတ္ေတာ္သက္ တမ္းမွာကိုပဲ အခ်ိဳ႕ေသာ အာဏာမရဖူးသူမ်ား လုပ္ပိုင္ခြင့္ရလာတဲ့အခါမွာ လာဘ္လာဘကို မက္ၿပီး ေျဗာင္အေရာင္ေျပာင္းသြားသူ ၿခံခုန္ကူး ခဲ့သူေတြ ရွိခဲ့တာ မေဝးလွေသးတဲ့ အခ်ိန္ျဖစ္လို႔ လက္ညႇိဳးထိုးျပလို႔ရေနပါေသးတယ္။
.
ဒီေခတ္မွာလဲရွိလာတဲ့ ျပယုဂ္ေတြ ရွိေနဆဲ ပါ။ ဒါေၾကာင့္မို႔လို႔ အေရာင္ပ်က္ကာလအတြင္း မွာ ဟိုဖက္ဒီဖက္ေျပာင္းၾကတဲ့ ေခတ္အရအ ေကာင္းဖက္ကို ေျပာင္းတာကေတာ့ ဘာပဲျဖစ္ ျဖစ္ ႀကိဳဆိုရမွာ ျဖစ္ေၾကာင္းပါ။
.
သို႔ေသာ္လည္း ဘဝတူ၊ လူမ်ိဳးတူ၊ ပါတီတူ သူေတြက ေျပာင္းၾကတဲ့အခါ သူတို႔ဘက္က ၾကည့္ရင္ေတာ့ သူရဲေကာင္း၊ ငါတို႔ဘက္က ၾကည့္ေတာ့ သစၥာေဖာက္ဆိုတာကို ကြယ္လြန္ သူစာေရးဆရာႀကီး ေမာင္သာရက စာေပနဲ႔ေရး သားေထာက္ျပ ခဲ့တာပါပဲ။ အဂၤလိပ္ေခတ္မွာအ လိုေတာ္ရိ၊ ဂ်ပန္ေခတ္မွာေတာ့ စကားျပန္ဆိုတာ ေတြဟာ လူထုရဲ႕ခ်ဥ္ဖတ္အေရာင္ေျပာင္း ၾက တဲ့သူေတြလို႔ ဆိုခ်င္ပါတယ္။ လက္ညႇိဳးေထာင္ ေခါင္းၿငိမ့္၊ ေလွနံဓားထစ္၊ အစြန္းေရာက္ပုဂၢိဳလ္ ေရးကိုးကြယ္မႈေတြကလည္း အာဏာရွင္စနစ္ တစ္ခုခုကို တြန္းပို႔ႏိုင္တယ္ဆိုတာလည္း သတိ ခ်ပ္ဖို႔ လိုမွာျဖစ္ပါတယ္။
.
ပထမအႀကိမ္လႊတ္ေတာ္သက္တမ္း အေျခ အေနမ်ိဳးမဟုတ္ဘဲကာလာေျပာင္းတဲ့ လတ္တ ေလာဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းရဲ႕ ဇူလိုင္လ ၁၅ ရက္က ျပဳလုပ္တဲ့ ၁၃ ႀကိမ္ ေျမာက္ ပံုမွန္အစည္းအေဝးကိုေျပာရမယ္ဆို ရင္ အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မ တီရဲ႕ အစီရင္ခံစာ ဖတ္ၾကားတင္သြင္းမႈရဲ႕ လႊတ္ေတာ္တြင္းအေျခအေနကို ေဖာ္ျပပါရေစ။
.
ဇူလိုင္လ ၁၅ ရက္ကအေျခခံဥပေဒျပင္ ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာ ဖတ္ၾကားတင္သြင္းတဲ့အခါမွာ လႊတ္ေတာ္နာယ ကရဲ႕ ခြင့္ျပဳခ်က္မရဘဲ မတ္တပ္ရပ္ေဆြးေႏြးမႈ ေတြရွိခဲ့တယ္လို႔ သတင္းဌာနအခ်ိဳ႕(သတင္းတ မန္) က ေဖာ္ျပခဲ့တာေတြ႕ရပါတယ္။ လႊတ္ေတာ္ နာယကမွ အမည္စာရင္းတင္သြင္းဖို႔ ေၾကညာ ရာမွာ USDP   အမတ္ မင္းကင္းၿမိဳ႕နယ္က ဦး ေမာင္ျမင့္က ထေဆြးေႏြးသလို၊ NLD အမတ္ တစ္ဦး (အမည္မေဖာ္ျပ) တို႔အျပန္အလွန္ေဆြး ေႏြးခဲ့ၾကတယ္လို႔ သတင္းမွာပါရွိပါတယ္။ ေကာ္ မတီက တင္သြင္းတဲ့ အစီရင္ခံစာမွာ အခန္း ၁၅ ခန္း၊ (ျပင္ဆင္၊ပယ္ဖ်က္၊ျဖည့္စြက္) အႀကံ ျပဳခ်က္ေပါင္း ၃၇၆၅ ခ်က္ပါရွိၿပီး၊ ထုတ္ႏုတ္ ေဖာ္ျပရာတြင္ အခန္း ၄ ဥပေဒျပဳေရးအတြက္ အႀကံျပဳခ်က္ ၈၅၉ ခ်က္၊ အခန္း ၅ အုပ္ခ်ဳပ္ ေရးအတြက္ အႀကံျပဳခ်က္ ၁၂၁၁ ခ်က္၊ အခန္း ၆ တရားစီရင္ေရးအတြက္ အႀကံျပဳခ်က္ ၆၃၂ ခ်က္၊ အခန္း(၇) တပ္မေတာ္ဟူေသာ အခန္း က႑အတြက္ အႀကံျပဳခ်က္ ၄၂ ခ်က္၊ အခန္း ၁၂ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး အခန္း အတြက္ အႀကံျပဳခ်က္ ၂ဝ တို႔ ပါရွိေၾကာင္း သိရပါတယ္။ ျပင္ဆင္ရန္၊ ျဖည့္စြက္ရန္၊ ပယ္ ဖ်က္ရန္ အႀကံျပဳမႈမခံရေသာ ပုဒ္မ၊ အခ်က္ မ်ားကိုေတာ့ မူလအတိုင္းထားရွိရန္ သေဘာတူ ထားေၾကာင္း သိရပါတယ္။ ထူးျခားတာက ေျခ/ဥ ျပင္မယ္ဆိုတာက NLD လို႔ဆိုေပမယ့္ ေအာက္ပါစာရင္းကေတာ့ တိုင္းရင္းသား ပါတီ ေတြက အျပင္ခ်င္ဆံုးေတြ႕ရမွာပါ။
.
ေျခ/ဥျပင္ဖို႔ အႀကံျပဳခ်က္ေပါင္း ၃၇၆၅ ခ်က္မွာ SNLD ရွမ္းတိုင္းရင္းသားမ်ား ဒီမိုက ေရစီအဖြဲ႕ခ်ဳပ္က ၁၁၁၂ ခ်က္၊ ANP  ရခိုင္အမိ်ဳး သားပါတီက ၈၅၈ ခ်က္ရွိၿပီး NLD ကေတာ့ ၁၁၃ ခ်က္ပဲရွိတာ ေတြ႕ရမွာျဖစ္ပါတယ္။
.
အဲဒီမွာ ၄၅ ဦး ေကာ္မတီက ၃ လတာ ကာလအတြင္း ၂၅ ႀကိမ္ အစည္းအေဝး ေခၚခဲ့ၿပီး ပါတီေတြရဲ႕ အႀကံျပဳခ်က္ေတြ၊ (ျပင္ဆင္၊ ပယ္ ဖ်က္၊ ျဖည့္စြက္)ခ်က္ ၃၇၆၅ ပါဝင္တာျဖစ္ၿပီး စုစုေပါင္း စာမ်က္ႏွာ ၃၅၃ မ်က္ႏွာရွိလို႔ လႊတ္ ေတာ္နာယက သတ္မွတ္တဲ့ ဇူလိုင္ ၁၈ ရက္က ေဆြးေႏြးရမယ့္ ကိုယ္စားလွယ္ေတြအတြက္ အခ်ိန္နည္းလြန္းတာျဖစ္တဲ့အတြက္ နာယကမွ ဇူလိုင္ ၂၂ ရက္ကို ေျပာင္းလဲသတ္မွတ္တာျဖစ္ၿပီး ဒီေဆာင္းပါးက အရင္ႀကိဳတင္ထြက္မွာျဖစ္လို႔ ေဆြးေႏြးတာေတြေတာ့ မပါႏိုင္ေတာ့ပါဘူး။
.
သို႔ေသာ္လည္းပဲ အဲဒီတင္သြင္းတဲ့ ၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္း ေကာ္မတီကိစၥ၊ အစီရင္ခံစာ ကိစၥမ်ားဟာ ၂ဝဝ၈ ဖြဲ႕စည္းပံု အခန္း ၁၂ ပါ အခ်က္အလက္ မ်ားနဲ႔ ကိုက္ညီျခင္း မရွိေၾကာင္း တပ္မေတာ္က အခ်က္ ၃ ခ်က္ တင္သြင္းထားေၾကာင္း၊ ယင္း အခ်က္မ်ားမွာ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ ေရးေကာ္မတီ ဖြဲ႕စည္းစဥ္ကတည္းကပင္ တပ္မ ေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ အစုအဖြဲ႕ က ကန္႔ကြက္ခဲ့ၾကျခင္း၊ သို႔ေသာ္ လႊတ္ေတာ္ ကို ေလးစားလိုက္နာေသာအားျဖင့္ ေကာ္မတီ ဖြဲ႕စည္းၿပီးေနာက္တြင္ ပါဝင္ခဲ့ေၾကာင္း၊ သို႔ေသာ္ မည္သည့္အႀကံျပဳခ်က္မွ မေပးခဲ့ေၾကာင္း သို႔အ တြက္ ဖြဲ႕စည္းပံံုအေျခခံဥပေဒ အခန္း ၁၂ ပါ (ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး) အ ခ်က္အလက္မ်ားႏွင့္ ကိုက္ညီမႈမရွိေၾကာင္း ဆိုထားတာ ေတြ႕ျမင္ရပါတယ္။
.
ဇူလိုင္လ ၁၅ ရက္က ဧရာဝတီတိုင္းေဒသ ႀကီး၊ USDP ကေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းကိုကို ကလည္း ႏိုင္ငံရဲ႕အမ်ိဳးသားေရးစ႐ိုက္ကို ထိပါး လာရင္ အျပင္းအထန္တံု႔ျပန္ ကန္႔ကြက္သြား မည္လို႔ မီဒီယာေတြကို ေျပာပါတယ္။
.
(ဆလိုင္းလ်န္ဆာမုန္း စုေဆာင္းတင္ျပသည့္ ပင္လံု ကတိကဝတ္မ်ား စာအုပ္ထဲက ေတာင္ ႀကီးဦးထြန္းျမင့္၏ ျပည္ေထာင္စုတြင္းမွ တန္းတူ ရွမ္းျပည္ေရးသားသည့္ ေဆာင္းပါးတြင္ အေျခခံဥပေဒျပင္ဆင္နည္း ေခါင္းစဥ္ ေအာက္တြင္ ဖြင့္ဆိုေရးသားထားသည့္ အထဲမွ ေကာက္ႏုတ္ေဖာ္ ျပရလွ်င္ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ ဆင္ျခင္းနဲ႔ ပတ္သက္လို႔ အေျခခံဥပေဒကို ၂ မ်ိဳး ၂ စား ခြဲျခားထားေၾကာင္း ေဖာ္ျပထားၿပီး ပါလီမန္မွ အလြယ္တကူ ျပင္ဆင္ႏိုင္ရင္ ျပင္ဆင္လြယ္ေသာ အေျခခံဥပေဒ (Flexible Constitution) ဟု ေခၚေၾကာင္း ၿဗိတိန္၊ အီတလီ ႏိုင္ငံတို႕ တြင္ အေျခခံဥပေဒကို သာမန္ဥပေဒမ်ား အတည္ျပဳ ျပင္ဆင္ႏိုင္တဲ့ ပါလီမန္က ျပင္ဆင္ႏိုင္တဲ့ အာဏာ ရွိေၾကာင္း၊ အျခားႏိုင္ငံမ်ား ဥပမာ အေမရိကန္၊ ျပင္သစ္၊ ဆိုဗီယက္ယူနီယံ၊ ဆြစ္ဇာလန္၊ ျမန္မာႏိုင္ငံတို႔တြင္ အျခားဥပေဒမ်ား နည္းတူ ျပင္ဆင္ႏိုင္ခြင့္မရွိဟု ေဖာ္ျပထားပါတယ္။ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေသာ နည္းကို အေျခခံဥပေဒမွာအထူးသတ္မွတ္ျပဌာန္းထားၿပီး ထိုအေျခခံဥပေဒမ်ိဳးကို က်ပ္တည္းေသာ အေျခခံဥပေဒ (Rigid Constitution)ဟုေခၚတြင္ေၾကာင္း ပါရွိသည္ကို ေလ့လာသိရွိ ထားရသည့္အတြက္ ၂ဝဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒ မွာလည္း အလြယ္တကူ ျပင္မရေစရန္ က်ပ္တည္းသည့္ အေနအထားမ်ားျဖင့္ ျပဳထားျခင္းဟု ယူဆပါတယ္။
.
ႏိုင္ငံေတာ္ရဲ႕ အလံကိုလည္း NLD က ေျပာင္းလဲရန္ အဆိုျပဳထားၿပီး ယခင္ ၁၉၄၇ လြတ္လပ္ေရး ရယူစဥ္က အလံပံုစံ အနီ ေအာက္ခံ အျပာေရာင္ေလးေထာင့္ကြက္တြင္ ၾကယ္ႀကီး တစ္လံုးကို ၾကယ္ ၁၄ လံုးက ပတ္ ပတ္လည္ ဝိုင္းရံထားသည့္ပံုစံကို အဆိုျပဳထား သည္ကို ေတြ႕ရကာ လက္ရွိအလံေတာ္မွာ ယ ခင္စစ္အစိုးရေျပာင္းကာနီးအခ်ိန္တြင္ SSA ရဲ႕ တပ္အလံဟု လည္းေကာင္း၊ ေဒါက္တာ တင့္ ေဆြက ၁၉၉၅ တြင္ NCGUP မာနယ္ပ ေလာ႐ံုးတြင္ တင္ထားခဲ့သည့္ အလံဟုလည္း ေကာင္း၊ ၂ဝဝဝ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၁ဝ ရက္က အိုင္ယာလန္ႏိုင္ငံ၊ ဒဗၺလင္ၿမိဳ႕မွာ NCGUP အဖြဲ႕ က်မ္းသစၥာက်ိန္ဆိုခဲ့တဲ့ အလံ ဟုလည္းေကာင္း၊ သက္ေသသာဓကမ်ားျဖင့္ ေျပာဆိုမႈမ်ား ရွိေနၾကေၾကာင္း သိရပါတယ္။ ႏိုင္ငံေရး နယ္ပယ္ကေတာ့ ယခု အလံမွာ ထိုင္ဝမ္ ကူမင္တန္အလံႏွင့္ သြားဆင္ေနၿပီး အခုအလံမွာ အာဖရိကတိုက္က အလံေတြနဲ႔ သြားတူေနတယ္လို႔ ေဝဖန္ေနၾကေၾကာင္းပါ။ ယခုေဆာင္းပါးကို ေအာက္ကပံုျပင္ေလးနဲ႔ အ ဆံုးသတ္ ခ်င္ပါတယ္။ (Satire) ပါ။
.
ေရွးျမန္မာ့လႊတ္ေတာ္တစ္ခု၏ ျမင္ကြင္း
လႊတ္ေတာ္တြင္ရွင္ဘုရင္ႏွင့္ လႊတ္ေတာ္အ မတ္မ်ား၊ မင္းညီမင္းသားမ်ား၊ ရဲမက္မ်ားျဖင့္ အေရာင္စံုလႊမ္းလ်က္ရွိသည္။ အထူးသျဖင့္ အ မတ္မ်ားတြင္ ဝတ္လံုအဝါႏွင့္ အျပာမွာအင္အား ႀကီးအမတ္မ်ားျဖစ္ကာ အျခားအေရာင္မ်ားမွာ အင္အားနည္း အမတ္မ်ားျဖစ္သည္။
.
ယခင္ရွင္ဘုရင္လက္ထက္ လႊတ္ေတာ္တြင္ အစိမ္းအင္အား ႀကီးစိုးခဲ့သျဖင့္ အျငင္းပြားစရာ  ထိုင္ထ ေလ့က်င့္ခန္း နည္းပါးခဲ့ေသာ္လည္း ယခုဘုရင္မ လက္ထက္တြင္မူ အဝါအမတ္မ်ား ႀကီးစိုးထားသျဖင့္ အိပ္ခ်င္ေျပ အထို္င္အထေလ့ က်င့္ခန္းမ်ား မၾကာခဏျပဳလုပ္လ်က္ရွိေပသည္ အထူးသျဖင့္ အမတ္ျပာမ်ားဘက္ကို ေထာက္ခံ သည့္ ရဲမက္မ်ားမွ ေလ့က်င့္ခန္းမ်ားၾကေၾကာင္း လႊတ္ေတာ္မွတ္တမ္းတြင္ ေတြ႕ျမင္ရသည္။ ဝတ္လံုေျပာင္းသြားၾကသူမ်ား အနည္းငယ္ ရွိ ေနေၾကာင္း သိရွိရေသာ္လည္း သိသာေလာက္ ေအာင္ အင္အားထိခိုက္မႈမ်ိဳး မရွိၾကသျဖင့္ လႊတ္ ေတာ္သဘင္တြင္ တိုင္းႏိုင္ငံအတြက္ ယွဥ္ၿပိဳင္ၾကရင္း ပါဝါ လြန္ဆြဲေနၾကေပသည္။ အဓိကအေၾကာင္းအရာမွာ ယခင္ အာဏာရွင္ ဘဝ ရွင္မင္းတရား ႀကီးလက္ထက္က ျပဳစုခဲ့သည့္ သိုင္း ၾကမ္းႀကီး၏ သိုင္းကြက္မ်ားအား ျပင္ ဆင္ရန္ ျငင္းခုန္ၾကသည့္အခါ အထိုင္အထ ပို မို ျပင္းထန္ ၾကသည္ကို ေတြ႕ရသည္။ မူလ သိုင္းၾကမ္းႀကီးကို အထိမခံသည့္ အ မတ္ျပာမ်ားႏွင့္ ရဲမက္မ်ားက တစ္ဖက္၊ သိုင္း ကြက္အသစ္မ်ားကို ျပင္ဆင္ခ်င္သည့္ အမတ္ ဝါမ်ား တစ္ဖက္နဲ႔ ပြဲကတျဖည္းျဖည္း ၾကမ္း လာေနေၾကာင္း ေတြ႕ရသည္။
.
ယခင္ဘဝရွင္ မင္းၾတားႀကီးမွာ သိုင္းအဓိပ တိႀကီးျဖစ္သည့္အတြက္ ၎ျပဳစုခဲ့သည့္ သိုင္းက်မ္းႀကီးကို အနက္ေရာင္သံမဏိသိုင္းၾကမ္း ႀကီးဟု သတ္မွတ္ေသာ္လည္း အမတ္ဝါမ်ား၏ ဘုရင္မႀကီးက သိုင္းကြက္အသစ္မ်ားျဖင့္လည္း ေကာင္း၊ သိုင္းကြက္အေဟာင္းမ်ားကို ျပဳျပင္ ျခင္းျဖင့္ လည္းေကာင္း၊ အျဖဴေရာင္သိုင္းကြက္ မ်ားျဖစ္လာေစရန္ ႀကိဳးပမ္းေနၾကသည္မွာ လႊတ္ေတာ္အတြင္း သိုင္းၿပိဳင္ပြဲ ယွဥ္ၿပိဳင္ဆင္ ႏြဲေနၾကသည့္ အလားပမာပင္။
.
ယခင္လႊတ္သက္တမ္းအတြင္းက အျပာ ဖက္မွ အမတ္ႀကီးတစ္ဦးအကူအညီျဖင့္ အမတ္ ဝါမ်ား သိုင္းၾကမ္းႀကီးကို မျပင္ႏုိင္ခဲ့ေသာ္လည္း ခုသာခံသာရွိခဲ့သည့္အတြက္ ယင္းအမတ္ႀကီး မွာ အမတ္ျပာမ်ားဖက္မွ သစၥာေဖာက္အျဖစ္ ထုတ္ပယ္ခဲ့သျဖင့္ အဝါဖက္သို႔ေျပးကပ္ေသာ္ လည္း အေရာင္ပ်က္အျဖစ္သာ သတ္မွတ္သျဖင့္ ယခုလႊတ္ေတာ္သက္တမ္းတြင္ သီးျခားအေရာင္ အျဖစ္ တစ္စင္ထူၿပီး ေနာက္လႊတ္ေတာ္သက္ တမ္းတြင္ ေနရာရရွိေရး ႀကိဳးပမ္းလ်က္ရွိ ေၾကာင္း ေတြ႕ရသည္။
.
သိုင္းက်မ္းပိုင္ရွင္ အဓိပဓိႀကီးမွာ သက္ ေတာ္ႀကီးရင့္လွၿပီျဖစ္ေသာ္လည္း အစြမ္းမ်ား ေတာက္ပဆဲျဖစ္ေၾကာင္း ၎၏သိုင္းသမား အမတ္မ်ား အထူးသျဖင့္ ရဲမက္မ်ားကို ၾကည့္ ျခင္းျဖင့္ သိရွိႏိုင္ရာ ၎ျပဳစုခဲ့သည့္ သိုင္းက်မ္း ႀကီးမွာ ၿဖိဳဖ်က္၍ မရႏုိင္ေလာက္ေအာင္ ေတာင့္ တင္းခိုင္မာေနသည္ဟု ထင္ရေသာ္လည္း ျပည့္ရွင္ ဘုရင္မႀကီးမွာလည္း မေခလွသည့္ပ ညာစြမ္းမ်ားျဖင့္ သိုင္းက်မ္းႀကီးကိုျပင္ဆင္လ်က္ ရွိသည္မွာ တိုင္းသူျပည္သားမ်ား အတြက္ ဘယ္အခ်ိန္ဘာျဖစ္မလဲေတြးဆရင္း ရင္တမမရွိ ေနၾကရသလို နယ္စြန္နယ္ဖ်ားမွ သူပုန္သူကန္ မ်ားကလည္း နယ္ေျမလုရင္း၊ စီးပြားရွာရင္း၊ စင္ၿပိဳင္အဖြဲ႕မ်ားျဖင့္ တိုင္းျပည္ကို အေရာင္ဆိုး ေနၾကရာ သိုင္းၾကမ္းႀကီးကိုပဲ ျပင္ႏိုင္ပါ့မလား၊ အဆင္ေျပသြားမွာလား၊ သို႔မဟုတ္ ၿငိမ္းခ်မ္း ေရး ေတးဆိုႏိုင္မလား၊ သို႔မဟုတ္ လႊတ္ေတာ္ အတြင္းယွဥ္ၿပိဳင္မႈမွ လႊတ္ေတာ္ျပင္ပယွဥ္ၿပိဳင္မႈ အျဖစ္ ေရာက္ရွိလာၿပီး (ကာလပ်က္) ျဖစ္သြား မည္လား၊ မည္လားေပါင္းမ်ားစြာျဖင့္ ပူပန္ေန ၾကရာ အဓိကမွာ ရဲမက္တပ္မေတာ္ႀကီး၏ အ ေနအထားျဖစ္သည့္အတြက္ မၿပီးေသးသည့္ ပံု ျပင္တစ္ပုဒ္ကို တိုင္းသူျပည္သားမ်ားမွ စိုးရိမ္ တႀကီးႏွင့္ ရင္တမမျဖစ္ေနရပါေၾကာင္း။
.
အတူတကြ ဝိုင္းဝန္းစားမွ အရသာရွိ၏ အတူတကြ ဝိုင္းဝန္းမမွ ေပါ့၏ဆိုတာ တိုင္းရင္း သားစည္းလံုးညီၫြတ္ေရးနဲ႔ အနာဂတ္ဖက္ဒ ရယ္ျပည္ေထာင္စုႀကီးအတြက္ ဤေဆာင္းပါး ရဲ႕ေစတနာအၫႊန္းပါ။
.
မဂၤလာရွိေသာ တိုင္းျပည္ႀကီးျဖစ္လာဖို႔အ တြက္ အေရာင္ေတြဘယ္ေလာက္ေျပာင္းေျပာင္း ပ်က္ပ်က္၊ ဘယ္ေလာက္ကြာျခားျခား အားလံုး စုေပါင္းပါက အျဖဴေရာင္အျဖစ္ျမင္ႏိုင္သည့္ အေျခအေနကို ဖန္တီးႏိုင္ပါေစေၾကာင္း ဆႏၵျပဳရင္းျဖင့္။ ။
.
====================================
ကာလာပျက်နိုင်ငံတော် မဖြစ်စေဖို့
စိုင်းသိင်္ခသူ
.
ကာလာပျက် (Discolouration) ဟုဖတ်ရန် ကာလပျက် (Catastrophe) ဟု မှားမဖတ်ရန် ဦးစွာ မေတ္တာရပ် ခံအပ်ကြောင်းပါ။
.
ပီသကြည်မြသည့် အရောင်တစ်ရောင်မှ အခြားအရောင် တစ်ရောင်သို့ ကူးပြောင်းနေစဉ် ကြားအရောင်ကို ကာလာပျက်(အရောင်ပျက်) လို့ သတ်မှတ်နိိုင်မယ်ထင်ပါတယ်။
.
လောကမှာ သီးခြားအရောင်တွေရှိတယ်ဆို ပေမယ့် ကာလာပျက်တွေကတော့ နေရာတကာ မှာရှိနေတာ အတော်များများ သတိထားမိမှာပါ။ အရောင်ပျက်တွေဟာ လမ်းတွေပေါ်မှာ၊ သစ် ပင်တွေပေါ်မှာ၊ လူတွေကြားမှာ ရှင်သန်လှုပ်ရှား နေကြတာ ရှာသောသူတွေ့မှာပါ။ နယ်ပယ်စုံမှာ လည်း အရောင်ပျက်တွေ များပြားနေတာ လေ့ လာကြည့်ရင် တွေ့မှာပါ။
.
လူသားတွေက ပုံမှန် ကာလာတွေကို နှစ် သက်ကြတယ်ဆိုပေမယ့် အရောင်ပျက်အရောင် ရောတွေကလည်း အတိုင်းအတာ တစ်ခုအထိ တော့ အကြိုက် များကြတာကလား။ အရှင်းဆုံး ဥပမာပြောရရင်တော့ အနက်ရောင် ဆံပင်ကနေ အသက်ရလာလို့ အဖြူရောင် မပြောင်းခင် မီး ခိုးရောင်ဟာ ကာလာပျက်တဲ့လေ။
.
လူ့မျက်လုံးက အရောင်တွေ ကာလာစဉ် ကို မြင်တာမှာ ခွဲခြားသိမြင်ပေမယ့် စုပေါင်း အရောင်တွေ အားလုံးဟာ သေချာ မြင်အောင် လည်ပြီး ကြည့်ရင် အဖြူရောင်လို့ အမြင် မှတ်တယ်ဆိုတာလည်း သိပ္ပံပညာရှင်တွေက ပြုစုထားပါတယ်။
.
ပြောချင်တာကတော့ နယ်ပယ်အသီးသီးမှာ ကာလာပျက်၊ အရောင်ပျက်၊ အရောင်ရောတွေ ရှိနေတာကို လူတွေသိမြင်စေဖို့နဲ့ ပေါင်းစုအင် အားရရင် အဖြူရောင်ဆိုတာ သိမြင်စေဖို့ပါ။ အမြင်တူဖို့ပဲ လိုပါတယ်။
.
လက်ရှိမြန်မာ့နိုင်ငံရေး  အခြေအနေမှာလည်း အာဏာရှင်လက်ထက်မှသည် အာဏာရှင်ကိုယ်စားပြု ကိုယ်စားလှယ်များနှင့် ပြည်သူကိုယ်စားပြု ကိုယ်စားလှယ်များအား ပြိုင်နေကြရသည့် အခြေအနေ ဖြစ်သဖြင့် အသွင်ကူး ပြောင်းခြင်းကာလ တစ်နည်းအားဖြင့် အရောင် ပျက်ကာလ ဖြစ်နေပါတယ်။ ဆိုလိုတာက အ နက်ရောင်ကနေ အဖြူရောင်ကို ကူးပြောင်းဆဲ မီးခိုးရောင် (Grey) ကာလာဖြစ်နေသည် ဟု ဆိုရမည် ဖြစ်သည်။
.
ထိုကာလမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးများတွင်လည်း အရောင်ပျက်များ ပိုမိုသိသာစွာ စိုးမိုးလာလျက်ရှိနေတာကိုလည်း ဆန်းစစ်မိတယ်၊ ဒီမှာထူးခြားတာက အရင် ခေတ်အသိ အတွေးခေါ်များကနေ ယခုခေတ် သစ်အတွေးအခေါ်ကို ပြောင်းလဲလာတဲ့ အရောင် ပျက်များကိုတော့ လှိုက်လှဲစွာကြိုဆိုရမှာဖြစ်ပါ တယ်။ မလိုလားအပ်တဲ့ အရောင်စစ်စစ်ကနေ အားလျော့အရောင်ဖြစ်လာတာကကိုပဲ ကျေနပ် စရာအခြေအနေတစ်ခုလို့ ဆိုနိုင်ပါတယ်။
.
အုပ်ချုပ်ရေးနယ်ပယ်မှာဆိုရင် အထွေထွေ အုပ်ချုပ်ရေးကို ပြည်ထဲရေးအောက်ကနေ သီး ခြားဝန်ကြီးဌာနအောက် ခွဲထုတ်နိုင်ခြင်းကလည်း အရောင်ပျက်ကာလရဲ့ ကောင်းမွန်တဲ့ အပြောင်း အလဲတစ်ခုဖြစ်သလို အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်ကနေ အရေးယူနေတဲ့ဖြစ်ရပ် များကလည်း လူထုကျေနပ်လောက်ဖွယ် မရှိ ပေမယ့် ကာလာပျက် ကာလရဲ့ အောင်မြင်မှု မှတ်တိုင်တွေလို့ ဆိုရမှာပါ။
.
၂ဝဝ၈ စာအုပ်အစိမ်းဟာ အရင်လူများရဲ့ အလွန်ကြီးမားတဲ့ အဟန့်အတားကြီးတစ်ခုပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာအစိုးရနဲ့ ပြည်သူ တွေကြားမှာ သဘောတူထားတဲ့စာချုပ်ဖြစ်ရမှာ ပါ။ အဲ့ဒီစာချုပ်က ဖိနှိပ်ရေးတဖက်သတ်စာချုပ် ဆိုရင် ဒါဟာ ပြည်သူအတွက် ဖျက်လို့ရရင် ဖျက်၊ ဖျက်လို့ မရရင် ပြင်ရမယ့် မလွဲမသွေ လုပ် ရမယ့် တိုင်းပြုပြည်ပြု အဓိက အလုပ်ကြီးပါ။ အစိုးရနဲ့ ပြည်သူအကြား သဘောမတူရင် အ ခြေခံဥပဒေဆိုတာ စက္ကူစုတ် တစ်ခုလောက်သာ သာပဲ ရှိမှာဖြစ်တယ်လို့ အာဏာရှင်ဖြစ်တဲ့ ဟစ် တလာခေတ်ကို လေ့လာကြည့်ရင် တွေ့နို်င်မှာ ဖြစ်ပါတယ်။
.
ယနေ့ခေတ် နယ်ပယ်များအတွင်း အထူး သဖြင့် နိုင်ငံရေးနယ်ပယ်တွင် အရောင်ပျက်များ တွေ့ရှိနေရသည်မှာ တွေ့မြင်ရသူများအဖို့ အား မလိုအားမရဖြစ်မိပါတယ်။ အရင်က ဆန့်ကျင် ဘက်အရောင်ကနေ ယခုခေတ်စားနေသည့် အရောင်သို့ ပြောင်းလဲလာကြတာမှာ အရင်က မကောင်းဘယ်လောက် ပြောခဲ့သလောက် အ ခုမှာ ခွင့်လွတ်သည်သာမက တကယ့်နေရာများ တွင် အရာပေးသည်များကလည်း လူထုအတွက် အမြင်မလှပါဘူး၊ အဆိုပါအရောင်ပျက်များမှာ ယခင်သခင်အပေါ် သစ္စာရှိ/မရှိ မသိရသလို ယခုသခင်အသစ်ပေါ်လည်း သစ္စာစောင့်သိ/ မသိမသိနိုင်သည့် အခြေအနေဖြစ်လို့ အရောင် ပျက်များမှ ပီပြင်လာသည့် အရောင်သို့မရောက် မချင်း ယုံကြည်စိတ်ချ၍မရနိုင်ဟုထင်ပါတယ်။ အထူးသဖြင့် ခေတ်စကားအရ (ခါတော်မီအော် ဖား) ဟုဆိုနိုင်သည့် အရောင်ပြောင်း အရောင်ပျက်များကတော့ မလိုလားအပ်တဲ့ အရာများဟု သတ်မှတ်သင့်ပါတယ်။
.
အာဏာ၊ ငွေစတဲ့အပေါ်တွေမှာ အမှီပြုရင်း ခြံခုန်ကူးလာသူတွေ၊ တစ်ဖက်မှာနေရာမရလို့ တစ်ဖက်ကိုပြောင်းတဲ့သူတွေ၊ တစ်ဖက်မှာ အန္တရာယ်ရှိလို့ တစ်ဖက်ကိုခိုလှုံလာသူတွေကလည်း ကာလာပျက်တွေပါပဲ။ သို့သော်လည်း ကိုယ့်အ တွက်အသုံးကျတာဖြစ်လို့ အရောင်အပြည့်အဝ ပြောင်းနိုင်စွမ်းရှိတယ်ဆိုရင်တော့ အသုံးချသင့် တာ မှန်နိုင်ပါတယ်။ ဒါပေမယ့် အပြည့်အဝယုံ ကြည်ရသူစာရင်းမှာတော့ ထည့်သွင်းမရနိုင်ဘူး လို့ သတ်မှတ်ကြမယ် ထင်ပါတယ်။ အဓိက တော့ ဒီမိုကရေစီအတွက် ကြိုးပမ်းနေရင်း လမ်းမပျောက်ကြဖို့ပါဘဲ။ တစ်ဖက်က မင်္ဂလာရှိ တဲ့ အတိုက်အခံဖြစ်ဖို့လည်း လိုပါတယ်။
.
ကွယ်လွန်ခဲ့တဲ့ ဝါးခယ်မသား ဝန်ကြီးချုပ် ဟောင်း ဦးနု (၁၉ဝရ-၁၉၉၅) က လွတ်လပ် ရေးတည်တံ့ရန် လုပ်ပေးဖို့အချက်မှာ မင်္ဂလာရှိ သော အစိုးရရှိရမယ်၊ မင်္ဂလာရှိသော အတိုက် အခံရှိရမယ်၊ မင်္ဂလာရှိသော ပြည်သူရှိရမယ် လို့ ဆိုခဲ့ဖူးပါတယ်။ ၎င်းကပဲ ခုခေတ်ထိ လွှမ်း ခြုံနိုင်စွမ်းရှိတဲ့ သက်တမ်းပြည့်လို့ အနားယူ သွားချိန်မှာ နဂိုကပိုင်ဆိုင်မှုထက် တစ်ပြားတစ် ချပ်ပိုခဲ့ရင် သူ့ကိုသူခိုးလို့ ဝိုင်းခေါ်ပါလို့ ပြောခဲ့ တာ အမှတ်ရမိနေပါတယ်။ အဓိကတော့ တိုင်း ပြည်ဘဏ္ဍာ ကိုယ့်ဟာမှတ်ပြီး နိုင်ငံရေးကို လုပ် စားကြတဲ့သူတွေကို ပြောချင်တဲ့ စကားဖြစ်တယ် လို့ မှတ်သားမိပါတယ်။
.
ရှေ့က အာဏာရှင်ခေတ် လုပ်ပိုင်ခွင့်ရသူ တွေ မဆိုထားနဲ့ ပြီးခဲ့တဲ့ ပထမလွှတ်တော်သက် တမ်းမှာကိုပဲ အချို့သော အာဏာမရဖူးသူများ လုပ်ပိုင်ခွင့်ရလာတဲ့အခါမှာ လာဘ်လာဘကို မက်ပြီး ဗြောင်အရောင်ပြောင်းသွားသူ ခြံခုန်ကူး ခဲ့သူတွေ ရှိခဲ့တာ မဝေးလှသေးတဲ့ အချိန်ဖြစ်လို့ လက်ညှိုးထိုးပြလို့ရနေပါသေးတယ်။
.
ဒီခေတ်မှာလဲရှိလာတဲ့ ပြယုဂ်တွေ ရှိနေဆဲ ပါ။ ဒါကြောင့်မို့လို့ အရောင်ပျက်ကာလအတွင်း မှာ ဟိုဖက်ဒီဖက်ပြောင်းကြတဲ့ ခေတ်အရအ ကောင်းဖက်ကို ပြောင်းတာကတော့ ဘာပဲဖြစ် ဖြစ် ကြိုဆိုရမှာ ဖြစ်ကြောင်းပါ။
.
သို့သော်လည်း ဘဝတူ၊ လူမျိုးတူ၊ ပါတီတူ သူတွေက ပြောင်းကြတဲ့အခါ သူတို့ဘက်က ကြည့်ရင်တော့ သူရဲကောင်း၊ ငါတို့ဘက်က ကြည့်တော့ သစ္စာဖောက်ဆိုတာကို ကွယ်လွန် သူစာရေးဆရာကြီး မောင်သာရက စာပေနဲ့ရေး သားထောက်ပြ ခဲ့တာပါပဲ။ အင်္ဂလိပ်ခေတ်မှာအ လိုတော်ရိ၊ ဂျပန်ခေတ်မှာတော့ စကားပြန်ဆိုတာ တွေဟာ လူထုရဲ့ချဉ်ဖတ်အရောင်ပြောင်း ကြ တဲ့သူတွေလို့ ဆိုချင်ပါတယ်။ လက်ညှိုးထောင် ခေါင်းငြိမ့်၊ လှေနံဓားထစ်၊ အစွန်းရောက်ပုဂ္ဂိုလ် ရေးကိုးကွယ်မှုတွေကလည်း အာဏာရှင်စနစ် တစ်ခုခုကို တွန်းပို့နိုင်တယ်ဆိုတာလည်း သတိ ချပ်ဖို့ လိုမှာဖြစ်ပါတယ်။
.
ပထမအကြိမ်လွှတ်တော်သက်တမ်း အခြေ အနေမျိုးမဟုတ်ဘဲကာလာပြောင်းတဲ့ လတ်တ လောဒုတိယအကြိမ် လွှတ်တော်သက်တမ်းရဲ့ ဇူလိုင်လ ၁၅ ရက်က ပြုလုပ်တဲ့ ၁၃ ကြိမ် မြောက် ပုံမှန်အစည်းအဝေးကိုပြောရမယ်ဆို ရင် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မ တီရဲ့ အစီရင်ခံစာ ဖတ်ကြားတင်သွင်းမှုရဲ့ လွှတ်တော်တွင်းအခြေအနေကို ဖော်ပြပါရစေ။
.
ဇူလိုင်လ ၁၅ ရက်ကအခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ ဖတ်ကြားတင်သွင်းတဲ့အခါမှာ လွှတ်တော်နာယ ကရဲ့ ခွင့်ပြုချက်မရဘဲ မတ်တပ်ရပ်ဆွေးနွေးမှု တွေရှိခဲ့တယ်လို့ သတင်းဌာနအချို့(သတင်းတ မန်) က ဖော်ပြခဲ့တာတွေ့ရပါတယ်။ လွှတ်တော် နာယကမှ အမည်စာရင်းတင်သွင်းဖို့ ကြေညာ ရာမှာ USDP   အမတ် မင်းကင်းမြို့နယ်က ဦး မောင်မြင့်က ထဆွေးနွေးသလို၊ NLD အမတ် တစ်ဦး (အမည်မဖော်ပြ) တို့အပြန်အလှန်ဆွေး နွေးခဲ့ကြတယ်လို့ သတင်းမှာပါရှိပါတယ်။ ကော် မတီက တင်သွင်းတဲ့ အစီရင်ခံစာမှာ အခန်း ၁၅ ခန်း၊ (ပြင်ဆင်၊ပယ်ဖျက်၊ဖြည့်စွက်) အကြံ ပြုချက်ပေါင်း ၃၇၆၅ ချက်ပါရှိပြီး၊ ထုတ်နုတ် ဖော်ပြရာတွင် အခန်း ၄ ဥပဒေပြုရေးအတွက် အကြံပြုချက် ၈၅၉ ချက်၊ အခန်း ၅ အုပ်ချုပ် ရေးအတွက် အကြံပြုချက် ၁၂၁၁ ချက်၊ အခန်း ၆ တရားစီရင်ရေးအတွက် အကြံပြုချက် ၆၃၂ ချက်၊ အခန်း(၇) တပ်မတော်ဟူသော အခန်း ကဏ္ဍအတွက် အကြံပြုချက် ၄၂ ချက်၊ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အခန်း အတွက် အကြံပြုချက် ၂ဝ တို့ ပါရှိကြောင်း သိရပါတယ်။ ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ် ဖျက်ရန် အကြံပြုမှုမခံရသော ပုဒ်မ၊ အချက် များကိုတော့ မူလအတိုင်းထားရှိရန် သဘောတူ ထားကြောင်း သိရပါတယ်။ ထူးခြားတာက ခြေ/ဥ ပြင်မယ်ဆိုတာက NLD လို့ဆိုပေမယ့် အောက်ပါစာရင်းကတော့ တိုင်းရင်းသား ပါတီ တွေက အပြင်ချင်ဆုံးတွေ့ရမှာပါ။
.
ခြေ/ဥပြင်ဖို့ အကြံပြုချက်ပေါင်း ၃၇၆၅ ချက်မှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်က ၁၁၁၂ ချက်၊ ANP  ရခိုင်အမျိုး သားပါတီက ၈၅၈ ချက်ရှိပြီး NLD ကတော့ ၁၁၃ ချက်ပဲရှိတာ တွေ့ရမှာဖြစ်ပါတယ်။
.
အဲဒီမှာ ၄၅ ဦး ကော်မတီက ၃ လတာ ကာလအတွင်း ၂၅ ကြိမ် အစည်းအဝေး ခေါ်ခဲ့ပြီး ပါတီတွေရဲ့ အကြံပြုချက်တွေ၊ (ပြင်ဆင်၊ ပယ် ဖျက်၊ ဖြည့်စွက်)ချက် ၃၇၆၅ ပါဝင်တာဖြစ်ပြီး စုစုပေါင်း စာမျက်နှာ ၃၅၃ မျက်နှာရှိလို့ လွှတ် တော်နာယက သတ်မှတ်တဲ့ ဇူလိုင် ၁၈ ရက်က ဆွေးနွေးရမယ့် ကိုယ်စားလှယ်တွေအတွက် အချိန်နည်းလွန်းတာဖြစ်တဲ့အတွက် နာယကမှ ဇူလိုင် ၂၂ ရက်ကို ပြောင်းလဲသတ်မှတ်တာဖြစ်ပြီး ဒီဆောင်းပါးက အရင်ကြိုတင်ထွက်မှာဖြစ်လို့ ဆွေးနွေးတာတွေတော့ မပါနိုင်တော့ပါဘူး။
.
သို့သော်လည်းပဲ အဲဒီတင်သွင်းတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီကိစ္စ၊ အစီရင်ခံစာ ကိစ္စများဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခန်း ၁၂ ပါ အချက်အလက် များနဲ့ ကိုက်ညီခြင်း မရှိကြောင်း တပ်မတော်က အချက် ၃ ချက် တင်သွင်းထားကြောင်း၊ ယင်း အချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကော်မတီ ဖွဲ့စည်းစဉ်ကတည်းကပင် တပ်မ တော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ က ကန့်ကွက်ခဲ့ကြခြင်း၊ သို့သော် လွှတ်တော် ကို လေးစားလိုက်နာသောအားဖြင့် ကော်မတီ ဖွဲ့စည်းပြီးနောက်တွင် ပါဝင်ခဲ့ကြောင်း၊ သို့သော် မည်သည့်အကြံပြုချက်မှ မပေးခဲ့ကြောင်း သို့အ တွက် ဖွဲ့စည်းပုံံအခြေခံဥပဒေ အခန်း ၁၂ ပါ (ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး) အ ချက်အလက်များနှင့် ကိုက်ညီမှုမရှိကြောင်း ဆိုထားတာ တွေ့မြင်ရပါတယ်။
.
ဇူလိုင်လ ၁၅ ရက်က ဧရာဝတီတိုင်းဒေသ ကြီး၊ USDP ကပြောရေးဆိုခွင့်ရှိသူ ဦးဝင်းကိုကို ကလည်း နိုင်ငံရဲ့အမျိုးသားရေးစရိုက်ကို ထိပါး လာရင် အပြင်းအထန်တုံ့ပြန် ကန့်ကွက်သွား မည်လို့ မီဒီယာတွေကို ပြောပါတယ်။
.
(ဆလိုင်းလျန်ဆာမုန်း စုဆောင်းတင်ပြသည့် ပင်လုံ ကတိကဝတ်များ စာအုပ်ထဲက တောင် ကြီးဦးထွန်းမြင့်၏ ပြည်ထောင်စုတွင်းမှ တန်းတူ ရှမ်းပြည်ရေးသားသည့် ဆောင်းပါးတွင် အခြေခံဥပဒေပြင်ဆင်နည်း ခေါင်းစဉ် အောက်တွင် ဖွင့်ဆိုရေးသားထားသည့် အထဲမှ ကောက်နုတ်ဖော် ပြရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ခြင်းနဲ့ ပတ်သက်လို့ အခြေခံဥပဒေကို ၂ မျိုး ၂ စား ခွဲခြားထားကြောင်း ဖော်ပြထားပြီး ပါလီမန်မှ အလွယ်တကူ ပြင်ဆင်နိုင်ရင် ပြင်ဆင်လွယ်သော အခြေခံဥပဒေ (Flexible Constitution) ဟု ခေါ်ကြောင်း ဗြိတိန်၊ အီတလီ နိုင်ငံတို့ တွင် အခြေခံဥပဒေကို သာမန်ဥပဒေများ အတည်ပြု ပြင်ဆင်နိုင်တဲ့ ပါလီမန်က ပြင်ဆင်နိုင်တဲ့ အာဏာ ရှိကြောင်း၊ အခြားနိုင်ငံများ ဥပမာ အမေရိကန်၊ ပြင်သစ်၊ ဆိုဗီယက်ယူနီယံ၊ ဆွစ်ဇာလန်၊ မြန်မာနိုင်ငံတို့တွင် အခြားဥပဒေများ နည်းတူ ပြင်ဆင်နိုင်ခွင့်မရှိဟု ဖော်ပြထားပါတယ်။ အခြေခံဥပဒေ ပြင်ဆင်နိုင်သော နည်းကို အခြေခံဥပဒေမှာအထူးသတ်မှတ်ပြဌာန်းထားပြီး ထိုအခြေခံဥပဒေမျိုးကို ကျပ်တည်းသော အခြေခံဥပဒေ (Rigid Constitution)ဟုခေါ်တွင်ကြောင်း ပါရှိသည်ကို လေ့လာသိရှိ ထားရသည့်အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာလည်း အလွယ်တကူ ပြင်မရစေရန် ကျပ်တည်းသည့် အနေအထားများဖြင့် ပြုထားခြင်းဟု ယူဆပါတယ်။
.
နိုင်ငံတော်ရဲ့ အလံကိုလည်း NLD က ပြောင်းလဲရန် အဆိုပြုထားပြီး ယခင် ၁၉၄၇ လွတ်လပ်ရေး ရယူစဉ်က အလံပုံစံ အနီ အောက်ခံ အပြာရောင်လေးထောင့်ကွက်တွင် ကြယ်ကြီး တစ်လုံးကို ကြယ် ၁၄ လုံးက ပတ် ပတ်လည် ဝိုင်းရံထားသည့်ပုံစံကို အဆိုပြုထား သည်ကို တွေ့ရကာ လက်ရှိအလံတော်မှာ ယ ခင်စစ်အစိုးရပြောင်းကာနီးအချိန်တွင် SSA ရဲ့ တပ်အလံဟု လည်းကောင်း၊ ဒေါက်တာ တင့် ဆွေက ၁၉၉၅ တွင် NCGUP မာနယ်ပ လောရုံးတွင် တင်ထားခဲ့သည့် အလံဟုလည်း ကောင်း၊ ၂ဝဝဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁ဝ ရက်က အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့မှာ NCGUP အဖွဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ အလံ ဟုလည်းကောင်း၊ သက်သေသာဓကများဖြင့် ပြောဆိုမှုများ ရှိနေကြကြောင်း သိရပါတယ်။ နိုင်ငံရေး နယ်ပယ်ကတော့ ယခု အလံမှာ ထိုင်ဝမ် ကူမင်တန်အလံနှင့် သွားဆင်နေပြီး အခုအလံမှာ အာဖရိကတိုက်က အလံတွေနဲ့ သွားတူနေတယ်လို့ ဝေဖန်နေကြကြောင်းပါ။ ယခုဆောင်းပါးကို အောက်ကပုံပြင်လေးနဲ့ အ ဆုံးသတ် ချင်ပါတယ်။ (Satire) ပါ။
.
ရှေးမြန်မာ့လွှတ်တော်တစ်ခု၏ မြင်ကွင်း
လွှတ်တော်တွင်ရှင်ဘုရင်နှင့် လွှတ်တော်အ မတ်များ၊ မင်းညီမင်းသားများ၊ ရဲမက်များဖြင့် အရောင်စုံလွှမ်းလျက်ရှိသည်။ အထူးသဖြင့် အ မတ်များတွင် ဝတ်လုံအဝါနှင့် အပြာမှာအင်အား ကြီးအမတ်များဖြစ်ကာ အခြားအရောင်များမှာ အင်အားနည်း အမတ်များဖြစ်သည်။
.
ယခင်ရှင်ဘုရင်လက်ထက် လွှတ်တော်တွင် အစိမ်းအင်အား ကြီးစိုးခဲ့သဖြင့် အငြင်းပွားစရာ  ထိုင်ထ လေ့ကျင့်ခန်း နည်းပါးခဲ့သော်လည်း ယခုဘုရင်မ လက်ထက်တွင်မူ အဝါအမတ်များ ကြီးစိုးထားသဖြင့် အိပ်ချင်ပြေ အထို်င်အထလေ့ ကျင့်ခန်းများ မကြာခဏပြုလုပ်လျက်ရှိပေသည် အထူးသဖြင့် အမတ်ပြာများဘက်ကို ထောက်ခံ သည့် ရဲမက်များမှ လေ့ကျင့်ခန်းများကြကြောင်း လွှတ်တော်မှတ်တမ်းတွင် တွေ့မြင်ရသည်။ ဝတ်လုံပြောင်းသွားကြသူများ အနည်းငယ် ရှိ နေကြောင်း သိရှိရသော်လည်း သိသာလောက် အောင် အင်အားထိခိုက်မှုမျိုး မရှိကြသဖြင့် လွှတ် တော်သဘင်တွင် တိုင်းနိုင်ငံအတွက် ယှဉ်ပြိုင်ကြရင်း ပါဝါ လွန်ဆွဲနေကြပေသည်။ အဓိကအကြောင်းအရာမှာ ယခင် အာဏာရှင် ဘဝ ရှင်မင်းတရား ကြီးလက်ထက်က ပြုစုခဲ့သည့် သိုင်း ကြမ်းကြီး၏ သိုင်းကွက်များအား ပြင် ဆင်ရန် ငြင်းခုန်ကြသည့်အခါ အထိုင်အထ ပို မို ပြင်းထန် ကြသည်ကို တွေ့ရသည်။ မူလ သိုင်းကြမ်းကြီးကို အထိမခံသည့် အ မတ်ပြာများနှင့် ရဲမက်များက တစ်ဖက်၊ သိုင်း ကွက်အသစ်များကို ပြင်ဆင်ချင်သည့် အမတ် ဝါများ တစ်ဖက်နဲ့ ပွဲကတဖြည်းဖြည်း ကြမ်း လာနေကြောင်း တွေ့ရသည်။
.
ယခင်ဘဝရှင် မင်းတြားကြီးမှာ သိုင်းအဓိပ တိကြီးဖြစ်သည့်အတွက် ၎င်းပြုစုခဲ့သည့် သိုင်းကျမ်းကြီးကို အနက်ရောင်သံမဏိသိုင်းကြမ်း ကြီးဟု သတ်မှတ်သော်လည်း အမတ်ဝါများ၏ ဘုရင်မကြီးက သိုင်းကွက်အသစ်များဖြင့်လည်း ကောင်း၊ သိုင်းကွက်အဟောင်းများကို ပြုပြင် ခြင်းဖြင့် လည်းကောင်း၊ အဖြူရောင်သိုင်းကွက် များဖြစ်လာစေရန် ကြိုးပမ်းနေကြသည်မှာ လွှတ်တော်အတွင်း သိုင်းပြိုင်ပွဲ ယှဉ်ပြိုင်ဆင် နွဲနေကြသည့် အလားပမာပင်။
.
ယခင်လွှတ်သက်တမ်းအတွင်းက အပြာ ဖက်မှ အမတ်ကြီးတစ်ဦးအကူအညီဖြင့် အမတ် ဝါများ သိုင်းကြမ်းကြီးကို မပြင်နိုင်ခဲ့သော်လည်း ခုသာခံသာရှိခဲ့သည့်အတွက် ယင်းအမတ်ကြီး မှာ အမတ်ပြာများဖက်မှ သစ္စာဖောက်အဖြစ် ထုတ်ပယ်ခဲ့သဖြင့် အဝါဖက်သို့ပြေးကပ်သော် လည်း အရောင်ပျက်အဖြစ်သာ သတ်မှတ်သဖြင့် ယခုလွှတ်တော်သက်တမ်းတွင် သီးခြားအရောင် အဖြစ် တစ်စင်ထူပြီး နောက်လွှတ်တော်သက် တမ်းတွင် နေရာရရှိရေး ကြိုးပမ်းလျက်ရှိ ကြောင်း တွေ့ရသည်။
.          
သိုင်းကျမ်းပိုင်ရှင် အဓိပဓိကြီးမှာ သက် တော်ကြီးရင့်လှပြီဖြစ်သော်လည်း အစွမ်းများ တောက်ပဆဲဖြစ်ကြောင်း ၎င်း၏သိုင်းသမား အမတ်များ အထူးသဖြင့် ရဲမက်များကို ကြည့် ခြင်းဖြင့် သိရှိနိုင်ရာ ၎င်းပြုစုခဲ့သည့် သိုင်းကျမ်း ကြီးမှာ ဖြိုဖျက်၍ မရနိုင်လောက်အောင် တောင့် တင်းခိုင်မာနေသည်ဟု ထင်ရသော်လည်း ပြည့်ရှင် ဘုရင်မကြီးမှာလည်း မခေလှသည့်ပ ညာစွမ်းများဖြင့် သိုင်းကျမ်းကြီးကိုပြင်ဆင်လျက် ရှိသည်မှာ တိုင်းသူပြည်သားများ အတွက် ဘယ်အချိန်ဘာဖြစ်မလဲတွေးဆရင်း ရင်တမမရှိ နေကြရသလို နယ်စွန်နယ်ဖျားမှ သူပုန်သူကန် များကလည်း နယ်မြေလုရင်း၊ စီးပွားရှာရင်း၊ စင်ပြိုင်အဖွဲ့များဖြင့် တိုင်းပြည်ကို အရောင်ဆိုး နေကြရာ သိုင်းကြမ်းကြီးကိုပဲ ပြင်နိုင်ပါ့မလား၊ အဆင်ပြေသွားမှာလား၊ သို့မဟုတ် ငြိမ်းချမ်း ရေး တေးဆိုနိုင်မလား၊ သို့မဟုတ် လွှတ်တော် အတွင်းယှဉ်ပြိုင်မှုမှ လွှတ်တော်ပြင်ပယှဉ်ပြိုင်မှု အဖြစ် ရောက်ရှိလာပြီး (ကာလပျက်) ဖြစ်သွား မည်လား၊ မည်လားပေါင်းများစွာဖြင့် ပူပန်နေ ကြရာ အဓိကမှာ ရဲမက်တပ်မတော်ကြီး၏ အ နေအထားဖြစ်သည့်အတွက် မပြီးသေးသည့် ပုံ ပြင်တစ်ပုဒ်ကို တိုင်းသူပြည်သားများမှ စိုးရိမ် တကြီးနှင့် ရင်တမမဖြစ်နေရပါကြောင်း။
.
အတူတကွ ဝိုင်းဝန်းစားမှ အရသာရှိ၏ အတူတကွ ဝိုင်းဝန်းမမှ ပေါ့၏ဆိုတာ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးနဲ့ အနာဂတ်ဖက်ဒ ရယ်ပြည်ထောင်စုကြီးအတွက် ဤဆောင်းပါး ရဲ့စေတနာအညွှန်းပါ။
.
မင်္ဂလာရှိသော တိုင်းပြည်ကြီးဖြစ်လာဖို့အ တွက် အရောင်တွေဘယ်လောက်ပြောင်းပြောင်း ပျက်ပျက်၊ ဘယ်လောက်ကွာခြားခြား အားလုံး စုပေါင်းပါက အဖြူရောင်အဖြစ်မြင်နိုင်သည့် အခြေအနေကို ဖန်တီးနိုင်ပါစေကြောင်း ဆန္ဒပြုရင်းဖြင့်။ ။
.

No comments:

Post a Comment