ပထမဆုံးအကြိမ် အာဇာနည်နေ့နှင့် ရေတပ်အကြောင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 14, 2019

ပထမဆုံးအကြိမ် အာဇာနည်နေ့နှင့် ရေတပ်အကြောင်း

ကျော်ကျော်လင်း
.
မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ် လျှောက်တွင် နှစ်ပေါင်း ၃၂ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သော မေယုစစ်သင်္ဘောကို ၁၉၄၇ မေလ ၂၅ ရက်နေ့ တနင်္ဂနွေနေ့ ၁၂ နာရီအချိန်တွင် အခမ်းအနားဖြင့် လွဲပြောင်းပေး အပ်ခဲ့သည်။ ထိုစဉ်က ကာကွယ်ရေး ဝန်ကြီး တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်အောင် ဆန်းကိုယ်တိုင် တက်ရောက်ကာ ဂုဏ်ပြုတပ်ဖွဲ့ ကို စစ်ဆေးမိန့်ခွန်းပြောကြားကာ ရေယာဉ်ကို မြန်မာနိုင်ငံ ကိုယ်စားလက်ခံရယူခဲ့သည်။ အ ခမ်းအနားတွင် အင်္ဂလိပ်ဘာသာဖြင့် ဗိုလ်ချုပ် က ပြောကြားခဲ့သည်။ မိန့်ခွန်းထဲတွင် ဤစစ်ရေ ယာဉ်ကို မေယုဟု အမည်ပေးလိုက်ကြောင်း တစ်ပါတည်း ထည့်ပြောခဲ့သည်။ ထို့ကြောင့် ထိုနေ့မှ စ၍ရေယာဉ်အမည်ကို H.M.S Fal မှ HMBS Myayu သို့ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထိုချိန်က မြန်မာ့လွတ်လပ်ရေး မရသေးပါ။ သို့ သော် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့တိုင်း ရင်းသားပေါင်းစုံ တညီတညွှတ်တည်း ဆင်နွဲခဲ့ ကြသည့် ဖက်ဆစ်တော်လှန်ရေးကြီးကို သတိ တရဂုဏ်ပြုသည့် အနေဖြင့် ရခိုင်စစ်မျက်နှာ မေယုမြစ်ဝှမ်း၌ ပါဝင်ဆင်နွဲခဲ့ကြသော မြန်မာရေ တပ်မတော်သားတို့၏ တာဝန် ထမ်းဆောင်မှု အခန်းကဏ္ဍကို မှတ်မှတ်ရရ ထည့်သွင်းပြော ကြား ဂုဏ်ပြုခဲ့သည်။
.
 
.
ရေယာဉ်ကို လွဲပြောင်းစဉ်က စစ်ရေယာဉ်မှူး မှာ ဗြိတိသျှတော်ဝင်ရေတပ်မတော်မှ ဗိုလ်မှူး မစ်ချဲလ်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဦးဆုံးသော မေယုစစ်ရေယာဉ်မှူးမှာ ဗိုလ်ကြီးခင်မောင်ဘို ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်။ ထို့ ကြောင့်မေယုစစ်ရေယာဉ်ကို ၁၉၄၈ ခုနှစ် သြ ဂုတ် ၂၉ ရက်နေ့တွင် မြန်မာ့ရေတပ်မတော်သို့ လွဲပြောင်းပေးခဲ့သည်။ လွတ်လပ်သော မြန်မာ့ ရေတပ်မတော်ပိုင် မေယုကို UBS Mayu သို့ အခေါ်အဝေါ်ပြောင်းလဲခဲ့သည်။ ထိုအချိန်က မေယု စစ်သင်္ဘောကြီး၏ သက်တမ်းမှာ ၅ နှစ်မျှသာရှိသေးရာ ဖရီးဂိတ်အဆင့် စစ်သင်္ဘော ကြီး ပိုင်ဆိုင်သော မြန်မာ့တပ်မတော်သည် ဂုဏ်တက်ခဲ့ပါသည်။ ထိုသင်္ဘောကြီး၏ သမိုင်း အစမှာ ၁၉၄၂ ခုနှစ်မေလတွင် အင်္ဂလန်နိုင်ငံ နယူးကာဆယ်လ်မြို့ရှိ စမစ်သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ပြီး ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် ရေချနိုင်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် တပ်တော်ဝင်ပြီး၍ စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ ရေငုပ် သင်္ဘောတိုက်ဖျက်ရေးနှင့် ကွန်ဗွိုင်ရေယာဉ်အုပ် စု အစောင့်လိုက်တာဝန်များကို ထမ်းဆောင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
.
ထိုသင်္ဘောသည် အတ္တလန္တိတ်သမုဒ္ဒရာ မြောက်ပိုင်းတွင် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ရသည်။ အာဖရိကတောင်ပိုင်း ဖရီး တောင်းမြို့ကို အခြေပြု၍ လာဂိုစ်၊ တာကိုရာစီ နှင့် ဖရီးတောင်းမြို့များကြားရှိ အနောက်အာဖရိ က ရေကြောင်း လမ်းကြောင်းတစ်လျှောက်တွင် ကွန်ဗွိုင်အုပ်စုများကို အစောင့်လိုက် သင်္ဘောအ ဖြစ် လိုက်ပါစောင့်ရှောက်သည်။ ထိုကာလများ သည် အတ္တလန္တိတ်စစ်ဆင်ရေးကြီးကို မဟာ မိတ်တို့က ဆင်နွှဲခဲ့ပြီးဖြစ်သောကြောင့် ဂျာမာန် ရေငုပ် သင်္ဘောများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို မစိုးရိမ်ရတော့ပေ။ ထို့ကြောင့် အစောင့်လိုက် တာဝန်ကိုသာ ထမ်းဆောင်ခဲ့ရသည်။ ၁၉၄၅ ခုနှစ် မေလ ၉ ရက်နေ့တွင် ဥရောပတိုက်တွင် ဂျာမာန်တပ်များလက်နက်ချသည့်အခါ အာရှ တိုက် တွင်လက်နက်မချသေးဘဲ ကျန်ရှိနေသည့် ဖက်ဆစ်ဂျပန်များကို တိုက်ခိုက်ရန် မဟာမိတ် စစ်ရေယာဉ်အချို့ကို စေလွတ်ခဲ့ရာ စစ်ရေယာဉ် မေယုတဖြစ်လည်း Fal လည်းပါဝင်ခဲ့သည်။ ဤစစ် ရေယာဉ်ကြီးကို ဒုတိယကမ္ဘာစစ်အပြီးတွင် အင်္ဂ လိပ်တို့ထံမှ ဗိုလ်ချုပ်ကိုယ်တိုင်လွဲပြောင်းလက်  ခံခဲ့ပါသည်။

.
၁၉၄၈-၅ဝ ကာလများ ပြည်တွင်းဆူပူ သောင်းကျန်းမှုများတွင်လည်း ပါဝင်ခဲ့ရသည်။ စစ်ရေယာဉ်မှူး ဗိုလ်မှူးခင်ဖေကြီး ဦးစီး၍ အင်း စိန်မြို့သိမ်းတိုက်ပွဲ ၁၉၄၈၊ သန်လျင်၊ ကျိုက် ခေါက်ဘုရားတိုက်ပွဲ ၁၉၄၈၊ ကျောက်ဖြူမြို့ သိမ်းတိုက်ပွဲ ၁၉၄၉ နှင့် မော်လမြိုင်မြို့သိမ်း တိုက်ပွဲ ၁၉၅ဝ တို့တွင် ပါဝင်ဆင်နွှဲရပါသည်။ တိုက်ပွဲများသာမက ဘင်္ဂလားဒေ့ရှ်သို့ ချစ်ကြည် ရေး ခရီးစဉ် ၂ ကြိမ်သွားခဲ့ပြီး သြစတေးလျနိုင် ငံသို့ တစ်ကြိမ်နှင့် အိန္ဒိယနိုင်ငံသို့ တစ်ကြိမ်ချစ် ကြည်ရေး ခရီးစဉ်သွားခဲ့ပါသည်။
.
မေယုစစ်သင်္ဘောကြီးသည် အလျား ၃ဝ၁   ပေ ၇ လက်မ၊ ဗျက် ၃၇ ပေ၊ ဝန်ပြည့်အလေး ချိန် ၂၁၇ဝ တန်နှင့် ဝန်ပြည့်ရေစူး ၁၃ ပေရှိ သည်။ မူလက Boiler ၂ လုံး၊ မြင်းကောင်ရေ ၅၅ဝဝ အားဖြင့် တစ်နာရီရေမိုင် ၂ဝ နှုန်း ခုတ် မောင်းနိုင်သည်၊ ၄ လက်မ အမြောက် ၂ လက် ၄ဝ မမဘော်ဖာ အမြောက် ၄ လက်ရေမြုပ်ဗုံး ၂၄ ခုနှင့် ရေမြုပ်ဗုံးများ တပ်ဆင်ထားသည်။ နောင်ခါတွင် ၄ လက်မ အမြောက်၂ လက် ၄ဝ မမဘော်ဖာအမြောက် ၂ လက်နှင့် ၂ဝ မမ စက်အမြောက် ၄ လက်တို့ဖြင့် ဖွဲ့စည်းတပ်ဆင် ခဲ့သည်။ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူများကို ခွဲစိတ်ကုသနိုင်ရန် ခွဲစိတ်ခန်းကိုပင် ထည့်သွင်း တည်ဆောက်ထားပါသည်။ တာဝန်ထမ်းဆောင် ခဲ့သော စစ်ရေယာဉ်မှူး ၁၄ ဦးရှိခဲ့သည်။
.
ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက် တွင် နှစ်ပေါင်း ၃၂ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ ပြီးသည့်အချိန်တွင်မှု ရေယာဉ်၏ ကုန်းပတ်များ၊ ရေလုံခန်းများ စသည့် Streng thmember များဆွေးမြည့်ပျက်စီးမှုရှိလာခြင်း၊ ရေယာဉ်ကိုယ် ထည်ကို Riverted Comstruction နည်းဖြင့် တည်ဆောက်ထားသည့်အတွက် ရေလုံမှု ကျဆင်းလာခြင်းကြောင့် ပင်လယ်ပြင်တွင် စိတ်ချလက်ချသုံး စွဲရန် မသင့်တော့ဟု ဆုံး ဖြတ်ပြီး၁၉၇၉ ခုနှစ် စက်တင်ဘာ ၂၈ ရက် တွင် တပ်တော်ဝင်အဖြစ်မှ ရပ်စဲခဲ့သည်။
.
သမိုင်းဝင်ဖြစ်သော မေယုစစ်သင်္ဘောကြီး ကို သန်လျင်ဆိပ်ကြီး ရေတပ်လေ့ကျင့်ရေး ဌာနချုပ်စခန်းတွင် ပြတိုက်ရေယာဉ်အဖြစ် ထိန်းသိမ်းထားရှိပါသည်။ သမိုင်းဝင်မေယုစစ်ရေယာဉ် အကြောင်းဖြစ်သည့် နှစ်စဉ်ဒီဇင်ဘာ ၂၄ ရက် နေ့သည် မြန်မာ့ရေတပ်၏ နှစ်ပတ်လည်နေ့ Navy Day ဖြစ်သည်။ ယနေ့ကာလတွင် တ ခုတ်တရနှင့် ဂုဏ်ယူကာကျင်းပနေသည့် ထို Navy Day  ဖြစ်သော်လည်း ထိုသို့ရေတပ်ကြီး ကို ကမ္ဘာ့အဆင့်မီအောင် အားထုတ်ဆောင်ရွက် ခဲ့သည့် မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီးတော့ မမြင်တွေ့သွားရှာပေ။ အာဇာနည်နေ့အကျဉ်းချုပ် မှာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အမျိုး သားခေါင်းဆောင်ကြီးများ ကျဆုံးသည့်ခေါင်း ဆောင်များကို ရည်ရွယ်၍ ဝမ်းနည်းကြေကွဲသော နေ့အဖြစ် သတ်မှတ်ခဲ့သည်။ ရပ်ကွက်အသီးသီး တွင် ဝမ်းနည်းခြင်းအဓိဋ္ဌာန်ပြုကြခြင်း၊ ဆွမ်း သွပ်ခြင်းများ ပြုလုပ်ကြသည်။ တစ်ပြည်လုံးရှိ အလံတိုင်ထက်ဝက်လွှင့်ထူကြသည်။ အာဇာ နည်များကျဆုံးသည့်နေ့က အစည်းအဝေး တက်ရောက်သော်လည်း အသက်မသေဘဲလွှတ် မြောက်ခဲ့သည့် ဝန်ကြီး ၃ ဦးမှာ ပျော်ဘွယ်မြို့ ဦးမြ၊ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ တို့ဖြစ်သည်။ ပြည်ပသို့ခရီးလွန်နေသော ဦးကျော်ငြိမ်းနှင့် ပုသိမ်ရောက်နေသော စောစံဖိုးသင်တို့ အစည်း အဝေးမတက်ဖြစ်၍ လွတ်မြောက်ခဲ့သည်။ အာ ဇာနည်ကြီးများ ကျဆုံးချိန်ကို နံနက် ၁ဝ နာရီ ၃၇ မိနစ်ဟု နိုင်ငံတော်အစိုးရက သတ်မှတ် သည်။
.
ရန်ကုန်မြို့အတွင်းဝန်များရုံးတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ လုပ်ကြံမှုထဲတွင်ကျဆုံး သွားရသူများမှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘ ခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဒုတိယအ တွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ကို ထွေးတို့ ကျဆုံးခဲ့သည်။ ဝန်ကြီးအဖွဲ့ဝင် ၇ ဦး ကျဆုံး၍ ၅ ဦးသာ ကျန်ရစ်ခဲ့သည်။  ညတွင်း ချင်းပင် မြန်မာနိုင်ငံဘုရင်ခံ ဆားဟူးဘတ်ရန့် ၏ အမှုဆောင်ကောင်စီသစ်ကို ဖွဲ့စည်းသည်။
.
ပထမဆုံးအကြိမ် အာဇာနည်နေ့ကို ၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင် ဆန်းနှင့် ခေါင်းဆောင်ကြီးများ ရုပ်ကလာပ်ထားရှိ သည့် ၁ဝ လကြာမျှ ထားရှိသည့် ဂျူဗလီဟောမှ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် အနီးရှိ အာဇာ နည်ဗိမာန်အဖြစ် ထားရှိမည့် အာဇာနည်ကုန်း သို့ မရေတွက်နိုင်သော လူထုပရိသတ်ပေါင်းစုံ က အစီအစဉ်အတိုင်း စည်းကမ်းတကျ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။ အာဇာနည်ကုန်းပေါ်တွင် အသင့်တည်ဆောက်ပြုလုပ်ထားသည့် ဂူ ၉ လုံး ပေါ်တွင် ခေါင်းဆောင်ကြီးများ၏ ရုပ်အ လောင်းများကို နေရာချထားသည်။ အလယ်ဂူ တွင် ဗိုလ်ချုပ်အောင်ဆန်း၊ လကျာ်ဘက်မှ ဂူ ၄ လုံးတွင် သခင်မြ၊ ဦးဘဝင်း၊ မိုင်းပွန်စော် ဘွားကြီး၊ ဦးအုန်းမောင်၊ ဗိုလ်ချုပ်အောင်ဆန်းဂူ မှ လက်ဝဲဘက်တွင် ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ရဲဘော်ကိုထွေး တို့ကို အစီအစဉ်အ လိုက်နေရာချထားသည်။ ထို့နောက်မြန်မာ့တပ်မ တော်လေမှ လေယာဉ်ပျံတစ်စင်း ဦးဆောင်ပြီး တိုက်ဂါးဟောစ့် လေယာဉ်ပျံ ၃ စင်းပေါင်း လေယာဉ်ပျံ ၄ စင်းသည် အာဇာနည်ကုန်းဆီ သို့ တိုက်ပျံဝဲလာပြီး အာဇာနည်ကုန်းတစ်ဝိုက် လကျာ်ရစ် ၃ ပတ်လှည့်လည် ပျံဝဲလျက် ဝေ ဟင်ခရီးမှ ဂူများပေါ်သို့ ရည်မှန်းကာ လွမ်းသူ ပန်းမှုန်များကို ကြဲချအလေးပြုကြသည်။ ညနေ ၄ နာရီ ၃၅ မိနစ်တွင် ဗိုလ်ချုပ်အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ် ကို နိုင်ငံတော်ဈာပနအဖြစ် ခမ်းနားသိုက်မြိုက် စွာ ကျင်းပ၍ ဂူသွင်းသဂြိုဟ်သည်။
.
--------------------------------------------------------------------------------------
.
.
.
.
.
.
.
.
.

No comments:

Post a Comment